Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 12, 2014

ငါးလောင်းပြိုင် လူသတ်မှု စီအိုင်ဒီစုံစမ်းနေဆဲဟုဆို


Byသန်းဌေး
စိမ်းလဲ့ကန်သာ ငါး လောင်းပြိုင်လူသတ်မှုကို အမှုမ ပိတ်သိမ်းသေးဘဲ စီအိုင်ဒီမှုခင်း သတင်းတပ်ဖွဲ့မှ ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ရန် ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၀၈ ခုနှစ် မတ်လက ကမာရွတ်မြို့နယ်၊ တက္ကသိုလ် ရိပ်သာလမ်း၌ ဖြစ်ပွားခဲ့သော မိုးကုတ်သူဌေးကြီး ဦးမြမောင်၏ သားမက်မိသားစု ငါးဦး သေနတ် ဒဏ်ရာများဖြင့် သေဆုံးခဲ့ရာ ခြောက်နှစ်ခွဲကြာသည့်တိုင် တရားခံများကို ဖမ်းဆီးနိုင်ခြင်း မရှိသေးသော်လည်း စီအိုင်ဒီမှ ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဒုရဲမှူးကြီးမြင့်ထွေးက ပြောသည်။

‘‘စီအိုင်ဒီက အရေးကြီးမှု ခင်းတွေ ပေါ်ပေါက်ရင် တာဝန်ယူနေတာမို့ ဒီအမှုကိုလည်း စီအိုင်ဒီ ဆီမှတ်တမ်းနဲ့ တွေ့ရှိချက်တွေကို ပို့ထားပြီး စုံစမ်းစစ်ဆေးနေဆဲပါ။ တရားခံတွေ ပြေး၊ မပြေးကိုတော့ မသိပါဘူး’’ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရုံး၌ အောက်တိုဘာ ၁၁ ရက်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ဒုရဲမှူးကြီးမြင့်ထွေးက ပြောသည်။

ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သော လူသတ်မှုကြီးများထဲ၌ မပေါ် သည့်အမှုနှစ်မှုသာရှိပြီး တစ်မှုမှာ သင်္ဃန်းကျွန်းတွင် ဖြစ်ပွားခဲ့သော ဆရာဝန်မိသားစုငါးဦးကိုသတ်ခဲ့သည့်အမှုနှင့် စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင်လူသတ်မှုနှစ်ခုသာဖြစ်ကြောင်း တူမောရိုးသတင်းဂျာ နယ်သို့ ရဲအရာရှိတစ်ဦးက ပြောခဲ့ဖူးသည်။ အဆိုပါလူသတ်မှုနှစ်မှုကို ဂျာနယ်တိုက်များက ရေးသားဖော်ပြခဲ့ရာတွင် သတင်းထောက် များ စစ်ဆေးခံခဲ့ရကာ သတင်း ထောက်တစ်ဦးမှာ အင်းစိန် ထောင်ချုပ်တွင် သုံးလခန့်နှိပ်စက်စစ်ဆေးခံရပြီးမှ အပြစ်မရှိဟုဆို ကာ တရားရှင်လွှတ်ပေးခဲ့သည်။

စိမ်းလဲ့ကန်သာ ငါးလောင်း ပြိုင်လူသတ်မှုဖြစ်ပြီး ၂ နှစ်အ ကြာ၌ ထိုစဉ်က ရဲချုပ်ဖြစ်သူ ရဲ ချုပ်ခင်ရီသည် ကွမ်းခြံကုန်းမြို့ နယ်သတင်းစာရှင်းလင်းပွဲ၌ ယင်းအမှုကို မပိတ်သိမ်းသေးဘဲ အထောက်အထားများ ရရှိပြီး ဖြစ်၍ မကြာမီ တရားခံများကို ကြေညာနိုင်ပါတော့မည်ဟု ပြော ကြားခဲ့သည်။ သို့သော် အမှုဖြစ်ပွားပြီး ခြောက်နှစ်ကြာသည့်တိုင် ပြစ်မှုကျူးလွန်သူများကို မကြေ ညာနိုင်သေး၍ ဖမ်းဆီးခြင်း မပြု နိုင်ကြောင်း တွေ့ရှိရသည်။

‘‘ယခုအခါ ထိုအမှုကို ပိတ် သိမ်းခြင်း မပြုသေးဘဲ ရဲမှုခင်း တပ်ဖွဲ့ (CID) က ဆက်လက်ကိုင် တွယ်နေသော်လည်း မူလစစ် ဆေးခဲ့သည့် လူဟောင်းများတစ် ယောက်မှ မရှိတော့သည့်အတွက် လူသတ်သမားအဖွဲ့အတွင်းမှ တစ်ဦးဦးက သစ္စာဖောက်ဖော် ထုတ်ခြင်းမှလွဲပြီး အမှုပေါ်ရန် မှေးမှိန်နေပြီဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့ဝင်က ၎င်း၏ အတွေ့ အကြုံနှင့် ယှဉ်ပြီးပြောပြသွားခဲ့ သည်’’ဟု တူမောရိုးသတင်းဂျာ နယ်မှ ‘‘ငါးလောင်းပြိုင်လူသတ်မှု မှ ထပ်မံထွက်ပေါ်လာသည့် မြှုပ် ကွက်များ’’ခေါင်းစဉ်ဖြင့် စက်တင် ဘာအတွင်း အခန်းဆက်ဆောင်း ပါး ရေးသားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးမှ အဆင့်မြင့်ရဲအရာရှိကြီးတစ်ဦးက ပြစ်မှုကျူးလွန်သူ မည်သူ့ကိုမဆိုဖမ်းဆီးမည်ဖြစ်ပြီး တရားခံနှင့် တရားခံပြေးများကို ပြည်သူများ သိရှိပါက ရဲတပ်ဖွဲ့သို့အကြောင်း ကြားလျှင် ရဲတပ်သားနှင့် အရာရှိများ ပါဝင်သော တပ်ဖွဲ့တစ်ဖွဲ့ဖြင့် လိုက်ဖမ်းပေးမည်ဖြစ်ကြောင်း မီ ဒီယာများအား ပြောသည်။

No comments:

Post a Comment