CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, September 26, 2014
အနုပညာပျိုးခင်းမှ သရုပ်ဆောင်သစ် ရွေးချယ်မှု ဆန်ခါတင် ၁၃ယောက် အမည် စာရင်းထုတ်ပြန်
လူမင်း၊ ခန့်စည်သူ၊ နေတိုး၊ ပြေတီဦး၊ မြင့်မြတ်၊ ဒါရိုက်တာဝိုင်း၊ ဒါရိုက်တာ ဇေပါ တို့ ပါဝင်တဲ့ အနုပညာ ပျိုးခင်း အဖွဲ့က ရုပ်ရှင်လောက အတွက် အမျိုးသမီး အဓိက သရုပ်ဆောင် ရှားပါးမှုကို ဖြေရှင်း နိုင်ဖို့ ရည်ရွယ်ပြီး အနုပညာ ပျိုးခင်း က နေ ရွှေမှုံရတီ၊ အိချောပို၊ ယုသန္တာတင် တို့ သုံးဦးကို စင်တင် ပွဲထွက်ပေးနိုင်ခဲ့ပါ တယ်။ အနုပညာ ပျိုးခင်းကနေ ဒုတိယ အ ကြိမ်မြောက် အနေနဲ့နောက်ထပ် အဓိက အမျိုးသမီး သရုပ်ဆောင်သစ် များကို မွေးထုတ် ပေးနိုင်ရေး အတွက် စိတ်ဝင်စား သူ မည်သူ ကို မဆို လာရောက်လျှောက် ထားနိုင်ဖို့ ဇူလိုင်လ ကနေ သြဂုတ်လ ၁၅ ရက်နေ့ ထိ လျှောက်လွှာများ ဖိတ်ခေါ်ခဲ့ ပါတယ်။
ဒုတိယ အကြိမ် အနုပညာ ပျိုးခင်း အတွက် လာရောက်လျှောက် ထားသူ များထဲကနေ ဆန်ခါတင် စာရင်း ၁၃ ယောက်ကို ထုတ်ပြန် ကြေညာခဲ့ပါ တယ်။ ဆန်ခါတင် စာရင်း မှာ သံသာမိုးသိမ့်၊ ပိုင်ဖြိုးသု၊ မေဆူးမောင်၊ ဇာနည်အောင် (ခ)ရွှေသမီး၊ နန်းစန္ဒာလှထွန်း၊ မေမြတ်နိုးခင်(ခ) ရွှေရည်သုန်သုန်၊ ရတနာဗို၊ ကူးကူးဇင်အောင်၊ နန်းခေးမို(ခ)ခေးမို၊ ပိုးအိအိခန့်၊ ခိုင်သဇင်ယုဝါ၊ ဟန်သီသက်လွင် (ခေါ်) ဟန်သီ၊ ခင်ယွန်းဝတီဦး (ခေါ်) စစ်ယွန်းဝတီဦး တို့ကိုရွေးချယ် ထားပြီးဖြစ် ကြောင်း သိ ရပါတယ်။ နောက်ဆုံး အဆင့် (၃)ဦး ကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့ မှာ အပြီးသတ် ရွေးချယ် ပေး သွားမှာ ဖြစ်ကြောင်း လည်း သိရပါတယ်။
သိမ့်သိမ့်
Source: popularmyanmar.com
အနုပညာပျိုးခင်းမှ သရုပ်ဆောင်သစ် ရွေးချယ်မှု ဆန်ခါတင် ၁၃ယောက် အမည် စာရင်းထုတ်ပြန်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 26, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 26, 2014
Rating: 5
Subscribe to:
Post Comments (Atom)



No comments:
Post a Comment