အလွတ်သတင်းထောက် ကိုပါကြီး(ခ) ကိုအောင်ကျော်နိုင် သေဆုံးမှုနဲ့ ပတ်သက်ပြီး
စုံစမ်းစစ်ဆေးချက်တွေနဲ့ ပတ်သက်တဲ့ စာမျက်နှာ (၁၆) မျက်နှာပါ အစီရင်ခံစာကို
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင်က အင်တာနက်က
ဝက်ဘ်ဆိုက်စာမျက်နှာမှာ ဒီကနေ့ ဖော်ပြလိုက်ပါတယ်၊
အဲဒီအစီရင်ခံစာထဲမှာ အလွတ်သတင်းထောက် ကိုပါကြီးဟာ သေနတ်ကို လုယူဖို့
ကြိုးပမ်းစဉ် အစောင့်တပ်သားရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးရတာဖြစ်ကြောင်း၊
သေဆုံးသူအလောင်းမှာ ဒဏ်ရာဒဏ်ချက် ၁၇ ခုတွေ့ရှိရကြောင်း ဖော်ပြထားပါတယ်။
ကိုပါကြီးအမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်ကတော့
ဒီအစီရင်ခံဟာ ပြည့်စုံလုံလောက်တဲ့ စစ်ဆေးချက်တွေ မဟုတ်တဲ့အတွက်
မိသားစုအတွက် နစ်နာမှုတွေရှိတာကြောင့် ဒီအမှုကို လွတ်လပ်တဲ့အဖွဲ့တစ်ခုနဲ့
ပြန်လည်စစ်ဆေးပေးဖို့ သမ္မတဆီကို တင်ပြတောင်းဆိုသွားမယ်လို့ RFA ကိုပြောပါ
တယ်။
"မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေးကော်မရှင်ဟာ ပြည့်စုံလုံလောက်စွာ
စုံစမ်းစစ်ဆေးမှုမပြုပဲနဲ့ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာဖြစ်တဲ့အတွက်
မသန္တာကလည်း လက်မခံပါဘူး၊ ဆိုလိုတာက မှုခင်းတစ်ရပ်ဖြစ်ပွားပြီးခဲ့အခါမှာ
ဒါကိုသတင်းထိမ်ချန်ထားတာ၊ ပြစ်မှုကိုဖုံးကွယ်ထားတာ၊ အပြစ်ရှိသူကို
အပြစ်ဒဏ်ကလွတ်မြောက်အောင် တရားစွဲမခံရအောင် ဖုံးအုပ်ထားတဲ့ဇတ်လမ်းတွေ
မသန္တာကပြောနိုင်တယ်၊ အဲ့လိုပြောနိုင်တဲ့သူကို တောင်းခံမေးမြန်းမှုမရှိပဲနဲ့
အခုလိုအစီရင်ခံစာတင်တဲ့အတွက် ဒါအများကြီးနစ်နာပါတယ်၊ ဒါကို ပြန်ပြီးတော့
လွတ်လပ်တဲ့အဖွဲ့တစ်ခုနဲ့ စစ်ဆေးပေးပါဆိုပြီ သမ္မတကြီး ဦးသိန်းစိန်ကို
တင်ပြမှာဖြစ်ပါတယ်"
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင်ရဲ့ အစီရင်ခံစာထဲမှာ
အလွတ်သတင်းထောက် ကိုပါကြီးအမှုကို တရားဥပဒေနဲ့အညီ
ဆောင်ရွက်ဖို့လိုအပ်ကြောင်း၊ အမှုနဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာစွာ
သတင်းထုတ်ပြန်မှုတွေ မရှိခဲ့ကြောင်းနဲ့ အမှုကို နယ်ဘက်ဆိုင်ရာတရားရုံးမှာ
စစ်ဆေးသင့်ကြောင်း စတဲ့အချက်တွေကိုလည်း တိုက်တွန်းဖော်ပြထားပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, December 2, 2014
ကိုပါကြီးအမှု စုံစမ်းရေးအစီရင်ခံစာ ထုတ်ပြန်
ကိုပါကြီးအမှု စုံစမ်းရေးအစီရင်ခံစာ ထုတ်ပြန်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 02, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 02, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment