အဲပုဂံလေကြောင်းလိုင်း၏ မန္တလေးမှ ရန်ကုန်သို့ ပျံသန်းလာသော ခရီးစဉ်အမှတ် (W9-424)၊ ATR 72 အမျိုးအစား လေယာဉ်သည် ယနေ့(၂၄-၇-၂၀၁၅)၊ ညနေ (၆း၄၇)နာရီတွင် ရာသီဥတုဆိုးရွားပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်ချိန်တွင် လေယာဉ်ပြေးလမ်းမှ အနည်းငယ်လမ်းချော်ခြင်းဖြစ်ပွားခဲ့ပါသည်။
၎င်းလေယာဉ်တွင် စီးနင်းလိုက်ပါလာသော ခရီးသည် (၄၉)ဦးအား အဲပုဂံ၏ လေယာဉ်အမှုထမ်းများမှ လေယာဉ်ပေါ်မှ ဘေးကင်းစွာဖြင့်လေယာဉ်ကွင်းအတွင်းသို့ ခေါ်ဆောင်နိုင်ခဲ့ပါသည်။ ခရီးသည်များထဲမှ သံဃာတော်တစ်ပါးသာ လက်အနည်းငယ်ဒဏ်ရာရခဲ့ပြီး ကျန်ခရီးသည်များထိခိုက်မှုတစ်စုံတစ်ရာ မရှိပါ။ အဲပုဂံ၏ တာဝန်ရှိသူများအားလုံးသည် သံဃာတော်အား လိုအပ်သည့် ဆေးဝါးစစ်ဆေးမှု ဆောင်ရွက်ပေးခြင်း၊ ကျန်ခရီးသည်များကို အိမ်သို့အဆင်ပြေချောမွေ့စွာ ပြန်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ခြင်းနှင့်
ကျန်လိုအပ်သည့်ဆောင်ရွက်ဖွယ်ကိစ္စများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။
ယခုဖြစ်စဉ်အတွက် အဲပုဂံကို နားလည်သည်းခံပေးသော အဲပုဂံ၏ သစ္စာရှိခရီးသည်များ၊ စိတ်ပူပန်သဖြင့်သတင်းမေးမြန်းသော မိတ်ဆွေများနှင့် လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေသော သက်ဆိုင်ရာလေဆိပ်မှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အဲပုဂံအမှုထမ်း၊ အရာထမ်းများအားလုံးကို အဲပုဂံ Management မှ ကျေးဇူးအထူးတင်ရှိပါသည်။
ပေးပို့ သူ Faith Lynn
24.7.2015
via Kyaw Soe Naing
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, July 24, 2015
အဲပုဂံလေယာဉ် လမ်းချော်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 24, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 24, 2015
Rating: 5
Subscribe to:
Post Comments (Atom)



No comments:
Post a Comment