Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Showing posts with label entertainment. Show all posts
Showing posts with label entertainment. Show all posts

Sunday, June 3, 2018

ဆယ်တန်းမအောင်ပေမယ့် မြန်မာအိုင်ဒေါမှာ အောင်မြင်ခဲ့သူ Myanmar Idol သားငယ်ရဲ့ အားပေးစကား


ဆယ်တန်းမအောင်ပေမယ့် မြန်မာအိုင်ဒေါမှာ အောင်မြင်ခဲ့သူ 
Myanmar Idol သားငယ်ရဲ့ အားပေးစကား

Thursday, May 31, 2018

Friday, April 6, 2018

မုဒြာခေါ်သံဆိုတာ.တိုင်းပြည်ရဲ့ခေါ်သံ....

-မုဒြာခေါ်သံဆိုတာ.တိုင်းပြည်ရဲ့ခေါ်သံ....
-ဘယ်အချိန်ကြည့်ကြည့်မရိုးရအောင်ကြိုးစားထားတဲ့မုဒြာ
မုဒြာခေါ်သံရဲ့ဖန်တီးရှင် ဒါရိုက်တာခရစ်စတီးနားခီ
ရဲ့ မုဒြာကိုဖန်တီးခဲ့တဲ့ အကြောင်းလေးတွေ


Wednesday, March 14, 2018

သို့ /အန်တီဆွေဇင်ထိုက်



သို့ /အန်တီဆွေဇင်ထိုက်
ဝိုင်း၊ လူမင်း၊ ဇင်ဝိုင်းအပါအဝင်
၂၄ ယောက်အား တဂ်တွဲရင်း အန်တီ
ဂရေ့စ်အား တုံ့ပြန်ချေပလိုက်တဲ့
ဒါရိုက်တာကြည်ဖြူရှင့့်


Saturday, September 2, 2017

ထဘီကျွတ်၍ လွှတ်လိုက်သည် ရုပ်ရှင်ဇာတ်ကားကြီး


ထဘီကျွတ်၍ လွှတ်လိုက်သည် ရုပ်ရှင်ဇာတ်ကားကြီး
( O f f i c i a l T r a i l e r )
စက်တင်ဘာလအတွင်း ရုံတင်ပြသပါတော့မည် ။

မမအိချောပိုညာတယ်

မမအိချောပိုညာတယ်

Sunday, May 7, 2017

Guardians of the Galaxy Vol.2 ဇာတ်ကား ပွဲဦးထွက် ဖြန့်ချိသည့်ညတွင် ၀င်ငွေဒေါ်လာ ၁၇ သန်းရရှိ



UNICODE VERSION#

မာဗယ်ကာတွန်း၏ စူပါဟီးရိုးအဖွဲ့ကို အခြေပြုရိုက်ကူးထားသည့် Guardians of the Galaxy ၏နောက်ဆက်တွဲ ဇာတ်ကားဖြစ်သည့် Guardians of the Galaxy Vol.2 သည် ပွဲဦးထွက်ဖြန့်ချိသည့် မေ ၅ ရက်ညတွင် မြောက်အမေရိက၌ လက်မှတ်ရောင်းချမှုဝင်ငွေ ဒေါ်လာ ၁၇ သန်းရရှိခဲ့သည်ဟု ဒစ္စနေက ထုတ်ပြန်ခဲ့သည်။ ယင်းဇာတ်ကားသည် ယခုနှစ်အတွင်း ဖြန့်ချိခဲ့သည့် ဇာတ်ကားများထဲတွင် ပွဲဦးထွက်ပြသမှုဝင်ငွေ အများဆုံးလည်းဖြစ်သည်။

၂၀၁၄ ခုနှစ်က ဖြန့်ချိခဲ့သည့် Guardians of the Galaxy Vol.2 ဇာတ်ကားသည် ပွဲဦးထွက်ဖြန့်ချိသည့်ညတွင် ဝင်ငွေဒေါ်လာ ၁၁ ဒသမ ၂ သန်းနှင့် တစ်ပတ်အတွင်း ဝင်ငွေဒေါ်လာ ၉၃ ဒသမ ၃ သန်းရရှိခဲ့သည်။

ခရစ်ပရတ်၊ ဇိုးဆဲလ်ဒါနာ၊ ဗင်ဒီဇယ်၊ ဘရက်ဒလေကူးပါး၊ ကာရန်ဂီလန်၊ မိုက်ကယ်ရိုကာ၊ ဒေးဘူတီစတာ၊ ရှောင်ဂန်း၊ စတားလုံး၊ ကာ့တ်ရပ်ဆဲလ်၊ ခရစ်ဆယ်လီဗန်နှင့် အလိဇဘတ်ဒီဘီကီတို့ ပါဝင်သည့် ယင်းဇာတ်ကားတွင် Guardians များသည် Peter Quill (ခရစ်ပရတ်) ၏မိဘမျိုးရိုးအမှန်ကို သိရှိရေးအတွက် ၎င်းအားအကူအညီပေးသည့် အနေဖြင့် စကြဝဠာအနှံ့ လှည့်လည်စုံစမ်းမည်ဖြစ်သည်။
ယင်းဇာတ်ကား နှစ်ကားစလုံးကို ရိုက်ကူးခဲ့သည့် ဒါရိုက်တာဂျိမ်းဂန်းက တတိယမြောက် Guardians ဇာတ်ကားကို ရိုက်ကူးရန် စာချုပ်ချုပ်ဆိုထားသည်ဟု သိရသည်။ ယင်းဇာတ်ကားတွင်လည်း ခရစ်ပရတ်နှင့် ဇိုးဆဲလ်ဒါနာတို့ ပြန်လည်ပါဝင်မည်ဖြစ်သည်။

Creadit To : Eleven Media Group

Friday, November 18, 2016

မြန်မာအားကစားကမ္ဘာကိုလွှမ်းရမည်




ဘာရယ်မဟုတ် ဒီသီချင်းကို အရမ်း ကြိုက်လို့တဲ့
တစ်လလောက်ကြိုးစားသင်လိုက်ရတယ်
#မြန်မာအားကစားကမ္ဘာကိုလွှမ်းရမည် #မောင်ဂျူး

Thursday, May 14, 2015

အွန်လိုင်းမှာ အရောင်းရဆုံးနံပါတ်(၁)ဖြစ်နေတဲ့ ထိုက်ထိုက်ရဲ့ အိုးမိုင်ဂေါ့သီချင်း

 အဆိုတော် ထိုက်ထိုက်၏ အိုးမိုင်ဂေါ့သီချင်းကို အွန်လိုင်း စတိုးက ယခုရက်ပိုင်းအတွင်း ဖြန့်ချိပေးခဲ့ရာ အရောင်းရဆုံး နံပါတ်(၁)ဖြစ်နေပြီး ယင်းသီချင်း ပါဝင်မည့် တစ်ကိုယ်တော်အခွေ ကို မေလ ၂၄ ရက်တွင် စတင် ဖြန့်ချိပေးမည်ဖြစ်ကြောင်း ထိုက်ထိုက်က ပြောသည်။
အိုးမိုင်ဂေါ့သီချင်းကို အားတီကရေးသားပေးထားပြီး ထိုက်ထိုက်နှင့်အတူ စန္ဒီမြင့်လွင် နှင့် အာဖရိကအဆိုတော် ဇီကိုတို့ က Featuring ပါဝင်သီဆိုပေး ထားပြီး Myanmar Music Store က ယခုရက်ပိုင်းတွင် ဖြန့်ချိခဲ့ရာ အရောင်းရဆုံးနံပါတ်(၁)ရရှိခဲ့ ခြင်းဖြစ်သည်။

‘‘ထိုက်ထိုက်ရဲ့ တစ်ကိုယ်တော်ခွေကို မေလ ၂၄ ရက်မှာ စီဒီရော၊ ဒီဗီဒီရော တစ်ခါတည်း ဖြန့်ချိပေးမှာပါ။ တိုင်တယ် (title) ကိုတော့ အိုးမိုင်ဂေါ့လို့ပဲ နာမည် ပေးထားပါတယ်။ သီချင်းစုစု ပေါင်း ၁၄ ပုဒ် ပါပါတယ်။ အိုးမိုင်ဂေါ့လိုသီချင်းအမြူးကတော့ သုံး ပုဒ်လောက်ပဲပါတယ်။ များသော အားဖြင့် Slow Song (သီချင်း အေးအေး)လေးတွေပဲ ထည့်ထား ပါတယ်’’ဟု တစ်ကိုယ်တော်အခွေ အကြောင်းကို ထိုက်ထိုက်က ပြောသည်။ ထို့အပြင် ဒီဗီဒီအခွေတွင် လည်း ထူးခြားမှုအနေဖြင့် အိမ် ထောင်ရေးဇာတ်လမ်းတစ်ခုကို သီချင်းသုံးပုဒ်ပေါင်း၍ ရိုက်ကူးထားသောကြောင့် ပရိသတ်များ အနေဖြင့် သီချင်းသုံးပုဒ်စလုံးပြီး ဆုံးအောင် ကြည့်ပေးစေလို ကြောင်း ၎င်းက ဆိုသည်။
‘‘ပထမဆုံးသီချင်းလေးက ‘ဟောင်းတဲ့အချစ်’၊ ဒုတိယသီချင်းက ‘အိပ်ဖန်စောင့်’၊ တတိယ သီချင်းက   ‘အတ္တခန်းတဲ့ည’။ ပထမသီချင်းကိုကြည့်ရုံနဲ့တော့ ဇာတ်လမ်းကိုနားလည်မှာမဟုတ် ပါဘူး။ နောက်ဆုံးသီချင်းအထိ ကြည့်မှ ဇာတ်ရည်လည်မှာပါ’’ ဟု ထိုက်ထိုက်က ပြောသည်။
ထိုက်ထိုက်က မင်းသမီး တစ်ဦးမဟုတ်သော်လည်း သီချင်းအပေါ်တွင် ကိုယ်တိုင်ခံစားမှသာ အသက်ဝင်သည်ဟု ထင်သော ကြောင့် သီချင်းခွေတစ်ခွေလုံး၌ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားကြောင်း   ဆက်လက်ပြောကြားသည်။
‘‘မင်းသမီးတစ်ယောက်တော့မဟုတ်ပါဘူး။ ဒါပေမဲ့ မျက်ရည်ကျရမယ့် အခန်းတွေမှာလည်း သီချင်းကိုခံစားမှုကြောင့် မျက်ရည်အစစ်တွေပဲ   ကျခဲ့ပါတယ်။ သီချင်းအပေါ်မှာခံစားပြီး သရုပ်ဆောင်ထားပါတယ်’’ဟု ၎င်း၏ ဒီဗီဒီအကြောင်း ပြောကြားသည်။
http://7daydaily.com/story/37177#.VVSQfJM2XYg

