CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
တန္ဘိုးမျဖတ္နိဳင္တဲ့ ပတၱျမား လံုးေခ်ာ ေပါင္း ၂၃၁၇ လံုး
ကမာၻက သုေတသီေတြ ျပဳစုထားတဲ့ စာတမ္းေတြအရ ေရႊတိဂံုေစတီေတာ္ကို ေရႊတံုး ေရႊျပားမ်ား မေရတြက္နိဳင္တဲ့ ေက်ာက္မ်က္ရတနာမ်ားနဲ႕ တည္ထားတယ္လို႕ဆိုပါတယ္ ။
ေရႊတိဂံုေစတီေတာ္ရဲ႕ လံုးပတ္ကို အေခါက္ေရြ တန္ခ်ိန္ ၆၀ ကို ေရႊခ်ပ္အထူေတြသြန္းျပီး ၀က္အူနဲ႕ စုတ္ ထားတာပါ။
( ၂၀၁၃ ) ဧျပီလစာရင္းအရ ….
၃၂၆ ေပ ျမင့္တဲ့ ေရႊတိဂံုေစတီေတာ္ရဲ႕ လံုးပတ္ကို ေရႊခ်ိန္ ေရႊခ်ပ္ တန္ ၆၀ ( ၈ ဘီလွ်ံ ေဒၚလာေက်ာ္ လက္ရွိတန္ဘိုးရွိတဲ့ ေရႊခ်ပ္ေတြ ) နဲ႕ ပတ္ပတ္လည္ ၀က္အူစုတ္ ထားတာပါတဲ့ …။
ပင္မ ေစတီေတာ္ရဲ႕ ေအာက္ပိုင္းကို ေရႊျပား ၈၆၈၈ ခ်ပ္နဲ႕ တည္ထားျပီး အလယ္ပိုင္းမွာေတာ့ ၁၃၁၅၃ ခ်ပ္ အထက္ပိုင္း မွာေတာ့ ေရႊစင္ ေရႊခ်ပ္ေတြအျပင္ တန္ဘိုးၾကီးစိန္ အလံုးေပါင္း ၅၄၄၈ လံုး ( ၁၈၀၀ ကာရက္ ) နဲ႔ ပူေဇာ္ထားတာပါ။
တန္ဘိုးမျဖတ္နိဳင္တဲ့ ပတၱျမား လံုးေခ်ာ ေပါင္း ၂၃၁၇ လံုး
ေျမာက္မ်ားစြာေသာ နီလာ မေရတြက္နိဳင္ေသာ ေက်ာက္စိမ္း လံုးေခ်ာမ်ားနဲ႕တျခား တန္ဘိုးၾကီး ရတနာေျမာက္မ်ားစြာဟာ လက္ရွိကာလတန္ဘိုး ျဖတ္မရနိဳင္ေအာင္ တန္ဘိုးၾကီးပါတယ္ ။
ဒါ့အျပင္ ေရႊေခါင္းေလာင္းေပါင္း ၁၀၆၅ လံုး ( ခန္႕မွန္းေျခ ေရႊတန္ခ်ိန္ တစ္၀က္ ) နဲ႕ ထီးေတာ္ ကလည္း ေရႊတန္ခ်ိန္ တစ္၀က္ ေက်ာ္ရွိပါတယ္ ။
စိန္ဖူးေတာ္ ကေတာ့ (၇၂) ကာရက္ ရွိတဲ့ တစ္လံုးထဲ ကမာၻ႕ ရွားပါး စိန္ၾကီးျဖစ္ပါတယ္။
ဒါ ေတြက ေစတီျပင္ပမွာရွိတဲ့ အေရအတြက္ေတြပါ …။
ရင္ျပင္ပတ္လည္က အရံေစတီေတြ ရုပ္ထုေတာ္ေတြမုခ္ေလး မုခ္က အေဆာက္အဦး ဌာပနာေတြ စာရင္းမပါေသးပါဘူး။
ေစတီအတြင္း ဌာပနာတိုက္ လွိဳဏ္ေခါင္း ထဲက အဖိုးမျဖတ္နိဳင္တဲ့ ေရႊသားအတိျပီး ရုပ္တုေတြနဲ႕ ေစတီေအာက္ေျခ ဂူထဲကရတနာေတြ၊ ေစတီေအာက္မွာ ပႏၷရိုက္ ေဖာင္ေဒးရွင္း ခင္းထားတဲ့ ေရႊေခ်ာင္းေတြ မပါေသးပါဘူး …။
ေလာကသံုးပါးလံုး မွာ သစၥာတရားကလြဲရင္ တည္ျမဲတဲ့ အရာ ဆိုတာ မရွိဘူးမဟုတ္လား။ ျဖစ္ခ်ိန္တန္ရင္ ျဖစ္မွာျဖစ္သလို ပ်က္ခ်ိန္တန္ရင္လည္း တားလို႕ရမွာမွမဟုတ္ပါ။
ဒါေပမယ့္ ….နဴးတို႕ ဗုဒၶဘာသာ ျမန္မာနိဳင္ငံေတာ္မွာ တစ္ခ်ိန္တစ္ခါက ….
ျမန္မာ ေရွး ဘိုးေဘးေတြ သဒၶါတရား ထက္သန္စြာ တည္ထားခဲ့တဲ့ ဒဂံုဆံေတာ္ရွင္ ၾကီးမွာ ဒီလို တန္ဘိုး မျဖတ္နိဳင္တဲ့ ကမာၻကေတာင္ ၾသခ်ရတဲ့ ကမာၻ႕တစ္ခုထဲေသာ ေရႊခ်ပ္ေတြနဲ႕ တည္ထားတဲ့ အၾကီးဆံုးေစတီေတာ္ၾကီးရွိခဲ့ဘူး တာကို နဴးတို႕ရဲ႕ ေနာင္လာေနာက္သား ေျမးျမစ္ေတြသိရေအာင္ မွတ္တမ္းထားခဲ့ၾကတာေပါ့။
ခ်မ္းေျမ့ၾကပါေစရွင္ …
မာ လု
ထိန်လင်း

Unicode Version
ကမ္ဘာက သုတေသီတွေ ပြုစုထားတဲ့ စာတမ်းတွေအရ ရွှေတိဂုံစေတီတော်ကို ရွှေတုံး ရွှေပြားများ မရေတွက်နိုင်တဲ့ ကျောက်မျက်ရတနာများနဲ့ တည်ထားတယ်လို့ဆိုပါတယ် ။
ရွှေတိဂုံစေတီတော်ရဲ့ လုံးပတ်ကို အခေါက်ရွေ တန်ချိန် ၆၀ ကို ရွှေချပ်အထူတွေသွန်းပြီး ၀က်အူနဲ့ စုတ် ထားတာပါ။
( ၂၀၁၃ ) ဧပြီလစာရင်းအရ ….
၃၂၆ ပေ မြင့်တဲ့ ရွှေတိဂုံစေတီတော်ရဲ့ လုံးပတ်ကို ရွှေချိန် ရွှေချပ် တန် ၆၀ ( ၈ ဘီလျှံ ဒေါ်လာကျော် လက်ရှိတန်ဘိုးရှိတဲ့ ရွှေချပ်တွေ ) နဲ့ ပတ်ပတ်လည် ၀က်အူစုတ် ထားတာပါတဲ့ …။
ပင်မ စေတီတော်ရဲ့ အောက်ပိုင်းကို ရွှေပြား ၈၆၈၈ ချပ်နဲ့ တည်ထားပြီး အလယ်ပိုင်းမှာတော့ ၁၃၁၅၃ ချပ် အထက်ပိုင်း မှာတော့ ရွှေစင် ရွှေချပ်တွေအပြင် တန်ဘိုးကြီးစိန် အလုံးပေါင်း ၅၄၄၈ လုံး ( ၁၈၀၀ ကာရက် ) နဲ့ ပူဇော်ထားတာပါ။
တန်ဘိုးမဖြတ်နိုင်တဲ့ ပတ္တမြား လုံးချော ပေါင်း ၂၃၁၇ လုံး
မြောက်များစွာသော နီလာ မရေတွက်နိုင်သော ကျောက်စိမ်း လုံးချောများနဲ့တခြား တန်ဘိုးကြီး ရတနာမြောက်များစွာဟာ လက်ရှိကာလတန်ဘိုး ဖြတ်မရနိုင်အောင် တန်ဘိုးကြီးပါတယ် ။
ဒါ့အပြင် ရွှေခေါင်းလောင်းပေါင်း ၁၀၆၅ လုံး ( ခန့်မှန်းခြေ ရွှေတန်ချိန် တစ်ဝက် ) နဲ့ ထီးတော် ကလည်း ရွှေတန်ချိန် တစ်ဝက် ကျော်ရှိပါတယ် ။
စိန်ဖူးတော် ကတော့ (၇၂) ကာရက် ရှိတဲ့ တစ်လုံးထဲ ကမ္ဘာ့ ရှားပါး စိန်ကြီးဖြစ်ပါတယ်။
ဒါ တွေက စေတီပြင်ပမှာရှိတဲ့ အရေအတွက်တွေပါ …။
ရင်ပြင်ပတ်လည်က အရံစေတီတွေ ရုပ်ထုတော်တွေမုခ်လေး မုခ်က အဆောက်အဦး ဌာပနာတွေ စာရင်းမပါသေးပါဘူး။
စေတီအတွင်း ဌာပနာတိုက် လှိုဏ်ခေါင်း ထဲက အဖိုးမဖြတ်နိုင်တဲ့ ရွှေသားအတိပြီး ရုပ်တုတွေနဲ့ စေတီအောက်ခြေ ဂူထဲကရတနာတွေ၊ စေတီအောက်မှာ ပန္နရိုက် ဖောင်ဒေးရှင်း ခင်းထားတဲ့ ရွှေချောင်းတွေ မပါသေးပါဘူး …။
လောကသုံးပါးလုံး မှာ သစ္စာတရားကလွဲရင် တည်မြဲတဲ့ အရာ ဆိုတာ မရှိဘူးမဟုတ်လား။ ဖြစ်ချိန်တန်ရင် ဖြစ်မှာဖြစ်သလို ပျက်ချိန်တန်ရင်လည်း တားလို့ရမှာမှမဟုတ်ပါ။
ဒါပေမယ့် ….နူးတို့ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံတော်မှာ တစ်ချိန်တစ်ခါက ….
မြန်မာ ရှေး ဘိုးဘေးတွေ သဒ္ဓါတရား ထက်သန်စွာ တည်ထားခဲ့တဲ့ ဒဂုံဆံတော်ရှင် ကြီးမှာ ဒီလို တန်ဘိုး မဖြတ်နိုင်တဲ့ ကမ္ဘာကတောင် သြချရတဲ့ ကမ္ဘာ့တစ်ခုထဲသော ရွှေချပ်တွေနဲ့ တည်ထားတဲ့ အကြီးဆုံးစေတီတော်ကြီးရှိခဲ့ဘူး တာကို နူးတို့ရဲ့ နောင်လာနောက်သား မြေးမြစ်တွေသိရအောင် မှတ်တမ်းထားခဲ့ကြတာပေါ့။
ချမ်းမြေ့ကြပါစေရှင် …
မာ လု
ထိန်လင်း

ေရႊတိဂံုေစတီေတာ္ရဲ႕ အရန္ေစတီ အမွတ္ ၂၆ မွ ေသြးကဲ့သုိ႔ အနီေရာင္အရည္မ်ား စီးက်ေန
ေရႊတိဂံုေစတီေတာ္ႀကီး၏ေျမာက္ဖက္ ဓါတ္ေလွကား ထိပ္… အရံေစတီေတာ္အမွတ္(၂၆)ေစတီ၏ ငွက္ေပ်ာဖူး ေအာက္နားမွ…အနီေရာင္အရည္မ်ား စီးက် ေနေၾကာင္း…
ဒီလိုျဖစ္စဥ္ကို…”ကိတ္လႊတ္ျခင္း”…ဟုေျပာဆိုေနၾက သလို တခ်ိဳ့ကလည္း…ဒီအရည္ဟာ ေစတီေတာ္ ကို တည္ေဆာက္ထားတဲ့ အုတ္ေတြက အခ်ိန္ကာလနဲ႔ရာသီဥတုဒဏ္ေၾကာင့္ ပ်က္စီးယိုယြင္းျပီး အုတ္သား မ်ား အရည္ ေပ်ာ္က်လို႔… အခုလို အနီေရာင္ျဖစ္ေနတာ ဟု ထင္ျမင္ယူဆေနၾကျပီး
မည္သည့္အတြတ္ေၾကာင့္ ဒီအရည္ေတြ အခုလို စီးက်ေနရတာလည္း ဆိုတာကို ေတာ့…တိတိက်က်အေနျဖင့္ အခုထိ မသိရေသးပါဘူး။
အရန္ေစတီေတာ္မွ ေသြးကဲ့သုိ႔ အရည္မ်ား စီးက်ေနပံု ဗီဒီယုိဖုိင္ကုိ ေဖာ္ျပေပးလုိက္ပါတယ္ ခင္ဗ်ာ။
“ကိတ္လႊင္ျခင္း”…ဆိုတာကို မသိၾကေသးတဲ့သူေတြ အတြတ္ ေအာက္မွာ ေဖာ္ျပေပးထားပါတယ္။
ကိတ္လႊတ္ျခင္း ဟူသည္ေစတီ၊ပုထိုး၊ဘုရား၊ေက်ာင္း၊ ကန္ စေသာ သာသနိကအေဆာက္အဦးတို႔မွ ထင္ရွား စြာ ျဖစ္ေပၚလာေသာ နိမိတ္ပင္တည္း။ေက်းရြာတစ္ခု၏ အထင္ကရ သာသနိကမွ ျဖစ္ေပၚေသာ နိမိတ္သည္ …
ထိုေက်းရြာအတြက္သာျဖစ္ၿပီး၊ ၿမိဳ့တစ္ၿမိဳ့၏ အထင္ကရ သာသနိကဆိုင္ရာမွ ျဖစ္ေပၚေသာ ကိတ္လႊတ္ျခင္း သည္ လည္း ထိုေဒသႏွင့္ သက္ဆိုင္သည္။
ထို႔အတူ ျပည္ေထာင္တစ္ခု၏ အထင္ကရ သာသနိက ေနရာ တစ္ခုတြင္ ျဖစ္တည္ေသာ နိမိတ္သည္လည္း… ျပည္ေထာင္တစ္ခုလံုးႏွင့္ စပ္ဆိုင္သည္ဟု ေ႐ွးပညာ႐ွိ တို႔ လမ္းညႊန္မႈကို မွတ္သားနာယူခဲ့ရာ၏။
အပရိဟာနိယ တရား -၇ပါး၌ ေဟာၾကားေတာ္မူေသာ တိုင္းေစာင့္ျပည္ေစာင့္နတ္တို႔ အမ်က္သင့္၍ ျပဳေသာ ဥပါဒ္ႀကီးရွစ္ပါး
၁။ ဣႏၵဥပါဒ္
၂။ အဂၢိဥပါဒ္
၃။ ယမဥပါဒ္
၄။ နရာယနဥပါဒ္
၅။ ဝရုဏာဥပါဒ္
၆။ ေသာမၼဥပါဒ္
၇။ ေသာမဥပါဒ္
၈။ ဝါယုဥပါဒ္
တို႔သည္ ထိုအရပ္ေဒသ တိုင္းနိူင္ငံၿမိဳ့ရြာတို႔၌ ထင္ျမင္ ကုန္၏။ထိုအရပ္ေဒသ တိုင္းနိူင္ငံၿမိဳ့ရြာမ်ား၌ ရန္မ်ားအံ႔။ ျပည္ရြာ ေခ်ာက္ခ်ားအံ႔။အနာေရာဂါ မ်ားအံ႔။ငတ္မြတ္အံ့ ။
အေသအေပ်ာက္ မ်ားအ့ံ။ မစည္ပင္ မသာယာအံ႔။ မီးေလာင္ဖန္ မ်ားအံ႔။ေကာက္ပဲသီးနွံ႔တို႔ ပ်က္စီးအံ႔။ ဘုရား ပုထိုး ေစတီ ေက်ာင္းကန္တို႔ ပ်က္စီးအံ႔။
လူတို႔ ႏွလံုး မသာယာ ရွိအ့ံ။ …. စသည္တို႔သည္ ဥပါဒ္ႀကီးရွစ္ပါး သင့္ျခင္း…ျဖစ္ေၾကာင္း #ေနမိတၱကဝိဇၨာက်မ္း (အာကာသ သွ်တရက်မ္း)၌ မွတ္သားဖူးသည္ ။
ထို႔ျပင္ ဘုရား၊ပုထိုး၊ေစတီတို႔ ကိတ္လႊတ္နိမိတ္ျပ၍ ျဖစ္ ေသာ အေၾကာင္းသည္ ဥပါဒ္ႀကီး႐ွစ္ပါး အား မ်ားစြာ အက်ိဳး သက္ေရာက္ေစၿပီး ျဖစ္ပ်က္ လွ်င္ ျမန္သည္။
ယံဒုႏၷိမိတၱံ အဝမဂၤလဥၥ
ေယာစာမနာေပါ၊ သကုဏႆ သေဒၵါ
ပါပဂၢေဟာ ဒုသုပိနံ အကႏၱံ
ဗုဒၶါ ႏူဘာေဝန ဝိနာသေမႏၱဳ
ဓမၼာ ႏူဘာေဝန ဝိနာသေမႏၱဳ
သံဃာ ႏူဘာေဝန ဝိနာသေမႏၱဳ
မေကာင္းေသာ အတိတ္ နိမိတ္ တေဘာင္ စနည္းမ်ား ငွက္ဆိုး လူဆိုး အိပ္မက္ဆိုး ပါပၾကမၼာဆိုး ေဘးဆိုး ရန္ဆိုး အႏၱရာယ္ဆိုးတို႔သည္ ဗုဒၶ၊ဓမၼ၊
သံဃာေတာ္တို႔၏ ဘုန္းတန္ခိုးေတေဇာ္ ေမတၱာအာႏူေဘာ္တို႔ ေၾကာင့္ … ေပ်ာက္ပ်က္လြင့္ပ ခ်မ္းသာၾကပါေစသတည္း …
ဟူ၍ ျဖစ္ေလသည္။ၾကည့္ေသာသူျမင္၏။
ေယာနိေသာမနသီကာရ
စိန္လြင္ဦး Via_Thaw_Zin_Aung
Unicode
ရွှေတိဂုံစေတီတော်ရဲ့ အရန်စေတီ အမှတ် ၂၆ မှ သွေးကဲ့သို့ အနီရောင်အရည်များ စီးကျနေ
ရွှေတိဂုံစေတီတော်ကြီး၏မြောက်ဖက် ဓါတ်လှေကား ထိပ်… အရံစေတီတော်အမှတ်(၂၆)စေတီ၏ ငှက်ပျောဖူး အောက်နားမှ…အနီရောင်အရည်များ စီးကျ နေကြောင်း…
ဒီလိုဖြစ်စဉ်ကို…”ကိတ်လွှတ်ခြင်း”…ဟုပြောဆိုနေကြ သလို တချို့ကလည်း…ဒီအရည်ဟာ စေတီတော် ကို တည်ဆောက်ထားတဲ့
အုတ်တွေက အချိန်ကာလနဲ့ ရာသီဥတုဒဏ်ကြောင့် ပျက်စီးယိုယွင်းပြီး အုတ်သား များ အရည် ပျော်ကျလို့… အခုလို အနီရောင်ဖြစ်နေတာ
ဟု ထင်မြင်ယူဆနေကြပြီး မည်သည့်အတွတ်ကြောင့် ဒီအရည်တွေ အခုလို စီးကျနေရတာလည်း ဆိုတာကို တော့…တိတိကျကျအနေဖြင့် အခုထိ မသိရသေးပါဘူး။
အရန်စေတီတော်မှ သွေးကဲ့သို့ အရည်များ စီးကျနေပုံ ဗီဒီယိုဖိုင်ကို ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။
“ကိတ်လွှင်ခြင်း”…ဆိုတာကို မသိကြသေးတဲ့သူတွေ အတွတ် အောက်မှာ ဖော်ပြပေးထားပါတယ်။
ကိတ်လွှတ်ခြင်း ဟူသည်စေတီ၊ပုထိုး၊ဘုရား၊ကျောင်း၊ ကန် စသော သာသနိကအဆောက်အဦးတို့မှ ထင်ရှား စွာ ဖြစ်ပေါ်လာသော
နိမိတ်ပင်တည်း။ကျေးရွာတစ်ခု၏ အထင်ကရ သာသနိကမှ ဖြစ်ပေါ်သော နိမိတ်သည် …
ထိုကျေးရွာအတွက်သာဖြစ်ပြီး၊ မြို့တစ်မြို့၏ အထင်ကရ သာသနိကဆိုင်ရာမှ ဖြစ်ပေါ်သော ကိတ်လွှတ်ခြင်း သည် လည်း ထိုဒေသနှင့် သက်ဆိုင်သည်။
ထို့အတူ ပြည်ထောင်တစ်ခု၏ အထင်ကရ သာသနိက နေရာ တစ်ခုတွင် ဖြစ်တည်သော နိမိတ်သည်လည်း… ပြည်ထောင်တစ်ခုလုံးနှင့်
စပ်ဆိုင်သည်ဟု ရှေးပညာရှိ တို့ လမ်းညွှန်မှုကို မှတ်သားနာယူခဲ့ရာ၏။
အပရိဟာနိယ တရား -၇ပါး၌ ဟောကြားတော်မူသော တိုင်းစောင့်ပြည်စောင့်နတ်တို့ အမျက်သင့်၍ ပြုသော ဥပါဒ်ကြီးရှစ်ပါး
၁။ ဣန္ဒဥပါဒ်
၂။ အဂ္ဂိဥပါဒ်
၃။ ယမဥပါဒ်
၄။ နရာယနဥပါဒ်
၅။ ဝရုဏာဥပါဒ်
၆။ သောမ္မဥပါဒ်
၇။ သောမဥပါဒ်
၈။ ဝါယုဥပါဒ်
တို့သည် ထိုအရပ်ဒေသ တိုင်းနိူင်ငံမြို့ရွာတို့၌ ထင်မြင် ကုန်၏။ထိုအရပ်ဒေသ တိုင်းနိူင်ငံမြို့ရွာများ၌ ရန်များအံ့။ ပြည်ရွာ ချောက်ချားအံ့။အနာရောဂါ များအံ့။ငတ်မွတ်အံ့
။ အသေအပျောက် များအ့ံ။ မစည်ပင် မသာယာအံ့။ မီးလောင်ဖန် များအံ့။ကောက်ပဲသီးနှံ့တို့ ပျက်စီးအံ့။ ဘုရား ပုထိုး စေတီ ကျောင်းကန်တို့ ပျက်စီးအံ့။
လူတို့ နှလုံး မသာယာ ရှိအ့ံ။ …. စသည်တို့သည် ဥပါဒ်ကြီးရှစ်ပါး သင့်ခြင်း…ဖြစ်ကြောင်း #နေမိတ္တကဝိဇ္ဇာကျမ်း (အာကာသ သျှတရကျမ်း)၌ မှတ်သားဖူးသည် ။
ထို့ပြင် ဘုရား၊ပုထိုး၊စေတီတို့ ကိတ်လွှတ်နိမိတ်ပြ၍ ဖြစ် သော အကြောင်းသည် ဥပါဒ်ကြီးရှစ်ပါး အား များစွာ အကျိုး သက်ရောက်စေပြီး ဖြစ်ပျက် လျှင် မြန်သည်။
ယံဒုန္နိမိတ္တံ အဝမင်္ဂလဥ္စ
ယောစာမနာပေါ၊ သကုဏဿ သဒ္ဒေါ
ပါပဂ္ဂဟော ဒုသုပိနံ အကန္တံ
ဗုဒ္ဓါ နူဘာဝေန ဝိနာသမေန္တု
ဓမ္မာ နူဘာဝေန ဝိနာသမေန္တု
သံဃာ နူဘာဝေန ဝိနာသမေန္တု
မကောင်းသော အတိတ် နိမိတ် တဘောင် စနည်းများ ငှက်ဆိုး လူဆိုး အိပ်မက်ဆိုး ပါပကြမ္မာဆိုး ဘေးဆိုး ရန်ဆိုး အန္တရာယ်ဆိုးတို့သည် ဗုဒ္ဓ၊ဓမ္မ၊
သံဃာတော်တို့၏ ဘုန်းတန်ခိုးတေဇော် မေတ္တာအာနူဘော်တို့ ကြောင့် … ပျောက်ပျက်လွင့်ပ ချမ်းသာကြပါစေသတည်း …
ဟူ၍ ဖြစ်လေသည်။ကြည့်သောသူမြင်၏။
ယောနိသောမနသီကာရ
စိန်လွင်ဦး Via_Thaw_Zin_Aung
သရက္ဖူးခ်ိန္ သစ္ရည္ပ်ံခ်ိန္မို႔ သစ္ေစးေဟာင္းမ်ား သစ္ရည္ပ်ံျပီး မ်က္ပါးေရႊကို ေဖာက္ထြက္လာတာပါ
မ်က္ပါးေရႊမကပ္ခင္ ေရႊခံသစ္ေစး အညိုရည္ သုတ္ရပါတယ္
ငွက္ေပ်ာဖူးကို သစ္ေစးသုတ္ျပီး ၾကာႏုၾကာလွန္ကို သစ္ေစးသုတ္ခ်ိန္ သစ္ေစးစုပံု ဥေနတာပါ ေစတီတစ္ဆူမွာ သစ္ေစး အခဲဆံုး စုပံုမႈအမ်ားဆံုးက ၾကာႏုနဲ႕ ခ်ယားသီး (ရြဲသီး)ေနရာေတြပါ
ယခုလို
နေတၱာ္ ျပာသို တပို႔တြဲ သရက္ဖူးခ်ိန္ သစ္ရည္ပ်ံခ်ိန္မွာ သစ္ေစးေဟာင္းမ်ား
နိုးထေပ်ာ္တတ္သလို သစ္ေစးသုတ္ပါကလည္း အလြယ္တကူ ေသြ႕ေျခာက္ျခင္းမရွိပါ
ယခုလို နေတၲာ္ျပာသို တပို႕တြဲလမ်ားမွာ
သစ္ေစးထည္မ်ားကို ေျမတိုက္သြင္းျပီး ေရေငြ႔ ပ်ံရည္နဲ႔ ေသြ႕ေျခာက္ေအာင္ လုပ္ရပါတယ္
ဒီအေျခအေနကို ယြန္းပညာရွင္မ်ား မွန္စီေရႊခ် ပညာရွင္မ်ား မ်က္ပါးေရႊဆိုင္း သစ္ေစသရိုးပညာရွင္မ်ား သိၿကပါတယ္
ထို႔ေၾကာင့္ မသိနားမလည္သူေတြ
ထင္ရာျမင္ရာ ေျပာဆို ျငင္းခုန္ျခင္းဟာ
ျမန္မာမႈ ျမန္မာ့ရိုးရာအေမြ
ယြန္းအတတ္ မွန္စီေရႊခ် သစ္ေစးသရိုးအတတ္ပညာကို တန္ဘိုးထား မေလ့လာခဲ့ၾကတဲ့
အက်ိဳးဆက္ေၾကာင့္ပါ
အင္မတန္ဝမ္းနည္းစရာေကာင္းတဲ့
အေနအထားပါဘဲ
ရိုးရာအေမြကို အေလးထား မေလ့လာခဲ့ၾကတဲ့ အက်ိဳးဆက္ကေန အခုလို အျငင္းအခုန္ေတြ ျမင္ေတြ႕ ၾကားသိေနရေတာ့ပါဘဲ
သစ္ေစးသုတ္တဲ့ လုပ္သားေတြဟာ
တစ္ဦးတစ္ေယာက္တည္း မဟုတ္ပါဘူး ထို႔အတူ
ယင္းေစတီမွာ တာဝန္က်တဲ့ လုပ္သားရဲ႕ ေပါ့ေလ်ာ့မႈေၾကာင့္
သစ္ေစးသုတ္
စုတ္ခ်က္မညီတာ ျဖစ္တတ္သလို သစ္ေစးအရည္ ရွိသင့္တဲ့ အပူခ်ိန္မွာ မရွိဘဲ
အႏွစ္ အခဲ အျပစ္ကို သုတ္မိရင္လည္း သစ္ေစး အထူအပါး မညီတဲ့အတြက္ ျဖစ္တတ္ပါတယ္
ထို႔အျပင္ သစ္ေစးအညိုရည္ မသုတ္ခင္ သစ္ေစးအေဟာင္းကို မခြာျဖစ္တာ ျဖစ္တတ္သလို
ၾကာနုနဲ႔
ငွက္ေပ်ာ ထိစပ္ရာမွာ အေပါက္ေသာ္၎ အက္ေၾကာင္းေသာ္၎ ရွိေနတာကို သရြတ္နဲ့
ျဖည့္တင္း မဖာေထးဘဲ ျပည့္တင္းေအာင္ သစ္ေစးရည္ ေလာင္းထည့္မိရင္လည္း
ျဖစ္တတ္ပါတယ္
ထို႔ေၾကာင့္ ေနာက္ဆံုး ေျပာတဲ့ ျဖည့္တင္းေလာင္းထည့္မႈ ျဖစ္ဘို႔ မ်ားပါတယ္ crd
အခ်ိန္က ၁၉၀၃ ခုႏွစ္..
တစ္နည္းေျပာရလွ်င္ အဂၤလိပ္ကိုလိုနီ နယ္ခ်ဲ႕တို႔၏လက္ေအာက္တြင္ ျမန္မာတစ္မ်ိဳးသားလုံး ကြ်န္သေပါက္ဘဝျဖင့္ ကိုယ္ႏႈတ္ႏွလုံး သုံးပါးစလုံး ညွိဳးငယ္စြာ ေနထိုင္ေနရသည့္ အခ်ိန္..
ထိုအခ်ိန္က ရန္ကုန္ၿမိဳ႕ႀကီးသည္ ၿမိဳ႕ဟုေခၚေသာ္လည္း လူေနအိမ္ ေျခ နည္းပါးလြန္းလွၿပီး ေနရာ အေတာ္မ်ားမ်ားမွာ သစ္ပင္သစ္ေတာႀကီးမ်ား၊ ၿခဳံႏြယ္မ်ားသာ ဖုံးလႊမ္းလ်က္ရွိေန၏။ ဆူးေလေစတီေတာ္ဝန္းက်င္ ရန္ကုန္ၿမိဳ႕လယ္ေကာင္တစ္ဝိုက္ႏွင့္ သိမ္ႀကီးေစ်းအနီးတစ္ဝိုက္ေလာက္မွာသာ အစိုးရ အေဆာက္အဦမ်ားႏွင့္ လူေနအိမ္ေျခ တိုက္တာ အိုးအိမ္မ်ား မ်ားျပားၿပီး က်န္သည့္ေနရာ အေတာ္မ်ားမ်ားမွာေတာ့ ေတာအုပ္ႀကီးသဖြယ္ ျဖစ္ေနေလ၏။
သူ႔ကြ်န္ဘဝေရာက္ေနေသာ္လည္း ေထရဝါဒ ဗုဒၶဘာသာဝင္ ျမန္မာလူမ်ိဳးမ်ားမွာ အလွဴေရစက္ လက္ႏွင့္မျပတ္ၾက။ ဘုရားရွင္၏သားေတာ္ ရဟန္းသံဃာမ်ား စိတ္ေအးခ်မ္းသာစြာျဖင့္ သာသနာျပဳႏိုင္ရန္အတြက္ ေက်ာင္း၊ သကၤန္း၊ ဆြမ္း၊ ေဆး.. အစရွိသည့္ ပစၥည္းေလးပါးမ်ားကို စဥ္ဆက္မျပတ္ ဆက္ကပ္ လွဴဒါန္းေနၾကသလို၊ ျမန္မာတို႔၏အသည္းႏွလုံး သိဂုၤတၱရ ကုန္းေတာ္ေပၚရွိ ေလးဆူဓာတ္ပုံ ေရႊတိဂုံ ေစတီေတာ္ျမတ္ႀကီးကိုလည္း လုံးေတာ္ျပည့္ ေရႊသကၤန္းမ်ား ကပ္လွဴ ပူေဇာ္ႏိုင္ရန္အတြက္ ဝိုင္းဝန္း ျပင္ဆင္ေနၾကေလသည္။
ျမန္မာသကၠရာဇ္ ၁၂၆၄ ခုႏွစ္၊ တေပါင္းလျပည့္ေန႔တြင္ ေရႊတိဂုံ ေစတီေတာ္ျမတ္ႀကီး၌ ဗုဒၶပူဇနိယပဲြေတာ္ႀကီးကို ၿခိမ့္ၿခိမ့္သည္းသည္း က်င္းပၾကမည္ျဖစ္သည္။ ထို႔ေၾကာင့္ ေရႊတိဂုံေစတီေတာ္ ေဂါပကအဖဲြ႕က အနယ္နယ္အရပ္ရပ္မွ ေထရဝါဒ ဗုဒၶဘာသာဝင္ ျမန္မာျပည္သူမ်ား ေစတနာသဒၶါတရား ထက္သန္စြာျဖင့္ ထည့္ဝင္လွဴဒါန္းထားၾကသည့္ ေရႊစင္ေရႊျပားမ်ားကို ေရႊတိဂုံ ေစတီေတာ္ျမတ္ႀကီးအား တေပါင္းလျပည့္ ဗုဒၶပူဇနိယပဲြေတာ္အမီ ကပ္လွဴ ပူေဇာ္ႏိုင္ရန္အတြက္ ကိုယ္လုံးေတာ္အား ဝါးမ်ားျဖင့္ျငမ္းဆင္ကာ အင္တိုက္အားတိုက္ျဖင့္ ေဆာင္ရြက္ေနၾကေလသည္။ ေစတီေတာ္ေပၚတြင္ ေဂါပကအဖဲြ႕ဝင္မ်ား၊ အလုပ္သမားမ်ား၊ ဘုရားဖူးျပည္သူမ်ားျဖင့္ လြန္စြာမွ စည္ကားေနသည့္အခ်ိန္လည္း ျဖစ္ေနေပေတာ့သည္။
သည္လိုႏွင့္ ခရစ္ႏွစ္ ၁၉၀၃ ခုႏွစ္၊ မတ္လ ၂ ရက္ (ျမန္မာသကၠရာဇ္ ၁၂၆၄ ခုႏွစ္၊ တေပါင္းလဆန္း ၂ ရက္) ေန႔သို႔ေရာက္လာသည္။ မွတ္မွတ္ရရ ထိုေန႔ကား တနလၤာေန႔၊ နံနက္ပိုင္းျဖစ္၏။ ပဲြေတာ္ရက္နီးကပ္လာၿပီမို႔ ေရႊသကၤန္းကပ္လွဴၾကမည့္ အလုပ္သမားမ်ားမွာ ဝါးျငမ္းမ်ားကို တစ္ခုၿပီးတစ္ခုေက်ာ္လႊားရင္း ကြ်မ္းက်င္စြာတက္သြားၾကသည္မွာ ဆပ္ကပ္ပဲြ တစ္ခုေလအလား။ ထိုစဥ္ ေရႊတိဂုံေစတီေတာ္ျမတ္ႀကီး ကိုယ္လုံးေတာ္ေပၚမွ “ေခါင္းေလာင္းပုံအနားလန္စြန္း” ၌ ဝါဝါစင္းစင္း အရာတစ္ခု ရွိေနသည္ကို အလုပ္သမားတခ်ိဳ႕က လွမ္းျမင္လိုက္မိၾကေလသည္။ မေန႔က အလုပ္သမားတခ်ိဳ႕ ျငမ္းေပၚမွျပန္ဆင္းရင္း ေမ့က်န္ထားခဲ့ၾကသည့္ ပစၥည္းပစၥယ တစ္ခုခုေလလား.. သို႔တည္းမဟုတ္ အဝတ္အစား တစ္ခုခုေလလား..။
“အလိုေလး.. က်ားဗ်ိဳ႕.. က်ား က်ား”
“အီး.. လုပ္ၾကပါဦးဗ်..
ဘုရားေပၚမွာ က်ားႀကီးဗ်”
ေရွ႕ဆုံးမွတက္သြားသည့္ အလုပ္သမားတခ်ိဳ႕က ထိတ္လန္႔စြာ ေအာ္ဟစ္လိုက္ရင္း ဝါးျငမ္းမ်ားေပၚမွ ဒေရာေသာပါးျဖင့္ ျပန္ေျပးဆင္းလာၾကသည္။ ေအာက္ေျခမွအေပၚသို႔ တက္လုတက္ဆဲ အလုပ္သမားမ်ားကလည္း အေပၚကလူေတြ ျပန္ေျပးဆင္းလာမွေတာ့ နေဝတိမ္ေတာင္ျဖင့္ သူ႔ထက္ငါအလုအယက္ ဆင္းေျပးၾကၿပီေပါ့။ တစ္ေယာက္အေပၚတစ္ေယာက္ တိုးမိ တိုက္မိ ခိုက္မိရင္း အလဲလဲ အကဲြကဲြ ရုတ္ရုတ္သဲသဲ။
“ဘယ့္ႏွယ္..
ေတာႀကီးမ်က္မည္းထဲမွာသာေနတတ္တဲ့ အသားစားသတၱဝါမ်ိဳးႏြယ္ဝင္ သားရဲတိရစၧာန္ က်ားရိုင္းတစ္ေကာင္က ေရႊတိဂုံေစတီေတာ္ ရင္ျပင္ေတာ္ေပၚကို တက္လာရုံသာမက ကိုယ္လုံးေတာ္ေပၚမွာေတာင္ ဝပ္ေနသတဲ့လား။ မျဖစ္ႏိုင္တာပဲ”
ဤသို႔ဤႏွယ္ အေတြးဝင္မိၾကေသာ ဘုရားဖူးျပည္သူအခ်ိဳ႕က မယုံသကၤာ ဒြိဟစိတ္ျဖင့္ အေျပးအလႊား လာၾကည့္ၾကသည္။ ဝါးျငမ္းမ်ားကြယ္ေန၍ ေတာ္ေတာ္ႏွင့္ မျမင္ရ။ အေသအခ်ာ စူးစိုက္ၿပီးၾကည့္ၾကည့္ေတာ့မွ ေတြ႕လိုက္ရပါေလၿပီ။
“အလိုေလး.. ဟုတ္သဟ.. က်ားသားမိုးႀကိဳး.. ဘုရားေပၚမွာ က်ားႀကီးတစ္ေကာင္ ဝပ္ေနသဟ”
“ဟုတ္ပါ့ေတာ္.. ဘယ္လိုကဘယ္လို ဘုရာေပၚေရာက္ေနပါလိမ့္။ ရင္ျပင္ေတာ္ေပၚ ဆင္းခ်လာရင္ေတာ့ ဒုကၡေတာ္ေရ႕”
နံနက္ေစာေစာ ဘုရားရင္ျပင္ေတာ္ေပၚသို႔ ဘုရားဖူး၊ တရားထိုင္၊ ပုတီးစိပ္ စသည္ျဖင့္ ေရာက္ရွိေနၾကေသာ အလႊာေပါင္းစုံမွ ဘုရားဖူးျပည္သူမ်ားလည္း တစ္ေယာက္တစ္ေပါက္ေျပာဆိုရင္း ထိတ္ထိတ္ပ်ာပ်ာ ျဖစ္ကုန္ၾကေတာ့သည္။ ကေလးေတြကိုလက္ဆဲြၿပီး ရင္ျပင္ေတာ္ေပၚကေန ဆင္းေျပးသူေတြကလည္း ဆင္းေျပးၾကသည္။ “ဘယ္သူေရ ဘယ္ဝါေရ” စသည္ျဖင့္ ေအာ္ဟစ္ ေခၚဆိုေနသံမ်ားကလည္း ကြ်က္ကြ်က္ညံလို႔။
ထိုသတင္းက ေရႊတိဂုံေစတီေတာ္ ရင္ျပင္ေတာ္ေပၚမွာသာမက ရန္ကုန္တစ္ၿမိဳ႕လုံးသို႔ပါ တစ္မုဟုတ္ခ်င္းမွာပင္ ေတာမီးပမာ ကူးစက္ပ်ံ႕ႏွံ႔သြားေလေတာ့သည္။ သတင္းၾကား၍ ဘုရားေပၚသို႔ အေျပးအလႊားတက္လာၿပီး ဝိုင္းအုံ ၾကည့္ရႈေနၾကသူမ်ားကလည္း ေရာက္လာမစဲ တဖဲြဖဲြ။ တစ္ေယာက္တစ္ေပါက္ ေျပာဆို ညႊန္ျပ ေအာ္ဟစ္ေနၾကရင္း စိတ္ထင္ရာ မွတ္ခ်က္ေပးေနၾကသူမ်ားကလည္း အမ်ားအျပား။ ေဂါပကအဖဲြ႕ဝင္မ်ားလည္း မ်က္လုံးျပဴးေနၿပီ။ ရင္ျပင္ေတာ္တစ္ခုလုံးမွာေတာ့ အုတ္အုတ္က်က္က်က္ ျဖစ္ေနၾကေလၿပီတကား။
****************************
သို႔ႏွင့္ ထိုေန႔နံနက္ ၈ နာရီခန္႔သို႔ေရာက္လာသည္။ ေရႊတိဂုံေစတီေတာ္ေဂါပကအဖဲြ႕ဝင္တစ္ဦးျဖစ္သူ ဦးေရႊဝုိင္းက ထိုသတင္းကို ရန္ကုန္ၿမိဳ႕ရွိ မ်က္ႏွာျဖဴ အေရးပုိင္မင္းႀကီးထံ အေျပးအလႊား သြားေရာက္သတင္းပုိ႔သည္။ အေရးပုိင္လည္း အစကသိပ္မယုံခ်င္။ သို႔ေသာ္ ဦးေရႊဝိုင္းက အတိအက် သတင္းေပးေနၿပီမို႔ မေနသာေတာ့။ သည္ေတာ့ ရန္ကုန္ၿမိဳ႕တြင္တပ္စဲြထားသည့္ အဂၤလိပ္စစ္တပ္မွ ကာနယ္ အီးေလာဖုိ႔ဒ္ထံသို႔ စာတစ္ေစာင္ ခ်က္ခ်င္းေရးေပးလိုက္ေလသည္။ ထိုစာကိုယူၿပီး ဦးေရႊဝိုင္းတစ္ေယာက္ ကာနယ္ အီးေလာ့ဖုိ႔ဒ္ရွိရာသို႔ သုတ္ေျခတင္ရျပန္ေလ၏။
ခဏအၾကာမွာေတာ့ သူတို႔ႏွစ္ေယာက္သား နီးစပ္ရာ အဂၤလိပ္အရာ႐ွိ တခ်ိဳ႕၏ ေနအိမ္မ်ားကို ဝင္ေရာက္အသိေပးရင္း ေသနတ္႐ွာရသည္။ ကပၸတိန္ဂ်င္းနင္း၏ေနအိမ္မွ ႏွစ္လုံးျပဴးေသနတ္တစ္လက္ ရလာသည္မို႔ ကပၸတိန္ဂ်င္းနင္းႏွင့္ ကပၸတိန္ဘီဗီးလ္တုိ႔ကိုပါ သူတို႔ႏွင့္အတူ တစ္ပါတည္းေခၚလာၿပီး ေရႊတိဂုံ ေစတီေတာ္ေပၚသို႔ အေျပးအလႊား တက္လာခဲ့ၾကရေပၿပီ။ သူတို႔လူစု ရင္ျပင္ေတာ္ေပၚသို႔ ေရာက္ရွိသြားခ်ိန္မွာေတာ့ လူအုပ္ႀကီးက တုိးမေပါက္ေအာင္ စည္ကားေနေလၿပီတကား။
****************
ကာနယ္အီးေလာ့ဖို႔ဒ္က ရင္ျပင္ေတာ္ေပၚမွေန၍ အဆိုပါ က်ားဝပ္ေနသည့္ ေနရာကုိ လွမ္းၾကည့္လိုက္ေလသည္။ အလွမ္းေဝးေနသည္မို႔ တစ္ေကာင္လုံးကိုမျမင္ရ။ အေသအခ်ာ စူးစုိက္ၾကည့္ေတာ့မွသာ က်ား၏ ေက်ာကုန္းပိုင္း၊ ေနာက္ေျခေထာက္ႏွင့္ အၿမီးကေလးကုိသာ လွမ္းျမင္လိုက္ရေလ၏။ ေျပာမယုံ ႀကဳံဖူးမွသိလိုက္ရေပေကာ။ ကာနယ္ အီးေလာ့ဖို႔ဒ္ မည္သို႔ဆုံးျဖတ္ရမည္နည္း။
မတတ္ႏိုင္..
လူမ်ား အႏၱရာယ္ကင္းေစဖို႔အတြက္ အဆိုပါ က်ားကို ေသနတ္ႏွင့္ပစ္ခတ္ၿပီး သုတ္သင္ ရွင္းလင္းရေပေတာ့မည္။ သို႔ေသာ္ ေနရာက အေတာ္ေဝးေနသည့္အျပင္ ဘုရားႀကီး၏ ကိုယ္လုံးေတာ္ေပၚမွာဝပ္ေနသည့္ ထိုက်ားကုိ ရင္ျပင္ေတာ္ေပၚမွေန၍ လွမ္းပစ္မည္ဆိုပါက ခ်က္ေကာင္းကို ထိမွန္ႏုိင္မည္မဟုတ္။ အသက္မေသဘဲ ဒဏ္ရာရရုံသာရသြားပါက ရင္ျပင္ေတာ္ေပၚသို႔ဆင္းေျပးလာရင္း ေအာက္မွ လူမ်ားကို က်ားနာခဲ ခဲေပေတာ့မည္။
ထို႔ျပင္ ဒဏ္ရာရသြားသည့္ ေတာရိုင္းတိရစၧာန္မ်ားက လူသားမ်ားကို ပို၍ ဒုကၡေပးတတ္သည္ဟု သူ ၾကားဖူးထားသည္။ သည္ေတာ့ ကာနယ္ အီးေလာ့ဖုိ႔ဒ္က သူႏွင့္အတူပါလာသည့္ ကပၸတိန္ ဂ်င္းနင္းကုိ တန္ေဆာင္းတစ္ခုေပၚသို႔တက္ေစၿပီး အသင့္ေနရာယူခုိင္းလိုက္ေလသည္။ ကပၸတိန္ဗီဘီးလ္ကုိေတာ့ လီဗာပူးလ္ ဘုရင့္ရိုင္ဖယ္တပ္ရင္းသို႔ အျမန္ ေစလႊတ္လိုက္ၿပီး ႐ုိင္ဖယ္ေသနတ္ကုိင္ ေဂၚရာ စစ္သားမ်ားကို ခ်က္ခ်င္း ေခၚခုိင္းလိုက္ေလ၏။
သို႔ႏွင့္ မ်ားမၾကာမီအခ်ိန္တြင္ ကပၸတိန္ဗီဘီးလ္ႏွင့္အတူ ရိုင္ဖယ္ေသနတ္ကိုင္ ေဂၚရာစစ္သား ၁၄ ေယာက္ ရင္ျပင္ေတာ္ေပၚသို႔ ေရာက္ရွိလာၿပီး ကာနယ္အီးေလာ့ဖို႔္ဒ္အား သတိဆဲြ သတင္းပို႔ေလသည္။ အဆိုပါ ေဂၚရာစစ္သား ၁၄ ေယာက္အား ကာနယ္က ခုနစ္ေယာက္တစ္ဖဲြ႕ႏႈန္းျဖင့္ တပ္ဖဲြ႕ ႏွစ္ဖဲြ႕ခြဲလိုက္သည္။ အေစာက ကပၸတိန္ဂ်င္းနင္း ေနရာယူထားေသာ တန္ေဆာင္းႀကီး၏ တစ္ဖက္တစ္ခ်က္စီတြင္ ေဂၚရာစစ္သားမ်ားအား အျမန္ေနရာခ်လိုက္သည္။
ေသနတ္ကုိင္ အရာရွိ စစ္သားမ်ားအားလုံး အသင့္ျဖစ္သြားခ်ိန္မွာေတာ့..
“ဖုိင္းယား”
“ဒုန္း ဒုန္း”
“ဒိုင္း ဒိုင္း ဒိုင္း ဒိုင္း”
ကာနယ္အီးေလာ့ဖို႔ဒ္ထံမွ ပစ္မိန္႔ေပးသံအဆုံးတြင္ ကပၸတိန္ဂ်င္းနင္း၏ လက္ထဲမွ ႏွစ္လုံးျပဴးေသနတ္ႏွင့္ ေဂၚရာ စစ္သားမ်ား၏ ရိုင္ဖယ္ေသနတ္ ေျပာင္းဝမ်ားမွ ေသမင္းတမန္ က်ည္ဆန္မ်ားက ျပင္းထန္ေသာ ေပါက္ကဲြသံမ်ားကို ဆူညံစြာျပဳရင္း က်ားဝပ္ေနရာဆီသို႔ အလုအယက္ ေျပးထြက္သြားၾကေလ၏။
သို႔ေသာ္ အႏွီက်ားကပဲ ကံေကာင္းေနေလသည္လားမသိ။ တဒုန္းဒုန္း တဒိုင္းဒိုင္းျဖင့္ ပစ္ခတ္ေနၾကေသာ အဆိုပါက်ည္ဆန္မ်ားမွာ က်ားကုိ တစ္ခ်က္ကေလးမွ မထိ။ က်ားဝပ္ေနေသာ ေခါင္းေလာင္းပုံအစြန္းကုိသာ က်ည္ဆန္မ်ား ထိသြားေၾကာင္း ဖြာကနဲ ဖြာကနဲ လႊင့္စင္ ထြက္က်လာသည့္ အုတ္စ၊ အဂၤေတစမ်ားက သက္ေသခံေနေလသည္။
“ေဝါင္း”
ဆူညံေသာေသနတ္သံမ်ားေၾကာင့္ မာန္ဖီသံတစ္ခ်က္ျပဳလိုက္ရင္း အဆိုပါက်ားက ဝပ္ေနရာမွ ေခါင္းေထာင္၍ထၾကည့္လိုက္သည္။ အဆိုပါအခြင့္အေရးကို တန္ေဆာင္းေပၚမွာ အသင့္ေနရာယူထားသည့္ ကပၸတိန္ဂ်င္းနင္းက လုံးဝ လက္လြတ္မခံ။
“ဒုန္း ဒုန္း”
ကပၸတိန္ဂ်င္းနင္း၏လက္ထဲမွ ႏွစ္လုံးျပဴးေသနတ္က ျမည္ဟည္းသံႏွစ္ခ်က္ကို ဆက္တိုက္ျပဳလိုက္ရင္း က်ားရွိရာသို႔ ခဲပူေတာင့္ေတြ ဆက္တိုက္ေျပးဝင္သြားေလ၏။
“ေဝါင္း ေဝါင္း”
ရင္ဘတ္ႏွင့္ဝဲယာပုခုံးမ်ားကုိ က်ည္ဆန္မ်ား ထိမွန္သြားမႈေၾကာင့္ က်ားက နာက်င္စြာညည္းညဴရင္း မာန္ဖီလိုက္ေလသည္။ နီးစပ္ရာကိုလူးလွိမ့္ကုတ္ျခစ္ရင္း ပတပ္ထရပ္ဖို႔ ႀကိဳးစားေနသည္။
“ဒိုင္း ဒိုင္း ဒိုင္း ဒိုင္း”
“ဒုန္း ဒုန္း”
ေသြးရူးေသြးတန္းျဖစ္ေနေသာ အဆိုပါက်ားကို ေဂၚရာစစ္သားမ်ားႏွင့္ ကပၸတိန္ဂ်င္းနင္းက က်ည္ဆန္ေတြ တရစပ္ပစ္လႊတ္လိုက္ေလသည္။ ထိတာလည္း ရွိသည္။ လဲြတာလည္း ရွိသည္။ ၾကာေတာ့ အႏွီက်ား မခံႏိုင္ေတာ့။ ညည္းညဴသံ တစ္ခ်က္ ျပဳလိုက္ရင္း အဆိုပါေနရာမွာပင္ လဲက်သြားေလေတာ့၏။ သို႔ေသာ္ ေအာက္ကိုကား ျပဳတ္က်မလာ။
“ေဝး ေဟးေဟးေဟး”
ရင္ျပင္ေတာ္ေပၚရွိလူအုပ္ႀကီးက တေဟးေဟးဟစ္ေအာ္ရင္း ျငာသံဝိုင္းေပးသည္။ သို႔ေသာ္ျငား က်ားကေတာ့ ထိုေနရာမွာပင္ ေနျမဲ။သည္ေတာ့ စိတ္ျမန္လက္ျမန္ ကပၸတိန္ဂ်င္းနင္းက သူ ေနရာယူထားသည့္ တန္ေဆာင္းေပၚမွဆင္းၿပီး ဝါးျငမ္းအတိုင္း ခပ္သုတ္သုတ္တက္သြားသည္။ သူ႔ေက်ာေပၚမွာေတာ့ လက္စဲြေတာ္ ႏွစ္လုံးျပဴး ေသနတ္ကို စလြယ္သိုင္း လြယ္ထားလ်က္။ အေပၚေရာက္ေတာ့ က်ားကိုေတြ႕သည္။ ဒဏ္ရာေတြဗရပြ ရေနၿပီျဖစ္ေသာ္လည္း အသက္ျပင္းလြန္းလွသည့္ အႏွီက်ားက အသက္ မေသေသး။ ညည္းညဴသံေတြေပးေနရင္း အသက္ငင္ေနသည္မို႔ ကပၸတိန္ဂ်င္းနင္းက အနီးကပ္ အေသအခ်ာခ်ိန္ရြယ္ကာ ပဲြသိမ္း က်ည္ဆန္တစ္ေတာင့္ကို ပစ္သြင္းလိုက္ေလ၏။
“ဒိန္း”
သည္တစ္ခါေတာ့ အဆိုပါက်ား ဇီဝိန္ခ်ဳပ္ေလၿပီ။ အသက္ ကင္းမဲ့ေနၿပီျဖစ္ေသာ အဆိုပါက်ားေသေကာင္ကို ကပၸတိန္ဂ်င္းနင္းက တျဖည္းျဖည္းခ်င္း ေအာက္သို႔ ဆြဲခ်လာေလ၏။
ရင္ျပင္ေတာ္ေပၚသို႔ေရာက္လာေသာ က်ားေသကာင္ကို အေသအခ်ာၾကည့္ရႈေတာ့မွ အဆိုပါက်ားက က်ားထီးမဟုတ္၊ သန္တုန္း ျမန္တုန္းအရြယ္ က်ားမတစ္ေကာင္ ျဖစ္ေနေလ၏။ ကိုယ္ခႏၶာကို တုိင္းထြာၾကည့္ေသာအခါ အၿမီးဖ်ားကေန ဦးေခါင္းအထိ အလ်ား႐ွစ္ေပတိတိ။
*****************************
ေကာင္းၿပီ..
ေရႊတိဂုံေစတီေတာ္ေပၚသို႔ အဆိုပါက်ားက မည္သို႔မည္ပုံ ေရာက္ရွိလာပါသနည္း…
ထိုစဥ္တုန္းက ရန္ကုန္ၿမိဳ႕ေနလူထုကို ေရေပးေဝရန္အတြက္ အဂၤလိပ္အစိုးရက ေလွာ္ကားကန္ႀကီးကို တူးေဖာ္ ေဆာက္လုပ္ေနသည္။ စက္ယႏၱရားမ်ားသာမက မ်ားျပားလြန္းလွေသာ လုပ္သားအင္အားမ်ားကိုပါ အသုံးျပဳေနခ်ိန္ျဖစ္သည္။ သိၾကသည့္အတိုင္းေလွာ္ကားကန္ဆိုသည္က ရန္ကုန္ၿမိ႕အစြန္၊ ရိုးမေတာႀကီးရဲ႕ အစပ္။ ၿပီးေတာ့ ထိုအခ်ိန္က ေလွာ္ကားကန္တစ္ဝိုက္ဆိုသည္ကား တကယ့္ကို ေတာႀကီးမ်က္မည္း။ ေတာထူေတာ့ သားရဲတိရစၧာန္ေတြ ေပ်ာ္ျမဴး က်က္စားၾကသည္။ သမင္၊ ယုန္၊ ဒရယ္၊ ေခ်၊ ေတာဝက္ စသည့္ ေတာေကာင္ငယ္မ်ားရွိသလို ေတာဆင္ရိုင္းမ်ား၊ က်ားမ်ားပါ ခိုေအာင္းေနတတ္သည္။
ေလွာ္ကားကန္တည္ေဆာက္ေနခ်ိန္မွာ လူသူမ်ား အေရာက္အေပါက္မ်ားလာသည္မို႔ က်န္သည့္ေတာေကာင္ငယ္မ်ားက ေတာနက္ရာ ေဒသမ်ားသို႔ ေရႊ႕ေျပာင္းေနစဥ္ အဆိုပါက်ားက မ်က္စိလည္ လမ္းမွားၿပီး ရန္ကုန္ၿမိဳ႕ထဲသို႔ ဝင္လာမိပုံရသည္။ ထို႔ေနာက္ လုံးေတာ္ျပည့္ေရႊသကၤန္းကပ္ရန္ ဆင္ထားသည့္ ဝါးျငမ္းမ်ားမွတစ္ဆင့္ ေရႊတိဂုံ ေစတီတာ္ျမတ္ႀကီး၏ ကိုယ္လုံးေတာ္ေပၚသို႔ ႀကံႀကံဖန္ဖန္ တက္ေရာက္လာမိျခင္းျဖစ္မည္ဟု အဂၤလိပ္ အမဲပစ္မုဆိုးမ်ားက ခန္႔မွန္း ေျပာဆိုၾကသည္။
၁၈၈၀ ျပည့္ႏွစ္ ဒီဇင္ဘာလတုန္းကလည္း စတီဗင္ဆင္လမ္း (ယခု- လွည္းတမ္းလမ္း) သို႔ က်ားတစ္ေကာင္ မ်က္စိလည္လမ္းမွားၿပီး ဝင္ေရာက္လာသျဖင့္ အဂၤလိပ္မုဆိုးမ်ားက ဝိုင္ဝန္းပစ္ခတ္ ဖမ္းဆီးခဲ့ရသည္ မဟုတ္ေလာ။ အဂၤလိပ္အာဏာပိုင္မ်ားက အဆိုပါက်ားသတင္းကို ေနာက္ေၾကာင္းျပန္ စုံစမ္းၾကည့္ၾက၊ ေျခရာခံၾကည့္ၾကေသာအခါ ေရႊတိဂုံေစတီေတာ္ေပၚသို႔မတက္မီ အႏွီက်ားက ပုဇြန္ေတာင္ အမဲသတ္ရုံ (ယခု- မဂၤလာေတာင္ညႊန္႔ၿမိဳ႕နယ္ အားကာဝင္း) အနီးရွိ ဟင္းသီးဟင္းရြက္ စိုက္ခင္းမ်ားထဲသို႔လည္း ဝင္ေမႊခဲ့သည္.. တဲ့။
ၿပီးေတာ့ ကုကိၠဳင္း ေရကူးရြာဘက္က ၿခံတစ္ၿခံ အတြင္းသို႔လည္း အတင့္ရဲစြာဝင္ေရာက္ၿပီး ႏြားမတစ္ေကာင္ကို ကိုက္သတ္စားခဲ့ေသးသည္.. တဲ့။ ဒါတင္မက ေဘာင္ဒရီလမ္း (ယခု- ဓမၼေစတီလမ္း) ရွိ ေနအိမ္တစ္အိမ္၏ ေနာက္ေဖးခန္းအတြင္းသို႔လည္း ေျခစၾကာ ျဖန္႔ခဲ့ေသးသည္တဲ့ေလ။ ၾကည့္ရတာေတာ့ ယခင္ သူ အမဲလိုက္ေနက် ေလွာ္ကားကန္ အနီးတစ္ဝိုက္မွ ေတာေကာင္ငယ္ကေလးမ်ားက ေတာပိုနက္သည့္ ရိုးမေတာႀကီးထဲသို႔ ေျပာင္းေရႊ႕သြားၾကသျဖင့္ လူတ္ုိ႔ရပ္ရြာအတြင္း က်ဴးေက်ာ္လာကာ လူတို႔ေမြးျမဴထားသာ ဆိတ္၊ ႏြား၊ သိုး၊ ဝက္ စသည့္ အိမ္ေမြးတိရစၧာန္မ်ားကို ကိုက္သတ္စားရန္ က်ဴးေက်ာ္ဝင္ေရာက္လာရင္း ေသခ်င္တဲ့က်ား ေတာေျပာင္းဆိုသလို ျဖစ္သြားဟန္တူပါသည္။
အဆိုပါ ေရႊတိဂုံဘုရားေပၚသို႔ က်ားတက္သည့္သတင္းက ရန္ကုန္ၿမိဳ႕မွာသာမက တစ္ႏုိင္ငံလုံးသို႔ တစ္မုဟုတ္ခ်င္း ပ်ံ႕ႏွံ႔သြားၿပီး ဟုိးေလးတေက်ာ္ ျဖစ္ခဲ့ရသည္။ အနယ္နယ္ အရပ္ရပ္မွ ဘုရားဖူးပရိသတ္မ်ားလည္း ယခင္ကထက္ ပုိမုိမ်ားျပားလာသည္။ နတ္ယုံၾကည္သူ တခ်ိဳ႕ကေတာ့ အဆိုပါကိစၥကို “ေမွာ္ဘီနတ္ႀကီး ေရႊတိဂုံဘုရားဖူး လာသည္” ဟု အရပ္ထဲမွာ တိုးတိုးတိတ္တိတ္ ေျပာၾကသည္တဲ့ေလ။
ထို႔အျပင္ ေရႊေတာင္ဆရာလြန္း (ေနာင္- ဆရာႀကီး ူသခင္ကိုယ္ေတာ္မိႈင္း) ကလည္း “ေရႊတိဂုံဘုရားအမွဴးကုိ က်ားအဖူးတက္ေသာ ျပဇာတ္” အမည္ရွိ ျပဇာတ္စာအုပ္တစ္အုပ္ကို ေရးသား ထုတ္ေဝခဲ့ရာ ထိုေခတ္အခါတုန္းက ေရာင္းမေလာက္ေအာင္ လူၾကဳိက္မ်ားခဲ့သည္တဲ့။
ထိုေခတ္က ကျပေဖ်ာ္ေျဖခဲ့ၾကသည့္ ဇာတ္ပဲြမ်ားႏွင့္ အၿငိမ့္ပဲြမ်ားမွာလည္း လူရႊင္ေတာ္မ်ားက..
“ေရႊတိဂုံဘုရားမွာ က်ားတက္တာ ငါးရက္ၾကာသေနာ္.. အုိ.. ေရႊတိဂုံဘုရားမွာလ က်ားတက္တာ ငါးရက္ၾကာသဗ်.. ေဂၚရာေတြဝုိင္း ေသနတ္နဲ႔ပစ္ က်ားစင္းစင္းေသ” ဆိုၿပီး သီခ်င္းစပ္ဆိုရင္း ျပက္လုံးေတြထုတ္ခဲ့ၾကရာမွာ ေရႊပဲြလာ ပရိသတ္မ်ားက လက္ခုပ္သံတေျဖာင္းေျဖာင္းျဖင့္ အားေပးခဲ့ၾကသည္ဟု မွတ္သားခဲ့ရပါေၾကာင္း…။
ေလးစားလ်က္
Thu Hlaing
#Unicode Version#
အချိန်က ၁၉၀၃ ခုနှစ်..
တစ်နည်းပြောရလျှင် အင်္ဂလိပ်ကိုလိုနီ နယ်ချဲ့တို့၏လက်အောက်တွင် မြန်မာတစ်မျိုးသားလုံး ကျွန်သပေါက်ဘဝဖြင့် ကိုယ်နှုတ်နှလုံး သုံးပါးစလုံး ညှိုးငယ်စွာ နေထိုင်နေရသည့် အချိန်..
ထိုအချိန်က ရန်ကုန်မြို့ကြီးသည် မြို့ဟုခေါ်သော်လည်း လူနေအိမ်ခြေ နည်းပါးလွန်းလှပြီး နေရာ အတော်များများမှာ သစ်ပင်သစ်တောကြီးများ၊ ခြုံနွယ်များသာ ဖုံးလွှမ်းလျက်ရှိနေ၏။ ဆူးလေစေတီတော်ဝန်းကျင် ရန်ကုန်မြို့လယ်ကောင်တစ်ဝိုက်နှင့် သိမ်ကြီးဈေးအနီးတစ်ဝိုက်လောက်မှာသာ အစိုးရ အဆောက်အဦများနှင့် လူနေအိမ်ခြေ တိုက်တာ အိုးအိမ်များ များပြားပြီး ကျန်သည့်နေရာ အတော်များများမှာတော့ တောအုပ်ကြီးသဖွယ် ဖြစ်နေလေ၏။
သူ့ကျွန်ဘဝရောက်နေသော်လည်း ထေရဝါဒ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများမှာ အလှူရေစက် လက်နှင့်မပြတ်ကြ။ ဘုရားရှင်၏သားတော် ရဟန်းသံဃာများ စိတ်အေးချမ်းသာစွာဖြင့် သာသနာပြုနိုင်ရန်အတွက် ကျောင်း၊ သင်္ကန်း၊ ဆွမ်း၊ ဆေး.. အစရှိသည့် ပစ္စည်းလေးပါးများကို စဉ်ဆက်မပြတ် ဆက်ကပ် လှူဒါန်းနေကြသလို၊ မြန်မာတို့၏အသည်းနှလုံး သိဂုၤတ္တရ ကုန်းတော်ပေါ်ရှိ လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်မြတ်ကြီးကိုလည်း လုံးတော်ပြည့် ရွှေသင်္ကန်းများ ကပ်လှူ ပူဇော်နိုင်ရန်အတွက် ဝိုင်းဝန်း ပြင်ဆင်နေကြလေသည်။
မြန်မာသက္ကရာဇ် ၁၂၆၄ ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် ရွှေတိဂုံ စေတီတော်မြတ်ကြီး၌ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ခြိမ့်ခြိမ့်သည်းသည်း ကျင်းပကြမည်ဖြစ်သည်။ ထို့ကြောင့် ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က အနယ်နယ်အရပ်ရပ်မှ ထေရဝါဒ ဗုဒ္ဓဘာသာဝင် မြန်မာပြည်သူများ စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် ထည့်ဝင်လှူဒါန်းထားကြသည့် ရွှေစင်ရွှေပြားများကို ရွှေတိဂုံ စေတီတော်မြတ်ကြီးအား တပေါင်းလပြည့် ဗုဒ္ဓပူဇနိယပွဲတော်အမီ ကပ်လှူ ပူဇော်နိုင်ရန်အတွက် ကိုယ်လုံးတော်အား ဝါးများဖြင့်ငြမ်းဆင်ကာ အင်တိုက်အားတိုက်ဖြင့် ဆောင်ရွက်နေကြလေသည်။ စေတီတော်ပေါ်တွင် ဂေါပကအဖွဲ့ဝင်များ၊ အလုပ်သမားများ၊ ဘုရားဖူးပြည်သူများဖြင့် လွန်စွာမှ စည်ကားနေသည့်အချိန်လည်း ဖြစ်နေပေတော့သည်။
သည်လိုနှင့် ခရစ်နှစ် ၁၉၀၃ ခုနှစ်၊ မတ်လ ၂ ရက် (မြန်မာသက္ကရာဇ် ၁၂၆၄ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက်) နေ့သို့ရောက်လာသည်။ မှတ်မှတ်ရရ ထိုနေ့ကား တနင်္လာနေ့၊ နံနက်ပိုင်းဖြစ်၏။ ပွဲတော်ရက်နီးကပ်လာပြီမို့ ရွှေသင်္ကန်းကပ်လှူကြမည့် အလုပ်သမားများမှာ ဝါးငြမ်းများကို တစ်ခုပြီးတစ်ခုကျော်လွှားရင်း ကျွမ်းကျင်စွာတက်သွားကြသည်မှာ ဆပ်ကပ်ပွဲ တစ်ခုလေအလား။ ထိုစဉ် ရွှေတိဂုံစေတီတော်မြတ်ကြီး ကိုယ်လုံးတော်ပေါ်မှ “ခေါင်းလောင်းပုံအနားလန်စွန်း” ၌ ဝါဝါစင်းစင်း အရာတစ်ခု ရှိနေသည်ကို အလုပ်သမားတချို့က လှမ်းမြင်လိုက်မိကြလေသည်။ မနေ့က အလုပ်သမားတချို့ ငြမ်းပေါ်မှပြန်ဆင်းရင်း မေ့ကျန်ထားခဲ့ကြသည့် ပစ္စည်းပစ္စယ တစ်ခုခုလေလား.. သို့တည်းမဟုတ် အဝတ်အစား တစ်ခုခုလေလား..
“အလိုလေး.. ကျားဗျို့.. ကျား ကျား”
“အီး.. လုပ်ကြပါဦးဗျ..
ဘုရားပေါ်မှာ ကျားကြီးဗျ”
ရှေ့ဆုံးမှတက်သွားသည့် အလုပ်သမားတချို့က ထိတ်လန့်စွာ အော်ဟစ်လိုက်ရင်း ဝါးငြမ်းများပေါ်မှ ဒရောသောပါးဖြင့် ပြန်ပြေးဆင်းလာကြသည်။ အောက်ခြေမှအပေါ်သို့ တက်လုတက်ဆဲ အလုပ်သမားများကလည်း အပေါ်ကလူတွေ ပြန်ပြေးဆင်းလာမှတော့ နဝေတိမ်တောင်ဖြင့် သူ့ထက်ငါအလုအယက် ဆင်းပြေးကြပြီပေါ့။ တစ်ယောက်အပေါ်တစ်ယောက် တိုးမိ တိုက်မိ ခိုက်မိရင်း အလဲလဲ အကွဲကွဲ ရုတ်ရုတ်သဲသဲ။
“ဘယ့်နှယ်..
တောကြီးမျက်မည်းထဲမှာသာနေတတ်တဲ့ အသားစားသတ္တဝါမျိုးနွယ်ဝင် သားရဲတိရစ္ဆာန် ကျားရိုင်းတစ်ကောင်က ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်ကို တက်လာရုံသာမက ကိုယ်လုံးတော်ပေါ်မှာတောင် ဝပ်နေသတဲ့လား။ မဖြစ်နိုင်တာပဲ”
ဤသို့ဤနှယ် အတွေးဝင်မိကြသော ဘုရားဖူးပြည်သူအချို့က မယုံသင်္ကာ ဒွိဟစိတ်ဖြင့် အပြေးအလွှား လာကြည့်ကြသည်။ ဝါးငြမ်းများကွယ်နေ၍ တော်တော်နှင့် မမြင်ရ။ အသေအချာ စူးစိုက်ပြီးကြည့်ကြည့်တော့မှ တွေ့လိုက်ရပါလေပြီ။
“အလိုလေး.. ဟုတ်သဟ.. ကျားသားမိုးကြိုး.. ဘုရားပေါ်မှာ ကျားကြီးတစ်ကောင် ဝပ်နေသဟ”
“ဟုတ်ပါ့တော်.. ဘယ်လိုကဘယ်လို ဘုရာပေါ်ရောက်နေပါလိမ့်။ ရင်ပြင်တော်ပေါ် ဆင်းချလာရင်တော့ ဒုက္ခတော်ရေ့”
နံနက်စောစော ဘုရားရင်ပြင်တော်ပေါ်သို့ ဘုရားဖူး၊ တရားထိုင်၊ ပုတီးစိပ် စသည်ဖြင့် ရောက်ရှိနေကြသော အလွှာပေါင်းစုံမှ ဘုရားဖူးပြည်သူများလည်း တစ်ယောက်တစ်ပေါက်ပြောဆိုရင်း ထိတ်ထိတ်ပျာပျာ ဖြစ်ကုန်ကြတော့သည်။ ကလေးတွေကိုလက်ဆွဲပြီး ရင်ပြင်တော်ပေါ်ကနေ ဆင်းပြေးသူတွေကလည်း ဆင်းပြေးကြသည်။ “ဘယ်သူရေ ဘယ်ဝါရေ” စသည်ဖြင့် အော်ဟစ် ခေါ်ဆိုနေသံများကလည်း ကျွက်ကျွက်ညံလို့။
ထိုသတင်းက ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်မှာသာမက ရန်ကုန်တစ်မြို့လုံးသို့ပါ တစ်မုဟုတ်ချင်းမှာပင် တောမီးပမာ ကူးစက်ပျံ့နှံ့သွားလေတော့သည်။ သတင်းကြား၍ ဘုရားပေါ်သို့ အပြေးအလွှားတက်လာပြီး ဝိုင်းအုံ ကြည့်ရှုနေကြသူများကလည်း ရောက်လာမစဲ တဖွဲဖွဲ။ တစ်ယောက်တစ်ပေါက် ပြောဆို ညွှန်ပြ အော်ဟစ်နေကြရင်း စိတ်ထင်ရာ မှတ်ချက်ပေးနေကြသူများကလည်း အများအပြား။ ဂေါပကအဖွဲ့ဝင်များလည်း မျက်လုံးပြူးနေပြီ။ ရင်ပြင်တော်တစ်ခုလုံးမှာတော့ အုတ်အုတ်ကျက်ကျက် ဖြစ်နေကြလေပြီတကား။
****************************
သို့နှင့် ထိုနေ့နံနက် ၈ နာရီခန့်သို့ရောက်လာသည်။ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးရွှေဝိုင်းက ထိုသတင်းကို ရန်ကုန်မြို့ရှိ မျက်နှာဖြူ အရေးပိုင်မင်းကြီးထံ အပြေးအလွှား သွားရောက်သတင်းပို့သည်။ အရေးပိုင်လည်း အစကသိပ်မယုံချင်။ သို့သော် ဦးရွှေဝိုင်းက အတိအကျ သတင်းပေးနေပြီမို့ မနေသာတော့။ သည်တော့ ရန်ကုန်မြို့တွင်တပ်စွဲထားသည့် အင်္ဂလိပ်စစ်တပ်မှ ကာနယ် အီးလောဖို့ဒ်ထံသို့ စာတစ်စောင် ချက်ချင်းရေးပေးလိုက်လေသည်။ ထိုစာကိုယူပြီး ဦးရွှေဝိုင်းတစ်ယောက် ကာနယ် အီးလော့ဖို့ဒ်ရှိရာသို့ သုတ်ခြေတင်ရပြန်လေ၏။
ခဏအကြာမှာတော့ သူတို့နှစ်ယောက်သား နီးစပ်ရာ အင်္ဂလိပ်အရာရှိ တချို့၏ နေအိမ်များကို ဝင်ရောက်အသိပေးရင်း သေနတ်ရှာရသည်။ ကပ္ပတိန်ဂျင်းနင်း၏နေအိမ်မှ နှစ်လုံးပြူးသေနတ်တစ်လက် ရလာသည်မို့ ကပ္ပတိန်ဂျင်းနင်းနှင့် ကပ္ပတိန်ဘီဗီးလ်တို့ကိုပါ သူတို့နှင့်အတူ တစ်ပါတည်းခေါ်လာပြီး ရွှေတိဂုံ စေတီတော်ပေါ်သို့ အပြေးအလွှား တက်လာခဲ့ကြရပေပြီ။ သူတို့လူစု ရင်ပြင်တော်ပေါ်သို့ ရောက်ရှိသွားချိန်မှာတော့ လူအုပ်ကြီးက တိုးမပေါက်အောင် စည်ကားနေလေပြီတကား။
****************
ကာနယ်အီးလော့ဖို့ဒ်က ရင်ပြင်တော်ပေါ်မှနေ၍ အဆိုပါ ကျားဝပ်နေသည့် နေရာကို လှမ်းကြည့်လိုက်လေသည်။ အလှမ်းဝေးနေသည်မို့ တစ်ကောင်လုံးကိုမမြင်ရ။ အသေအချာ စူးစိုက်ကြည့်တော့မှသာ ကျား၏ ကျောကုန်းပိုင်း၊ နောက်ခြေထောက်နှင့် အမြီးကလေးကိုသာ လှမ်းမြင်လိုက်ရလေ၏။ ပြောမယုံ ကြုံဖူးမှသိလိုက်ရပေကော။ ကာနယ် အီးလော့ဖို့ဒ် မည်သို့ဆုံးဖြတ်ရမည်နည်း။
မတတ်နိုင်..
လူများ အန္တရာယ်ကင်းစေဖို့အတွက် အဆိုပါ ကျားကို သေနတ်နှင့်ပစ်ခတ်ပြီး သုတ်သင် ရှင်းလင်းရပေတော့မည်။ သို့သော် နေရာက အတော်ဝေးနေသည့်အပြင် ဘုရားကြီး၏ ကိုယ်လုံးတော်ပေါ်မှာဝပ်နေသည့် ထိုကျားကို ရင်ပြင်တော်ပေါ်မှနေ၍ လှမ်းပစ်မည်ဆိုပါက ချက်ကောင်းကို ထိမှန်နိုင်မည်မဟုတ်။ အသက်မသေဘဲ ဒဏ်ရာရရုံသာရသွားပါက ရင်ပြင်တော်ပေါ်သို့ဆင်းပြေးလာရင်း အောက်မှ လူများကို ကျားနာခဲ ခဲပေတော့မည်။
ထို့ပြင် ဒဏ်ရာရသွားသည့် တောရိုင်းတိရစ္ဆာန်များက လူသားများကို ပို၍ ဒုက္ခပေးတတ်သည်ဟု သူ ကြားဖူးထားသည်။ သည်တော့ ကာနယ် အီးလော့ဖို့ဒ်က သူနှင့်အတူပါလာသည့် ကပ္ပတိန် ဂျင်းနင်းကို တန်ဆောင်းတစ်ခုပေါ်သို့တက်စေပြီး အသင့်နေရာယူခိုင်းလိုက်လေသည်။ ကပ္ပတိန်ဗီဘီးလ်ကိုတော့ လီဗာပူးလ် ဘုရင့်ရိုင်ဖယ်တပ်ရင်းသို့ အမြန် စေလွှတ်လိုက်ပြီး ရိုင်ဖယ်သေနတ်ကိုင် ဂေါ်ရာ စစ်သားများကို ချက်ချင်း ခေါ်ခိုင်းလိုက်လေ၏။
သို့နှင့် များမကြာမီအချိန်တွင် ကပ္ပတိန်ဗီဘီးလ်နှင့်အတူ ရိုင်ဖယ်သေနတ်ကိုင် ဂေါ်ရာစစ်သား ၁၄ ယောက် ရင်ပြင်တော်ပေါ်သို့ ရောက်ရှိလာပြီး ကာနယ်အီးလော့ဖို့်ဒ်အား သတိဆွဲ သတင်းပို့လေသည်။ အဆိုပါ ဂေါ်ရာစစ်သား ၁၄ ယောက်အား ကာနယ်က ခုနစ်ယောက်တစ်ဖွဲ့နှုန်းဖြင့် တပ်ဖွဲ့ နှစ်ဖွဲ့ခွဲလိုက်သည်။ အစောက ကပ္ပတိန်ဂျင်းနင်း နေရာယူထားသော တန်ဆောင်းကြီး၏ တစ်ဖက်တစ်ချက်စီတွင် ဂေါ်ရာစစ်သားများအား အမြန်နေရာချလိုက်သည်။
သေနတ်ကိုင် အရာရှိ စစ်သားများအားလုံး အသင့်ဖြစ်သွားချိန်မှာတော့..
“ဖိုင်းယား”
“ဒုန်း ဒုန်း”
“ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း”
ကာနယ်အီးလော့ဖို့ဒ်ထံမှ ပစ်မိန့်ပေးသံအဆုံးတွင် ကပ္ပတိန်ဂျင်းနင်း၏ လက်ထဲမှ နှစ်လုံးပြူးသေနတ်နှင့် ဂေါ်ရာ စစ်သားများ၏ ရိုင်ဖယ်သေနတ် ပြောင်းဝများမှ သေမင်းတမန် ကျည်ဆန်များက ပြင်းထန်သော ပေါက်ကွဲသံများကို ဆူညံစွာပြုရင်း ကျားဝပ်နေရာဆီသို့ အလုအယက် ပြေးထွက်သွားကြလေ၏။
သို့သော် အနှီကျားကပဲ ကံကောင်းနေလေသည်လားမသိ။ တဒုန်းဒုန်း တဒိုင်းဒိုင်းဖြင့် ပစ်ခတ်နေကြသော အဆိုပါကျည်ဆန်များမှာ ကျားကို တစ်ချက်ကလေးမှ မထိ။ ကျားဝပ်နေသော ခေါင်းလောင်းပုံအစွန်းကိုသာ ကျည်ဆန်များ ထိသွားကြောင်း ဖွာကနဲ ဖွာကနဲ လွှင့်စင် ထွက်ကျလာသည့် အုတ်စ၊ အင်္ဂတေစများက သက်သေခံနေလေသည်။
“ဝေါင်း”
ဆူညံသောသေနတ်သံများကြောင့် မာန်ဖီသံတစ်ချက်ပြုလိုက်ရင်း အဆိုပါကျားက ဝပ်နေရာမှ ခေါင်းထောင်၍ထကြည့်လိုက်သည်။ အဆိုပါအခွင့်အရေးကို တန်ဆောင်းပေါ်မှာ အသင့်နေရာယူထားသည့် ကပ္ပတိန်ဂျင်းနင်းက လုံးဝ လက်လွတ်မခံ။
“ဒုန်း ဒုန်း”
ကပ္ပတိန်ဂျင်းနင်း၏လက်ထဲမှ နှစ်လုံးပြူးသေနတ်က မြည်ဟည်းသံနှစ်ချက်ကို ဆက်တိုက်ပြုလိုက်ရင်း ကျားရှိရာသို့ ခဲပူတောင့်တွေ ဆက်တိုက်ပြေးဝင်သွားလေ၏။
“ဝေါင်း ဝေါင်း”
ရင်ဘတ်နှင့်ဝဲယာပုခုံးများကို ကျည်ဆန်များ ထိမှန်သွားမှုကြောင့် ကျားက နာကျင်စွာညည်းညူရင်း မာန်ဖီလိုက်လေသည်။ နီးစပ်ရာကိုလူးလှိမ့်ကုတ်ခြစ်ရင်း ပတပ်ထရပ်ဖို့ ကြိုးစားနေသည်။
“ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း”
“ဒုန်း ဒုန်း”
သွေးရူးသွေးတန်းဖြစ်နေသော အဆိုပါကျားကို ဂေါ်ရာစစ်သားများနှင့် ကပ္ပတိန်ဂျင်းနင်းက ကျည်ဆန်တွေ တရစပ်ပစ်လွှတ်လိုက်လေသည်။ ထိတာလည်း ရှိသည်။ လွဲတာလည်း ရှိသည်။ ကြာတော့ အနှီကျား မခံနိုင်တော့။ ညည်းညူသံ တစ်ချက် ပြုလိုက်ရင်း အဆိုပါနေရာမှာပင် လဲကျသွားလေတော့၏။ သို့သော် အောက်ကိုကား ပြုတ်ကျမလာ။
“ဝေး ဟေးဟေးဟေး”
ရင်ပြင်တော်ပေါ်ရှိလူအုပ်ကြီးက တဟေးဟေးဟစ်အော်ရင်း ငြာသံဝိုင်းပေးသည်။ သို့သော်ငြား ကျားကတော့ ထိုနေရာမှာပင် နေမြဲ။သည်တော့ စိတ်မြန်လက်မြန် ကပ္ပတိန်ဂျင်းနင်းက သူ နေရာယူထားသည့် တန်ဆောင်းပေါ်မှဆင်းပြီး ဝါးငြမ်းအတိုင်း ခပ်သုတ်သုတ်တက်သွားသည်။ သူ့ကျောပေါ်မှာတော့ လက်စွဲတော် နှစ်လုံးပြူး သေနတ်ကို စလွယ်သိုင်း လွယ်ထားလျက်။ အပေါ်ရောက်တော့ ကျားကိုတွေ့သည်။ ဒဏ်ရာတွေဗရပွ ရနေပြီဖြစ်သော်လည်း အသက်ပြင်းလွန်းလှသည့် အနှီကျားက အသက် မသေသေး။ ညည်းညူသံတွေပေးနေရင်း အသက်ငင်နေသည်မို့ ကပ္ပတိန်ဂျင်းနင်းက အနီးကပ် အသေအချာချိန်ရွယ်ကာ ပွဲသိမ်း ကျည်ဆန်တစ်တောင့်ကို ပစ်သွင်းလိုက်လေ၏။
“ဒိန်း”
သည်တစ်ခါတော့ အဆိုပါကျား ဇီဝိန်ချုပ်လေပြီ။ အသက် ကင်းမဲ့နေပြီဖြစ်သော အဆိုပါကျားသေကောင်ကို ကပ္ပတိန်ဂျင်းနင်းက တဖြည်းဖြည်းချင်း အောက်သို့ ဆွဲချလာလေ၏။
ရင်ပြင်တော်ပေါ်သို့ရောက်လာသော ကျားသေကာင်ကို အသေအချာကြည့်ရှုတော့မှ အဆိုပါကျားက ကျားထီးမဟုတ်၊ သန်တုန်း မြန်တုန်းအရွယ် ကျားမတစ်ကောင် ဖြစ်နေလေ၏။ ကိုယ်ခန္ဓာကို တိုင်းထွာကြည့်သောအခါ အမြီးဖျားကနေ ဦးခေါင်းအထိ အလျားရှစ်ပေတိတိ။
*****************************
ကောင်းပြီ..
ရွှေတိဂုံစေတီတော်ပေါ်သို့ အဆိုပါကျားက မည်သို့မည်ပုံ ရောက်ရှိလာပါသနည်း…
ထိုစဉ်တုန်းက ရန်ကုန်မြို့နေလူထုကို ရေပေးဝေရန်အတွက် အင်္ဂလိပ်အစိုးရက လှော်ကားကန်ကြီးကို တူးဖော် ဆောက်လုပ်နေသည်။ စက်ယန္တရားများသာမက များပြားလွန်းလှသော လုပ်သားအင်အားများကိုပါ အသုံးပြုနေချိန်ဖြစ်သည်။ သိကြသည့်အတိုင်းလှော်ကားကန်ဆိုသည်က ရန်ကုန်မြိ့အစွန်၊ ရိုးမတောကြီးရဲ့ အစပ်။ ပြီးတော့ ထိုအချိန်က လှော်ကားကန်တစ်ဝိုက်ဆိုသည်ကား တကယ့်ကို တောကြီးမျက်မည်း။ တောထူတော့ သားရဲတိရစ္ဆာန်တွေ ပျော်မြူး ကျက်စားကြသည်။ သမင်၊ ယုန်၊ ဒရယ်၊ ချေ၊ တောဝက် စသည့် တောကောင်ငယ်များရှိသလို တောဆင်ရိုင်းများ၊ ကျားများပါ ခိုအောင်းနေတတ်သည်။
လှော်ကားကန်တည်ဆောက်နေချိန်မှာ လူသူများ အရောက်အပေါက်များလာသည်မို့ ကျန်သည့်တောကောင်ငယ်များက တောနက်ရာ ဒေသများသို့ ရွှေ့ပြောင်းနေစဉ် အဆိုပါကျားက မျက်စိလည် လမ်းမှားပြီး ရန်ကုန်မြို့ထဲသို့ ဝင်လာမိပုံရသည်။ ထို့နောက် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်ရန် ဆင်ထားသည့် ဝါးငြမ်းများမှတစ်ဆင့် ရွှေတိဂုံ စေတီတာ်မြတ်ကြီး၏ ကိုယ်လုံးတော်ပေါ်သို့ ကြံကြံဖန်ဖန် တက်ရောက်လာမိခြင်းဖြစ်မည်ဟု အင်္ဂလိပ် အမဲပစ်မုဆိုးများက ခန့်မှန်း ပြောဆိုကြသည်။
၁၈၈၀ ပြည့်နှစ် ဒီဇင်ဘာလတုန်းကလည်း စတီဗင်ဆင်လမ်း (ယခု- လှည်းတမ်းလမ်း) သို့ ကျားတစ်ကောင် မျက်စိလည်လမ်းမှားပြီး ဝင်ရောက်လာသဖြင့် အင်္ဂလိပ်မုဆိုးများက ဝိုင်ဝန်းပစ်ခတ် ဖမ်းဆီးခဲ့ရသည် မဟုတ်လော။ အင်္ဂလိပ်အာဏာပိုင်များက အဆိုပါကျားသတင်းကို နောက်ကြောင်းပြန် စုံစမ်းကြည့်ကြ၊ ခြေရာခံကြည့်ကြသောအခါ ရွှေတိဂုံစေတီတော်ပေါ်သို့မတက်မီ အနှီကျားက ပုဇွန်တောင် အမဲသတ်ရုံ (ယခု- မင်္ဂလာတောင်ညွှန့်မြို့နယ် အားကာဝင်း) အနီးရှိ ဟင်းသီးဟင်းရွက် စိုက်ခင်းများထဲသို့လည်း ဝင်မွှေခဲ့သည်.. တဲ့။
ပြီးတော့ ကုက္ကိုင်း ရေကူးရွာဘက်က ခြံတစ်ခြံ အတွင်းသို့လည်း အတင့်ရဲစွာဝင်ရောက်ပြီး နွားမတစ်ကောင်ကို ကိုက်သတ်စားခဲ့သေးသည်.. တဲ့။ ဒါတင်မက ဘောင်ဒရီလမ်း (ယခု- ဓမ္မစေတီလမ်း) ရှိ နေအိမ်တစ်အိမ်၏ နောက်ဖေးခန်းအတွင်းသို့လည်း ခြေစကြာ ဖြန့်ခဲ့သေးသည်တဲ့လေ။ ကြည့်ရတာတော့ ယခင် သူ အမဲလိုက်နေကျ လှော်ကားကန် အနီးတစ်ဝိုက်မှ တောကောင်ငယ်ကလေးများက တောပိုနက်သည့် ရိုးမတောကြီးထဲသို့ ပြောင်းရွှေ့သွားကြသဖြင့် လူတို့ရပ်ရွာအတွင်း ကျူးကျော်လာကာ လူတို့မွေးမြူထားသာ ဆိတ်၊ နွား၊ သိုး၊ ဝက် စသည့် အိမ်မွေးတိရစ္ဆာန်များကို ကိုက်သတ်စားရန် ကျူးကျော်ဝင်ရောက်လာရင်း သေချင်တဲ့ကျား တောပြောင်းဆိုသလို ဖြစ်သွားဟန်တူပါသည်။
အဆိုပါ ရွှေတိဂုံဘုရားပေါ်သို့ ကျားတက်သည့်သတင်းက ရန်ကုန်မြို့မှာသာမက တစ်နိုင်ငံလုံးသို့ တစ်မုဟုတ်ချင်း ပျံ့နှံ့သွားပြီး ဟိုးလေးတကျော် ဖြစ်ခဲ့ရသည်။ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးပရိသတ်များလည်း ယခင်ကထက် ပိုမိုများပြားလာသည်။ နတ်ယုံကြည်သူ တချို့ကတော့ အဆိုပါကိစ္စကို “မှော်ဘီနတ်ကြီး ရွှေတိဂုံဘုရားဖူး လာသည်” ဟု အရပ်ထဲမှာ တိုးတိုးတိတ်တိတ် ပြောကြသည်တဲ့လေ။
ထို့အပြင် ရွှေတောင်ဆရာလွန်း (နောင်- ဆရာကြီး ူသခင်ကိုယ်တော်မှိုင်း) ကလည်း “ရွှေတိဂုံဘုရားအမှူးကို ကျားအဖူးတက်သော ပြဇာတ်” အမည်ရှိ ပြဇာတ်စာအုပ်တစ်အုပ်ကို ရေးသား ထုတ်ဝေခဲ့ရာ ထိုခေတ်အခါတုန်းက ရောင်းမလောက်အောင် လူကြိုက်များခဲ့သည်တဲ့။
ထိုခေတ်က ကပြဖျော်ဖြေခဲ့ကြသည့် ဇာတ်ပွဲများနှင့် အငြိမ့်ပွဲများမှာလည်း လူရွှင်တော်များက..
