Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 24, 2015

၉၁၁ ကို ခေါ်ဆိုပြီး ပြန်မချသောဖုန်းကို စုံစမ်းရာမှ လူငါးဦးသေဆုံးနေမှုကို တွေ့ရှိ

Silent 911 call leads police to find 5 fatally stabbed in Oklahoma home


နယူးယောက် ၊ ၂၄-၇-၂၀၁၅

ယမန်နေ့တွင် အမေရိကန် ပြည်ထောင်စု အိုကလာဟိုးမား ပြည်နယ်တွင် အရေးပေါ် ဖုန်းနံပါတ် ၉၁၁ ကို တစ်စုံတစ်ဦးက ခေါ်ဆိုပြီး ဖုန်းပြန်မချ ခဲ့သည်ကို မသင်္ကာသဖြင့် ရဲတပ်ဖွဲ့ဝင် များက ဆက်လက် စုံစမ်း စစ်ဆေးရာ မြို့ အပြင်ဘက် ဆိတ်ငြိမ် ရပ်ကွက်ရှိ နေအိမ် တစ်လုံးတွင် လူ ငါးဦး ဓားထိုးခံရပြီး သေဆုံး နေသည်ကို တွေ့ရှိခဲ့ကြပြီး အနီးရှိ တောအုပ် အတွင်း၌ ပုန်းအောင်း နေသော သေဆုံးသူများနှင့် ဆွေမျိုး တော်စပ်သည့် မသင်္ကာဖွယ်ရာ လူငယ် နှစ်ဦးကို ရဲခွေးများဖြင့် ခြေရာခံ ဖမ်းမိခဲ့ကြောင်း သိရသည်။

''အရေးပေါ် ကိစ္စရပ်တွေကို တိုင်ကြားနိုင်တဲ့ ဖုန်းနံပါတ် ၉၁၁ ကို ဖုန်းဝင်လာပြီး တစ်ဖက်က ဘာမှလည်း မပြော၊ ပြန်လည်း မချတဲ့အတွက် အဲဒီဖုန်း တပ်ဆင်ထားတဲ့ အိမ်ကိုသွားကြည့် ခဲ့တာပါ။ လူ ငါးယောက် ကတော့ ဓားထိုးခံထား ရတဲ့ဒဏ်ရာ တွေနဲ့  သေဆုံးနေကြ ပါပြီ။ အရွယ်ကတော့ လူကြီး နဲ့ ဆယ်ကျော်သက် တွေပါ။ မိန်းကလေး တစ်ယောက် က အသက် မသေသေး ပေမဲ့ ရထားတဲ့ဓား ဒဏ်ရာက တော်တော်ဆိုး ပါတယ်။ ကလေးလေး တစ်ယောက်ကိုပဲ အန္တရာယ်ကင်းစွာ ကယ်တင်နိုင်ခဲ့ ပါတယ်။ အဲဒီအိမ်မှာ လူဦးရေ စုစုပေါင်း ကိုးဦးနေတယ် လို့ ပြောပါတယ်။ တောအုပ်ထဲ ကနေ ဖမ်းမိခဲ့တဲ့ လူငယ်နှစ်ဦး ကလဲ အဲဒီအိမ် မှာပဲ နေတာပါ '' ဟု တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောပြသည်။

ယခုအခါ အဆိုပါ လူငယ်နှစ်ဦးကို ခေါ်ယူ စစ်ဆေးလျက် ရှိပြီး ပြစ်မှုကျူးလွန် ကြောင်း ဝန်ခံပါက တရားစွဲဆို သွားမည် ဖြစ်ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment