Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 31, 2013

မိခင်နို့ တိုက်ကျွေးခံရသူများ အသက် ၇ နှစ်တွင် အိုင်ကျူ အဆင့် လေး ရနိုင်ဟုဆို

  
The Voice Weekly
ငယ်စဉ်ကတည်းက မိခင်နို့ကို တိုက်ကျွေးခြင်း ခံရသည့် ကလေးငယ် များသည် အသက် သုံးနှစ် အရွယ်တွင် ဝေါဟာရ အတော်များများကို အခြား မတိုက်ကျွေးသည့် ကလေးများထက် ပိုမှတ်မိပြီး၊ အသက် ခုနစ်နှစ် အရွယ် တွင် အံ့သြစရာ ကောင်းလောက်အောင် အိုင်ကျူအဆင့် မြင့်မားကြောင်း အမေရိကန် ဆေးပညာအဖွဲ့ထုတ် မဂ္ဂဇင်းတွင် ရေးသား ဖော်ပြထားသည်။

မိခင်နို့ကို အနည်းဆုံး တစ်နှစ်ခန့် တိုက်ကျွေးခြင်း ခံရသည့် ကလေးများ သည် အိုင်ကျူ အမှတ် အဆင့် လေး ရသည်အထိ မှတ်ဉာဏ်ကောင်းကြောင်း သုတေသီများက ၎င်းစာစောင်တွင် ရေးသား ထားသည်။

မိခင်နို့ကို သောက်သုံးခွင့် ရသူများသည် တစ်လလျှင် အမှတ် ဒသမ ၃၅ မှတ်ထိ တိုးလာပြီး၊ စကားပြောဆိုနိုင်စွမ်းမှာလည်း ဒသမ ၂၉ မှတ် အထိ တိုးတက်နိုင်သည်ဟု သုတေသီများက ဆိုသည်။

No comments:

Post a Comment