“ရွှေတိဂုံဘုရားမှာ ကျားတက်တာ ငါးရက်ကြာသနော်.. အို.. ရွှေတိဂုံဘုရားမှာလ ကျားတက်တာ ငါးရက်ကြာသဗျ.. ဂေါ်ရာတွေဝိုင်း သေနတ်နဲ့ပစ် ကျားစင်းစင်းသေ” ဆိုပြီး သီချင်းစပ်ဆိုရင်း ပြက်လုံးတွေထုတ်ခဲ့ကြရာမှာ ရွှေပွဲလာ ပရိသတ်များက လက်ခုပ်သံတဖြောင်းဖြောင်းဖြင့် အားပေးခဲ့ကြသည်ဟု မှတ်သားခဲ့ရပါကြောင်း…။
လေးစားလျက်
Thu Hlaing
ဖူးရခဲလွတဲ့ ေရႊတိဂံုေစတီရဲ႕ ေျမေအာက္႒ာပနာကုိ ဖူးေျမာ္ ၍ သဒၵါတရား တုိးပြားႏုိင္ပါေစ
႒ာပနာေတာ္တုိက္အတြင္းပုိင္း ၆၆ေပအျမင့္႐ွိပီးခမ္းနားထည္ဝါစြာတည္ေဆာက္ထားျခင္း။
၁၀ေပ ပတ္လည္ေရတြင္းႏွင့္ ျပႆဒ္၅ခုပါ ကရဝိတ္ေဖာင္းေတာ္။
ကကုသန္ျမတ္စြာဘုရားေတာင္ေဝွးေတာ္ ေကာဏဂုံျမတ္စြာဘုရာရဲ႕ဓမၼက႐ုိက္ေရစစ္ေတာ္ ကႆပျမတ္စြာဘုရားရဲ႕ေရသႏုပ္ သကၤန္း ေတာ္ ေဂါတမျမတ္စြာဘုရား ရဲ႕ဆံေတာ္၈ဆူ ဒါေၾကာင့္ ေလးဆူဓာတ္ပုံ ေရႊတိဂံု ဆုိၾကသည္။
႒ာပနာေတာ္တုိက္မွာပင္မအလယ္တုိင္မပါ သံရက္မမ႐ွိပဲေက်ာက္တုံးေက်ာက္ခဲမ်ားျဖင့္ခန္းနားစြာတည္ေဆာက္ထားျခင္း။
ေဖာင္ေတာ္မွာအလ်ား၆ေပခြဲခန္႔အတုိင္းတာ႐ွိ ေရႊအစစ္ခ်ထားျခင္း။
႒ာပနာေတာ္တုိက္ မုဥ္ဦးအတြင္းပုိင္းဥကၠလာမင္း႐ုပ္ထုႏွင့္စလြယ္ေတာ္ တဖုႆ ဘလိႅကညီေနာင္ သာသနာေတာ္ေစာင့္နတ္မင္းႀကီးေလးပါးႏွင့္နတ္ေဒဝါမ်ားပူေဇာ္ေနဟန္ ေရႊ႐ုပ္ထုမ်ားထုလုပ္ထားျခင္း။
၁၈၂၀ ဝန္က်င္ခန႔္က လူစြမ္းေကာင္း ေမာင္ကံသည္ဆံေတာ္တြင္းမွျမတ္ဗုဒၶဆံေတာ္အစစ္ကုိ တ႐ုတ္ျပည္ေကာက္ကြန္ဥတည္မက္းထံသုိ႔ပင့္ရန္ ဆံေတာ္အတြင္းသုိ႔ဝင္ရာတြင္ရင္ဘတ္ထိတုိင္ ေက်ာက္႐ုပ္ျဖစ္သြားခဲ့သည္။
၁၈၁၄ခုႏွစ္တြင္းအဂ္လိပ္စစ္တပ္မ်ား႒ာပနာတုိက္ေဖာက္၍အဖုိးတန္ရတနာမ်ားယူၾကသည္ ဆံေတာ္တြင္း႒ာပနာတုိက္အားအႀကိမ္၂ေဖာက္ခဲ့ေသာလဲ ေက်ာက္နံရံႀကီးမ်ားမေဖာက္ႏု္ိင္၍လက္ေလ်ွာ့ခဲ့ရသည္။
၁၉၀၄ခုႏွစ္ အာေမနီယားလူမ်ိဳး မစၥတာအပရေမ အသက္၇ႏွစ္အရြယ္ ဆံေတာ္ကိန္ဝပ္ရာ္သုိ႔ဆင္းသပ္ၾကည့္ဖူးသည္ ရေသ့ႀကီးမ်ားဘုရားဖူးလာေရာက္ခ်ိန္တြင္ အမွတ္မထင္ဝင္ေရာက္ခြင့္ရခဲ့ျခင္းျဖစ္သည္
မစၥတာအပေျပာ္ျပခ်က္အရ ေ႐ွ႕ျမန္မာမ်ားလည္း ၁၉၇၁ခုႏွစ္ကစူးစမ္းသုေသသနျပဳလုပ္ခဲ့ၾကပီး ေက်ာက္နံရံႀကီး ကာထားသည့္ေနရာထိေရာက္ေအာင္သြားႏုိင္ခဲ့ၾကေသာလည္း အတြင္းသုိ႔ဝငိေရာက္ႏုိင္မည့္လမ္းမေတြ႔႐ွိခဲ့ၾကပါ။
ပညာ႐ွင္မ်ား ေက်ာင္းသားလူငယ္မ်ားပါအားတက္သေရာသုေသသနျပဳပါဝင္ခဲ့ၾကေသာလဲ မတည္မၿငိမ္ေႏွာင္းပုိင္းေခတ္မ်ားတြင္ မသမာသူမ်ားေႏွာက္ယွက္ႏုိင္ျခင္းမ႐ွိရန္ ရည္ရြယ္ကာဆုေတာင္းျပည့္ေစတီလူိင္းဝကုိသံတံခါးပိတ္ေသာ့ခတ္ထားလုိက္ၾကသည္
၁၉၇၁ေခတ္အလြန္ေႏွာင္းပုိင္း ႏွစ္ေပါင္း၅၀ၾကာခဲ့သည္ျဖစ္ရာ ဌာပနာေတာ္တုိက္အေၾကာင္း ဆက္လက္သုေသသနျပဳႏုိင္ျခင္းမ႐ွိေတာ့ေပ။
ApannPyay
Unicode
ဖူးရခဲလှတဲ့ ရွှေတိဂုံစေတီရဲ့ မြေအောက်ဋ္ဌာပနာကို ဖူးမြော် ၍ သဒ္ဒါတရား တိုးပွားနိုင်ပါစေ
ဋ္ဌာပနာတော်တိုက်အတွင်းပိုင်း ၆၆ပေအမြင့်ရှိပီးခမ်းနားထည်ဝါစွာတည်ဆောက်ထားခြင်း။
ဖူးရခဲလှတဲ့ ရွှေတိဂုံစေတီရဲ့ မြေအောက်ဋ္ဌာပနာကို ဖူးမြော် ၍ သဒ္ဒါတရား တိုးပွားနိုင်ပါစေ 2
၁၀ပေ ပတ်လည်ရေတွင်းနှင့် ပြဿဒ်၅ခုပါ ကရဝိတ်ဖောင်းတော်။
ကကုသန်မြတ်စွာဘုရားတောင်ဝှေးတော် ကောဏဂုံမြတ်စွာဘုရာရဲ့ဓမ္မကရိုက်ရေစစ်တော် ကဿပမြတ်စွာဘုရားရဲ့ရေသနုပ် သင်္ကန်း တော် ဂေါတမမြတ်စွာဘုရား ရဲ့ဆံတော်၈ဆူ ဒါကြောင့် လေးဆူဓာတ်ပုံ ရွှေတိဂုံ ဆိုကြသည်။
ဖူးရခဲလှတဲ့ ရွှေတိဂုံစေတီရဲ့ မြေအောက်ဋ္ဌာပနာကို ဖူးမြော် ၍ သဒ္ဒါတရား တိုးပွားနိုင်ပါစေ 3
ဋ္ဌာပနာတော်တိုက်မှာပင်မအလယ်တိုင်မပါ သံရက်မမရှိပဲကျောက်တုံးကျောက်ခဲများဖြင့်ခန်းနားစွာတည်ဆောက်ထားခြင်း။
ဖူးရခဲလှတဲ့ ရွှေတိဂုံစေတီရဲ့ မြေအောက်ဋ္ဌာပနာကို ဖူးမြော် ၍ သဒ္ဒါတရား တိုးပွားနိုင်ပါစေ 4
ဖောင်တော်မှာအလျား၆ပေခွဲခန့်အတိုင်းတာရှိ ရွှေအစစ်ချထားခြင်း။
ဖူးရခဲလှတဲ့ ရွှေတိဂုံစေတီရဲ့ မြေအောက်ဋ္ဌာပနာကို ဖူးမြော် ၍ သဒ္ဒါတရား တိုးပွားနိုင်ပါစေ 5
ဋ္ဌာပနာတော်တိုက် မုဉ်ဦးအတွင်းပိုင်းဥက္ကလာမင်းရုပ်ထုနှင့်စလွယ်တော် တဖုဿ ဘလ္လိကညီနောင် သာသနာတော်စောင့်နတ်မင်းကြီးလေးပါးနှင့်နတ်ဒေဝါများပူဇော်နေဟန် ရွှေရုပ်ထုများထုလုပ်ထားခြင်း။
ဖူးရခဲလှတဲ့ ရွှေတိဂုံစေတီရဲ့ မြေအောက်ဋ္ဌာပနာကို ဖူးမြော် ၍ သဒ္ဒါတရား တိုးပွားနိုင်ပါစေ 6
၁၈၂၀ ဝန်ကျင်ခန့်က လူစွမ်းကောင်း မောင်ကံသည်ဆံတော်တွင်းမှမြတ်ဗုဒ္ဓဆံတော်အစစ်ကို တရုတ်ပြည်ကောက်ကွန်ဥတည်မက်းထံသို့ပင့်ရန် ဆံတော်အတွင်းသို့ဝင်ရာတွင်ရင်ဘတ်ထိတိုင် ကျောက်ရုပ်ဖြစ်သွားခဲ့သည်။
ဖူးရခဲလှတဲ့ ရွှေတိဂုံစေတီရဲ့ မြေအောက်ဋ္ဌာပနာကို ဖူးမြော် ၍ သဒ္ဒါတရား တိုးပွားနိုင်ပါစေ 7
၁၈၁၄ခုနှစ်တွင်းအဂ်လိပ်စစ်တပ်များဋ္ဌာပနာတိုက်ဖောက်၍အဖိုးတန်ရတနာများယူကြသည် ဆံတော်တွင်းဋ္ဌာပနာတိုက်အားအကြိမ်၂ဖောက်ခဲ့သောလဲ ကျောက်နံရံကြီးများမဖောက်နု်ိင်၍လက်လျှော့ခဲ့ရသည်။
ဖူးရခဲလှတဲ့ ရွှေတိဂုံစေတီရဲ့ မြေအောက်ဋ္ဌာပနာကို ဖူးမြော် ၍ သဒ္ဒါတရား တိုးပွားနိုင်ပါစေ 8
၁၉၀၄ခုနှစ် အာမေနီယားလူမျိုး မစ္စတာအပရမေ အသက်၇နှစ်အရွယ် ဆံတော်ကိန်ဝပ်ရာ်သို့ဆင်းသပ်ကြည့်ဖူးသည် ရသေ့ကြီးများဘုရားဖူးလာရောက်ချိန်တွင် အမှတ်မထင်ဝင်ရောက်ခွင့်ရခဲ့ခြင်းဖြစ်သည်။
ဖူးရခဲလှတဲ့ ရွှေတိဂုံစေတီရဲ့ မြေအောက်ဋ္ဌာပနာကို ဖူးမြော် ၍ သဒ္ဒါတရား တိုးပွားနိုင်ပါစေ 9
မစ္စတာအပပြော်ပြချက်အရ ရှေ့မြန်မာများလည်း ၁၉၇၁ခုနှစ်ကစူးစမ်းသုသေသနပြုလုပ်ခဲ့ကြပီး ကျောက်နံရံကြီး ကာထားသည့်နေရာထိရောက်အောင်သွားနိုင်ခဲ့ကြသောလည်း အတွင်းသို့ဝငိရောက်နိုင်မည့်လမ်းမတွေ့ရှိခဲ့ကြပါ။
ဖူးရခဲလှတဲ့ ရွှေတိဂုံစေတီရဲ့ မြေအောက်ဋ္ဌာပနာကို ဖူးမြော် ၍ သဒ္ဒါတရား တိုးပွားနိုင်ပါစေ 10
ပညာရှင်များ ကျောင်းသားလူငယ်များပါအားတက်သရောသုသေသနပြုပါဝင်ခဲ့ကြသောလဲ မတည်မငြိမ်နှောင်းပိုင်းခေတ်များတွင် မသမာသူများနှောက်ယှက်နိုင်ခြင်းမရှိရန် ရည်ရွယ်ကာဆုတောင်းပြည့်စေတီလိူင်းဝကိုသံတံခါးပိတ်သော့ခတ်ထားလိုက်ကြသည်။
ဖူးရခဲလှတဲ့ ရွှေတိဂုံစေတီရဲ့ မြေအောက်ဋ္ဌာပနာကို ဖူးမြော် ၍ သဒ္ဒါတရား တိုးပွားနိုင်ပါစေ
၁၉၇၁ခေတ်အလွန်နှောင်းပိုင်း နှစ်ပေါင်း၅၀ကြာခဲ့သည်ဖြစ်ရာ ဌာပနာတော်တိုက်အကြောင်း ဆက်လက်သုသေသနပြုနိုင်ခြင်းမရှိတော့ပေ။
ငါခြဲျခမ္းစိတ္ျဖာ လႉသည့္အတိုင္း တလံုးတဆံျခမ္းမွ် လုယက္ဖ်က္ဆီးေသာသူတို႔သည္ လာလာသမွ် ဘုရားတကာ အဆူဆူခြၽတ္၍ မကြၽတ္သည္ ျဖစ္ေလေစ။
ေရႊတိဂံုဘုရား အလွဴရွင္ေတြရဲ႕က်ိန္စာ ( ေၾကာက္စရာ က်ိန္စာ ) 2
သစ္ငုတ္တိုသည္ အၫြန္႔မေပါက္သကဲ့သို႔ ႐ွိေလေစ။ ဝါဂြမ္းတစ္လွည္းကို မီးအကြၽမ္းဖုတ္၍ ျပာမရသကဲ့သို႔ ႐ွိေလေစ။
ျမစ္မေၾကာတြင္ ဆားေလွေမွာက္သည္ တေပါက္မတင္ ျပဳန္းတီး ေျပာပ်က္သကဲ့သိုဝ္ ျဖစ္ေလေစ။
မ႐ွိမဲ့လ်င္ တီကြၽတ္ေမွ်ာ့လွ်င္ျဖစ္ေလေစ။
ေရႊတိဂံုဘုရား အလွဴရွင္ေတြရဲ႕က်ိန္စာ ( ေၾကာက္စရာ က်ိန္စာ ) 3
ႏူဝဲႏူနာျဖစ္၍ တိုေလေစ။
တဆုတ္တလက္ဖက္မွ် ေတာင္းရမ္း၍ မရသည္ ျဖစ္ေလေစ။
ေရႊဖလားႀကီးကိုခြဲ၍ ဒိဌာန္က်ိန္ခဲ့ေတာ္မူသည္။ ေရႊဖလားကြဲသည့္အတိုင္း ကြဲေလေစ။
ေရဖိတ္သည့္အတိုင္း တေပါက္မတင္ ျပဳန္းတီးေပ်ာက္ပ်က္ ျဖစ္ေလေစဟု ဒိဌာန္လႉေတာ္မူသည္။
ေရႊတိဂံု ေစတီ ႀကီးဆိုတာ ျမတ္စြာဘုရား႐ွင္ရဲ႕ဆံေတာ္အစစ္ဌာပနာ ထားတာမို႔ေစတီ တည္ေတာ္မူခဲ့ေသာ ေ႐ွ႕မင္းမ်ား ေခတ္အဆက္ဆက္ အလူွ႐ွင္မ်ားရဲ႕သစၥာနဲ႔ တိုင္တည္ခဲ့တဲ့က်ိန္စာေတြတည္႐ွိခဲ့တာမို႔ စစ္မွန္တဲ့ဗုဒၶဘာသာဝင္ စစ္စစ္ေတြက စိတ္နဲ႔ေတာင္ မျပစ္မွားဘူး ဆိုတာကိုေတာ့ယံုၾကည္တယ္။
ေရႊတိဂံုဘုရား အလွဴရွင္ေတြရဲ႕က်ိန္စာ ( ေၾကာက္စရာ က်ိန္စာ ) 4
ေ႐ွးအလႉ႐ွင္ေတြရဲ႕ က်ိန္စာ ေၾကာက္စရာႀကီးဗ်ာ။
Credit:Thutasone
#Unicode Version#
ငါခွဲခြမ်းစိတ်ဖြာ လှူသည့်အတိုင်း တလုံးတဆံခြမ်းမျှ လုယက်ဖျက်ဆီးသောသူတို့သည် လာလာသမျှ ဘုရားတကာ အဆူဆူချွတ်၍ မကျွတ်သည် ဖြစ်လေစေ။
ရွှေတိဂုံဘုရား အလှူရှင်တွေရဲ့ကျိန်စာ ( ကြောက်စရာ ကျိန်စာ ) 2
သစ်ငုတ်တိုသည် အညွန့်မပေါက်သကဲ့သို့ ရှိလေစေ။ ဝါဂွမ်းတစ်လှည်းကို မီးအကျွမ်းဖုတ်၍ ပြာမရသကဲ့သို့ ရှိလေစေ။
မြစ်မကြောတွင် ဆားလှေမှောက်သည် တပေါက်မတင် ပြုန်းတီး ပြောပျက်သကဲ့သိုဝ် ဖြစ်လေစေ။
မရှိမဲ့လျင် တီကျွတ်မျှော့လျှင်ဖြစ်လေစေ။
ရွှေတိဂုံဘုရား အလှူရှင်တွေရဲ့ကျိန်စာ ( ကြောက်စရာ ကျိန်စာ ) 3
နူဝဲနူနာဖြစ်၍ တိုလေစေ။
တဆုတ်တလက်ဖက်မျှ တောင်းရမ်း၍ မရသည် ဖြစ်လေစေ။
ရွှေဖလားကြီးကိုခွဲ၍ ဒိဌာန်ကျိန်ခဲ့တော်မူသည်။ ရွှေဖလားကွဲသည့်အတိုင်း ကွဲလေစေ။
ရေဖိတ်သည့်အတိုင်း တပေါက်မတင် ပြုန်းတီးပျောက်ပျက် ဖြစ်လေစေဟု ဒိဌာန်လှူတော်မူသည်။
ရွှေတိဂုံ စေတီ ကြီးဆိုတာ မြတ်စွာဘုရားရှင်ရဲ့ဆံတော်အစစ်ဌာပနာ ထားတာမို့စေတီ တည်တော်မူခဲ့သော ရှေ့မင်းများ ခေတ်အဆက်ဆက် အလူှရှင်များရဲ့သစ္စာနဲ့ တိုင်တည်ခဲ့တဲ့ကျိန်စာတွေတည်ရှိခဲ့တာမို့ စစ်မှန်တဲ့ဗုဒ္ဓဘာသာဝင် စစ်စစ်တွေက စိတ်နဲ့တောင် မပြစ်မှားဘူး ဆိုတာကိုတော့ယုံကြည်တယ်။
ရွှေတိဂုံဘုရား အလှူရှင်တွေရဲ့ကျိန်စာ ( ကြောက်စရာ ကျိန်စာ ) 4
ရှေးအလှူရှင်တွေရဲ့ ကျိန်စာ ကြောက်စရာကြီးဗျာ။
ဗုဒၶဘာသာဝင္ျမန္မာလူမ်ဳိးတို႕ရဲ႕ ယံုၾကည္ကိုးကြယ္ရာ ေစတီေတာ္ႀကီးျဖစ္တဲ့ ေရႊတိဂံုေစတီေတာ္ႀကီး ေအာက္မွာပင္လယ္ေရ အတက္အက်အလိုက္ ေရအနိမ့္အျမင့္ျဖစ္ေပၚေစတဲ့ (၁၀) ေပ ပတ္လည္ေလာက္ ရွိတဲ့ ေရတြင္းနဲ႕ အဲဒီေရတြင္းထဲမွာ (၆) ေပခြဲေလာက္ရွိၿပီး ရတနာမ်ားစီခ်ယ္ထားတဲ့ေရႊေလွတစ္စီး ရွိတယ္လို႕ မ်က္ျမင္ကိုယ္ေတြ႕ ႀကံဳဖူးခဲ့တဲ့ျမန္မာႏိုင္ငံဖြား အာေမးနီးယားလူမ်ဳိး ဒီအက္စ္အပရေမကေျပာၾကားခဲ့တယ္လို႔ ၁၃.၃.၆၈ ေန႕ထုတ္ ေၾကးမံုသတင္းစာမွာ ေဖာ္ျပခဲ့တာကို က်ီးမႏိုးတင္ဝင္း (ေပါင္းတည္) ရဲ႕ျပန္လည္ ေဖာ္ျပခ်က္အရ သိရွိရပါတယ္။
မစၥတာအပရေမကို ေၾကးမံုသတင္းစာက ေတြ႕ဆံုေမးျမန္းရာမွာ ၁၉၀၄ခု၊ သူ႕ရဲ႕အသက္ (၇) ႏွစ္သား အရြယ္ မွာ သူငယ္ခ်င္းေတြနဲ႕အတူ ေရႊတိဂံုဘုရားကို သြားေရာက္ခဲ့တယ္။ ေရႊတိဂံု ရင္ျပင္ေတာ္ရဲ႕ အေရွ႕ေျမာက္ ေထာင့္၊ တနဂၤေႏြေထာင့္ရွိ ဌာပနာတိုက္ဝကို ေရာက္တဲ့အခါမွာ ရေသ့ႀကီး တစ္ပါးနဲ႕ေတြ႕လို႕ခ်ဥ္းကပ္ေတာင္း ပန္ၿပီး ဌာပနာတိုက္ထဲကို ဆင္းခဲ့တယ္လို႕ဆိုပါ တယ္။
ရေသ့ႀကီးရဲ႕ခြင့္ျပဳခ်က္အရ ဌာပနာတိုက္ထဲကို ဆင္းသြားတဲ့လမ္း တစ္ေလွ်ာက္လံုး မွာေယာဂီ ဝတ္နဲ႕ နီဝါ ေရာင္ဝတ္ပုဂၢိဳလ္ (၇) ဦးကို (၈) ေပ၊ (၉) ေပစီျခားၿပီးေတြ႕ရတယ္လို႕ဆိုပါ တယ္။ ဌာပနာတိုက္ရဲ႕ ပတ္ပတ္ လည္ကို အုတ္မ်ားနဲ႕အခန္း (၃၆) ခန္း တည္ေဆာက္ထားတယ္။ အလယ္တိုင္မရွိ ဘူး။ အလယ္ဗဟိုမွာေတာ့ (၁၀) ေပပတ္လည္ေလာက္ရွိတဲ့ ေရတြင္းရွိ တယ္။
ေရ တြင္း ဟာ ပင္လယ္ေရအတက္အက်အလိုက္ ေရအနိမ့္အျမင့္ ျဖစ္ေပၚတယ္လို႕ဆိုပါတယ္။ ေရတြင္း ထဲမွာ အလ်ား (၆) ေပခြဲခန္႕ရွိၿပီး ေက်ာက္မ်က္ရတနာမ်ား နဲ႕ စီခ်ယ္ထားတဲ့ ေရႊကရဝိတ္ေလွ တစ္စင္းရွိတယ္။ ေလွဟာ ဒီေရ အတက္အက်အလိုက္ ေရတြင္းထဲမွာ အနိမ့္အျမင့္လႈပ္ရွားေန တယ္။ ကရဝိတ္ေရႊေလွေပၚမွာ ဆံေတာ္မ်ားလို႕ ယူဆရတဲ့ ဌာပနာေတြ ကိန္းဝပ္ လွ်က္ရွိတယ္။
ဒါေပမဲ့ပုဝါလႊမ္းထားလို႕ ဆံေတာ္လို႕ အတိအက် မေျပာႏိုင္ဘူးလို႕ ဆိုပါတယ္။ ဌာပနာတိုက္ရဲ႕ ထူျခားခ်က္မွာ တစ္ခန္းလံုး ထိန္လင္းေနျခင္းျဖစ္တယ္။ တစ္ခုတည္းေသာ အလင္းေရာင္ဟာ အခ်ိန္အခါ မေရြး ေရႊေလွေပၚကို အခ်ိန္မေရြး ထိုးစိုက္က်ေရာက္ေနတယ္။ ထုထည္ႀကီးမားလွ တဲ့ ေစတီအေဆာက္အအံု ႀကီးကို ပင္မအလယ္တိုင္မပါ၊ သံယက္မ မရွိပဲ ေက်ာက္တံုးေက်ာက္ခဲ မ်ားနဲ႕ သာတည္ေဆာက္ခဲ့တယ္။
ပင္လယ္ ေရဝင္ေပါက္၊ ထြက္ေပါက္နဲ႕အလင္းေရာင္ ယူထား ပံုကေရွး ဗိသုကာေတြရဲ႕ လက္ရာျဖစ္တယ္။ခမ္းနားဆန္းၾကယ္တဲ့ ဌာပနာတိုက္ကို ကိုယ္တိုင္ ေတြ႕ျမင္ခဲ့ရတာျဖစ္လို႕ ေႏွာင္းလူေတြ သုေတ သနျပဳႏိုင္ ေအာင္ ေရႊတိဂံုေဂါပကအဖြဲ႕ကိုေျမပံုဆြဲလို႕ တင္ျပခဲ့တယ္။
ေရႊတိဂံုေဂါပက အဖြဲ႕က လည္း မစၥတာ အပရေမကို ေတြ႕ဆံု ေမးျမန္းၿပီး ဌာပနာတိုက္တည္ေနရာကို လိုက္လံျပသေစတဲ့ အခါမွာ ဌာပနာတိုက္ လိႈဏ္ဂူဟာ ေရႊတိဂံုရင္ျပင္ေတာ္ တနဂၤေႏြေထာင့္ရွိ ဆုေတာင္းျပည့္ ဘုရားနဲ႕ ဆုေတာင္းျပည့္ တန္ေဆာင္း ေနရာမွာ ရွိတယ္ဆိုေပမဲ့လည္း ေနာက္တိုး တန္ေဆာင္းေတြ နဲ႕ ဘုရားမ်ား ထပ္မံ မြမ္းမံျပင္ဆင္ ထားမႈေၾကာင့္ အတိအက်ျပသႏိုင္ျခင္းမရွိပဲ ဆုေတာင္းျပည့္ေစတီရဲ႕ လိႈဏ္ဂူေအာက္မွာသာ ရွိတယ္လို႕ ခန္႕မွန္းညႊန္ျပ သြားႏိုင္တယ္လို႕ သိရ ပါတယ္။
မစၥတာအပရေမ ကို လြစၥလမ္း (ယခုဆိပ္ကမ္းသာလမ္း) အမွတ္ (၂၅) မွာ ၁၈၉၅ ခုႏွစ္က ဖြားျမင္ခဲ့ တာပါ။ မိဘမ်ားမွာ မစၥတာအက္စ္အပရေမ နဲ႕ မစၥက္ရိုစ္လူကပ္စ္ တို႕ျဖစ္ပါတယ္။ ျမန္မာ အမ်ဳိး သမီး ေဒၚသိန္းေရႊနဲ႕ အိမ္ေထာင္က်ၿပီး သားသမီး ၅ ေယာက္ ထြန္းကားခဲ့ကာ သားသမီးေျမး မ်ားနဲ႕ အတူ ေဘာက္ေထာ္မွာေနထိုင္ တယ္လို႕ သတင္းမွာေဖာ္ျပထားပါတယ္။ မစၥတာအပရေမ ကိုယေန႕ေၾကးမံုက ေတြ႕ဆံုေမးျမန္းၿပီး ၁၃. ၃.၆၈ ေန႕မွာ ေဖာ္ျပခဲ့ျခင္း ျဖစ္ပါ တယ္။ ေတြ႕ဆံု ေမးျမန္းခ်ိန္မွာ မစၥတာအပရေမ ဟာ (၇၃) ႏွစ္ရွိၿပီလို႕ ေဖာ္ျပထား ပါတယ္။
ဗုဒၶဘာသာဝင္ေတြ ယံုၾကည္ကိုးကြယ္တဲ့ ေရႊတိဂံုဘုရားႀကီးရဲ႕ေအာက္ ေပ (၆၀) ခန္႕အကြာမွာ တည္ရွိတဲ့ ဆံေတာ္တြင္း ဌာပနာတိုက္ႀကီးအေၾကာင္းကို ေႏွာင္းလူမ်ား သိရွိေစရန္ထပ္ မံ ေဖာ္ျပ ရျခင္းျဖစ္ပါတယ္။
ေထရဝါဒဗုဒၶဘာသာတုိင္းျပည္
အခ်ိန္က ၁၉၀၃ ခုႏွစ္..
