Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 11, 2014

ထိုင်းဝန်ကြီးချုပ် အမြတ်ထွက်ခဲ့သော မြန်မာခရီးစဉ်

ကြန့်ကြာနေသော ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်းကို အမြန်ဆုံးအကောင်အထည်ဖော်ရန် မြန်မာအစိုးရက သဘောတူလိုက်ပြီး ထိုင်းဝန်ကြီးချုပ် ပရာယွတ်ကို အာဆီယံဥက္ကဋ္ဌ မြန်မာက ထိုင်းအစိုးရ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြု၍ ခမ်းခမ်းနားနား ကြိုဆိုဧည့်ဝတ်ပြုလိုက်ခြင်းကြောင့် ၀န်ကြီးချုပ်ပရာယွတ်၏ မြန်မာခရီးစဉ်မှာ လာရကျိုးနပ်ပြီး အမြတ်ထွက်သော ခရီးစဉ်တစ်ခု ဖြစ်ခဲ့ကြောင်း နှစ်နိုင်ငံဆက်ဆံရေး လေ့လာသုံးသပ်သူတို့က ဆိုသည်။

ထားဝယ်ရေနက်ဆိပ်ကမ်း ဆက်လုပ်ရန် သမ္မတဦးသိန်းစိန် ထံက သဘောတူညီချက်ရရှိပြီး နောက်တစ်နေ့တွင် ရန်ကုန်မြို့ ထိုင်းသံရုံး၌ ထိုင်းဝန်ကြီးချုပ်က ထိုင်းရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ ဆုံခဲ့သည်။ ခရီးစဉ် မတိုင်မီက တည်းက ထိုအစီအစဉ်ရှိခဲ့ပြီး ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်းမှာ နှစ်နိုင်ငံ အစိုးရချင်း ဆက်လက်လုပ်ကိုင်တော့မည်ဖြစ်၍ ထိုင်းစီးပွားရေးသမားများအတွက် အထူးသတင်းကောင်းတစ်ရပ်လည်း ဖြစ်ခဲ့သည်။

အာဆီယံဥက္ကဋ္ဌက ထိုင်းဝန် ကြီးချုပ်ကို ခမ်းခမ်းနားနားကြိုဆို ပျူငှာကြောင်း ၀န်ကြီးချုပ် ပရာ ယွတ် ကမ္ဘာကို ပြလိုက်နိုင်သလို ခရီးစဉ်အတွင်း နှစ်ဖက်အကျိုးရှိစေမည့် ညီအစ်မမြို့ သုံးမြို့ တည်ထောင်ရေးကိုလည်း နား လည်မှု စာချွန်လွှာလက်မှတ်ရေး ထိုးနိုင်ခဲ့သည်။

ယခင် ထိုင်းနိုင်ငံ ခေါင်း ဆောင်အဆက်ဆက် လာရောက် ခဲ့ပြီး ပုံမှန်တွေ့ဆုံမှုနှင့် ဆွေးနွေး မှုများ ရှိခဲ့သော်လည်း ယခုဝန်ကြီး ချုပ်ပရာယွတ်က သမ္မတဦးသိန်း စိန်ကို နေပြည်တော် သပြေလှ ကျေးရွာတွင် မူလတန်းကျောင်း ဆောင်သစ်ဆောက်ရန် ဘတ်ငွေ သုံးသန်းနှင့် ထိုင်းအိမ်ရှေ့မင်း သမီး လှူဒါန်းခဲ့သော အမျိုးသား သွေးလှူဘဏ်အတွက် သွေးလှူ ဒါန်းရေး ယူနစ်မော်တော်ယာဉ် တို့ကို လှူဒါန်းခဲ့သည်။

‘‘ဒါက အစိုးရကို လာဘ်ထိုး တာထက် သူ့ခရီးစဉ်မှာ အမှတ် တရဖြစ်စေချင်တဲ့ သဘောပါ။ မြန်မာက သူ့အစိုးရတက်လာပြီး ပြီးချင်း လှိုက်လှိုက်လှဲလှဲ ဆက်ဆံ ထားလို့ ကျေးဇူးတုံ့ပြန်တာလို့ မြင်တယ်။ ဒီနည်းက သူ့ပြည်တွင်း ရေးရော နိုင်ငံတကာကပါ လက် ခံနိုင်တဲ့ပုံစံကို လုပ်သွားတာလို့ ယူဆတယ်’’ ဟု သံအမတ်ကြီး ဟောင်းဦးခင်မောင်ဝင်းက ပြော ကြားသည်။

‘‘ဘတ်သုံးသန်းက တကယ် တမ်း ဘယ်လောက်မှ မရှိပါဘူး။ ဒါသူက မြန်မာပြည်နဲ့ ဘယ် လောက်ရင်းနှီးတယ်။ မြန်မာအ ပေါ် သူ ဘယ်လိုစေတနာထား တယ်ဆိုတာ သွယ်ဝိုက်ပြီးပြတာ ပဲ’’ ဟု ၈၈ မျိုးဆက်ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ဦးဂျင်မီက ပြော သည်။

နိုင်ငံတကာကအာဏာသိမ်းစစ်ခေါင်းဆောင်အဖြစ် ဆက်ဆံရန် တွန့်ဆုတ်နေသော ထိုင်းဝန်ကြီးချုပ်မှာ ဒေသတွင်းနှင့် နိုင်ငံတကာထောက်ခံမှုကို အသည်းအသန် လိုအပ်နေချိန်တွင် အာဆီယံဥက္ကဋ္ဌ မြန်မာနိုင်ငံသို့ လာရောက်ရန် ရွေးချယ်ခြင်းမှာ မြန်မာ၏ ထောက်ခံမှုနှင့် အစိုးရချင်းဆက်ဆံရေးကို မြှင့်တင်ရန်သာဖြစ်ပြီး စစ်တပ်ကကျယ်ပြန့်စွာ နေရာယူထားသော မြန်မာ့နိုင်ငံရေးကို ပုံစံယူရန်သာဖြစ်ကြောင်း ထိုင်းနိုင်ငံရေး သုတေသီ Ji Umpakorm က ပြောကြားသည်။

‘‘အာဆီယံက ဘယ်အစိုးရ တတ်တက် ပြည်တွင်းရေး ၀င် မစွက်ဆိုတဲ့ ခေတ်နောက်ကျနေ တဲ့ မူဝါဒပဲ။ တက်လာတဲ့ အစိုးရ က ဘီလူးသရဲဖြစ်နေပါစေ။ သူ တို့ဆီလာရင် တခမ်းတနား ကြို ဆိုမှာပဲ။ ပြီးတော့ မြန်မာက စစ် အာဏာရှင်ကနေ တစ်စိတ်တစ် ပိုင်း ဒီမိုကရေစီကို သွားနေတဲ့ အချိန်ဆိုတော့ စစ်ခေါင်းဆောင် ဟောင်းတစ်ယောက်ကို ဒီလိုကြို တာ မဆန်းဘူး။ အဓိကက မြန်မာပြည်သူတွေရဲ့ ဆန္ဒဖြစ်တဲ့ လိပ်ကျွန်းလူသတ်မှုနဲ့ နယ်စပ်တည်ငြိမ်ရေးဆွေးနွေးခဲ့သမျှကို အကောင်အထည်ဖော်ဖို့ အစိုးရကို ကျွန်တော်တို့ တိုက်တွန်းတယ်’’ဟု ဦးဂျင်မီက ပြောကြားသည်။

လိပ်ကျွန်းလူသတ်မှု ဖြစ်စဉ် မှာ မြန်မာနှစ်ဦး ကျူးလွန်ခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် ပြောကြားထားပြီး ယခုနောက်ဆုံး အခြေအနေမှာ အမှုစွဲတင်ရန် လုံ လောက်သည့် အချက်အလက် များ ပြန်လည်ဖြည့်စွက်ရန် ထိုင်း ဥပဒေအရာရှိက ညွှန်ကြားထား သည်။

‘‘အိမ်နီးချင်း ဆက်ဆံရေးမှာ တော့ တစ်ခါတလေ ကိစ္စလေး တွေပေါ်တတ်တယ်။ ကျွန်တော့် အထင် လိပ်ကျွန်းရော ရွှေ့ပြောင်း လုပ်သားကိစ္စတွေရော၊ နှစ်နိုင်ငံ လုံးက သိပ်ပြီး ကြီးကြီးကျယ် ကျယ် မဖြစ်စေချင်ဘူး’’ ဟု သံ အမတ်ကြီးဟောင်း ဦးခင်မောင် ၀င်းက ပြောသည်။

အမှုတွင် အပြစ်မရှိသူကို အပြစ်မပေးမိစေရန် သေချာစွာ စိစစ်စေလိုပြီး မြန်မာသံရုံးအထူး အဖွဲ့လေ့လာနေမှုကို မှန်မှန်ကန် ကန် လေ့လာနိုင်ရန် စီစဉ်ဆောင် ရွက်ပေးရန် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းဒုဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ထားဝယ်ရေနက်ဆိပ်ကမ်း အကောင်အထည်ဖော်မည့် နေ ရာရှိ ဒေသခံများက ၀န်ကြီးချုပ် ခရီးစဉ်အတွင်း ဆန္ဒပြမှုများ ရှိနေချိန်တွင် အဆိုပါ စီမံကိန်းကို ဆက်လုပ်ရန် မြန်မာ အစိုးရက သဘောတူခဲ့သည်။ ယင်းစီမံကိန်း သည် ထိုင်းတစ်ဖက်တည်းသာ အကျိုးရှိမည်မဟုတ်ဘဲ မြေရှင် ဖြစ်သည့် မြန်မာနိုင်ငံတွင်လည်း အကျိုးကျေးဇူးများစွာ ရှိမည်ဖြစ် ကြောင်း မင်္ဂလာမြန်မာ အဖွဲ့မှ ဒေါက်တာဖုန်းဝင်းက ပြောသည်။

