Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, June 13, 2014

သံဃာတော် လူဝတ်လဲခံရမှု ပီနန်ဆရာတော်နဲ့ လျှောက်ထားမေးမြန်းခန်း/ဘုန်းကြီးကျောင်း ပိုင်ဆိုင်မှု ကိစ္စဟာ ဘယ်လို စတင်ခဲ့တာပါလဲသမ္မတရုံး အကြံပေး ဦးအံ့မောင်

ပီနန်ဆရာတော်ကြီး ဦးပညာဝံသနဲ့ သံဃာ့မဟာနာယက အဖွဲ့ကြား ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ မဟာသန္တိသုခ ကျောင်းကို အာဏာပိုင်တွေက ချိတ်ပိတ်ပြီးနောက် ခုချိန်ထိ ဖမ်းဆီးထားတဲ့ သံဃာတော် ၅ ပါးကို ဒီကနေ့ အတင်းအကြပ် လူဝတ်လဲစေပြီး ပုဒ်မ ၂၉၅ သာသနာ ညစ်နွမ်းစေမှုနဲ့ တရားစွဲလိုက်ပါတယ်။ ဒီလို လူဝတ်လဲခံရတဲ့ အထဲမှာ ပီနန်ဆရာတော်ကြီးရဲ့ တရားဝင် ကိုယ်စားလှယ်ဖြစ်တဲ့ လန်ဒန် သာသနာ့ရံသီ ၀ိဟာရ ဆရာတော် ဦးဥတ္တရလည်း အပါအ၀င် ဖြစ်ပါတယ်။ ဒီတော့ သံဃာတော်တွေ ခုလို လူဝတ်လဲပြီး တရားစွဲခံရတဲ့အပေါ် ဘယ်လို ရှေ့ဆက် ဆောင်ရွက်မလဲ ဆိုတာကို ဂျပန်မှာ ရောက်နေတဲ့ ပီနန်ဆရာတော်ကြီးကို လျှောက်ထား မေးမြန်းရာမှာ ခုလို မိန့်ကြားပါတယ်။ခုလို သံဃာတော်တွေကို လူဝတ်လဲ အရေးယူတဲ့အထိ ဖြစ်လာရတဲ့ ဘုန်းကြီးကျောင်း ပိုင်ဆိုင်မှု ကိစ္စဟာ ဘယ်လို စတင်ခဲ့တာပါလဲ။ မြန်မာ သမ္မတရုံး အကြံပေး ဦးအံ့မောင်ကို မေးကြည့်ထားပါတယ်။

No comments:

Post a Comment