တစ္နည္းေျပာရလွ်င္ အဂၤလိပ္ကိုလိုနီ နယ္ခ်ဲ႕တို႔၏လက္ေအာက္တြင္ ျမန္မာတစ္မ်ိဳးသားလုံး ကြ်န္သေပါက္ဘဝျဖင့္ ကိုယ္ႏႈတ္ႏွလုံး သုံးပါးစလုံး ညွိဳးငယ္စြာ ေနထိုင္ေနရသည့္ အခ်ိန္..
ထိုအခ်ိန္က ရန္ကုန္ၿမိဳ႕ႀကီးသည္ ၿမိဳ႕ဟုေခၚေသာ္လည္း လူေနအိမ္ ေျခ နည္းပါးလြန္းလွၿပီး ေနရာ အေတာ္မ်ားမ်ားမွာ သစ္ပင္သစ္ေတာႀကီးမ်ား၊ ၿခဳံႏြယ္မ်ားသာ ဖုံးလႊမ္းလ်က္ရွိေန၏။ ဆူးေလေစတီေတာ္ဝန္းက်င္ ရန္ကုန္ၿမိဳ႕လယ္ေကာင္တစ္ဝိုက္ႏွင့္ သိမ္ႀကီးေစ်းအနီးတစ္ဝိုက္ေလာက္မွာသာ အစိုးရ အေဆာက္အဦမ်ားႏွင့္ လူေနအိမ္ေျခ တိုက္တာ အိုးအိမ္မ်ား မ်ားျပားၿပီး က်န္သည့္ေနရာ အေတာ္မ်ားမ်ားမွာေတာ့ ေတာအုပ္ႀကီးသဖြယ္ ျဖစ္ေနေလ၏။
သူ႔ကြ်န္ဘဝေရာက္ေနေသာ္လည္း ေထရဝါဒ ဗုဒၶဘာသာဝင္ ျမန္မာလူမ်ိဳးမ်ားမွာ အလွဴေရစက္ လက္ႏွင့္မျပတ္ၾက။ ဘုရားရွင္၏သားေတာ္ ရဟန္းသံဃာမ်ား စိတ္ေအးခ်မ္းသာစြာျဖင့္ သာသနာျပဳႏိုင္ရန္အတြက္ ေက်ာင္း၊ သကၤန္း၊ ဆြမ္း၊ ေဆး.. အစရွိသည့္ ပစၥည္းေလးပါးမ်ားကို စဥ္ဆက္မျပတ္ ဆက္ကပ္ လွဴဒါန္းေနၾကသလို၊ ျမန္မာတို႔၏အသည္းႏွလုံး သိဂုၤတၱရ ကုန္းေတာ္ေပၚရွိ ေလးဆူဓာတ္ပုံ ေရႊတိဂုံ ေစတီေတာ္ျမတ္ႀကီးကိုလည္း လုံးေတာ္ျပည့္ ေရႊသကၤန္းမ်ား ကပ္လွဴ ပူေဇာ္ႏိုင္ရန္အတြက္ ဝိုင္းဝန္း ျပင္ဆင္ေနၾကေလသည္။
ျမန္မာသကၠရာဇ္ ၁၂၆၄ ခုႏွစ္၊ တေပါင္းလျပည့္ေန႔တြင္ ေရႊတိဂုံ ေစတီေတာ္ျမတ္ႀကီး၌ ဗုဒၶပူဇနိယပဲြေတာ္ႀကီးကို ၿခိမ့္ၿခိမ့္သည္းသည္း က်င္းပၾကမည္ျဖစ္သည္။ ထို႔ေၾကာင့္ ေရႊတိဂုံေစတီေတာ္ ေဂါပကအဖဲြ႕က အနယ္နယ္အရပ္ရပ္မွ ေထရဝါဒ ဗုဒၶဘာသာဝင္ ျမန္မာျပည္သူမ်ား ေစတနာသဒၶါတရား ထက္သန္စြာျဖင့္ ထည့္ဝင္လွဴဒါန္းထားၾကသည့္ ေရႊစင္ေရႊျပားမ်ားကို ေရႊတိဂုံ ေစတီေတာ္ျမတ္ႀကီးအား တေပါင္းလျပည့္ ဗုဒၶပူဇနိယပဲြေတာ္အမီ ကပ္လွဴ ပူေဇာ္ႏိုင္ရန္အတြက္ ကိုယ္လုံးေတာ္အား ဝါးမ်ားျဖင့္ျငမ္းဆင္ကာ အင္တိုက္အားတိုက္ျဖင့္ ေဆာင္ရြက္ေနၾကေလသည္။ ေစတီေတာ္ေပၚတြင္ ေဂါပကအဖဲြ႕ဝင္မ်ား၊ အလုပ္သမားမ်ား၊ ဘုရားဖူးျပည္သူမ်ားျဖင့္ လြန္စြာမွ စည္ကားေနသည့္အခ်ိန္လည္း ျဖစ္ေနေပေတာ့သည္။
သည္လိုႏွင့္ ခရစ္ႏွစ္ ၁၉၀၃ ခုႏွစ္၊ မတ္လ ၂ ရက္ (ျမန္မာသကၠရာဇ္ ၁၂၆၄ ခုႏွစ္၊ တေပါင္းလဆန္း ၂ ရက္) ေန႔သို႔ေရာက္လာသည္။ မွတ္မွတ္ရရ ထိုေန႔ကား တနလၤာေန႔၊ နံနက္ပိုင္းျဖစ္၏။ ပဲြေတာ္ရက္နီးကပ္လာၿပီမို႔ ေရႊသကၤန္းကပ္လွဴၾကမည့္ အလုပ္သမားမ်ားမွာ ဝါးျငမ္းမ်ားကို တစ္ခုၿပီးတစ္ခုေက်ာ္လႊားရင္း ကြ်မ္းက်င္စြာတက္သြားၾကသည္မွာ ဆပ္ကပ္ပဲြ တစ္ခုေလအလား။ ထိုစဥ္ ေရႊတိဂုံေစတီေတာ္ျမတ္ႀကီး ကိုယ္လုံးေတာ္ေပၚမွ “ေခါင္းေလာင္းပုံအနားလန္စြန္း” ၌ ဝါဝါစင္းစင္း အရာတစ္ခု ရွိေနသည္ကို အလုပ္သမားတခ်ိဳ႕က လွမ္းျမင္လိုက္မိၾကေလသည္။ မေန႔က အလုပ္သမားတခ်ိဳ႕ ျငမ္းေပၚမွျပန္ဆင္းရင္း ေမ့က်န္ထားခဲ့ၾကသည့္ ပစၥည္းပစၥယ တစ္ခုခုေလလား.. သို႔တည္းမဟုတ္ အဝတ္အစား တစ္ခုခုေလလား..
“အလိုေလး.. က်ားဗ်ိဳ႕.. က်ား က်ား”
“အီး.. လုပ္ၾကပါဦးဗ်..
ဘုရားေပၚမွာ က်ားႀကီးဗ်”
ေရွ႕ဆုံးမွတက္သြားသည့္ အလုပ္သမားတခ်ိဳ႕က ထိတ္လန္႔စြာ ေအာ္ဟစ္လိုက္ရင္း ဝါးျငမ္းမ်ားေပၚမွ ဒေရာေသာပါးျဖင့္ ျပန္ေျပးဆင္းလာၾကသည္။ ေအာက္ေျခမွအေပၚသို႔ တက္လုတက္ဆဲ အလုပ္သမားမ်ားကလည္း အေပၚကလူေတြ ျပန္ေျပးဆင္းလာမွေတာ့ နေဝတိမ္ေတာင္ျဖင့္ သူ႔ထက္ငါအလုအယက္ ဆင္းေျပးၾကၿပီေပါ့။ တစ္ေယာက္အေပၚတစ္ေယာက္ တိုးမိ တိုက္မိ ခိုက္မိရင္း အလဲလဲ အကဲြကဲြ ရုတ္ရုတ္သဲသဲ။
“ဘယ့္ႏွယ္..
ေတာႀကီးမ်က္မည္းထဲမွာသာေနတတ္တဲ့ အသားစားသတၱဝါမ်ိဳးႏြယ္ဝင္ သားရဲတိရစၧာန္ က်ားရိုင္းတစ္ေကာင္က ေရႊတိဂုံေစတီေတာ္ ရင္ျပင္ေတာ္ေပၚကို တက္လာရုံသာမက ကိုယ္လုံးေတာ္ေပၚမွာေတာင္ ဝပ္ေနသတဲ့လား။ မျဖစ္ႏိုင္တာပဲ”
ဤသို႔ဤႏွယ္ အေတြးဝင္မိၾကေသာ ဘုရားဖူးျပည္သူအခ်ိဳ႕က မယုံသကၤာ ဒြိဟစိတ္ျဖင့္ အေျပးအလႊား လာၾကည့္ၾကသည္။ ဝါးျငမ္းမ်ားကြယ္ေန၍ ေတာ္ေတာ္ႏွင့္ မျမင္ရ။ အေသအခ်ာ စူးစိုက္ၿပီးၾကည့္ၾကည့္ေတာ့မွ ေတြ႕လိုက္ရပါေလၿပီ။
“အလိုေလး.. ဟုတ္သဟ.. က်ားသားမိုးႀကိဳး.. ဘုရားေပၚမွာ က်ားႀကီးတစ္ေကာင္ ဝပ္ေနသဟ”
“ဟုတ္ပါ့ေတာ္.. ဘယ္လိုကဘယ္လို ဘုရာေပၚေရာက္ေနပါလိမ့္။ ရင္ျပင္ေတာ္ေပၚ ဆင္းခ်လာရင္ေတာ့ ဒုကၡေတာ္ေရ႕”
နံနက္ေစာေစာ ဘုရားရင္ျပင္ေတာ္ေပၚသို႔ ဘုရားဖူး၊ တရားထိုင္၊ ပုတီးစိပ္ စသည္ျဖင့္ ေရာက္ရွိေနၾကေသာ အလႊာေပါင္းစုံမွ ဘုရားဖူးျပည္သူမ်ားလည္း တစ္ေယာက္တစ္ေပါက္ေျပာဆိုရင္း ထိတ္ထိတ္ပ်ာပ်ာ ျဖစ္ကုန္ၾကေတာ့သည္။ ကေလးေတြကိုလက္ဆဲြၿပီး ရင္ျပင္ေတာ္ေပၚကေန ဆင္းေျပးသူေတြကလည္း ဆင္းေျပးၾကသည္။ “ဘယ္သူေရ ဘယ္ဝါေရ” စသည္ျဖင့္ ေအာ္ဟစ္ ေခၚဆိုေနသံမ်ားကလည္း ကြ်က္ကြ်က္ညံလို႔။
ထိုသတင္းက ေရႊတိဂုံေစတီေတာ္ ရင္ျပင္ေတာ္ေပၚမွာသာမက ရန္ကုန္တစ္ၿမိဳ႕လုံးသို႔ပါ တစ္မုဟုတ္ခ်င္းမွာပင္ ေတာမီးပမာ ကူးစက္ပ်ံ႕ႏွံ႔သြားေလေတာ့သည္။ သတင္းၾကား၍ ဘုရားေပၚသို႔ အေျပးအလႊားတက္လာၿပီး ဝိုင္းအုံ ၾကည့္ရႈေနၾကသူမ်ားကလည္း ေရာက္လာမစဲ တဖဲြဖဲြ။ တစ္ေယာက္တစ္ေပါက္ ေျပာဆို ညႊန္ျပ ေအာ္ဟစ္ေနၾကရင္း စိတ္ထင္ရာ မွတ္ခ်က္ေပးေနၾကသူမ်ားကလည္း အမ်ားအျပား။ ေဂါပကအဖဲြ႕ဝင္မ်ားလည္း မ်က္လုံးျပဴးေနၿပီ။ ရင္ျပင္ေတာ္တစ္ခုလုံးမွာေတာ့ အုတ္အုတ္က်က္က်က္ ျဖစ္ေနၾကေလၿပီတကား။
****************************
သို႔ႏွင့္ ထိုေန႔နံနက္ ၈ နာရီခန္႔သို႔ေရာက္လာသည္။ ေရႊတိဂုံေစတီေတာ္ေဂါပကအဖဲြ႕ဝင္တစ္ဦးျဖစ္သူ ဦးေရႊဝုိင္းက ထိုသတင္းကို ရန္ကုန္ၿမိဳ႕ရွိ မ်က္ႏွာျဖဴ အေရးပုိင္မင္းႀကီးထံ အေျပးအလႊား သြားေရာက္သတင္းပုိ႔သည္။ အေရးပုိင္လည္း အစကသိပ္မယုံခ်င္။ သို႔ေသာ္ ဦးေရႊဝိုင္းက အတိအက် သတင္းေပးေနၿပီမို႔ မေနသာေတာ့။ သည္ေတာ့ ရန္ကုန္ၿမိဳ႕တြင္တပ္စဲြထားသည့္ အဂၤလိပ္စစ္တပ္မွ ကာနယ္ အီးေလာဖုိ႔ဒ္ထံသို႔ စာတစ္ေစာင္ ခ်က္ခ်င္းေရးေပးလိုက္ေလသည္။ ထိုစာကိုယူၿပီး ဦးေရႊဝိုင္းတစ္ေယာက္ ကာနယ္ အီးေလာ့ဖုိ႔ဒ္ရွိရာသို႔ သုတ္ေျခတင္ရျပန္ေလ၏။
ခဏအၾကာမွာေတာ့ သူတို႔ႏွစ္ေယာက္သား နီးစပ္ရာ အဂၤလိပ္အရာ႐ွိ တခ်ိဳ႕၏ ေနအိမ္မ်ားကို ဝင္ေရာက္အသိေပးရင္း ေသနတ္႐ွာရသည္။ ကပၸတိန္ဂ်င္းနင္း၏ေနအိမ္မွ ႏွစ္လုံးျပဴးေသနတ္တစ္လက္ ရလာသည္မို႔ ကပၸတိန္ဂ်င္းနင္းႏွင့္ ကပၸတိန္ဘီဗီးလ္တုိ႔ကိုပါ သူတို႔ႏွင့္အတူ တစ္ပါတည္းေခၚလာၿပီး ေရႊတိဂုံ ေစတီေတာ္ေပၚသို႔ အေျပးအလႊား တက္လာခဲ့ၾကရေပၿပီ။ သူတို႔လူစု ရင္ျပင္ေတာ္ေပၚသို႔ ေရာက္ရွိသြားခ်ိန္မွာေတာ့ လူအုပ္ႀကီးက တုိးမေပါက္ေအာင္ စည္ကားေနေလၿပီတကား။
****************
ကာနယ္အီးေလာ့ဖို႔ဒ္က ရင္ျပင္ေတာ္ေပၚမွေန၍ အဆိုပါ က်ားဝပ္ေနသည့္ ေနရာကုိ လွမ္းၾကည့္လိုက္ေလသည္။ အလွမ္းေဝးေနသည္မို႔ တစ္ေကာင္လုံးကိုမျမင္ရ။ အေသအခ်ာ စူးစုိက္ၾကည့္ေတာ့မွသာ က်ား၏ ေက်ာကုန္းပိုင္း၊ ေနာက္ေျခေထာက္ႏွင့္ အၿမီးကေလးကုိသာ လွမ္းျမင္လိုက္ရေလ၏။ ေျပာမယုံ ႀကဳံဖူးမွသိလိုက္ရေပေကာ။ ကာနယ္ အီးေလာ့ဖို႔ဒ္ မည္သို႔ဆုံးျဖတ္ရမည္နည္း။
မတတ္ႏိုင္..
လူမ်ား အႏၱရာယ္ကင္းေစဖို႔အတြက္ အဆိုပါ က်ားကို ေသနတ္ႏွင့္ပစ္ခတ္ၿပီး သုတ္သင္ ရွင္းလင္းရေပေတာ့မည္။ သို႔ေသာ္ ေနရာက အေတာ္ေဝးေနသည့္အျပင္ ဘုရားႀကီး၏ ကိုယ္လုံးေတာ္ေပၚမွာဝပ္ေနသည့္ ထိုက်ားကုိ ရင္ျပင္ေတာ္ေပၚမွေန၍ လွမ္းပစ္မည္ဆိုပါက ခ်က္ေကာင္းကို ထိမွန္ႏုိင္မည္မဟုတ္။ အသက္မေသဘဲ ဒဏ္ရာရရုံသာရသြားပါက ရင္ျပင္ေတာ္ေပၚသို႔ဆင္းေျပးလာရင္း ေအာက္မွ လူမ်ားကို က်ားနာခဲ ခဲေပေတာ့မည္။
ထို႔ျပင္ ဒဏ္ရာရသြားသည့္ ေတာရိုင္းတိရစၧာန္မ်ားက လူသားမ်ားကို ပို၍ ဒုကၡေပးတတ္သည္ဟု သူ ၾကားဖူးထားသည္။ သည္ေတာ့ ကာနယ္ အီးေလာ့ဖုိ႔ဒ္က သူႏွင့္အတူပါလာသည့္ ကပၸတိန္ ဂ်င္းနင္းကုိ တန္ေဆာင္းတစ္ခုေပၚသို႔တက္ေစၿပီး အသင့္ေနရာယူခုိင္းလိုက္ေလသည္။ ကပၸတိန္ဗီဘီးလ္ကုိေတာ့ လီဗာပူးလ္ ဘုရင့္ရိုင္ဖယ္တပ္ရင္းသို႔ အျမန္ ေစလႊတ္လိုက္ၿပီး ႐ုိင္ဖယ္ေသနတ္ကုိင္ ေဂၚရာ စစ္သားမ်ားကို ခ်က္ခ်င္း ေခၚခုိင္းလိုက္ေလ၏။
သို႔ႏွင့္ မ်ားမၾကာမီအခ်ိန္တြင္ ကပၸတိန္ဗီဘီးလ္ႏွင့္အတူ ရိုင္ဖယ္ေသနတ္ကိုင္ ေဂၚရာစစ္သား ၁၄ ေယာက္ ရင္ျပင္ေတာ္ေပၚသို႔ ေရာက္ရွိလာၿပီး ကာနယ္အီးေလာ့ဖို႔္ဒ္အား သတိဆဲြ သတင္းပို႔ေလသည္။ အဆိုပါ ေဂၚရာစစ္သား ၁၄ ေယာက္အား ကာနယ္က ခုနစ္ေယာက္တစ္ဖဲြ႕ႏႈန္းျဖင့္ တပ္ဖဲြ႕ ႏွစ္ဖဲြ႕ခြဲလိုက္သည္။ အေစာက ကပၸတိန္ဂ်င္းနင္း ေနရာယူထားေသာ တန္ေဆာင္းႀကီး၏ တစ္ဖက္တစ္ခ်က္စီတြင္ ေဂၚရာစစ္သားမ်ားအား အျမန္ေနရာခ်လိုက္သည္။
ေသနတ္ကုိင္ အရာရွိ စစ္သားမ်ားအားလုံး အသင့္ျဖစ္သြားခ်ိန္မွာေတာ့..
“ဖုိင္းယား”
“ဒုန္း ဒုန္း”
“ဒိုင္း ဒိုင္း ဒိုင္း ဒိုင္း”
ကာနယ္အီးေလာ့ဖို႔ဒ္ထံမွ ပစ္မိန္႔ေပးသံအဆုံးတြင္ ကပၸတိန္ဂ်င္းနင္း၏ လက္ထဲမွ ႏွစ္လုံးျပဴးေသနတ္ႏွင့္ ေဂၚရာ စစ္သားမ်ား၏ ရိုင္ဖယ္ေသနတ္ ေျပာင္းဝမ်ားမွ ေသမင္းတမန္ က်ည္ဆန္မ်ားက ျပင္းထန္ေသာ ေပါက္ကဲြသံမ်ားကို ဆူညံစြာျပဳရင္း က်ားဝပ္ေနရာဆီသို႔ အလုအယက္ ေျပးထြက္သြားၾကေလ၏။
သို႔ေသာ္ အႏွီက်ားကပဲ ကံေကာင္းေနေလသည္လားမသိ။ တဒုန္းဒုန္း တဒိုင္းဒိုင္းျဖင့္ ပစ္ခတ္ေနၾကေသာ အဆိုပါက်ည္ဆန္မ်ားမွာ က်ားကုိ တစ္ခ်က္ကေလးမွ မထိ။ က်ားဝပ္ေနေသာ ေခါင္းေလာင္းပုံအစြန္းကုိသာ က်ည္ဆန္မ်ား ထိသြားေၾကာင္း ဖြာကနဲ ဖြာကနဲ လႊင့္စင္ ထြက္က်လာသည့္ အုတ္စ၊ အဂၤေတစမ်ားက သက္ေသခံေနေလသည္။
“ေဝါင္း”
ဆူညံေသာေသနတ္သံမ်ားေၾကာင့္ မာန္ဖီသံတစ္ခ်က္ျပဳလိုက္ရင္း အဆိုပါက်ားက ဝပ္ေနရာမွ ေခါင္းေထာင္၍ထၾကည့္လိုက္သည္။ အဆိုပါအခြင့္အေရးကို တန္ေဆာင္းေပၚမွာ အသင့္ေနရာယူထားသည့္ ကပၸတိန္ဂ်င္းနင္းက လုံးဝ လက္လြတ္မခံ။
“ဒုန္း ဒုန္း”
ကပၸတိန္ဂ်င္းနင္း၏လက္ထဲမွ ႏွစ္လုံးျပဴးေသနတ္က ျမည္ဟည္းသံႏွစ္ခ်က္ကို ဆက္တိုက္ျပဳလိုက္ရင္း က်ားရွိရာသို႔ ခဲပူေတာင့္ေတြ ဆက္တိုက္ေျပးဝင္သြားေလ၏။
“ေဝါင္း ေဝါင္း”
ရင္ဘတ္ႏွင့္ဝဲယာပုခုံးမ်ားကုိ က်ည္ဆန္မ်ား ထိမွန္သြားမႈေၾကာင့္ က်ားက နာက်င္စြာညည္းညဴရင္း မာန္ဖီလိုက္ေလသည္။ နီးစပ္ရာကိုလူးလွိမ့္ကုတ္ျခစ္ရင္း ပတပ္ထရပ္ဖို႔ ႀကိဳးစားေနသည္။
“ဒိုင္း ဒိုင္း ဒိုင္း ဒိုင္း”
“ဒုန္း ဒုန္း”
ေသြးရူးေသြးတန္းျဖစ္ေနေသာ အဆိုပါက်ားကို ေဂၚရာစစ္သားမ်ားႏွင့္ ကပၸတိန္ဂ်င္းနင္းက က်ည္ဆန္ေတြ တရစပ္ပစ္လႊတ္လိုက္ေလသည္။ ထိတာလည္း ရွိသည္။ လဲြတာလည္း ရွိသည္။ ၾကာေတာ့ အႏွီက်ား မခံႏိုင္ေတာ့။ ညည္းညဴသံ တစ္ခ်က္ ျပဳလိုက္ရင္း အဆိုပါေနရာမွာပင္ လဲက်သြားေလေတာ့၏။ သို႔ေသာ္ ေအာက္ကိုကား ျပဳတ္က်မလာ။
“ေဝး ေဟးေဟးေဟး”
ရင္ျပင္ေတာ္ေပၚရွိလူအုပ္ႀကီးက တေဟးေဟးဟစ္ေအာ္ရင္း ျငာသံဝိုင္းေပးသည္။ သို႔ေသာ္ျငား က်ားကေတာ့ ထိုေနရာမွာပင္ ေနျမဲ။သည္ေတာ့ စိတ္ျမန္လက္ျမန္ ကပၸတိန္ဂ်င္းနင္းက သူ ေနရာယူထားသည့္ တန္ေဆာင္းေပၚမွဆင္းၿပီး ဝါးျငမ္းအတိုင္း ခပ္သုတ္သုတ္တက္သြားသည္။ သူ႔ေက်ာေပၚမွာေတာ့ လက္စဲြေတာ္ ႏွစ္လုံးျပဴး ေသနတ္ကို စလြယ္သိုင္း လြယ္ထားလ်က္။ အေပၚေရာက္ေတာ့ က်ားကိုေတြ႕သည္။ ဒဏ္ရာေတြဗရပြ ရေနၿပီျဖစ္ေသာ္လည္း အသက္ျပင္းလြန္းလွသည့္ အႏွီက်ားက အသက္ မေသေသး။ ညည္းညဴသံေတြေပးေနရင္း အသက္ငင္ေနသည္မို႔ ကပၸတိန္ဂ်င္းနင္းက အနီးကပ္ အေသအခ်ာခ်ိန္ရြယ္ကာ ပဲြသိမ္း က်ည္ဆန္တစ္ေတာင့္ကို ပစ္သြင္းလိုက္ေလ၏။
“ဒိန္း”
သည္တစ္ခါေတာ့ အဆိုပါက်ား ဇီဝိန္ခ်ဳပ္ေလၿပီ။ အသက္ ကင္းမဲ့ေနၿပီျဖစ္ေသာ အဆိုပါက်ားေသေကာင္ကို ကပၸတိန္ဂ်င္းနင္းက တျဖည္းျဖည္းခ်င္း ေအာက္သို႔ ဆြဲခ်လာေလ၏။
ရင္ျပင္ေတာ္ေပၚသို႔ေရာက္လာေသာ က်ားေသကာင္ကို အေသအခ်ာၾကည့္ရႈေတာ့မွ အဆိုပါက်ားက က်ားထီးမဟုတ္၊ သန္တုန္း ျမန္တုန္းအရြယ္ က်ားမတစ္ေကာင္ ျဖစ္ေနေလ၏။ ကိုယ္ခႏၶာကို တုိင္းထြာၾကည့္ေသာအခါ အၿမီးဖ်ားကေန ဦးေခါင္းအထိ အလ်ား႐ွစ္ေပတိတိ။
*****************************
ေကာင္းၿပီ..
ေရႊတိဂုံေစတီေတာ္ေပၚသို႔ အဆိုပါက်ားက မည္သို႔မည္ပုံ ေရာက္ရွိလာပါသနည္း…
ထိုစဥ္တုန္းက ရန္ကုန္ၿမိဳ႕ေနလူထုကို ေရေပးေဝရန္အတြက္ အဂၤလိပ္အစိုးရက ေလွာ္ကားကန္ႀကီးကို တူးေဖာ္ ေဆာက္လုပ္ေနသည္။ စက္ယႏၱရားမ်ားသာမက မ်ားျပားလြန္းလွေသာ လုပ္သားအင္အားမ်ားကိုပါ အသုံးျပဳေနခ်ိန္ျဖစ္သည္။ သိၾကသည့္အတိုင္းေလွာ္ကားကန္ဆိုသည္က ရန္ကုန္ၿမိ႕အစြန္၊ ရိုးမေတာႀကီးရဲ႕ အစပ္။ ၿပီးေတာ့ ထိုအခ်ိန္က ေလွာ္ကားကန္တစ္ဝိုက္ဆိုသည္ကား တကယ့္ကို ေတာႀကီးမ်က္မည္း။ ေတာထူေတာ့ သားရဲတိရစၧာန္ေတြ ေပ်ာ္ျမဴး က်က္စားၾကသည္။ သမင္၊ ယုန္၊ ဒရယ္၊ ေခ်၊ ေတာဝက္ စသည့္ ေတာေကာင္ငယ္မ်ားရွိသလို ေတာဆင္ရိုင္းမ်ား၊ က်ားမ်ားပါ ခိုေအာင္းေနတတ္သည္။
ေလွာ္ကားကန္တည္ေဆာက္ေနခ်ိန္မွာ လူသူမ်ား အေရာက္အေပါက္မ်ားလာသည္မို႔ က်န္သည့္ေတာေကာင္ငယ္မ်ားက ေတာနက္ရာ ေဒသမ်ားသို႔ ေရႊ႕ေျပာင္းေနစဥ္ အဆိုပါက်ားက မ်က္စိလည္ လမ္းမွားၿပီး ရန္ကုန္ၿမိဳ႕ထဲသို႔ ဝင္လာမိပုံရသည္။ ထို႔ေနာက္ လုံးေတာ္ျပည့္ေရႊသကၤန္းကပ္ရန္ ဆင္ထားသည့္ ဝါးျငမ္းမ်ားမွတစ္ဆင့္ ေရႊတိဂုံ ေစတီတာ္ျမတ္ႀကီး၏ ကိုယ္လုံးေတာ္ေပၚသို႔ ႀကံႀကံဖန္ဖန္ တက္ေရာက္လာမိျခင္းျဖစ္မည္ဟု အဂၤလိပ္ အမဲပစ္မုဆိုးမ်ားက ခန္႔မွန္း ေျပာဆိုၾကသည္။
၁၈၈၀ ျပည့္ႏွစ္ ဒီဇင္ဘာလတုန္းကလည္း စတီဗင္ဆင္လမ္း (ယခု- လွည္းတမ္းလမ္း) သို႔ က်ားတစ္ေကာင္ မ်က္စိလည္လမ္းမွားၿပီး ဝင္ေရာက္လာသျဖင့္ အဂၤလိပ္မုဆိုးမ်ားက ဝိုင္ဝန္းပစ္ခတ္ ဖမ္းဆီးခဲ့ရသည္ မဟုတ္ေလာ။ အဂၤလိပ္အာဏာပိုင္မ်ားက အဆိုပါက်ားသတင္းကို ေနာက္ေၾကာင္းျပန္ စုံစမ္းၾကည့္ၾက၊ ေျခရာခံၾကည့္ၾကေသာအခါ ေရႊတိဂုံေစတီေတာ္ေပၚသို႔မတက္မီ အႏွီက်ားက ပုဇြန္ေတာင္ အမဲသတ္ရုံ (ယခု- မဂၤလာေတာင္ညႊန္႔ၿမိဳ႕နယ္ အားကာဝင္း) အနီးရွိ ဟင္းသီးဟင္းရြက္ စိုက္ခင္းမ်ားထဲသို႔လည္း ဝင္ေမႊခဲ့သည္.. တဲ့။
ၿပီးေတာ့ ကုကိၠဳင္း ေရကူးရြာဘက္က ၿခံတစ္ၿခံ အတြင္းသို႔လည္း အတင့္ရဲစြာဝင္ေရာက္ၿပီး ႏြားမတစ္ေကာင္ကို ကိုက္သတ္စားခဲ့ေသးသည္.. တဲ့။ ဒါတင္မက ေဘာင္ဒရီလမ္း (ယခု- ဓမၼေစတီလမ္း) ရွိ ေနအိမ္တစ္အိမ္၏ ေနာက္ေဖးခန္းအတြင္းသို႔လည္း ေျခစၾကာ ျဖန္႔ခဲ့ေသးသည္တဲ့ေလ။ ၾကည့္ရတာေတာ့ ယခင္ သူ အမဲလိုက္ေနက် ေလွာ္ကားကန္ အနီးတစ္ဝိုက္မွ ေတာေကာင္ငယ္ကေလးမ်ားက ေတာပိုနက္သည့္ ရိုးမေတာႀကီးထဲသို႔ ေျပာင္းေရႊ႕သြားၾကသျဖင့္ လူတ္ုိ႔ရပ္ရြာအတြင္း က်ဴးေက်ာ္လာကာ လူတို႔ေမြးျမဴထားသာ ဆိတ္၊ ႏြား၊ သိုး၊ ဝက္ စသည့္ အိမ္ေမြးတိရစၧာန္မ်ားကို ကိုက္သတ္စားရန္ က်ဴးေက်ာ္ဝင္ေရာက္လာရင္း ေသခ်င္တဲ့က်ား ေတာေျပာင္းဆိုသလို ျဖစ္သြားဟန္တူပါသည္။
အဆိုပါ ေရႊတိဂုံဘုရားေပၚသို႔ က်ားတက္သည့္သတင္းက ရန္ကုန္ၿမိဳ႕မွာသာမက တစ္ႏုိင္ငံလုံးသို႔ တစ္မုဟုတ္ခ်င္း ပ်ံ႕ႏွံ႔သြားၿပီး ဟုိးေလးတေက်ာ္ ျဖစ္ခဲ့ရသည္။ အနယ္နယ္ အရပ္ရပ္မွ ဘုရားဖူးပရိသတ္မ်ားလည္း ယခင္ကထက္ ပုိမုိမ်ားျပားလာသည္။ နတ္ယုံၾကည္သူ တခ်ိဳ႕ကေတာ့ အဆိုပါကိစၥကို “ေမွာ္ဘီနတ္ႀကီး ေရႊတိဂုံဘုရားဖူး လာသည္” ဟု အရပ္ထဲမွာ တိုးတိုးတိတ္တိတ္ ေျပာၾကသည္တဲ့ေလ။
ထို႔အျပင္ ေရႊေတာင္ဆရာလြန္း (ေနာင္- ဆရာႀကီး ူသခင္ကိုယ္ေတာ္မိႈင္း) ကလည္း “ေရႊတိဂုံဘုရားအမွဴးကုိ က်ားအဖူးတက္ေသာ ျပဇာတ္” အမည္ရွိ ျပဇာတ္စာအုပ္တစ္အုပ္ကို ေရးသား ထုတ္ေဝခဲ့ရာ ထိုေခတ္အခါတုန္းက ေရာင္းမေလာက္ေအာင္ လူၾကဳိက္မ်ားခဲ့သည္တဲ့။
ထိုေခတ္က ကျပေဖ်ာ္ေျဖခဲ့ၾကသည့္ ဇာတ္ပဲြမ်ားႏွင့္ အၿငိမ့္ပဲြမ်ားမွာလည္း လူရႊင္ေတာ္မ်ားက..
“ေရႊတိဂုံဘုရားမွာ က်ားတက္တာ ငါးရက္ၾကာသေနာ္.. အုိ.. ေရႊတိဂုံဘုရားမွာလ က်ားတက္တာ ငါးရက္ၾကာသဗ်.. ေဂၚရာေတြဝုိင္း ေသနတ္နဲ႔ပစ္ က်ားစင္းစင္းေသ” ဆိုၿပီး သီခ်င္းစပ္ဆိုရင္း ျပက္လုံးေတြထုတ္ခဲ့ၾကရာမွာ ေရႊပဲြလာ ပရိသတ္မ်ားက လက္ခုပ္သံတေျဖာင္းေျဖာင္းျဖင့္ အားေပးခဲ့ၾကသည္ဟု မွတ္သားခဲ့ရပါေၾကာင္း…။
ေလးစားလ်က္
Thu Hlaing
#Unicode Version#
အချိန်က ၁၉၀၃ ခုနှစ်..
တစ်နည်းပြောရလျှင် အင်္ဂလိပ်ကိုလိုနီ နယ်ချဲ့တို့၏လက်အောက်တွင် မြန်မာတစ်မျိုးသားလုံး ကျွန်သပေါက်ဘဝဖြင့် ကိုယ်နှုတ်နှလုံး သုံးပါးစလုံး ညှိုးငယ်စွာ နေထိုင်နေရသည့် အချိန်..
ထိုအချိန်က ရန်ကုန်မြို့ကြီးသည် မြို့ဟုခေါ်သော်လည်း လူနေအိမ်ခြေ နည်းပါးလွန်းလှပြီး နေရာ အတော်များများမှာ သစ်ပင်သစ်တောကြီးများ၊ ခြုံနွယ်များသာ ဖုံးလွှမ်းလျက်ရှိနေ၏။ ဆူးလေစေတီတော်ဝန်းကျင် ရန်ကုန်မြို့လယ်ကောင်တစ်ဝိုက်နှင့် သိမ်ကြီးဈေးအနီးတစ်ဝိုက်လောက်မှာသာ အစိုးရ အဆောက်အဦများနှင့် လူနေအိမ်ခြေ တိုက်တာ အိုးအိမ်များ များပြားပြီး ကျန်သည့်နေရာ အတော်များများမှာတော့ တောအုပ်ကြီးသဖွယ် ဖြစ်နေလေ၏။
သူ့ကျွန်ဘဝရောက်နေသော်လည်း ထေရဝါဒ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများမှာ အလှူရေစက် လက်နှင့်မပြတ်ကြ။ ဘုရားရှင်၏သားတော် ရဟန်းသံဃာများ စိတ်အေးချမ်းသာစွာဖြင့် သာသနာပြုနိုင်ရန်အတွက် ကျောင်း၊ သင်္ကန်း၊ ဆွမ်း၊ ဆေး.. အစရှိသည့် ပစ္စည်းလေးပါးများကို စဉ်ဆက်မပြတ် ဆက်ကပ် လှူဒါန်းနေကြသလို၊ မြန်မာတို့၏အသည်းနှလုံး သိဂုၤတ္တရ ကုန်းတော်ပေါ်ရှိ လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်မြတ်ကြီးကိုလည်း လုံးတော်ပြည့် ရွှေသင်္ကန်းများ ကပ်လှူ ပူဇော်နိုင်ရန်အတွက် ဝိုင်းဝန်း ပြင်ဆင်နေကြလေသည်။
မြန်မာသက္ကရာဇ် ၁၂၆၄ ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် ရွှေတိဂုံ စေတီတော်မြတ်ကြီး၌ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ခြိမ့်ခြိမ့်သည်းသည်း ကျင်းပကြမည်ဖြစ်သည်။ ထို့ကြောင့် ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က အနယ်နယ်အရပ်ရပ်မှ ထေရဝါဒ ဗုဒ္ဓဘာသာဝင် မြန်မာပြည်သူများ စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် ထည့်ဝင်လှူဒါန်းထားကြသည့် ရွှေစင်ရွှေပြားများကို ရွှေတိဂုံ စေတီတော်မြတ်ကြီးအား တပေါင်းလပြည့် ဗုဒ္ဓပူဇနိယပွဲတော်အမီ ကပ်လှူ ပူဇော်နိုင်ရန်အတွက် ကိုယ်လုံးတော်အား ဝါးများဖြင့်ငြမ်းဆင်ကာ အင်တိုက်အားတိုက်ဖြင့် ဆောင်ရွက်နေကြလေသည်။ စေတီတော်ပေါ်တွင် ဂေါပကအဖွဲ့ဝင်များ၊ အလုပ်သမားများ၊ ဘုရားဖူးပြည်သူများဖြင့် လွန်စွာမှ စည်ကားနေသည့်အချိန်လည်း ဖြစ်နေပေတော့သည်။
သည်လိုနှင့် ခရစ်နှစ် ၁၉၀၃ ခုနှစ်၊ မတ်လ ၂ ရက် (မြန်မာသက္ကရာဇ် ၁၂၆၄ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက်) နေ့သို့ရောက်လာသည်။ မှတ်မှတ်ရရ ထိုနေ့ကား တနင်္လာနေ့၊ နံနက်ပိုင်းဖြစ်၏။ ပွဲတော်ရက်နီးကပ်လာပြီမို့ ရွှေသင်္ကန်းကပ်လှူကြမည့် အလုပ်သမားများမှာ ဝါးငြမ်းများကို တစ်ခုပြီးတစ်ခုကျော်လွှားရင်း ကျွမ်းကျင်စွာတက်သွားကြသည်မှာ ဆပ်ကပ်ပွဲ တစ်ခုလေအလား။ ထိုစဉ် ရွှေတိဂုံစေတီတော်မြတ်ကြီး ကိုယ်လုံးတော်ပေါ်မှ “ခေါင်းလောင်းပုံအနားလန်စွန်း” ၌ ဝါဝါစင်းစင်း အရာတစ်ခု ရှိနေသည်ကို အလုပ်သမားတချို့က လှမ်းမြင်လိုက်မိကြလေသည်။ မနေ့က အလုပ်သမားတချို့ ငြမ်းပေါ်မှပြန်ဆင်းရင်း မေ့ကျန်ထားခဲ့ကြသည့် ပစ္စည်းပစ္စယ တစ်ခုခုလေလား.. သို့တည်းမဟုတ် အဝတ်အစား တစ်ခုခုလေလား..
“အလိုလေး.. ကျားဗျို့.. ကျား ကျား”
“အီး.. လုပ်ကြပါဦးဗျ..
ဘုရားပေါ်မှာ ကျားကြီးဗျ”
ရှေ့ဆုံးမှတက်သွားသည့် အလုပ်သမားတချို့က ထိတ်လန့်စွာ အော်ဟစ်လိုက်ရင်း ဝါးငြမ်းများပေါ်မှ ဒရောသောပါးဖြင့် ပြန်ပြေးဆင်းလာကြသည်။ အောက်ခြေမှအပေါ်သို့ တက်လုတက်ဆဲ အလုပ်သမားများကလည်း အပေါ်ကလူတွေ ပြန်ပြေးဆင်းလာမှတော့ နဝေတိမ်တောင်ဖြင့် သူ့ထက်ငါအလုအယက် ဆင်းပြေးကြပြီပေါ့။ တစ်ယောက်အပေါ်တစ်ယောက် တိုးမိ တိုက်မိ ခိုက်မိရင်း အလဲလဲ အကွဲကွဲ ရုတ်ရုတ်သဲသဲ။
“ဘယ့်နှယ်..
တောကြီးမျက်မည်းထဲမှာသာနေတတ်တဲ့ အသားစားသတ္တဝါမျိုးနွယ်ဝင် သားရဲတိရစ္ဆာန် ကျားရိုင်းတစ်ကောင်က ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်ကို တက်လာရုံသာမက ကိုယ်လုံးတော်ပေါ်မှာတောင် ဝပ်နေသတဲ့လား။ မဖြစ်နိုင်တာပဲ”
ဤသို့ဤနှယ် အတွေးဝင်မိကြသော ဘုရားဖူးပြည်သူအချို့က မယုံသင်္ကာ ဒွိဟစိတ်ဖြင့် အပြေးအလွှား လာကြည့်ကြသည်။ ဝါးငြမ်းများကွယ်နေ၍ တော်တော်နှင့် မမြင်ရ။ အသေအချာ စူးစိုက်ပြီးကြည့်ကြည့်တော့မှ တွေ့လိုက်ရပါလေပြီ။
“အလိုလေး.. ဟုတ်သဟ.. ကျားသားမိုးကြိုး.. ဘုရားပေါ်မှာ ကျားကြီးတစ်ကောင် ဝပ်နေသဟ”
“ဟုတ်ပါ့တော်.. ဘယ်လိုကဘယ်လို ဘုရာပေါ်ရောက်နေပါလိမ့်။ ရင်ပြင်တော်ပေါ် ဆင်းချလာရင်တော့ ဒုက္ခတော်ရေ့”
နံနက်စောစော ဘုရားရင်ပြင်တော်ပေါ်သို့ ဘုရားဖူး၊ တရားထိုင်၊ ပုတီးစိပ် စသည်ဖြင့် ရောက်ရှိနေကြသော အလွှာပေါင်းစုံမှ ဘုရားဖူးပြည်သူများလည်း တစ်ယောက်တစ်ပေါက်ပြောဆိုရင်း ထိတ်ထိတ်ပျာပျာ ဖြစ်ကုန်ကြတော့သည်။ ကလေးတွေကိုလက်ဆွဲပြီး ရင်ပြင်တော်ပေါ်ကနေ ဆင်းပြေးသူတွေကလည်း ဆင်းပြေးကြသည်။ “ဘယ်သူရေ ဘယ်ဝါရေ” စသည်ဖြင့် အော်ဟစ် ခေါ်ဆိုနေသံများကလည်း ကျွက်ကျွက်ညံလို့။
ထိုသတင်းက ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်မှာသာမက ရန်ကုန်တစ်မြို့လုံးသို့ပါ တစ်မုဟုတ်ချင်းမှာပင် တောမီးပမာ ကူးစက်ပျံ့နှံ့သွားလေတော့သည်။ သတင်းကြား၍ ဘုရားပေါ်သို့ အပြေးအလွှားတက်လာပြီး ဝိုင်းအုံ ကြည့်ရှုနေကြသူများကလည်း ရောက်လာမစဲ တဖွဲဖွဲ။ တစ်ယောက်တစ်ပေါက် ပြောဆို ညွှန်ပြ အော်ဟစ်နေကြရင်း စိတ်ထင်ရာ မှတ်ချက်ပေးနေကြသူများကလည်း အများအပြား။ ဂေါပကအဖွဲ့ဝင်များလည်း မျက်လုံးပြူးနေပြီ။ ရင်ပြင်တော်တစ်ခုလုံးမှာတော့ အုတ်အုတ်ကျက်ကျက် ဖြစ်နေကြလေပြီတကား။
****************************
သို့နှင့် ထိုနေ့နံနက် ၈ နာရီခန့်သို့ရောက်လာသည်။ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးရွှေဝိုင်းက ထိုသတင်းကို ရန်ကုန်မြို့ရှိ မျက်နှာဖြူ အရေးပိုင်မင်းကြီးထံ အပြေးအလွှား သွားရောက်သတင်းပို့သည်။ အရေးပိုင်လည်း အစကသိပ်မယုံချင်။ သို့သော် ဦးရွှေဝိုင်းက အတိအကျ သတင်းပေးနေပြီမို့ မနေသာတော့။ သည်တော့ ရန်ကုန်မြို့တွင်တပ်စွဲထားသည့် အင်္ဂလိပ်စစ်တပ်မှ ကာနယ် အီးလောဖို့ဒ်ထံသို့ စာတစ်စောင် ချက်ချင်းရေးပေးလိုက်လေသည်။ ထိုစာကိုယူပြီး ဦးရွှေဝိုင်းတစ်ယောက် ကာနယ် အီးလော့ဖို့ဒ်ရှိရာသို့ သုတ်ခြေတင်ရပြန်လေ၏။
ခဏအကြာမှာတော့ သူတို့နှစ်ယောက်သား နီးစပ်ရာ အင်္ဂလိပ်အရာရှိ တချို့၏ နေအိမ်များကို ဝင်ရောက်အသိပေးရင်း သေနတ်ရှာရသည်။ ကပ္ပတိန်ဂျင်းနင်း၏နေအိမ်မှ နှစ်လုံးပြူးသေနတ်တစ်လက် ရလာသည်မို့ ကပ္ပတိန်ဂျင်းနင်းနှင့် ကပ္ပတိန်ဘီဗီးလ်တို့ကိုပါ သူတို့နှင့်အတူ တစ်ပါတည်းခေါ်လာပြီး ရွှေတိဂုံ စေတီတော်ပေါ်သို့ အပြေးအလွှား တက်လာခဲ့ကြရပေပြီ။ သူတို့လူစု ရင်ပြင်တော်ပေါ်သို့ ရောက်ရှိသွားချိန်မှာတော့ လူအုပ်ကြီးက တိုးမပေါက်အောင် စည်ကားနေလေပြီတကား။
****************
ကာနယ်အီးလော့ဖို့ဒ်က ရင်ပြင်တော်ပေါ်မှနေ၍ အဆိုပါ ကျားဝပ်နေသည့် နေရာကို လှမ်းကြည့်လိုက်လေသည်။ အလှမ်းဝေးနေသည်မို့ တစ်ကောင်လုံးကိုမမြင်ရ။ အသေအချာ စူးစိုက်ကြည့်တော့မှသာ ကျား၏ ကျောကုန်းပိုင်း၊ နောက်ခြေထောက်နှင့် အမြီးကလေးကိုသာ လှမ်းမြင်လိုက်ရလေ၏။ ပြောမယုံ ကြုံဖူးမှသိလိုက်ရပေကော။ ကာနယ် အီးလော့ဖို့ဒ် မည်သို့ဆုံးဖြတ်ရမည်နည်း။
မတတ်နိုင်..
