Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 14, 2014

ပီအာရ်ကော်မရှင်မှ ဒီချုပ်ကိုယ်စားလှယ်များ နုတ်ထွက်

အမျိုးသားလွှတ်တော် တွင် အတည်ပြုလိုက်သည့် အ ချိုးကျကိုယ်စားပြုစနစ် (PR) နှင့် ပတ်သက်၍ အကောင်အထည် ဖော်မည့် အချိုးကျကိုယ်စားပြု စနစ်ကော်မရှင်မှ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ် အားလုံးနုတ်ထွက်လိုက်ကြောင်း သတင်းရရှိသည်။
‘‘လွှတ်တော်က အဆိုကို အနိုင်ရသွားတဲ့အခါမှာ PR နဲ့ ပတ်သက်ပြီး Design ဆွဲဖို့ကော်မ ရှင်ဖွဲ့တယ်။ အဲဒီအဖွဲ့မှာ ဆွေး နွေးတဲ့ လူတွေအားလုံးကိုထည့် ထားတယ်။ ကျွန်တော်တို့က မပါနိုင်ဘူးဆိုပြီး ထွက်ခွင့်တင် လိုက်တာ’’ဟု အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် မကွေးတိုင်းဒေသ ကြီးမှ အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးအောင်ကြည်ညွန့်က ပြောကြားသည်။
အဆိုပါ ကော်မရှင်တွင် အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ၃၆ ဦးအပါအ၀င် လူပုဂ္ဂိုလ် ၄၀ ဖြင့် ဖွဲ့စည်းထားပြီး အဖွဲ့ဝင် အဖြစ် ရွေးချယ်ခံထားသော ဒီချုပ်ကိုယ်စားလှယ် ငါးဦးစလုံး က ပါတီမူဝါဒနှင့် မကိုက်ညီသည့်အတွက် နုတ်ထွက်ခြင်းဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးကပြောသည်။
ထိုကော်မရှင်မှ နုတ်ထွက် ခွင့်ပြုရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌသို့ တင်ပြခဲ့ပြီးနောက် ဇွန် ၁၃ ရက်တွင်   အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ခွင့်ပြုလိုက် ကြောင်း ၎င်းကပြောသည်။
‘‘ကြက်ဟင်းခါးသီးက ဘယ် အိုးနဲ့ ချက်ချက်ခါးမှာပဲလေ။ အိုး ပြောင်းချက်လို့ ချိုလာတာမှ မဟုတ်တာ’’ဟု ကော်မရှင်မှ နုတ် ထွက်ရသည့်အကြောင်းကို ဦး အောင်ကြည်ညွန့်က ဥပမာပေးရှင်းပြသည်။
ပြီးခဲ့သည့် ဇွန်လ ၈ ရက်က အချိုးကျမဲပေးစနစ်နှင့် ပတ်သက် ၍ NDF မှ ဒေါ်ခင်ဝိုင်းကြည်က အဆိုတင်သွင်းခဲ့ပြီး မဲခွဲဆုံးဖြတ် ရာတွင် တပ်မတော်သားကိုယ် စားလှယ်များနှင့် NLD ကိုယ်စား လှယ်များက ကန့်ကွက်ခဲ့သော် လည်း ပြည်ခိုင်ဖြိုးပါတီအမတ် အားလုံးက ထောက်ခံသဖြင့် အဆိုမှာ အတည်ဖြစ်သွားခဲ့သည်။
အချိုးကျကိုယ်စားပြုစနစ် နှင့်ပတ်သက်၍ လာမည့်သီတင်းပတ်တွင် ပြည်သူ့လွှတ်တော်၌ ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
7 Day Daily

No comments:

Post a Comment