Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 27, 2014

တံတားဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန္တာ၏ PR နှင့်ပတ်သက်၍ဆွေးနွေးချက်


ရွေးကောက်ပွဲစနစ်ပြောင်းလဲကျင့်သုံးမှုနဲ့ပတ်သက်ပြီးတော့၂၀၁၂ခုနှစ်မှာရွေးကောက်ပွဲကော်မရှင်ဥက်္ကဋ္ဌ
ကနေပြီးတော့တင်ပြတဲ့အချက်မှာကျွန်မတို့ပြည်ထောင်စုလွှတ်တော်နာယကကဖွဲ့စည်းပုံအခြေခံဥပဒေပြင်
ဆင်ချိန်ကျမှ ပြင်ရမယ်ဆိုပြီးတော့ပြောသွားပါတယ်။လွှတ်တော်ကိုယ်စားလှယ်၇၅ရာခိုင်နှုန်းကျော်ရဲ့ထောက်ခံ
မှုနှင့်တင်မကဘဲနဲ့တစ်နိုင်ငံလုံးလူထုဆန်္ဒရယူပြီးမှသာတစ်နည်းအားဖြင့်ပြောရင် ပြည်လုံးကျွတ်ဆန်္ဒခံယူပြီး
မှသာရွေးကောက်ပွဲစနစ်ကိုပြောင်းလဲလို့ရမယ်လို့ထင်ပါတယ်။အခုအဲဒီဟာနဲ့ပတ်သက်ပြီးတော့တစ်နိုင်ငံလုံး
မှာရှိတဲ့ ပြည်သူသိန်းငါးဆယ်ကျော်ကနေပြီးတော့မှလက်မှတ်ထိုးဆန်္ဒတွေပြုထားတဲ့ပုဒ်မ၄၃၆ (က)မှာပါပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း၂၀၁၃ခုနှစ်အတွင်းမှာပဲစတင်ဆောင်ရွက်
ရမှာသာလျှင်အချိန်လုံလောက်မယ်။စနစ်ပြောင်းလဲဖို့ကအချိန်လုံလောက်မယ်ဆိုတဲ့သဘောမျိုးဆွေးနွေးသွားခဲ့
ပါတယ်။
ကျွန်မတို့ကျင့်သုံးခဲ့တဲ့ဒီင်္ဏွှဏစနစ်မှာမြို့တိုင်းမှာရှိတဲ့မဲဆန်္ဒရှင်ပြည်သူတွေကကိုယ်မဲပေးလိုက်တဲ့၊ဒါမှမဟုတ်
ကိုယ်မဲမပေးလိုက်တဲ့ကိုယ်စားလှယ်အားလုံးကိုသိပါတယ်။လျှို့ဝှက်မဲပေးစနစ်ဖြစ်တဲ့အတွက်လည်းပဲကိုယ်
ကဒီကိုယ်စားလှယ်ကိုမဲပေးခဲ့ရင်၊မပေးခဲ့ရင်ဆိုတာကိုလည်းပဲဒီကိုယ်စားလှယ်ကအနိုင်ရရှိသွားခဲ့တဲ့ကိုယ်စား
လှယ်ကမသိပါဘူး။ဒါကြောင့်အနိုင်ရရှိသွားခဲ့တဲ့ကိုယ်စားလှယ်နဲ့တိုင်ပင်ဆွေးနွေးတင်ပြလို့ရပါတယ်။
အဲဒီအတွက်ရှုံးမဲတွေဖြစ်သွားတဲ့မဲဆန်္ဒရှင်တွေရဲ့မဲဟာလုံးဝဆုံးရှုံးမှုမရှိပါဘူး။ ပြည်သူ့မဲဆန်္ဒရှင်များဆုံးရှုံးမှု
လုံးဝမရှိပါဘူး။အခုလက်ရှိအခြေအနေမှာလည်းပဲ၊မနေ့တုန်းကအဆိုတင်သွားတဲ့အဆိုကိုကန့်ကွက်ဖို့ပြော
သွားခဲ့တဲ့၊ဆွေးနွေးသွားခဲ့တဲ့လွှတ်တော်ကိုယ်စားလှယ်ပြောသလိုပါပဲ၊ကျွန်မတို့အနေနဲ့တိုင်းရင်းသားစည်းလုံး
ညီညွတ်ရေးအင်မတန်အရေးကြီးပါတယ်။ကျွန်မတင်ပြလိုပါတယ်။လွှတ်တော်အတွင်းမှာရှိတဲ့တိုင်းရင်းသားပါ
တီအားလုံးနီးပါးအပြင်းအထန်ကိုပဲတညီတညွတ်တည်းကန့်ကွက်နေကြပါတယ်။လွှတ်တော်ထဲမရောက်
ရှိကြသေးတဲ့တိုင်းရင်းသားပါတီတွေကလည်းလက်မခံကန့်ကွက်ကြောင်းကြားသိရပါတယ်။နောက်အချက်
ကရွေးကောက်ပွဲစနစ်ကိုပြောင်းလဲကျင့်သုံးတာသည်နိုင်ငံရဲ့ဒီမိုကရေစီအရေးအတွက်လား၊ပါတီများအတွက်
လားဆိုတာကိုလည်းပဲသေသေချာချာ ပြန်လည်ဆန်းစစ်စေလိုပါတယ်။
ပါတီစုံဖြစ်ဖို့ဆိုရင်လည်းအခုလွှတ်တော်ထဲမှာလည်းပဲပါတီအစုံရှိပါတယ်။အဲဒီပါတီအစုံကပဲနိုင်ငံရဲ့ဒီမိုကရေစီ
အရေးအတွက်ရှေးရှုပြီးလက်မခံဘဲကန့်ကွက်နေကြတာပါ။နိုင်ငံရဲ့ပြောင်းလဲစဒီမိုကရေစီအစမှာအင်မတန်
ရှုပ်ထွေးတဲ့ဒီလိုပြောင်းလဲတဲ့စနစ်ကိုဆွဲထုတ်ပြီးတော့မှမြေစမ်းခရမ်းပျိုးရမယ့်အခြေအနေဟာနိုင်ငံရဲ့ဒီမိုကရေ
စီလမ်းကိုကောက်ကွေ့အောင်လုပ်သလို ဖြစ်ပါလိမ့်မယ်။ဒီစနစ်ဟာအမတ်လောင်းများဟာဒီမိုကရေစီစနစ်ရဲ့
အခြေခံမူအတိုင်းများဖြစ်တဲ့ ပြည်သူ့ရဲ့မျက်နှာကိုမကြည့်ဘဲပါတီရဲ့နေရာပေးမှုကိုရယူဖို့၊အရယူဖို့ပဲကြိုးစားကြ
ပါလိမ့်မယ်။
ကျွန်မအနေနဲ့အလေးအနက်တင် ပြလိုတာကကိုယ့်ရဲ့မဲဆန်္ဒနယ်၊ဒေသခံ ပြည်သူအများစုရဲ့
ယုံကြည်မှု၊ထောက်ခံမှုမရှိလို့ရှုံးသွားတဲ့မဲများတစ်နည်းအား ဖြင့်ပြောရင်ဒေသခံပြည်သူအများစုကလက်မခံ
တဲ့ကိုယ်စားလှယ်သည်ရှုံးသွားတဲ့မဲများကိုတစ်နိုင်ငံလုံးမှာစု၊ရှုံးမဲများကိုကောက်သင်းကောက်ပြီးနိုင်ငံကို
ဦးဆောင်မည့်အပိုင်းမှာဝင်ထိုင်ခွင့်ပေးတဲ့ဒီစနစ်ဟာဆိုရင် ပြည်သူကန့်ကွက်ပါလျက်နဲ့မျက်နှာပြောင်
တိုက်ပြီးခေါင်း ဆောင်များနေရာဝင်ထိုင်သူအဖြစ်နဲ့ ပြည်သူများကကျွန်မတို့ကိုယ်စားလှယ်များကိုဝေဖန်ကြ
မှာဖြစ်ပါတယ်။အခုလက်ရှိအခြေအနေမှာလည်းပဲကျွန်မတို့ရဲ့အုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်ကိုလည်း
ပဲကျွန်မတို့ ပြည်သူတွေကရွေးချယ်လို့မရပါဘူး။တရားစီရင်ရေးမဏ္ဍိုင်မှာလည်းပဲ ပြည်သူ့ဆန်္ဒမပါဘူး။