Friday, September 26, 2014

အနုပညာပျိုးခင်းမှ သရုပ်ဆောင်သစ် ရွေးချယ်မှု ဆန်ခါတင် ၁၃ယောက် အမည် စာရင်းထုတ်ပြန်



လူမင်း၊ ခန့်စည်သူ၊ နေတိုး၊ ပြေတီဦး၊ မြင့်မြတ်၊ ဒါရိုက်တာဝိုင်း၊ ဒါရိုက်တာ ဇေပါ တို့ ပါဝင်တဲ့ အနုပညာ ပျိုးခင်း အဖွဲ့က ရုပ်ရှင်လောက အတွက် အမျိုးသမီး အဓိက သရုပ်ဆောင် ရှားပါးမှုကို ဖြေရှင်း နိုင်ဖို့ ရည်ရွယ်ပြီး အနုပညာ ပျိုးခင်း က နေ ရွှေမှုံရတီ၊ အိချောပို၊ ယုသန္တာတင် တို့ သုံးဦးကို စင်တင် ပွဲထွက်ပေးနိုင်ခဲ့ပါ တယ်။ အနုပညာ ပျိုးခင်းကနေ ဒုတိယ အ ကြိမ်မြောက် အနေနဲ့နောက်ထပ် အဓိက အမျိုးသမီး သရုပ်ဆောင်သစ် များကို မွေးထုတ် ပေးနိုင်ရေး အတွက် စိတ်ဝင်စား သူ မည်သူ ကို မဆို လာရောက်လျှောက် ထားနိုင်ဖို့ ဇူလိုင်လ ကနေ သြဂုတ်လ ၁၅ ရက်နေ့ ထိ လျှောက်လွှာများ ဖိတ်ခေါ်ခဲ့ ပါတယ်။
ဒုတိယ အကြိမ် အနုပညာ ပျိုးခင်း အတွက် လာရောက်လျှောက် ထားသူ များထဲကနေ ဆန်ခါတင် စာရင်း ၁၃ ယောက်ကို ထုတ်ပြန် ကြေညာခဲ့ပါ တယ်။ ဆန်ခါတင် စာရင်း မှာ သံသာမိုးသိမ့်၊ ပိုင်ဖြိုးသု၊ မေဆူးမောင်၊ ဇာနည်အောင် (ခ)ရွှေသမီး၊ နန်းစန္ဒာလှထွန်း၊ မေမြတ်နိုးခင်(ခ) ရွှေရည်သုန်သုန်၊ ရတနာဗို၊ ကူးကူးဇင်အောင်၊ နန်းခေးမို(ခ)ခေးမို၊ ပိုးအိအိခန့်၊ ခိုင်သဇင်ယုဝါ၊ ဟန်သီသက်လွင် (ခေါ်) ဟန်သီ၊ ခင်ယွန်းဝတီဦး (ခေါ်) စစ်ယွန်းဝတီဦး တို့ကိုရွေးချယ် ထားပြီးဖြစ် ကြောင်း သိ ရပါတယ်။ နောက်ဆုံး အဆင့် (၃)ဦး ကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့ မှာ အပြီးသတ် ရွေးချယ် ပေး သွားမှာ ဖြစ်ကြောင်း လည်း သိရပါတယ်။
သိမ့်သိမ့်
Source: popularmyanmar.com

Thursday, July 4, 2013

ပျူခေတ်ဦး လူမျိုးစုဓလေ့စရိုက်နောက်ခံ ရုပ်ရှင်ဇာတ်ကား ရိုက်ကူး

The Voice Weekly

မင်းဘူး ၊ ဇူလိုင် ၃

ပျူခေတ်ဦး လူမျိုးစု ဓလေ့စရိုက်နောက်ခံ လူးရတနာသိုက် ရုပ်ရှင် ဇာတ်ကားကို ရွှေတောင်ရုပ်ရှင် ထုတ်လုပ်ရေး ကုမ္ပဏီက ရိုက်ကူးလျက် ရှိကြောင်း အဆိုပါ ဇာတ်ကား၏ ဒါရိုက်တာကိုဇော် (အရုဏ်ဦး) က ပြောကြားသည်။

လူးရတနာသိုက် ရုပ်ရှင်ဇာတ်ကားတွင် မကွေးတိုင်းဒေ သကြီး မင်းဘူးမြို့နယ်တွင် နေထိုင်သော ပျူခေတ်ဦး လူမျိုးစု တစ်စု၏ ဓလေ့စရိုက်များနှင့် ပျူခေတ်ဦး၏ ပန်းပဲ၊ ပန်းထိမ်၊ ရွှေကျင်၊ ရက်ကန်း၊ အိုးလုပ်ငန်းများနှင့် လူနေမှု ဓလေ့များကို ဖော်ကျူးထားကြောင်း လူးရတနာသိုက် ရုပ်ရှင် ဇာတ်ကား သမိုင်းနှင့် အကြံပေး ပျူယဉ်ကျေး မှုသမိုင်း ဖော်ထုတ်လျက်ရှိသော စာရေးဆရာ ဦးကျော်စိန် ဝင်းက ပြောကြားသည်။

ကျေးရွာ ပျက်စီးသွား၍ အခြားဒေသများသို့ ရွှေ့ပြောင်း ရာတွင် ခေါင်းဆောင်တစ်ယောက်၏ လုပ်ရည်ကိုင်ရည်နှင့် ကျေးရွာ ကာကွယ်ရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး စနစ်တို့ကို ပီပြင်စွာ ရိုက်ကူး ထားကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။
ဒေါ်ရီရီဌေး ရေးသားသည့် ဝတ္ထုကို နေစိုးသော်က ဇာတ်ညွှန်းဖွဲ့၍ ဒါရိုက်တာကိုဇော် ( အရုဏ်ဦး) က ရိုက်ကူးထားပြီး ယင်းရုပ်ရှင်ဇာတ်ကားတွင် အကယ်ဒမီကျော်ရဲအောင်၊ နေမင်း၊ ကောင်းပြည့်၊ သားညီ ၊ အကယ်ဒမီအောင်ခိုင်၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီသက်မွန်မြင့်၊ ဖူးဖူး၊ ဆောင်းအိနြေ္ဒထွန်း၊ ဖူးပွင့်သခင်နှင့် သရုပ်ဆောင်များစွာ ပါဝင်ထားကြောင်း ၎င်းကဆိုသည်။

အဆိုပါ ဇာတ်ကားကို မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်ရှိ ရွှေစက်တော် ဘုရားဝန်းကျင်၊ ရန်ကုန်၊ ပြင်ဦးလွင်နှင့် တောင်ငူဆင်စခန်း၊ ကွမ်းလုံတံတားများသို့ သွားရောက် ရိုက်ကူးမည်ဖြစ်ပြီး ယင်း ဇာတ်ကား ဖြစ်မြောက်ရေးအတွက် ကျပ်သိန်း ၅၀၀ ခန့် အကုန်အကျခံ ရိုက်ကူးမည် ဖြစ်ကြောင်း ယင်းရုပ်ရှင်ဇာတ်ကား၏ ရှုတင်မန်နေဂျာ ဦးဇော်မိုးထွေးက ဆိုသည်။

Monday, June 10, 2013

ပထမဆုံး မြန်မာဘာသာနောက်ခံစကားပြော တရုတ် ရုပ်သံဇာတ်လမ်းတွဲ ဇွန် ၁၃ စတင်ပြသမည်

ပထမဆုံး မြန်မာဘာသာနောက်ခံစကားပြော တရုတ် ရုပ်သံဇာတ်လမ်းတွဲကို မြန်မာနိုင်ငံရဲ့ MRTV မှာပြသမည့်အကြောင်း စာနယ်ဇင်းမိတ်ဆက်ပွဲကို ဇွန်လ ၈ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်က Sedona Hotel မှာ ပြုလုပ်ခဲ့ပါတယ်။ တရုတ် ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ "ရွှေမင်းသားရဲ့သုခကမ္ဘာ" ဇာတ်လမ်းတွဲကို ဇွန်လ ၁၃ ရက်နေ့မှစတင်၍ အပတ်စဉ် ကြာသပတေး၊ သောကြာနေ့တွေမှာ MRTV မှ ည ၇ နာရီမှာ စတင်ထုတ်လွှင့်ပြသသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ P049 ဓာတ်ပုံ- အိသွဲ့(တန့်ယန်း)