ပြေတီဦးပညာရေးဖောင်
ဒေးရှင်းပဉ္စမအကြိမ် ထောက်ပံ့ ငွေပေးအပ်သည့်အခမ်းအနား
ဖျော်ဖြေရေးအစီအစဉ်တွင် နီနီ ခင်ဇော်နှင့်အတူ သမီးဖြစ်သူ ပြေသုဒြာက
မျှော်လင့်ချက်တစ်စုံ တစ်ရာသီချင်းသီဆိုခဲ့ရာ ကိုယ် တိုင်အံ့သြခဲ့ရကြောင်း
အိန္ဒြာ ကျော်ဇင်ကပြောသည်။‘‘အစ်မတောင်မသိလိုက် ဘူး။ နီနီခင်ဇော်လာတော့
အသည်းမခွဲပါနဲ့ဆိုတဲ့သီချင်းဆိုပေးပါဆို ပြီး သွားပြောတယ်တဲ့။ အဲဒါ နီနီ
ခင်ဇော်က စင်ပေါ်ကနေ ပြေသု ဒြာလေးအတွက်ဆိုပေးပါ့မယ် လည်းပြောလိုက်ရော
သူ့အထိန်း ပေါ်ကနေ ချက်ချင်းဆင်းပြီး စင် ပေါ်ကိုတက်သွားတာ ဘယ်လိုမှ
ဆွဲလို့မရလိုက်ဘူးတဲ့’’ဟု သမီး ဖြစ်သူအကြောင်းကို အိန္ဒြာ ကျော်ဇင်ကပြောသည်။
အသက်(၃)နှစ်ကျော်သာရှိ သေးသော်လည်း စင်ပေါ်၌ နီနီ ခင်ဇော်နှင့်အတူ
‘မျှော်လင့်ချက် တစ်စုံတစ်ရာ’သီချင်းကို အတွဲ ညီညီ သီဆိုနိုင်ခဲ့သောကြောင့်
လာရောက်သည့်ဧည့်သည်များ သဘောကျမဆုံးဖြစ်ခဲ့ကြသည်။
‘‘သူ့ကို
အကုန်လုံးကလည်း ချစ်ကြတော့ ညက စင်ရှေ့မှာ ကင်မရာတွေကိုပြုံသွားတာပဲ။
အဲဒါကတော့ အစ်မနဲ့မတူဘူး။ အစ်မက စင်ကြောက်တယ်။ မိုက် လည်းကြောက်တယ်။ အဲဒါက
အဖေနဲ့တူတာဖြစ်လိမ့်မယ်’’ဟု အိန္ဒြာကျော်ဇင်ကပြောသည်။
ပြေသုဒြာသည် သီချင်းနားထောင်ရသည်ကို ကြိုက်သလို သီချင်းများကိုလည်း အချိန်ခဏ အတွင်း၌ မှတ်မိကြောင်း ၎င်းက ဆက်လက်ပြောသည်။
‘‘နီနီခင်ဇော် သီချင်းတွေ လည်းကြိုက်တယ်။ ဝိုင်းစုသီချင်း တွေလည်း သူရတယ်။
ညက တော့ သူ့ကိုကြည့်ပြီး အစ်မကိုယ် တိုင်တောင် အံ့သြနေတယ်’’ဟု
အိန္ဒြာကျော်ဇင်ကပြောသည်။
ပြေသုဒြာသည် ဖေဖော်ဝါရီ အတွင်းက
မန္တလေးမြို့၌ပြုလုပ်ခဲ့ သော ပြေတီဦးပညာရေးဖောင် ဒေးရှင်းရန်ပုံငွေ
ဖျော်ဖြေပွဲတွင် လည်း သီချင်းနှစ်ပုဒ်သီဆိုခဲ့ရာ ပရိသတ်များသဘောကျခဲ့သည်
7Day Daily
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, December 2, 2014
နီနီခင်ဇော်နဲ့တွဲပြီး ‘မျှော်လင့်ချက်တစ်စုံတစ်ရာ’ဆိုခဲ့တဲ့ ပြေသုဒြာကြောင့် အံ့အားသင့်ခဲ့ရတဲ့ အိန္ဒြာကျော်ဇင်
နီနီခင်ဇော်နဲ့တွဲပြီး ‘မျှော်လင့်ချက်တစ်စုံတစ်ရာ’ဆိုခဲ့တဲ့ ပြေသုဒြာကြောင့် အံ့အားသင့်ခဲ့ရတဲ့ အိန္ဒြာကျော်ဇင်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 02, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 02, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment