Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 21, 2014

၄၃၆ ပြင်ဆင်ရေး နိုင်ငံတကာမှလည်း လက်မှတ်ထိုးနိုင်ပါပြီ။


National League for Democracy

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့စည်းတို့ ပူးပေါင်းဆောင်ရွက်သော ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒလက်မှတ်ရေးထိုးခြင်းအား ပြည်ပတွင်ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများလည်း မိမိဆန္ဒအရ ပါဝင်ဆောင်ရွက်နိုင်ပြါ့ပီခင်ဗျာ။
ပြည်ပတွင်ရောက်ရှိနေသောမြန်မာနိုင်ငံသားများအနေဖြင့်
၁။ အသက် ၁၈ နှစ်ပြည့်ပြီးသူဖြစ်ရမည်။
၂။ မြန်မာနိုင်ငံသားဖြစ်ရမည်။
၃။ မြန်မာနိုင်ငံသားလက်မှတ်အမှတ်(သို့မဟုတ်)မြန်မာနိုင်ငံကူးလက်မှတ်အမှတ်စဉ် ထည့်သွင်းဖေါ်ပြနိုင်ရမည်။
၎။ မိမိဆန္ဒအရသာ ဆန္ဒပြုလက်မှတ်ရေးထိုးခြင်းဖြစ်ရမည်။
၅။ လူတစ်ဦးလျှင် တစ်ကြိမ်သာ လက်မှတ်ရေးထိုးဆန္ဒပြုရပါမည်။
အထက်ပါအချက်များနှင့်အညီ အောက်တွင်တင်ပေးထားသော ဆန္ဒပြုလက်မှတ်ထိုးဇယားပုံစံအတိုင်းသာ လက်မှတ်ရေးထိုးကြပြီးနောက် စကင်ဖတ်၍ အဖွဲ့ချုပ် ရုံးချုပ် အီးမေးလ်လိပ်စာ info.nldburma@gmail.com သို့ ပြန်လည်ပေးပို့နိုင်ပါသည်။

No comments:

Post a Comment