Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, June 13, 2014

မဟာသန္တိသုခကိစ္စ သံဃနာယက ကိုယ်တိုင်ကိုက ဒုတိယရွှေဝါရောင် တော်လှန်ရေးကို ဖန်တီးခြင်းဟု ဆရာတော်ဝီရသူမိန့်ကြား ။

ရန်ကုန်မြို့၊တာမွေမြို့နယ်ရှိမဟာသန္တိသုခကျောင်းတိုက်ကို နိုင်ငံတော်
သံဃနာယကမဟာနယကနှင့် ရဲတပ်ဖွဲ့ဝင်များက အင်အားသုံးဖယ်ရှား
လိုက်ခြင်းသည့် ဒုတိယအကြိမ်ရွှေဝါရောင်တော်လှန်ရေး ဖန်တီးလိုက်ခြင်း
ဖြစ်သည်ဟု ဇွန် ၁၂ ရက်က ဆရာတော်ဝီရသူမှ မဇ္ဈိမကို မိန့် ကြားသည်။
“ဟိုမှာတုန်းက (ပထမအကြိမ် ရွှေဝါရောင်တော်လှန်ရေး)က စစ်အစိုးရ
ကို ကြောက်လို့ သံဃနာယက မပြောရဲတာ။ ဒီတစ်ခါကတော့ သံဃနာယက ကိုယ်တိုင်ကိုက ဒုတိယရွှေဝါရောင်အရေးအခင်းကို ဖန်တီးလိုက်တာ”ဟု ဆရာတော်ဝီရသူက မိန့်သည်။
ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ ပီနန် ဆရာတော်သီတင်းသုံးနေထိုင်သော မဟာသန္တိသုခကျောင်းတိုက်အတွင်း သီတင်းသုံးနေထိုင်နေသည့် သံဃာတော်အပါး ၃၀ နီးပါးကိုဇွန်လ ၁၁ရက် ညသန်းခေါင်ယံအချိန်တွင် 
ရဲတပ်ဖွဲ့ဝင်များက ၀င်ရောက်စီးနင်း ဖယ်ရှားရှင်းလင်းခဲ့သည်ကိစ္စနှင့်
ပတ်သက် ၍ ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ဘုရားသားတော် မပြောနဲ့၊ အစိုးရကတောင် ပြည်သူကို ဒီလိုမလုပ်သင့်ဘူး”ဟု ဆရာတော်ဦးဝီရသူက ဆက်လက်မိန့်ကြားသည်။
ယခု ပြောဆိုချက်အပြင် ဆရာတော်ဝီရသူက အချက် ၆ ချက်ပါသော သဘောထားထုတ်ပြန်ချက် တစ်စောင်ကို ဇွန်လ ၁၁ ရက်က ထုတ်ပြန်ခဲ့သည်။ယင်းထုတ်ပြန်ချက်တွင် ဇွန် ၁၀ ရက် ကာယကံရှင်ပီနန်
ဆရာတော်ကြီး ပြည်ပ ခရီးကြွရောက်နေသည့် အချိန်ကို ရွေးချယ်၍ ညအချိန်မတော်လူခြေတိတ်ချိန်တွင် လက်နက်တစ်စုံတစ်ရာမရှိသော ခုခံကာကွယ်မှု လုံးဝမပြုသော သာသနာပြု ဘုရားသားတော်များကို 
အနုကြမ်းဝင်စီးသည့် လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချကြောင်း၊ ဆရာတော်ဦးဥတ္တရနှင့် ဦးနန္ဒိယနှစ်ပါးတို့ကို ခြွင်းချက်မရှိ ယခုချက်ချင်း ပြန်လွှတ်ပေးရန်တောင်းဆိုကြောင်း၊ မဟာသန္တိသုခသာသနာပြု
ကျောင်းတော်ကြီးကို ချိတ်ပိတ်ဖြစ်စဉ်၌ ဦးဆောင်ဆရာတော်ပြောသွားသော စကားကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် ရန်ကုန်တိုင်း
ဒေသကြီး သံဃနာယကအဖွဲ့၏ မူဝါဒသဘောထားဖြစ်ကြောင်း ထုတ်ပြန်အတည်ပြုပေးရန် တိုက်တွန်းကြောင်း၊ ပီနန်ဆရာတော်ကြီး ဘဒ္ဒန္တ ပညာဝံသမထေရ်အား ပြည်ဝင်ခွင့်ကန့်သတ်ခြင်း မပြုလုပ်ရန် 
ပြင်းထန်စွာ သတိပေးလိုက်ကြောင်း၊ ပြည်ထောင်စုတစ်ဝန်းလုံးမှသိက္ခာ
သုံးပါးနှင့် ပြည့်စုံသော၊ ရဟန်းရှင်လူပြည်သူအားလုံး၏ ယုံကြည်အားကိုး လေးစားကြည်ညိုမှုကို ခံယူထိုက်သော ပရိယတ္တိဝိသာရဒဂုဏ်တော်နှင့်ပြည့်စုံသော ၀ိနည်းဓိုရ်ဆရာတော်ကြီးများကို ရွေးချယ်၍ သီခြားဝိနည်းဓိုရ်အဖွဲ့ဖွဲ့စည်းကာ မဟာသန္တိသုခစင်တာသာသနာပြု ကျောင်းတော်ကြီး ပိုင်ဆိုင်မှုအငြင်းပွားချက်ကို ဓမ္မ၀ိနယနှင့်အညီ တရား
မျှတစွာဖြေရှင်းပေးရန် တောင်းဆိုလိုက်ကြောင်း၊ ရဟန်းရှင်လူပြည်သူ
တစ်ရပ်လုံးအနေဖြင့် နိုင်ငံတော် သံဃနာယကအဖွဲ့၏အဆင့်ဆင့်သော 
ဆောင်ရွက်ချက်များကို စောင့်ကြည့်ဝေဖန်ပြီးမှသာ လုပ်သင့်လုပ်ထိုက်သော တောင်းဆိုမှုများ ဆက်လက် လုပ်ဆောင်ကြရန်တိုက်တွန်းကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
သတင်း- မဇ္ဈိမ

No comments:

Post a Comment