‘‘အခု မြန်မာက မြေပိုင်ရှင်၊ ထိုင်းက သူ့အကျိုးအတွက် မြန်မာမြေပေါ်မှာ လာလုပ်တာ ဖြစ်တယ်။ ဒီစီမံကိန်းလုပ်ဖို့ အ တွက် အခုနှစ်နိုင်ငံ သဘောတူ လိုက်တာက ပြဿနာမဟုတ်ဘူး။ အရင်းအနှီးကြီးလွန်းလို့ ရင်းနှီး မြှုပ်နှံသူကို ရှာဖို့က ပြဿနာ။ အခုမြေရှင်က မခေါ်ဘဲ ထိုင်းက ပဲ ဖိတ်ခေါ်နေတော့ ဂျပန်က လည်း မလုပ်ချင်ဘူး။ ဂျပန်က ဒီပရောဂျက်ကို စိတ်ဝင်စားတယ်။ ထိုင်းနဲ့ဆိုရင်သာ တွဲမလုပ်ချင် တာ။ ဒါပေမဲ့ မြေရှင်အဖြစ်နဲ့ဆို ရင် မြန်မာနဲ့ တွဲလုပ်ချင်တယ်။ လုပ်နိုင်တဲ့ ငွေကြေးအင်အား လည်း ရှိတယ်’’ ဟု ၎င်းက ပြော သည်။

ဝန်ကြီးချုပ် ပရာယွတ်မှာ အာဆီယံဒေသတွင် ထုံးထမ်းစဉ် လာအရ အစိုးရခေါင်းဆောင် သစ်အနေဖြင့် ဆယ်နိုင်ငံလုံးသို့သွားရောက်မည်ဖြစ်ပြီး မြန်မာ ခရီးစဉ်အပြီးတွင် မလေးရှားသို့ သွားရောက်ဖွယ်ရှိသည်ဟု သံတ မန် အသိုင်းအ၀ိုင်းက ဆိုသည်။ အာဏာသိမ်းခေါင်းဆောင်ဖြစ် ခြင်းကြောင့် နိုင်ငံတကာ၏ ၀ိုင်း ၀န်းကန့်ကွက်မှုကို ခံနေရသည့် ပရာယွတ်က ၂၀၁၅ တွင် ရွေး ကောက်ပွဲ ပြန်လည်ကျင်းပမည်ဟု ဆိုထားသည်။

သို့သော် ပါလီမန်၏ ထောက်ခံချက်ဖြင့် စစ်ယူနီဖောင်းချွတ်၍ အရပ်သားဝန်ကြီးချုပ်အ ဖြစ် ကိုယ်တိုင်ခန့်အပ်ထားသော ပရာယွတ်၏ ပထမဆုံးနိုင်ငံခြား ခရီးစဉ်မှာ စစ်တပ်ပါဝင်မှု ကျယ် ပြန့်သော မြန်မာနိုင်ငံ ဖြစ်နေ၍ နှစ်နိုင်ငံလုံးအတွက် ကောင်း သည့် ရလဒ်မဖြစ်နိုင်ကြောင်း ထိုင်းနိုင်ငံရေးသုတေသီ Ji Um-pakorm က BBC သတင်းဌာနအား ပြောကြားထားသည်။

ထိုင်းသည် မြန်မာနိုင်ငံ၏ ဒုတိယမြောက် အကြီးဆုံး ကုန် သွယ်ဖက်နိုင်ငံဖြစ်ပြီး စီးပွားရေး အရလည်း ထိုင်းစီးပွားရေးလုပ် ငန်းရှင်များက စီးပွားရေးကဏ္ဍ ဆယ်ခုတွင် လုပ်ငန်းပေါင်း ၇၄ ခုဖြင့် ရင်းနှီးမြှုပ်နှံရန် မြန်မာ အစိုးရက ခွင့်ပြုထားပြီး ဖြစ်သည်။

ထို့ပြင် မြန်မာရွှေ့ပြောင်း လုပ်သား သုံးသန်းကျော် ထိုင်း နိုင်ငံတွင် အလုပ်လုပ်ကိုင်နေပြီး ထိုင်းအာဏာသိမ်းပြီးနောက်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင် ခရီးစဉ်အပြီး မြန်မာ ရွှေ့ပြောင်းလုပ်သားများ ယာယီနေထိုင်ခွင့်များ ထုတ်ပေးခြင်းဖြင့် မူဝါဒအသစ်များကို ထိုင်းအစိုးရသစ်က ဆောင်ရွက်ပေးခဲ့သည်။

လိပ်ကျွန်းလူသတ်မှုဖြစ်စဉ် အပေါ် မြန်မာအစိုးရနှင့် ကာချုပ်တို့ ၏ တောင်းဆိုမှုများကို ထိုင်းဝန် ကြီးချုပ် မည်သို့ ကိုင်တွယ်ဖြေ ရှင်းမလဲဆိုသည်မှာ မကြာမီ ရက် ပိုင်းအတွင်း အဖြေပေါ်လာတော့ မည်ဖြစ်သည်။

7day daily

No comments:

Post a Comment