Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 5, 2013

အရေပြား မခြောက်သွေ့စေဖို့


အားကစားရုံမှာ
အရေပြားအစိုဓါတ်ထိန်းနိုင်အောင် moisturizer (အစိုဓါတ်ထိန်းဆေး)လိမ်းပြီး T-shirt အများ၊ အား ကစားဘောင်းဘီများဝတ်ဆင်၍ လေ့ကျင့်ပါ။ လေ့ကျင့်အပြီး ရေချိုး တဲ့အခါ ဆပ်ပြာအပျော့စားကိုသာ သုံးပါ။ ရေချိုးအပြီး moisturizer ထပ်လိမ်းပါ။ အားကစားလုပ်စဉ်ချွေး ထွက်တဲ့အခါ ၊ ဆပ်ပြာသုံးတဲ့အခါ အရေပြားအဆီဓါတ်ကုန်ခမ်းသွား တတ်ပါတယ်။

အိမ်မှာ
ညမအိပ်ခင် moisturizer လိမ်းပါ။ လေအေးပေးစက်ဖွင့်အိပ် တဲ့အခါ၊ ပြတင်းပေါက်ကနေ လေတ ဟူးဟူး တိုက်နေတဲ့အခါတွေမှာ အရေပြားပိုမိုခြောက်သွေ့လာတတ် ပါတယ်။

မျက်နှာပေါ်ကခြောက်သွေ့တဲ့နေရာတွေအတွက်
SPF ၁၅ ဆပါဝင်တဲ့ moisturizer အပျော့လေးတွေလိမ်းပါ။ လိမ်း ထားတဲ့နေရာကို ပလတ်စတစ်နဲ့အုပ် ထားပါ။ လက်တွေမှာ လိမ်းရင် ပလတ်စတစ်လက်အိတ်စွပ်ပါ။ အရေပြားထဲကောင်းစွာ စိမ့်ဝင်စေဖို့ အချိန် (၁)နာရီခန့်ထားပါ။ အရေပြား စိုပြည်လာတဲ့အထိ မကြာခဏလိမ်း ပေးပါ။

ခြေလက်များကိုလည်း မမေ့ထားပါနဲ့
ခြေလက်များရဲ့ ခြောက်သွေ့တဲ့ အပိုင်းတွေကို အစိုဓါတ်ထိန်းဆေး ခပ်ပျစ်ပျစ်လိမ်းပါ။ လက်လိမ်းဖို့သီး သန့်ထုတ်ထားတဲ့ Hand Moisturizer Cream လိမ်းရင်ပိုကောင်းပါ တယ်။

ဇော်ကို
Source: HealthMag

No comments:

Post a Comment