Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 25, 2014

အသည်းကျောက်တည်တာမဖြစ်အောင် ကာကွယ်နိုင်ဖို့


လူဆယ်ဦးမှာ တစ်ဦးနှုန်း လောက်ဟာ အသည်းမှာကျောက် တည်တဲ့ဝေဒနာခံစားရလေ့ရှိပြီး အဲဒီလိုကျောက်မတည်ဖို့အတွက် အရည်များများသောက်ပေးဖို့လို အပ်ပြီး   သန့်စင်တဲ့ရေများများ သောက်ပေးတာကတော့ အကောင်းဆုံးပါပဲ။
ဆင်ဆင်ခြင်ခြင်စားရမှာ တွေကတော့ မြေပဲ၊ ဗာဒံစေ့၊ သီဟိုဠ်စေ့၊ ဟေဇယ်စေ့၊ ပဲပိစပ်၊ ကန်စွန်းဥနဲ့ ချောကလက် စတာ တွေဖြစ်ပြီး အသားစားတာကို လည်း ဆင်ခြင်ရပါမယ်။ အသည်း မှာ ကျောက်တည်ပြီဆိုတာနဲ့ ဆရာဝန်က ဆားစားသုံးတာကို ရပ်ခိုင်းပြီး ဆား၊ ထုံးဓာတ်၊ အသား ဓာတ်၊ ပိုတက်ဆီယမ်ကို သတ်မှတ်ပမာဏအတိုင်းပဲစားဖို့ ညွှန်ကြားတော့မှာပါ။ ဒါကြောင့် မို့ အသည်းကျောက်တည်တာတွေ ကို သက်သာပျောက်ကင်းစေနိုင် တဲ့ဖျော်ရည်လုပ်နည်းလေး အကြောင်း ပြောပြချင်ပါတယ်။
အချဉ်ဓာတ်အက်စစ်ကြွယ် ဝတဲ့ သံပရာ၊ သံပရိုသီးတွေက ကျောက်ကြေနိုင်စွမ်းရှိပြီး ဖရဲသီး ကလည်း အသည်းကျောက်တည် တာပျောက်ကင်းဖို့အတွက် အကောင်းဆုံးသီးနှံပါပဲ။ ရေကို နေ့စဉ်သောက်နိုင်သလောက် ဖန် ခွက်ပေါင်းများစွာ သောက်ပေးဖို့ လိုအပ်ပြီး သစ်သီးဖျော်ရည်က တော့ တစ်ခွက်ကနေ နှစ်ခွက် အထိ သောက်ပေးသင့်ပါတယ်။ အသည်းကျောက်ကြေနိုင်တဲ့ဖျော် ရည်ကိုတော့ အခွံနွှာထားတဲ့ လိမ္မော်သီးတစ်လုံး၊ ပန်းသီးတစ် လုံး၊ သံပရာသီးတစ်လုံး၊ ဖရဲသီး လေးစိတ်၊ ရေခဲတုံးလေးတုံးနဲ့ ဖျော်စပ်ရမှာဖြစ်ပါတယ်။ ဖျော်တဲ့ အသီးအနှံတွေကတော့သဘာဝ မြေဩဇာသုံးထားတဲ့အော်ဂဲနစ် သီးနှံတွေဖြစ်ဖို့ပါပဲ။
—Ref: www.healthdigezt.com
http://www.7daydaily.com/story/16684#.U9KtorEzakN

No comments:

Post a Comment