ထူးအိမ်သင် ဂီတပွဲတော် လွမ်းခြင်းအားဖြင့် (၁၀)နှစ်တာ ဂီတဖျော်ဖြေပွဲကို
သြဂုတ် ၂၃ရက် တွင် Myanmar Event Park၌ ကျင်းပ ပြုလုပ်မည် ဖြစ်သည်။
"
မိသားစုက တစ်ရက်ထဲ လုပ်ဖို့ စီစဉ် တာနဲ့ အဲဒီ တစ်ရက်ထဲမှာ ပါဝင် နိုင်မယ့်
သူတွေ စီစဉ် လိုက်တာပါ။ ဒီပွဲက ရတဲ့ ငွေကို ထူးအိမ်သင်ရဲ့ အမေ အတွက်
၂၅ရာခိုင်နှုန်း၊ သူ့ရဲ့ ဇနီး အတွက် ၂၅ရာခိုင်နှုန်း နဲ့ သူ့ရဲ့ သမီး အတွက် ၂၅ရာခိုင်နှုန်း ပေးသွားမှာပါ ။ ကျန်ရစ်တဲ့ မိသားစု ရဲ့ ဆန္ဒအတိုင်း လုပ်ပေးတာပါ " ဟု တေးရေး ရွှေဂျော်ဂျော် မှ ပြောသည်။
ယင်းဖျော်ဖြေပွဲကို တေးရေး ၊ တေးဆို ထူးအိမ်သင် ၏ မိသားစု နှင့် အတူ
တေးရေး မြင့်မိုးအောင် ၊ တေးရေး ရွှေဂျော်ဂျော် တို့မှ ဦးစီး ကျင်းပခြင်း
ဖြစ်သည်။
ထူးအိမ်သင် ဂီတပွဲတော်တွင် ထူးအိမ်သင် အမှတ်တရ အဖြစ်
ထူးအိမ်သင် ယခင်က သီဆိုပြီး မထွက် ဖြစ်ခဲ့သည့် ဗီဒီယိုများ ၊
အင်တာဗျူးများကို ပြသ မည် ဖြစ်ပြီး ထူးအိမ်သင်၏ သီချင်းစာအုပ် နှင့်
ထူးအိမ်သင် အောက်မေ့ဖွယ် တီရှပ်များကို လည်း ပွဲတော်တွင် ရောင်းချ မည်
ဖြစ်သည်။
ထူးအိမ်သင် ဂီတပွဲတော်တွင် ပါဝင်မည့် အဆိုတော် စည်သူလွင် က
" ကိုမြင့်မိုးတို့ ကိုရွှေဂျော်ဂျော်တို့က ဆိုဖို့ ကမ်းလှမ်းတာနဲ့ ပါဝင်
ဖြစ်တာပါ။ ဒီပွဲမှာ ကျွန်တော် သီချင်း နှစ်ပုဒ်ဆိုမယ်။ ကိုငှက် စောစော
ဆုံးပါသွားတာ ကျွန်တော်တို့ အတွက် ဆုံးရှုံးမှု တစ်ခုပါပဲ။ ဒီပွဲမှာ ပါဝင်
သီဆိုခွင့် ရတဲ့ အတွက်လည်း ဝမ်းသာမိပါတယ်" ဟု ၎င်းကပြောသည်။
ယင်းဖျော်ဖြေပွဲတွင် ဇော်ဝင်းထွဋ် ၊ ဂျေမောင်မောင် ၊ လေးဖြူ ၊ အငဲ ၊
စည်သူလွင် ၊ ဇော်ပိုင် ၊ Rဇာနည် ၊ ဘိုဖြူ ၊ မျိုးကြီး ၊ ဝိုင်ဝိုင်း ၊
Lလွန်းဝါ ၊ ကျားပေါက် ၊ ရေမွန် ၊ အောင်လ ၊ ဖော်ကာ ၊ အီတိုး ၊ ကောင်းကောင်း ၊
ဘန်နီဖြိုး ၊ ဒေးဗစ်ခွန်နောင် ၊ ဒီမွန် ၊ ကော်နီ ၊ သျှီ ၊ ဆုန်သင်းပါရ် ၊
ဖြူဖြူကျော်သိန်း ၊ ရေဗက္ကာဝင်း ၊ ချမ်းချမ်း ၊ နီနီခင်ဇော်၊ အိမ့်ချစ် ၊
အိုင်းရင်းဇင်မာမြင့် နှင့် မိကွန်ထော တို့မှ ဖျော်ဖြေ တင်ဆက်ကြမည်
ဖြစ်ပြီး Aces၊Emperor၊Iron Cross၊TheTree ၊S.I.R
နှင့်ROCတီးဝိုင်းများကတီးခတ်ကြမည် ဖြစ်သည်။
ယင်း ပွဲတွင်
ချစ်ကောင်း ၊ လူမင်း ၊ မောင်မောင်အေး နှင့် စိုင်းစိုင်းခမ်းလှိုင် တို့က
ဧည့်သည်များ အဖြစ် တက်ရောက်ပါဝင် မည် ဖြစ်သည်။
အဆိုတော် ထူးအိမ်သင်
ဂီတပွဲတော် ကို သြဂုတ် ၂၃ရက် ညနေ ၆နာရီတွင် စတင်မည် ဖြစ်ပြီး လက်မှတ်
ဈေးနှုန်းများကို ၃သောင်း ၊ ၂သောင်း နှင့် ၁သောင်း
တို့ဖြင့်သတ်မှတ်ထားပြီးယင်း
လက်မှတ်များကို 4tv Showroom များ City
Mart ဆိုင်ခွဲများ မန်းသီရိ တေးသံသွင်း ၊The Sun Music ၊ Ko Ko Beauty
Saloon ဆိုင်ခွဲများ တွင် ဝယ်ယူ နိုင်သည်။
Credit : Mizzima
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, July 27, 2014
ထူးအိမ်သင် ဂီတပွဲတော် "လွမ်းခြင်းအားဖြင့် (၁၀)နှစ်တာ" ကျင်းပမည်
ထူးအိမ်သင် ဂီတပွဲတော် "လွမ်းခြင်းအားဖြင့် (၁၀)နှစ်တာ" ကျင်းပမည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 27, 2014
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment