Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 18, 2015

အမ်ိဳးသမီးေတြအတြက္ အထူးထုတ္လုပ္လုိက္တဲ့ အတြင္းခံေဘာင္းဘီဒီဇိုင္းသစ္ နာမည္ႀကီးေန


ေမေသာ္ on 2015-01-19 10:04

MINKANAK အမည္ရ ကုမၸဏီက ဒီဇိုင္းထုတ္ ဖန္တီးလိုက္တဲ့ အတြင္းခံေဘာင္းဘီဟာ selfie ရိုက္ရတာ ၀ါသနာပါတဲ့သူေတြ၊ မွန္ေရွ႕selfie ရိုက္ေလ့ရွိသူေတြနဲ႔ ေရကူး၀တ္စံုဒီဇိုင္းအဆန္းေလး ၀တ္ခ်င္သူေတြအတြက္ အထူးထုတ္လုပ္ ထားတယ္လို႔ သိရပါတယ္။ ဒီဇိုင္းကေတာ့ ရိုးရွင္းပါတယ္။ အတြင္းခံေဘာင္းဘီမွာ ေၾကာင္ရုပ္ေလးေတြနဲ႔ မိန္းကေလးေတြ ႏွစ္ၿခိဳက္ေအာင္ ဖန္တီးထားတာပါ။ ဒီလိုဒီဇိုင္းထုတ္ျဖစ္သြားတာက အြန္လုိင္းက အမ်ိဳးသမီးတစ္ေယာက္ဟာ အဲ့ဒီလို ေၾကာင္ရုပ္ပါတဲ့ အတြင္းခံ၀တ္ၿပီး ဓာတ္ပံုရုိက္ထားတာကို ျမင္ေတြ႕ၿပီးေနာက္ပိုင္း အဲ့ဒီေဘာင္းဘီကို ေစ်းကြက္ထဲ ရွာခဲ့ေပမယ့္ မေတြ႕တာေၾကာင့္ ဒီဇိုင္းထုတ္ေရာင္းခ်ဖုိ႔ အႀကံရသြားခဲ့တာလုိ႔ သိရပါတယ္။ ဒီေဘာင္းဘီဟာ ခု ေစ်းကြက္ထဲ ေရာက္ေရာက္ခ်င္းမွာတင္ အမ်ိဳးသမီးေတြရဲ႕ အားေပးမႈကို ရရွိေနၿပီလို႔လည္း သိရပါတယ္။

Selfie ရိုက္ဖုိ႔ ခုလိုထုတ္တယ္လို႔ ဆုိလိုက္ရင္ အားလံုးေတြးၾကမွာက ဒါဆုိ ဂါ၀န္၊ စကတ္ေအာက္ကေန ဒီေဘာင္းဘီကပဲ ေပၚေနမလိုလုိ၊ ေဖာ္ပဲေဖာ္ထားရမလုိ ရွက္စရာေကာင္းလွတယ္လို႔ ထင္ပါလိမ့္မယ္။ သူတုိ႔က ဒီအခ်က္ကို မလိုအပ္ပဲ ေပၚသြားခဲ့သည္ရွိရင္ေတာင္ ေၾကာင္ရုပ္ေလးနဲ႔မို႔ မေကာင္းတဲ့သေဘာထက္ ဖက္ရွင္က်၊ ခ်စ္စရာေကာင္းေနေစဖုိ႔ ရည္ရြယ္တယ္လုိ႔ ဆုိထားပါတယ္။ ဘယ္လုိပဲျဖစ္ပါေစ။ ဒါနည္းနည္းေတာ့ အာရံုေနာက္စရာေကာင္းေနပါတယ္။ ေရကူး၀တ္စံုအေနနဲ႔ ၀တ္မယ္ဆုိရင္ေတာ့ တစ္မ်ိဳးေပါ့ေလ။ သူတုိ႔ထပ္ရွင္းထားတာက ဒါဟာ selfie ရိုက္ဖုိ႔အတြက္ သီးသန္႔မဆိုလိုပဲ ဂါ၀န္တုိ၊ စကတ္တုိ ၀တ္ဆင္တဲ့အမ်ိဳးသမီးေတြအတြက္လည္း ရည္ရြယ္တယ္လို႔ ထပ္ရွင္းသြားပါတယ္။

Ref:cosmopolitan.com
http://www.trend.com.mm/2015/01/19/news-5521
............................

အမျိုးသမီးတွေအတွက် အထူးထုတ်လုပ်လိုက်တဲ့ အတွင်းခံဘောင်းဘီဒီဇိုင်းသစ် နာမည်ကြီးနေ

မေသော် on 2015-01-19 10:04

MINKANAK အမည်ရ ကုမ္ပဏီက ဒီဇိုင်းထုတ် ဖန်တီးလိုက်တဲ့ အတွင်းခံဘောင်းဘီဟာ selfie ရိုက်ရတာ ဝါသနာပါတဲ့သူတွေ၊ မှန်ရှေ့selfie ရိုက်လေ့ရှိသူတွေနဲ့ ရေကူးဝတ်စုံဒီဇိုင်းအဆန်းလေး ဝတ်ချင်သူတွေအတွက် အထူးထုတ်လုပ် ထားတယ်လို့ သိရပါတယ်။ ဒီဇိုင်းကတော့ ရိုးရှင်းပါတယ်။ အတွင်းခံဘောင်းဘီမှာ ကြောင်ရုပ်လေးတွေနဲ့ မိန်းကလေးတွေ နှစ်ခြိုက်အောင် ဖန်တီးထားတာပါ။ ဒီလိုဒီဇိုင်းထုတ်ဖြစ်သွားတာက အွန်လိုင်းက အမျိုးသမီးတစ်ယောက်ဟာ အဲ့ဒီလို ကြောင်ရုပ်ပါတဲ့ အတွင်းခံဝတ်ပြီး ဓာတ်ပုံရိုက်ထားတာကို မြင်တွေ့ပြီးနောက်ပိုင်း အဲ့ဒီဘောင်းဘီကို စျေးကွက်ထဲ ရှာခဲ့ပေမယ့် မတွေ့တာကြောင့် ဒီဇိုင်းထုတ်ရောင်းချဖို့ အကြံရသွားခဲ့တာလို့ သိရပါတယ်။ ဒီဘောင်းဘီဟာ ခု စျေးကွက်ထဲ ရောက်ရောက်ချင်းမှာတင် အမျိုးသမီးတွေရဲ့ အားပေးမှုကို ရရှိနေပြီလို့လည်း သိရပါတယ်။

Selfie ရိုက်ဖို့ ခုလိုထုတ်တယ်လို့ ဆိုလိုက်ရင် အားလုံးတွေးကြမှာက ဒါဆို ဂါဝန်၊ စကတ်အောက်ကနေ ဒီဘောင်းဘီကပဲ ပေါ်နေမလိုလို၊ ဖော်ပဲဖော်ထားရမလို ရှက်စရာကောင်းလှတယ်လို့ ထင်ပါလိမ့်မယ်။ သူတို့က ဒီအချက်ကို မလိုအပ်ပဲ ပေါ်သွားခဲ့သည်ရှိရင်တောင် ကြောင်ရုပ်လေးနဲ့မို့ မကောင်းတဲ့သဘောထက် ဖက်ရှင်ကျ၊ ချစ်စရာကောင်းနေစေဖို့ ရည်ရွယ်တယ်လို့ ဆိုထားပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ။ ဒါနည်းနည်းတော့ အာရုံနောက်စရာကောင်းနေပါတယ်။ ရေကူးဝတ်စုံအနေနဲ့ ဝတ်မယ်ဆိုရင်တော့ တစ်မျိုးပေါ့လေ။ သူတို့ထပ်ရှင်းထားတာက ဒါဟာ selfie ရိုက်ဖို့အတွက် သီးသန့်မဆိုလိုပဲ ဂါဝန်တို၊ စကတ်တို ဝတ်ဆင်တဲ့အမျိုးသမီးတွေအတွက်လည်း ရည်ရွယ်တယ်လို့ ထပ်ရှင်းသွားပါတယ်။

Ref:cosmopolitan.com

No comments:

Post a Comment