Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, June 3, 2019

ပုဂံေဒသ တန္႔ၾကည္ေတာင္ ဘုရား သမုိင္း....

တန္႔ၾကည္ေတာင္ဟူေသာ အမည္သည္ ေဂါတမဘုရား သခင္ ေဒသစာရီၾကြလာေသာအခါ ထိုေတာင္ထိပ္တြင္ ရပ္တန္႔၍ ၾကည့္ေတာ္မူေသာေၾကာင့္ ပါဠိဘာသာ – ႒ိေတာ၊ ေလာကပဗၺတ ျမန္မာ ဘာသာ တန္႔ၾကည့္ေတာင္ဟူေသာ အမည္ ေ၀ါဟာရ္ျဖစ္သည္ဟူ၍ ပုဂံရာဇ၀သပါ႒္တြင္ ဆိုသည္။

ထုိ ေတာင္ကို ေဂါတမဘုရားပြင့္ေတာ္မမူမီ မဟာပဗၺတဟူ၍ လည္းေကာင္း၊ ဟိရညကပဗၺတဟူ၍ လည္းေကာင္း၊ ပါဠိဘာသာတြင္သည္၊ ႀကီးေသာေတာင္၊ ေရႊ၊ ဓာတ္၊ သတၳဳ၊ ထြက္ေသာေတာင္ ဆို လိုသည္။
ေဂါတမဘုရားသခင္ ပရိနိဗၺာန္စံေတာ္မူသည့္ေနာက္ သာသနာေတာ္ (၂၃၀) ေက်ာ္တြင္ သီရိ ဓမၼာေသာကမင္းႀကီး ေစတီရွစ္ေသာင္းေလးေထာင္တည္ရာတြင္၊ ထုိေတာင္ထိပ္တြင္ ရွိေသာ ေစတီ သည္ တစ္ဆူအပါအ၀င္ျဖစ္ေၾကင္း၊ ဇာတာပံု ရာဇ၀င္အရ၊ သကၠရာဇ္ (၄၀၆) ခု၊ နန္းတက္ေသာ သိရီအနိရုဒၶမည္ေသာ အေနာ္ရထာမင္းႀကီးႏွင့္ အသွ်င္အရဟံမေထရ္တို႔သည္ တန္႔ၾကည္ေတာင္ ေပၚသို႔ေရာက္ေသာအခါ ထုိေစတီသည္ သီရိဓမၼာေသာကမင္း၏ ေကာင္းမႈျဖစ္ေၾကာင္း ထပ္မံ၍ ျပင္ဆင္လုပ္ေဆာင္သင့္ေၾကာင္း အသွ်င္အရဟံ မိန္႔ေတာ္မူသျဖင့္ အေနာ္ရထာမင္း ထပ္မံတည္ သည္ဟု တန္႔ၾကည္သမုိင္းမွာ ဆိုသည္။
အေနာ္ရထာမင္း ထပ္မံတည္ေသာေစတီကား ယခုအခါ ကြယ္ေပ်ာက္ေနေလၿပီ။
တန္႔ၾကည္ေတာင္ထိပ္တြင္ မ်က္၀ါးထင္ထင္ ယခု ဖူးျမင္ေနရေသာ ေစတီေတာ္ကား ပုဂံ ျပည္ရွင္ ဘုရင္အေနာ္ရထာမင္းႀကီးအား သီဟိုဠ္ဘုရင္ ဓာတုေသနမင္း ဆက္သလိုက္ေသာ စြယ္ ေတာ္ပြားကို ဆင္ျဖဴေတာ္တြင္တင္၍ အဓိဌာန္ျပဳၿပီး လႊတ္လိုက္ရာ ဆင္ျဖဴေတာ္သည္ ျမစ္ကိုကူးၿပီး လွ်င္ တန္႔ၾကည္ေတာင္ထိပ္သို႔ တက္၍၀ပ္ရာတြင္ အေနာ္ရထာမင္း တည္ထားေသာ ေစတီေတာ္ျဖစ္ သတည္း၊ တန္႔ၾကည့္စြယ္ေတာ္ရွင္ဘုရား၏ ေတာင္ဘက္ေတာင္ထိပ္တြင္ တည္ရွိေသာေစတီကို ယခု အခါ ေတာင္ဦးျမတ္စြာဘုရားဟုေခၚၾကသည္။ နရပတိစည္သူေကာင္းမႈဟု အဆိုရွိသည္။

အေနာက္ ေျမာက္ဘက္ ငွက္ႀကီးေတာင္ျဖန္႔ေခၚေသာအရပ္ရွိ ေစတီကို ဂူနီဘုရားဟု ေခၚၾကသည္၊ ၎ဘုရား ကို သိုက္တူး၊ ၿဖိဳဖ်က္ၾကေသာေၾကာင့္ အရာမွ်သာရွိေတာ့သည္၊ ၎ ဂူနီဘုရား၏ အတၳဳပတၱိကို အစဥ္အလာေျပာဆိုၾကသည္မွာ တန္႔ၾကည့္စြယ္ေတာ္ ဘုရားကို တည္သည့္အခါ = ပန္းရန္ဆရာ မ်ား ေနေသာအရပ္တြင္ မကုန္ၾကြင္းက်န္ေသာအုတ္မ်ားကို ပန္းရနဆရာေခါင္းအႀကီးက ဘုရားတည္ ထားခဲ့ရာ – ယခုအခါ ေစတီအလည္ တည့္တည့္ သိုက္တူးေသာတြင္းႀကီး ျဖစ္ေနေလၿပီ။

တန္႔ၾကည္စြယ္ေတာ္ဘုရား – အေနာက္ဘက္အဆင္းတြင္ ေက်ာက္္နဂါးရုပ္ႀကီး ေျမမွထြက္ ေနဟန္တစ္ခုရွိသည္။ ၎ နဂါးရုပ္ႀကီး၏အေၾကာင္းမွာ ေညာင္ဦးေရႊစည္းခံုေစတီအနီး နဂါးက်စ္ ေမာင္အရပ္က ေျမသို႔က်စ္၀င္ၿပီးလွ်င္ တန္႔ၾကည္ေတာင္မွာ ေပၚထြက္ေသာ ပံုသ႑ာန္ဟူ၍ အစဥၤ အလာေျပာဆိုၾကသည္။ ေရႊစည္းခံုေစတီေတာ္တြင္ ေနာက္ထပ္မံဌာပနာေသာ စြယ္ေတာ္ပြားကို နဂါး မင္း ပင့္ေဆာင္ယူမည့္အဟန္လည္း ေျပာဆိုၾကသည္။ စြယ္ေတာ္ႏွင့္နဂါး ဆက္ဆံစပ္လ်ဥ္းပံုမွာ စြယ္ေတာ္ေလးဆူအနက္ တစ္ဆူကို နဂါးျပည္က ယူေဆာင္ေၾကာင္းႏွင့္ ဗုဒၶ၀င္ပါဠိေတာ္တြင္ ဆိုသည္။

ဓာတု၀င္က်မ္းတြင္ကား ေအာက္ လက်္ာ စြယ္ေတာ္ကို ေဒါနပုဏၰားေျခၾကားမွ = ဇယေသန နဂါးမင္း ယူ၍ နဂါးျပည္ ရတနာေစတီတြင္ ဌာပနာ၏ ဟူ၍ဆိုသည္။ က်မ္းဂန္တုိ႔တြင္ စြယ္ေတာ္သည္ နဂါးျပည္တြင္ တည္ေၾကာင္း လာရွိေသာေၾကာင့္ စြယ္ေတာ္ကို ဌာပနာေသာ ေစတီအနီး စြယ္ေတာ္ကို နဂါးေစာင့္ ေရွာက္သည့္ အဟန္ျပဳ၍ ရန္သူမ်ဳိးငါးပါးေစတီကို မဖ်က္မဆီး၀ံ့ေအာင္ ျပဳလုပ္ထားသည္ဟု ယူဆ ရန္ ရွိသည္။
ဤတန္႔ၾကည္ေတာင္ေစတီသည္ သီဟိုဠ္ကၽြန္း ဓာတုေသနမင္း ဆက္သလို္ကေသာ စြယ္ ေတာ္ပြားတစ္ဆူမွ၊ ဒုတိယပြား စြယ္ေတာ္ျဖစ္၍ ေရႊစည္းခံုတည္ေသာ သကၠရာဇ္ကာလႏွင့္ တစ္ ေခတ္တည္းတည္ထားေသာ အေနာ္ရထာမင္း ေကာင္းမႈေစတီေတာ္တည္း။

(လမ္းညႊန္) တန္႔ၾကည္ေတာင္ စြယ္ေတာ္ဘုရားသို႔ ဗူးဘုရားဆိပ္မွ ကူးတို႔ျဖင့္ ကူးရသည္၊ ကၽြန္းတစ္ကၽြန္းကို ေက်ာ္ၿပီးေနာက္ ကူးတုိ႔ျဖင့္ တစ္ဖန္ကူးရၿပီးေသာအခါ တန္႔ၾကည္ေတာင္ေျခသို႔ ေရာက္ေလေတာ့သည္။
myantour

#Unicode Version# ျဖင့္ဖတ္ပါ ။

တန့်ကြည်တောင်ဟူသော အမည်သည် ဂေါတမဘုရား သခင် ဒေသစာရီကြွလာသောအခါ ထိုတောင်ထိပ်တွင် ရပ်တန့်၍ ကြည့်တော်မူသောကြောင့် ပါဠိဘာသာ – ဋ္ဌိတော၊ လောကပဗ္ဗတ မြန်မာ ဘာသာ တန့်ကြည့်တောင်ဟူသော အမည် ဝေါဟာရ်ဖြစ်သည်ဟူ၍ ပုဂံရာဇဝသပါဋ္ဌ်တွင် ဆိုသည်။

ထို တောင်ကို ဂေါတမဘုရားပွင့်တော်မမူမီ မဟာပဗ္ဗတဟူ၍ လည်းကောင်း၊ ဟိရညကပဗ္ဗတဟူ၍ လည်းကောင်း၊ ပါဠိဘာသာတွင်သည်၊ ကြီးသောတောင်၊ ရွှေ၊ ဓာတ်၊ သတ္ထု၊ ထွက်သောတောင် ဆို လိုသည်။
ဂေါတမဘုရားသခင် ပရိနိဗ္ဗာန်စံတော်မူသည့်နောက် သာသနာတော် (၂၃၀) ကျော်တွင် သီရိ ဓမ္မာသောကမင်းကြီး စေတီရှစ်သောင်းလေးထောင်တည်ရာတွင်၊ ထိုတောင်ထိပ်တွင် ရှိသော စေတီ သည် တစ်ဆူအပါအဝင်ဖြစ်ကြေင်း၊ ဇာတာပုံ ရာဇဝင်အရ၊ သက္ကရာဇ် (၄၀၆) ခု၊ နန်းတက်သော သိရီအနိရုဒ္ဓမည်သော အနော်ရထာမင်းကြီးနှင့် အသျှင်အရဟံမထေရ်တို့သည် တန့်ကြည်တောင် ပေါ်သို့ရောက်သောအခါ ထိုစေတီသည် သီရိဓမ္မာသောကမင်း၏ ကောင်းမှုဖြစ်ကြောင်း ထပ်မံ၍ ပြင်ဆင်လုပ်ဆောင်သင့်ကြောင်း အသျှင်အရဟံ မိန့်တော်မူသဖြင့် အနော်ရထာမင်း ထပ်မံတည် သည်ဟု တန့်ကြည်သမိုင်းမှာ ဆိုသည်။
အနော်ရထာမင်း ထပ်မံတည်သောစေတီကား ယခုအခါ ကွယ်ပျောက်နေလေပြီ။
တန့်ကြည်တောင်ထိပ်တွင် မျက်ဝါးထင်ထင် ယခု ဖူးမြင်နေရသော စေတီတော်ကား ပုဂံ ပြည်ရှင် ဘုရင်အနော်ရထာမင်းကြီးအား သီဟိုဠ်ဘုရင် ဓာတုသေနမင်း ဆက်သလိုက်သော စွယ် တော်ပွားကို ဆင်ဖြူတော်တွင်တင်၍ အဓိဌာန်ပြုပြီး လွှတ်လိုက်ရာ ဆင်ဖြူတော်သည် မြစ်ကိုကူးပြီး လျှင် တန့်ကြည်တောင်ထိပ်သို့ တက်၍ဝပ်ရာတွင် အနော်ရထာမင်း တည်ထားသော စေတီတော်ဖြစ် သတည်း၊ တန့်ကြည့်စွယ်တော်ရှင်ဘုရား၏ တောင်ဘက်တောင်ထိပ်တွင် တည်ရှိသောစေတီကို ယခု အခါ တောင်ဦးမြတ်စွာဘုရားဟုခေါ်ကြသည်။ နရပတိစည်သူကောင်းမှုဟု အဆိုရှိသည်။

