Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 19, 2014

ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တဦးကို အန်အယ်လ်ဒီ တရားစွဲ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး အပုတ်ချတဲ့ စာကို ဖြန့်ဝေမှုနဲ့ အန်အယ်လ်ဒီကနေပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တဦးကို တရားစွဲဆိုထားပါတယ်။

ပြီးခဲ့တဲ့ ၃ ရက်လောက်က ပေါက်မြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် ကိုမြင့်ငြိမ်း ဆိုသူက ပေါက်မြို့နယ် မြောက်ဘက်ရွာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး အပုတ်ချစာတွေ ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

ဒါနဲပတ်သက်ပတ်လို့ မြောက်ဘက်ရွာက အန်အယ်လ်ဒီ ရပ်ကျေးတာဝန်ခံ ဦးထွန်းသိန်းကနေပြီး ပုဒ်မ ၅၀၀ အသရေ ဖျက်မှုနဲ့ တရားစွဲဆိုတာဖြစ်ပါတယ်။

မနေ့တုန်းကတော့ အမှုအတွက် ပေါက်မြို့နယ် တရားရုံးကနေပြီး အမှုကို လက်ခံလိုက်ပြီး လာမယ့် စက်တင်ဘာလ ၁ ရက်နေ့မှာ ရုံးပြန်ချိန်းထားတယ်လို့ ပေါက်မြို့နယ်အဖွဲ့ချုပ် ဥက္ကဌ ဦးရဲထွဋ်ဝင်းက ပြောပါတယ်။

DVB

No comments:

Post a Comment