Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 21, 2014

ဒီချုပ်အမတ်ဦးသိမ်းဆွေ ပါးမရိုက်ခဲ့ကြောင်း ရှင်းလင်း

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဒေးဒရဲတံတားအသုံးပြုခ ကောက်ခံရေး ဂိတ်ဝန်ထမ်းလေးဦးက မြို့ဝင်ကြေးကောက်ခံမှုကို အငြင်းပွားပြောဆိုရာမှ ရိုက်နှက်ခြင်း၊ ပါးရိုက်ခြင်းအထိ အချင်းများခဲ့ခြင်းမရှိကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေကပြောသည်။

‘‘ကိုယ်ထိလက်ရောက်မရှိခဲ့ဘူး။ ပါးရိုက်တယ်ဆိုတဲ့ကိစ္စလည်း လုံးဝမရှိခဲ့ဘူး။ အရင်ကလည်းမရှိခဲ့ဘူး’’ဟု ၎င်းကဆိုသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေက မြို့ဝင်ဂိတ်ဝန်ထမ်းတစ်ဦးကို ပါးရိုက်သည့်သတင်းတစ်ခု လူမှုကွန်ရက်စာမျက်နှာများ၌ပျံ့နှံ့နေခြင်းနှင့်ပတ်သက်၍ မေလ၁၉ရက်တွင် တော်ဝင်နှင်းဆီရုံးခန်း၌ ပြု လုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဧပြီလ ၂၇ရက် ညနေပိုင်းက ဖျာပုံဘက်မှ မောင်းလာသည့် ကိုယ်ပိုင်ကားတစ်စီးအား ဘီးခွန်ကြေးကောက်ခံရာတွင် ဦးသိမ်းဆွေပြသည့်ဖြတ်ပိုင်းမှာ ဧပြီ၂၆ရက်စွဲဖြင့် ဖြစ်နေပြီး ဦးသိမ်းဆွေက ယင်းဖြတ်ပိုင်းမှာ ယနေ့ ဖြတ်ခဲ့သည့် ဖြတ်ပိုင်းဖြစ်ကြောင်း အပြန်အလှန်ပြောဆိုရင်း ကတောက်ကဆဖြစ်ခဲ့သည်ဟုဆိုသည်။

ဒေးဒရဲမြို့ဝင်ဂိတ်တွင် ဂိတ်ကြေးနှင့် ပတ်သက်၍ ဦးသိမ်းဆွေ နှင့် ပဋိပက္ခဖြစ်ခဲ့သည့်အတွက် စိတ်မကောင်းဖြစ်ခဲ့ရကြောင်း၊ ဂိတ်ဝန်ထမ်းနှစ်ဦး မချေမငံပြောဆိုခဲ့သည်ကို တောင်းပန်ကြောင်း မြို့ဝင်ဘီးကောက်လိုင်စင် ရရှိထားသူ ဦးပေါထွန်းက လွှတ်တော်ကိုယ်စားလှယ်ထံ စာရေးသားပေးပို့ခဲ့သည်။

ယင်းမြို့ဝင်ဂိတ်သည် ယခင်ကလည်း မော်တော်ယာဉ်များထံ ငွေကြေးပိုမိုကောက်ခံမှုများရှိပြီး ထပ်မံ၍ ဆက်လက်ပိုမိုတောင်းခံနေပါက သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းနှင့် စည်ပင်သာယာထံ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ဆွေးနွေးတင်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

လူမှုကွန်ရက်ဖြစ်သည့် ဖေ့စ်ဘွတ်ခ်သုံးစွဲသူ Nay Minနှင့် Myanmar Express ၀က်ဘ်ဆိုက်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အမြဲ ဝေဖန်နေပြီး ယခု NLD၏ ခေါင်းဆောင်ငယ်များကိုပါ ထပ်မံတိုက်ခိုက်ရေးသားလာကြောင်း NLD ပါတီ၏ ပုဒ်မ ၄၃၆ပြင်ရန် ကြိုစားအားထုတ်နေချိန်တွင် ယင်းဝက်ဘ်ဆိုက်များသည် ဒီမိုကရေစီ အင်အားစုများကို တိုက်ခိုက်ရေးသားချက်များကို ပိုမိုပြုလုပ်လာကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေကပြောသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေသည် ကျောင်းဆရာမိဘနှစ်ဦးမှ မွေးဖွားလာသူဖြစ်ပြီး ၎င်းကိုယ်တိုင်လည်း ထောင်ကျ၍ ကျောင်းဆရာမဖြစ်ခဲ့သော်လည်း ကျူရှင်ဆရာတစ်ဦးဖြစ်ကာ ငယ်စဉ်တည်းက သူတစ်ပါးအပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်မှုမရှိခဲ့ကြောင်း ၎င်းက 7Day ၏မေးမြန်းမှုကိုဖြေကြားသည်။

7day

No comments:

Post a Comment