အနောက် မြောက်ဘက် ငှက်ကြီးတောင်ဖြန့်ခေါ်သောအရပ်ရှိ စေတီကို ဂူနီဘုရားဟု ခေါ်ကြသည်၊ ၎င်းဘုရား ကို သိုက်တူး၊ ဖြိုဖျက်ကြသောကြောင့် အရာမျှသာရှိတော့သည်၊ ၎င်း ဂူနီဘုရား၏ အတ္ထုပတ္တိကို အစဉ်အလာပြောဆိုကြသည်မှာ တန့်ကြည့်စွယ်တော် ဘုရားကို တည်သည့်အခါ = ပန်းရန်ဆရာ များ နေသောအရပ်တွင် မကုန်ကြွင်းကျန်သောအုတ်များကို ပန်းရနဆရာခေါင်းအကြီးက ဘုရားတည် ထားခဲ့ရာ – ယခုအခါ စေတီအလည် တည့်တည့် သိုက်တူးသောတွင်းကြီး ဖြစ်နေလေပြီ။

တန့်ကြည်စွယ်တော်ဘုရား – အနောက်ဘက်အဆင်းတွင် ကျောက်နဂါးရုပ်ကြီး မြေမှထွက် နေဟန်တစ်ခုရှိသည်။ ၎င်း နဂါးရုပ်ကြီး၏အကြောင်းမှာ ညောင်ဦးရွှေစည်းခုံစေတီအနီး နဂါးကျစ် မောင်အရပ်က မြေသို့ကျစ်ဝင်ပြီးလျှင် တန့်ကြည်တောင်မှာ ပေါ်ထွက်သော ပုံသဏ္ဍာန်ဟူ၍ အစဥၤ အလာပြောဆိုကြသည်။ ရွှေစည်းခုံစေတီတော်တွင် နောက်ထပ်မံဌာပနာသော စွယ်တော်ပွားကို နဂါး မင်း ပင့်ဆောင်ယူမည့်အဟန်လည်း ပြောဆိုကြသည်။ စွယ်တော်နှင့်နဂါး ဆက်ဆံစပ်လျဉ်းပုံမှာ စွယ်တော်လေးဆူအနက် တစ်ဆူကို နဂါးပြည်က ယူဆောင်ကြောင်းနှင့် ဗုဒ္ဓဝင်ပါဠိတော်တွင် ဆိုသည်။

ဓာတုဝင်ကျမ်းတွင်ကား အောက် လကျ်ာ စွယ်တော်ကို ဒေါနပုဏ္ဏားခြေကြားမှ = ဇယသေန နဂါးမင်း ယူ၍ နဂါးပြည် ရတနာစေတီတွင် ဌာပနာ၏ ဟူ၍ဆိုသည်။ ကျမ်းဂန်တို့တွင် စွယ်တော်သည် နဂါးပြည်တွင် တည်ကြောင်း လာရှိသောကြောင့် စွယ်တော်ကို ဌာပနာသော စေတီအနီး စွယ်တော်ကို နဂါးစောင့် ရှောက်သည့် အဟန်ပြု၍ ရန်သူမျိုးငါးပါးစေတီကို မဖျက်မဆီးဝံ့အောင် ပြုလုပ်ထားသည်ဟု ယူဆ ရန် ရှိသည်။
ဤတန့်ကြည်တောင်စေတီသည် သီဟိုဠ်ကျွန်း ဓာတုသေနမင်း ဆက်သလိုကသော စွယ် တော်ပွားတစ်ဆူမှ၊ ဒုတိယပွား စွယ်တော်ဖြစ်၍ ရွှေစည်းခုံတည်သော သက္ကရာဇ်ကာလနှင့် တစ် ခေတ်တည်းတည်ထားသော အနော်ရထာမင်း ကောင်းမှုစေတီတော်တည်း။

(လမ်းညွှန်) တန့်ကြည်တောင် စွယ်တော်ဘုရားသို့ ဗူးဘုရားဆိပ်မှ ကူးတို့ဖြင့် ကူးရသည်၊ ကျွန်းတစ်ကျွန်းကို ကျော်ပြီးနောက် ကူးတို့ဖြင့် တစ်ဖန်ကူးရပြီးသောအခါ တန့်ကြည်တောင်ခြေသို့ ရောက်လေတော့သည်။
myantour

No comments:

Post a Comment