အခုတစ်ခါဥပဒေပြုရေးမှာပါဒီစနစ်ကြောင့် ပြည်သူကို၊ ပြည်သူ့ကိုယ်စားလှယ်များကိုတိုက်ရိုက်မဲပေးခွင့်၊
တိုက်ရိုက်ရွေးချယ်ခွင့်မရှိဘူးဆိုရင်ကျွန်မတို့နိုင်ငံဟာဘာနိုင်ငံဖြစ်နေလဲဆိုတာက်္ဘာမှာချပြဖို့အင်မတန်ခက်
ခဲပါလိမ့်မယ်။ဒီမိုကရေစီနိုင်ငံပါလို့ကြွေးကြော် ပြရုံသက်သက်ပဲဖြစ်နေပါလိမ့်မယ်။နိဂုံးချုပ်အနေနဲ့တင်ပြလို
တာကတော့ဒီမိုကရေစီစနစ်မှာကျွန်မတို့အားလုံးဟာအနိုင်အရှုံးကိုရင်ဆိုင်ရဲရပါလိမ့်မယ်။ ပြည်သူရဲ့ရွေးချယ်
မှုကိုသတိ္တရှိရှိ၊သိက်္ခာရှိရှိလက်ခံရပါလိမ့်မယ်။အမြဲတမ်းအနိုင်၊အမြဲတမ်းအရှုံးဆိုတာဒီမိုကရေစီမှာရှိမှာ
မဟုတ်ပါဘူး။ကျွန်မတို့ရွေးကောက်ခံကိုယ်စားလှယ်များရဲ့သတ်္တိနဲ့သိက်္ခာကိုရွေးကောက်ပွဲစနစ်တစ်ခု
ကိုပြောင်းလဲကျင့်သုံးစေခြင်းဖြင့်အပြစ်မဟုတ်သလိုမဖုံးကွယ်ပါရစေနှင့်မဖုံးကွယ်ကြပါနှင့်လို့တိုက်တွန်း
ရင်းအဆိုကိုကန့်ကွက်ကြောင်းအဆိုပြုတင်ပြအပ်ပါတယ်ရှင်။
National League for Democracy
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များမှ(၂၈.၇.၂၀၁၄)ယနေ.ကျင်းပသော
ပထမအကြိမ် ပြည်သူလွတ်တော် ဒသမ ပုံမှန် အစည်းအဝေး
၃၆ ရက်မြောက်နေ.တွင်ဆွေးနွေးသော ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင်.
လိုက်လျောညီထွေမှု.ရှိမည့်းဒီမိုကရေစီစနစ်ကိုပိုမိုဖော်ဆောင်နိုင်သောအချိုးကျ ကိုယ်စားပြုစနစ်ကိုအခြေခံသည့်ရွေးကောက်ပွဲနည်းလမ်းကိုပြည်သူလွှတ်တော်
ရွေးချယ်တင်မြှောက်ပွဲအတွက်စီစဉ်ဆောင်ရွက်ပေးရေးအဆို( PR)ကို
အဖွဲချု ပ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ် Dr.ဒေါ်သန်းငွေ(ကလောမြိုနယ်) Dr.အောင်မိုးညို (မင်းဘူးမြို.နယ်) ၊Dr.ဇော်မြင်.မောင် (ကျောက်ပတောင်းမြို့နယ်)
ဒေါ်တင်တင်ရီ(ကျွန်းစုမြို နယ်)၊ ဦးမန်းဂျော်နီ(မြောင်းမြ မြို့နယ်)၊ ဦးခင်မောင်ဝင်း
(လမ်းမ္မတော်)၊ဦးခင်မောင်သိန်း(စစ်ကိုင်း)၊ဦးမင်းသူ(ဥတ္တရသီရိ)၊တို့ မှ
ကန်.ကွက်ဆွေးနွေးခဲ.ကြကြောင်းသိရှိရပါသည်၊

No comments:

Post a Comment