Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 13, 2015

မဂ္ဂဇင်း မျက်နှာဖုံးရှင် အဖြစ် ဖော်ပြခံရတဲ့ အသက်(၈၃) နှစ်အရွယ် အဘွားအို

       ဖက်ရှင်မဂ္ဂဇင်း မျက်နှာဖုံးရှင် အဖြစ် ဖော်ပြခံရသူ အများစုဟာ နုပျိုသစ်လွင်နေတဲ့ ဆယ်ကျော်သက် အရွယ်တွေသာ ဖြစ်ကြပါတယ်။ ဒါပေမဲ့ NEW YOU ဖက်ရှင် မဂ္ဂဇင်းဟာ မျက်နှာဖုံးရှင် အဖြစ် ဖော်ပြရာမှာ အသက်(၈၃)နှစ်အရွယ်  အဘွားအိုကို ရွေးချယ်ခဲ့ ပါတယ်။ ဒီအဘွားအို နာမည်က ကာမန်းဒယ်အိုရီဖီစီ ဖြစ်ပါတယ်။ ကာမန်းဟာ အသက် (၁၅) နှစ်အရွယ်ကတည်းက နာမည်ကြီး Vogue မှာ မျက်နှာဖုံရှင် အဖြစ် ဖော်ပြခံခဲ့ရဖူး ပါတယ်။ နယူးယော့ခ်မြို့မှာ မွေးဖွားခဲ့တဲ့ ကာမန်းဟာ အီတလီနဲ့ ဟန်ဂေရီ မိဘနှစ်ပါးက မွေးဖွားခဲ့တာကြောင့် ချောမော လှပသူ ဖြစ်ပါတယ်။ ကာမန်းဟာ အိမ်ထောင် သုံးကြိမ် ကျဖူးပြီး ဘ၀ အမျိုးမျိုးကိုလည်း ဖြတ်သန်းခဲ့ဖူး ပါတယ်။ ထူးခြားတာက ကာမန်းဟာ အသက်ကြီးသွားပေမယ့် စိတ်ကူး စိတ်သန်း က လူငယ် တစ်ဦးလို ဖြစ်ပါ တယ်။ ဇိမ်ခံ ပစ္စည်းတွေ ကြိုက်နှစ်သက်သလို အချစ်ရဲ့ အရသာကို အသက် (၈၀)ကျော်အထိ အဓိပ္ပာယ် ဖွင့်ဆိုနေဆဲ ဖြစ်ပါတယ်။ ကာမန်းက ကျွန်မဟာ အချစ်ကို ရင်ခုန်နေဆဲ ဖြစ်ပါတယ်။ ကျွန်မရဲ့ အသက်ရှူသံတွေမှာ အချစ်တွေ ရှိနေဆဲ ဖြစ်ပါတယ်။ နောက်ပြီး ကျွန်မဟာ ဇိမ်ခံကားတွေ ကိုလည်း နှစ်သက်မှု ရှိပါတယ် လို့ ဆိုခဲ့ပါတယ်။ ကာမန်းဟာ အသက်ကြီးနေ ပေမယ့် အခြားသူတွေနဲ့ မတူတာက သေခြင်း တရားကို ပြင်ဆင် ထားခြင်း ဖြစ်ပါတယ်။ ဒီလိုပြုလုပ်ထား ခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာအား အထောက်အကူ ဖြစ်စေပြီး  ကျန်းမာရေး ကိုလည်း ကောင်းမွန်စေတယ်လို့ ဆိုခဲ့ပါတယ်။
အေသင်အောင်
http://www.messengernewsjournal.com/General/Eventure/detail.php?id=31768

No comments:

Post a Comment