Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, May 7, 2017

Guardians of the Galaxy Vol.2 ဇာတ္ကား ပြဲဦးထြက္ ျဖန္႔ခ်ိသည့္ညတြင္ ၀င္ေငြေဒၚလာ ၁၇ သန္းရရွိ

မာဗယ္ကာတြန္း၏ စူပါဟီး႐ိုးအဖြဲ႕ကို အေျချပဳ႐ိုက္ကူးထားသည့္ Guardians of the Galaxy ၏ေနာက္ဆက္တြဲ ဇာတ္ကားျဖစ္သည့္ Guardians of the Galaxy Vol.2 သည္ ပြဲဦးထြက္ျဖန္႔ခ်ိသည့္ ေမ ၅ ရက္ညတြင္ ေျမာက္အေမရိက၌ လက္မွတ္ေရာင္းခ်မႈ၀င္ေငြ ေဒၚလာ ၁၇ သန္းရရွိခဲ့သည္ဟု ဒစၥေနက ထုတ္ျပန္ခဲ့သည္။ ယင္းဇာတ္ကားသည္ ယခုႏွစ္အတြင္း ျဖန္႔ခ်ိခဲ့သည့္ ဇာတ္ကားမ်ားထဲတြင္ ပြဲဦးထြက္ျပသမႈ၀င္ေငြ အမ်ားဆံုးလည္းျဖစ္သည္။
၂၀၁၄ ခုႏွစ္က ျဖန္႔ခ်ိခဲ့သည့္ Guardians of the Galaxy Vol.2 ဇာတ္ကားသည္ ပြဲဦးထြက္ျဖန္႔ခ်ိသည့္ညတြင္ ၀င္ေငြေဒၚလာ ၁၁ ဒသမ ၂ သန္းႏွင့္ တစ္ပတ္အတြင္း ၀င္ေငြေဒၚလာ ၉၃ ဒသမ ၃ သန္းရရွိခဲ့သည္။
ခရစ္ပရတ္၊ ဇိုးဆဲလ္ဒါနာ၊ ဗင္ဒီဇယ္၊ ဘရက္ဒေလကူးပါး၊ ကာရန္ဂီလန္၊ မိုက္ကယ္႐ိုကာ၊ ေဒးဘူတီစတာ၊ ေရွာင္ဂန္း၊ စတားလံုး၊ ကာ့တ္ရပ္ဆဲလ္၊ ခရစ္ဆယ္လီဗန္ႏွင့္ အလိဇဘတ္ဒီဘီကီတို႔ ပါ၀င္သည့္ ယင္းဇာတ္ကားတြင္ Guardians မ်ားသည္ Peter Quill (ခရစ္ပရတ္) ၏မိဘမ်ဳိး႐ိုးအမွန္ကို သိရွိေရးအတြက္ ၎အားအကူအညီေပးသည့္ အေနျဖင့္ စၾက၀ဠာအႏွံ႔ လွည့္လည္စံုစမ္းမည္ျဖစ္သည္။
ယင္းဇာတ္ကား ႏွစ္ကားစလံုးကို ႐ိုက္ကူးခဲ့သည့္ ဒါ႐ိုက္တာဂ်ိမ္းဂန္းက တတိယေျမာက္ Guardians ဇာတ္ကားကို ႐ိုက္ကူးရန္ စာခ်ဳပ္ခ်ဳပ္ဆိုထားသည္ဟု သိရသည္။ ယင္းဇာတ္ကားတြင္လည္း ခရစ္ပရတ္ႏွင့္ ဇိုးဆဲလ္ဒါနာတို႔ ျပန္လည္ပါ၀င္မည္ျဖစ္သည္။

Creadit To : Eleven Media Group

UNICODE VERSION#

မာဗယ်ကာတွန်း၏ စူပါဟီးရိုးအဖွဲ့ကို အခြေပြုရိုက်ကူးထားသည့် Guardians of the Galaxy ၏နောက်ဆက်တွဲ ဇာတ်ကားဖြစ်သည့် Guardians of the Galaxy Vol.2 သည် ပွဲဦးထွက်ဖြန့်ချိသည့် မေ ၅ ရက်ညတွင် မြောက်အမေရိက၌ လက်မှတ်ရောင်းချမှုဝင်ငွေ ဒေါ်လာ ၁၇ သန်းရရှိခဲ့သည်ဟု ဒစ္စနေက ထုတ်ပြန်ခဲ့သည်။ ယင်းဇာတ်ကားသည် ယခုနှစ်အတွင်း ဖြန့်ချိခဲ့သည့် ဇာတ်ကားများထဲတွင် ပွဲဦးထွက်ပြသမှုဝင်ငွေ အများဆုံးလည်းဖြစ်သည်။

၂၀၁၄ ခုနှစ်က ဖြန့်ချိခဲ့သည့် Guardians of the Galaxy Vol.2 ဇာတ်ကားသည် ပွဲဦးထွက်ဖြန့်ချိသည့်ညတွင် ဝင်ငွေဒေါ်လာ ၁၁ ဒသမ ၂ သန်းနှင့် တစ်ပတ်အတွင်း ဝင်ငွေဒေါ်လာ ၉၃ ဒသမ ၃ သန်းရရှိခဲ့သည်။

ခရစ်ပရတ်၊ ဇိုးဆဲလ်ဒါနာ၊ ဗင်ဒီဇယ်၊ ဘရက်ဒလေကူးပါး၊ ကာရန်ဂီလန်၊ မိုက်ကယ်ရိုကာ၊ ဒေးဘူတီစတာ၊ ရှောင်ဂန်း၊ စတားလုံး၊ ကာ့တ်ရပ်ဆဲလ်၊ ခရစ်ဆယ်လီဗန်နှင့် အလိဇဘတ်ဒီဘီကီတို့ ပါဝင်သည့် ယင်းဇာတ်ကားတွင် Guardians များသည် Peter Quill (ခရစ်ပရတ်) ၏မိဘမျိုးရိုးအမှန်ကို သိရှိရေးအတွက် ၎င်းအားအကူအညီပေးသည့် အနေဖြင့် စကြဝဠာအနှံ့ လှည့်လည်စုံစမ်းမည်ဖြစ်သည်။
ယင်းဇာတ်ကား နှစ်ကားစလုံးကို ရိုက်ကူးခဲ့သည့် ဒါရိုက်တာဂျိမ်းဂန်းက တတိယမြောက် Guardians ဇာတ်ကားကို ရိုက်ကူးရန် စာချုပ်ချုပ်ဆိုထားသည်ဟု သိရသည်။ ယင်းဇာတ်ကားတွင်လည်း ခရစ်ပရတ်နှင့် ဇိုးဆဲလ်ဒါနာတို့ ပြန်လည်ပါဝင်မည်ဖြစ်သည်။

Creadit To : Eleven Media Group

No comments:

Post a Comment