လူများ အန္တရာယ်ကင်းစေဖို့အတွက် အဆိုပါ ကျားကို သေနတ်နှင့်ပစ်ခတ်ပြီး သုတ်သင် ရှင်းလင်းရပေတော့မည်။ သို့သော် နေရာက အတော်ဝေးနေသည့်အပြင် ဘုရားကြီး၏ ကိုယ်လုံးတော်ပေါ်မှာဝပ်နေသည့် ထိုကျားကို ရင်ပြင်တော်ပေါ်မှနေ၍ လှမ်းပစ်မည်ဆိုပါက ချက်ကောင်းကို ထိမှန်နိုင်မည်မဟုတ်။ အသက်မသေဘဲ ဒဏ်ရာရရုံသာရသွားပါက ရင်ပြင်တော်ပေါ်သို့ဆင်းပြေးလာရင်း အောက်မှ လူများကို ကျားနာခဲ ခဲပေတော့မည်။
ထို့ပြင် ဒဏ်ရာရသွားသည့် တောရိုင်းတိရစ္ဆာန်များက လူသားများကို ပို၍ ဒုက္ခပေးတတ်သည်ဟု သူ ကြားဖူးထားသည်။ သည်တော့ ကာနယ် အီးလော့ဖို့ဒ်က သူနှင့်အတူပါလာသည့် ကပ္ပတိန် ဂျင်းနင်းကို တန်ဆောင်းတစ်ခုပေါ်သို့တက်စေပြီး အသင့်နေရာယူခိုင်းလိုက်လေသည်။ ကပ္ပတိန်ဗီဘီးလ်ကိုတော့ လီဗာပူးလ် ဘုရင့်ရိုင်ဖယ်တပ်ရင်းသို့ အမြန် စေလွှတ်လိုက်ပြီး ရိုင်ဖယ်သေနတ်ကိုင် ဂေါ်ရာ စစ်သားများကို ချက်ချင်း ခေါ်ခိုင်းလိုက်လေ၏။
သို့နှင့် များမကြာမီအချိန်တွင် ကပ္ပတိန်ဗီဘီးလ်နှင့်အတူ ရိုင်ဖယ်သေနတ်ကိုင် ဂေါ်ရာစစ်သား ၁၄ ယောက် ရင်ပြင်တော်ပေါ်သို့ ရောက်ရှိလာပြီး ကာနယ်အီးလော့ဖို့်ဒ်အား သတိဆွဲ သတင်းပို့လေသည်။ အဆိုပါ ဂေါ်ရာစစ်သား ၁၄ ယောက်အား ကာနယ်က ခုနစ်ယောက်တစ်ဖွဲ့နှုန်းဖြင့် တပ်ဖွဲ့ နှစ်ဖွဲ့ခွဲလိုက်သည်။ အစောက ကပ္ပတိန်ဂျင်းနင်း နေရာယူထားသော တန်ဆောင်းကြီး၏ တစ်ဖက်တစ်ချက်စီတွင် ဂေါ်ရာစစ်သားများအား အမြန်နေရာချလိုက်သည်။
သေနတ်ကိုင် အရာရှိ စစ်သားများအားလုံး အသင့်ဖြစ်သွားချိန်မှာတော့..
“ဖိုင်းယား”
“ဒုန်း ဒုန်း”
“ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း”
ကာနယ်အီးလော့ဖို့ဒ်ထံမှ ပစ်မိန့်ပေးသံအဆုံးတွင် ကပ္ပတိန်ဂျင်းနင်း၏ လက်ထဲမှ နှစ်လုံးပြူးသေနတ်နှင့် ဂေါ်ရာ စစ်သားများ၏ ရိုင်ဖယ်သေနတ် ပြောင်းဝများမှ သေမင်းတမန် ကျည်ဆန်များက ပြင်းထန်သော ပေါက်ကွဲသံများကို ဆူညံစွာပြုရင်း ကျားဝပ်နေရာဆီသို့ အလုအယက် ပြေးထွက်သွားကြလေ၏။
သို့သော် အနှီကျားကပဲ ကံကောင်းနေလေသည်လားမသိ။ တဒုန်းဒုန်း တဒိုင်းဒိုင်းဖြင့် ပစ်ခတ်နေကြသော အဆိုပါကျည်ဆန်များမှာ ကျားကို တစ်ချက်ကလေးမှ မထိ။ ကျားဝပ်နေသော ခေါင်းလောင်းပုံအစွန်းကိုသာ ကျည်ဆန်များ ထိသွားကြောင်း ဖွာကနဲ ဖွာကနဲ လွှင့်စင် ထွက်ကျလာသည့် အုတ်စ၊ အင်္ဂတေစများက သက်သေခံနေလေသည်။
“ဝေါင်း”
ဆူညံသောသေနတ်သံများကြောင့် မာန်ဖီသံတစ်ချက်ပြုလိုက်ရင်း အဆိုပါကျားက ဝပ်နေရာမှ ခေါင်းထောင်၍ထကြည့်လိုက်သည်။ အဆိုပါအခွင့်အရေးကို တန်ဆောင်းပေါ်မှာ အသင့်နေရာယူထားသည့် ကပ္ပတိန်ဂျင်းနင်းက လုံးဝ လက်လွတ်မခံ။
“ဒုန်း ဒုန်း”
ကပ္ပတိန်ဂျင်းနင်း၏လက်ထဲမှ နှစ်လုံးပြူးသေနတ်က မြည်ဟည်းသံနှစ်ချက်ကို ဆက်တိုက်ပြုလိုက်ရင်း ကျားရှိရာသို့ ခဲပူတောင့်တွေ ဆက်တိုက်ပြေးဝင်သွားလေ၏။
“ဝေါင်း ဝေါင်း”
ရင်ဘတ်နှင့်ဝဲယာပုခုံးများကို ကျည်ဆန်များ ထိမှန်သွားမှုကြောင့် ကျားက နာကျင်စွာညည်းညူရင်း မာန်ဖီလိုက်လေသည်။ နီးစပ်ရာကိုလူးလှိမ့်ကုတ်ခြစ်ရင်း ပတပ်ထရပ်ဖို့ ကြိုးစားနေသည်။
“ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း”
“ဒုန်း ဒုန်း”
သွေးရူးသွေးတန်းဖြစ်နေသော အဆိုပါကျားကို ဂေါ်ရာစစ်သားများနှင့် ကပ္ပတိန်ဂျင်းနင်းက ကျည်ဆန်တွေ တရစပ်ပစ်လွှတ်လိုက်လေသည်။ ထိတာလည်း ရှိသည်။ လွဲတာလည်း ရှိသည်။ ကြာတော့ အနှီကျား မခံနိုင်တော့။ ညည်းညူသံ တစ်ချက် ပြုလိုက်ရင်း အဆိုပါနေရာမှာပင် လဲကျသွားလေတော့၏။ သို့သော် အောက်ကိုကား ပြုတ်ကျမလာ။
“ဝေး ဟေးဟေးဟေး”
ရင်ပြင်တော်ပေါ်ရှိလူအုပ်ကြီးက တဟေးဟေးဟစ်အော်ရင်း ငြာသံဝိုင်းပေးသည်။ သို့သော်ငြား ကျားကတော့ ထိုနေရာမှာပင် နေမြဲ။သည်တော့ စိတ်မြန်လက်မြန် ကပ္ပတိန်ဂျင်းနင်းက သူ နေရာယူထားသည့် တန်ဆောင်းပေါ်မှဆင်းပြီး ဝါးငြမ်းအတိုင်း ခပ်သုတ်သုတ်တက်သွားသည်။ သူ့ကျောပေါ်မှာတော့ လက်စွဲတော် နှစ်လုံးပြူး သေနတ်ကို စလွယ်သိုင်း လွယ်ထားလျက်။ အပေါ်ရောက်တော့ ကျားကိုတွေ့သည်။ ဒဏ်ရာတွေဗရပွ ရနေပြီဖြစ်သော်လည်း အသက်ပြင်းလွန်းလှသည့် အနှီကျားက အသက် မသေသေး။ ညည်းညူသံတွေပေးနေရင်း အသက်ငင်နေသည်မို့ ကပ္ပတိန်ဂျင်းနင်းက အနီးကပ် အသေအချာချိန်ရွယ်ကာ ပွဲသိမ်း ကျည်ဆန်တစ်တောင့်ကို ပစ်သွင်းလိုက်လေ၏။
“ဒိန်း”
သည်တစ်ခါတော့ အဆိုပါကျား ဇီဝိန်ချုပ်လေပြီ။ အသက် ကင်းမဲ့နေပြီဖြစ်သော အဆိုပါကျားသေကောင်ကို ကပ္ပတိန်ဂျင်းနင်းက တဖြည်းဖြည်းချင်း အောက်သို့ ဆွဲချလာလေ၏။
ရင်ပြင်တော်ပေါ်သို့ရောက်လာသော ကျားသေကာင်ကို အသေအချာကြည့်ရှုတော့မှ အဆိုပါကျားက ကျားထီးမဟုတ်၊ သန်တုန်း မြန်တုန်းအရွယ် ကျားမတစ်ကောင် ဖြစ်နေလေ၏။ ကိုယ်ခန္ဓာကို တိုင်းထွာကြည့်သောအခါ အမြီးဖျားကနေ ဦးခေါင်းအထိ အလျားရှစ်ပေတိတိ။
*****************************
ကောင်းပြီ..
ရွှေတိဂုံစေတီတော်ပေါ်သို့ အဆိုပါကျားက မည်သို့မည်ပုံ ရောက်ရှိလာပါသနည်း…
ထိုစဉ်တုန်းက ရန်ကုန်မြို့နေလူထုကို ရေပေးဝေရန်အတွက် အင်္ဂလိပ်အစိုးရက လှော်ကားကန်ကြီးကို တူးဖော် ဆောက်လုပ်နေသည်။ စက်ယန္တရားများသာမက များပြားလွန်းလှသော လုပ်သားအင်အားများကိုပါ အသုံးပြုနေချိန်ဖြစ်သည်။ သိကြသည့်အတိုင်းလှော်ကားကန်ဆိုသည်က ရန်ကုန်မြိ့အစွန်၊ ရိုးမတောကြီးရဲ့ အစပ်။ ပြီးတော့ ထိုအချိန်က လှော်ကားကန်တစ်ဝိုက်ဆိုသည်ကား တကယ့်ကို တောကြီးမျက်မည်း။ တောထူတော့ သားရဲတိရစ္ဆာန်တွေ ပျော်မြူး ကျက်စားကြသည်။ သမင်၊ ယုန်၊ ဒရယ်၊ ချေ၊ တောဝက် စသည့် တောကောင်ငယ်များရှိသလို တောဆင်ရိုင်းများ၊ ကျားများပါ ခိုအောင်းနေတတ်သည်။
လှော်ကားကန်တည်ဆောက်နေချိန်မှာ လူသူများ အရောက်အပေါက်များလာသည်မို့ ကျန်သည့်တောကောင်ငယ်များက တောနက်ရာ ဒေသများသို့ ရွှေ့ပြောင်းနေစဉ် အဆိုပါကျားက မျက်စိလည် လမ်းမှားပြီး ရန်ကုန်မြို့ထဲသို့ ဝင်လာမိပုံရသည်။ ထို့နောက် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်ရန် ဆင်ထားသည့် ဝါးငြမ်းများမှတစ်ဆင့် ရွှေတိဂုံ စေတီတာ်မြတ်ကြီး၏ ကိုယ်လုံးတော်ပေါ်သို့ ကြံကြံဖန်ဖန် တက်ရောက်လာမိခြင်းဖြစ်မည်ဟု အင်္ဂလိပ် အမဲပစ်မုဆိုးများက ခန့်မှန်း ပြောဆိုကြသည်။
၁၈၈၀ ပြည့်နှစ် ဒီဇင်ဘာလတုန်းကလည်း စတီဗင်ဆင်လမ်း (ယခု- လှည်းတမ်းလမ်း) သို့ ကျားတစ်ကောင် မျက်စိလည်လမ်းမှားပြီး ဝင်ရောက်လာသဖြင့် အင်္ဂလိပ်မုဆိုးများက ဝိုင်ဝန်းပစ်ခတ် ဖမ်းဆီးခဲ့ရသည် မဟုတ်လော။ အင်္ဂလိပ်အာဏာပိုင်များက အဆိုပါကျားသတင်းကို နောက်ကြောင်းပြန် စုံစမ်းကြည့်ကြ၊ ခြေရာခံကြည့်ကြသောအခါ ရွှေတိဂုံစေတီတော်ပေါ်သို့မတက်မီ အနှီကျားက ပုဇွန်တောင် အမဲသတ်ရုံ (ယခု- မင်္ဂလာတောင်ညွှန့်မြို့နယ် အားကာဝင်း) အနီးရှိ ဟင်းသီးဟင်းရွက် စိုက်ခင်းများထဲသို့လည်း ဝင်မွှေခဲ့သည်.. တဲ့။
ပြီးတော့ ကုက္ကိုင်း ရေကူးရွာဘက်က ခြံတစ်ခြံ အတွင်းသို့လည်း အတင့်ရဲစွာဝင်ရောက်ပြီး နွားမတစ်ကောင်ကို ကိုက်သတ်စားခဲ့သေးသည်.. တဲ့။ ဒါတင်မက ဘောင်ဒရီလမ်း (ယခု- ဓမ္မစေတီလမ်း) ရှိ နေအိမ်တစ်အိမ်၏ နောက်ဖေးခန်းအတွင်းသို့လည်း ခြေစကြာ ဖြန့်ခဲ့သေးသည်တဲ့လေ။ ကြည့်ရတာတော့ ယခင် သူ အမဲလိုက်နေကျ လှော်ကားကန် အနီးတစ်ဝိုက်မှ တောကောင်ငယ်ကလေးများက တောပိုနက်သည့် ရိုးမတောကြီးထဲသို့ ပြောင်းရွှေ့သွားကြသဖြင့် လူတို့ရပ်ရွာအတွင်း ကျူးကျော်လာကာ လူတို့မွေးမြူထားသာ ဆိတ်၊ နွား၊ သိုး၊ ဝက် စသည့် အိမ်မွေးတိရစ္ဆာန်များကို ကိုက်သတ်စားရန် ကျူးကျော်ဝင်ရောက်လာရင်း သေချင်တဲ့ကျား တောပြောင်းဆိုသလို ဖြစ်သွားဟန်တူပါသည်။
အဆိုပါ ရွှေတိဂုံဘုရားပေါ်သို့ ကျားတက်သည့်သတင်းက ရန်ကုန်မြို့မှာသာမက တစ်နိုင်ငံလုံးသို့ တစ်မုဟုတ်ချင်း ပျံ့နှံ့သွားပြီး ဟိုးလေးတကျော် ဖြစ်ခဲ့ရသည်။ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးပရိသတ်များလည်း ယခင်ကထက် ပိုမိုများပြားလာသည်။ နတ်ယုံကြည်သူ တချို့ကတော့ အဆိုပါကိစ္စကို “မှော်ဘီနတ်ကြီး ရွှေတိဂုံဘုရားဖူး လာသည်” ဟု အရပ်ထဲမှာ တိုးတိုးတိတ်တိတ် ပြောကြသည်တဲ့လေ။
ထို့အပြင် ရွှေတောင်ဆရာလွန်း (နောင်- ဆရာကြီး ူသခင်ကိုယ်တော်မှိုင်း) ကလည်း “ရွှေတိဂုံဘုရားအမှူးကို ကျားအဖူးတက်သော ပြဇာတ်” အမည်ရှိ ပြဇာတ်စာအုပ်တစ်အုပ်ကို ရေးသား ထုတ်ဝေခဲ့ရာ ထိုခေတ်အခါတုန်းက ရောင်းမလောက်အောင် လူကြိုက်များခဲ့သည်တဲ့။
ထိုခေတ်က ကပြဖျော်ဖြေခဲ့ကြသည့် ဇာတ်ပွဲများနှင့် အငြိမ့်ပွဲများမှာလည်း လူရွှင်တော်များက..
“ရွှေတိဂုံဘုရားမှာ ကျားတက်တာ ငါးရက်ကြာသနော်.. အို.. ရွှေတိဂုံဘုရားမှာလ ကျားတက်တာ ငါးရက်ကြာသဗျ.. ဂေါ်ရာတွေဝိုင်း သေနတ်နဲ့ပစ် ကျားစင်းစင်းသေ” ဆိုပြီး သီချင်းစပ်ဆိုရင်း ပြက်လုံးတွေထုတ်ခဲ့ကြရာမှာ ရွှေပွဲလာ ပရိသတ်များက လက်ခုပ်သံတဖြောင်းဖြောင်းဖြင့် အားပေးခဲ့ကြသည်ဟု မှတ်သားခဲ့ရပါကြောင်း…။
လေးစားလျက်
Thu Hlaing
ဒီျဖစ္ရပ္ႀကီးသည္ ရာဇ၀င္အဆက္ဆက္ မည္သည့္မင္းလက္ထက္ကမွ မႀကဳံဖူးေသာ ျဖစ္ရပ္ပင္ျဖစ္သည္။ ထုိအေၾကာင္းကုိ မွတ္မိေသးသူ တခ်ဳိ႕ ရွိႏုိင္ေသာ္လည္း ေနာက္ပုိင္းလူ အမ်ားစု သိရွိေတာ့မွာမဟုတ္ေခ်။
ေရႊတိဂုံေစတီႀကီး မီးခခံခဲ့ရျခင္းကုိ ေနာက္ပုိင္းလူမ်ား သိရွိေစရန္ဗဟုသုတအေနနဲ႔ ျပန္လည္တင္ျပလုိက္ပါသည္။
အရင္တုန္းကေတာ့ ေရႊတိဂုံေစာင္းတန္းမ်ားတြင္ မီးေလာင္သည့္ပုံမ်ားကုိ ခ်ိတ္ဆြဲထားခဲ့ဖူးပါသည္။မီးစေလာင္သည့္အခ်ိန္မွာ ၁၉၃၁ ခုႏွစ္ မတ္လ ၆ ရက္ (ျမန္မာသကၠရာဇ္ ၁၂၉၂ခု ၊ တေပါင္းလဆုတ္ ၄ ရက္ေန႔) ေသာၾကာေန႔ မြန္းလြဲ ၃ နာရီတြင္ စတင္ေလာင္ကြ်မ္းခဲ့ျခင္းျဖစ္သည္။
မီးေလာင္ျခင္း၏ အစမွာကား “အမႈိက္ကစ ျပသာဒ္မီးေလာင္” ဟူေသာ စကားလုိ အမႈိက္ပုံမီးရႈိ႕ရာမွ စတင္ေလာင္ကြ်မ္းခဲ့သည္ ဟု သိရသည္။ အမႈိက္ပုံမွ မီးသည္ ပထမအစတြင္ ဘုရားေစာင့္ျပာတာ၏ တဲကေလးကုိ ကူးစက္ေလာင္ကြ်မ္းခဲ့သည္။ ဒုတိယ ၎တဲကေလးမွ သီလရွင္တဲမ်ား ၊ လက္ဘက္ရည္ဆုိင္မ်ား ၊ ဦးနာဂိႏၵမ႑ပ္ မ်ားေလာင္ကြ်မ္းကုန္သည္။
ထုိအခ်ိန္တြင္ အေနာက္ေလကလည္း ပင့္ေပးသျဖင့္ မီးပြားမီးညြန္႔တုိ႔သည္ အနီးရွိ အပင္မ်ားကုိ မီးေလာင္၍ အေနာက္ဘက္ရင္ျပင္ေပၚမွ ဇရပ္မ်ားကုိ စတင္ေလာင္ကြ်မ္းခဲ့သည္။
ပထမဆုံး ေလာင္ကြ်မ္းခံခဲ့ရသည့္ တန္ေဆာင္းမွာ
သိမ္ႀကီးေစ်း ၂ျပား တန္ေဆာင္းျဖစ္သည္။ ၂ျပား တန္ေဆာင္းဟု ေခၚရျခင္းမွာ သိမ္ႀကီးေစ်း ေစ်းသူ ေစ်းသားမ်ား တစ္ေန႔ ၂ျပားစီ စုေစာင္းေကာက္ခံကာ တည္ေဆာက္ထားခဲ့ျခင္းေၾကာင့္ ျဖစ္သည္။ အျဖစ္အပ်က္မွာ မိနစ္ပုိင္းမွ်ပင္ၾကာသည္။
ထုိအခ်ိန္တြင္ ဘုရားလူႀကီးမ်ား ႏွင့္ လူငယ္မ်ားေရာက္ရွိလာကာ မီးကုိၿငိမ္းသတ္ၾကေလသည္။ ထုိအခ်ိန္ထိ ရန္ကုန္ျမဴနီစီပယ္ မီးသတ္သမားတုိ႔မွာ ေရာက္မလာၾကေသး။ လူအားႏွင့္ မီးအား ၿငိမ္းရန္ ႀကဳိးစားေသာ္လည္း အျမင့္တြင္စြဲေသာမီးျဖစ္ေသာေၾကာင့္လည္ေကာင္း၊ တက္ေရာက္ရန္လည္း ခဲယဥ္းသျဖင့္ လည္ေကာင္း ၊ ေလကလည္းပင့္ေနေသာေၾကာင့္လည္ေကာင္း မီးအားမၿငွိမ္းႏုိင္ခဲ့ပါေပ။
မီးသည္ ၂ျပား တန္ေဆာင္းမွ တဆင့္ မ်က္ႏွာခ်င္းဆုိင္မွ ဦးေအာင္ႀကီး အာရုဏ္ခံတန္ေဆာင္းသုိ႔ ကူးစက္ၿပီးသည့္ေနာက္ ကုိဇေမာင္တန္ေဆာင္း၊ေဒၚဖြားတန္ေဆာင္း ၊ ဦးဘုိးေက်ာ္တန္ေဆာင္းမ်ားလည္း ေလာင္ကြ်မ္းခံခဲ့ရသည္။
ထုိမွ တဖန္ ေလအားကလည္း ပုိမုိျပင္းလာေပရာ ေစတီေတာ္ႀကီးလုံးပတ္ရွိ ေရႊခ်ရန္ကာရံထားေသာ ျငမ္းမ်ားကုိ မီးကူးစက္ေလာင္ကြ်မ္းျပန္သည္။ ေစတီေတာ္ႀကီးလုံးပတ္ မီးဟပ္ေသာအခါ မၾကည့္ရက္ၾကေသာ လူငယ္လူရြယ္မ်ားက အသက္ကုိပင္ အသက္မမွတ္ ၊ တက္ေရာက္ၿငိမ္းသတ္ၾကသျဖင့္ ဘုရားႀကီးတစ္ခုလုံးေဘးမွ ျငမ္းမ်ား မီးမေလာင္ခဲ့ျခင္းျဖစ္သည္။
ထုိမွတဖန္ အေရွ႕ဘက္တန္ေဆာင္းမ်ား ၊ ေျမာက္ဘက္တန္ေဆာင္းမ်ား အသီးသီးေလာင္ကြ်မ္းရျပန္သည္။ကုန္းေတာ္ေပၚတြင္ ေရသည္မရွိ၊ အေနာက္ဘက္မုဒ္ရွိကန္မွ ေရကုိ ခဲရာခဲဆစ္တင္ရသျဖင့္ မီးၿငိမ္းရသည္မွာ အေတာ္ပင္ ခက္ခဲခဲ့ေၾကာင္း သိရသည္။
မီးသတ္သမားမ်ား ၊ လူပဂၢဳိလ္မ်ား ႏွင့္ ရဟန္းမ်ားသည္ ၀ုိင္း၀န္းပူးေပါင္းကာ အသက္စြန္႔၍ မီးအား ၿငိမ္းသတ္ရန္ႀကဳိးစားခဲ့ၾကသည္။ တခ်ဳိ႕ကုိယ္ေတာ္မ်ား ႏွင့္ လူငယ္မ်ားသည္ မီးေလာင္ေန႔သည့္ ေနရာမ်ားသုိ႔ အတင္းတက္၍ ပက္ခဲ့သည္အထိ ဘုရားႀကီးအားကာကြယ္လုိစိတ္ျပင္းထန္ခဲ့သည္။
အေရွ႕ဘက္သုိ႔ မီးကူးၿပီဟု ၾကားသည့္အခါ စိန္ဖူး ၊ ငွက္ျမတ္နား ႏွင့္ အဘုိးထုိက္ဘ႑ာမ်ားထားရာ ပရိေဘာဂတုိက္ႀကီးအတြက္ စုိးရိမ္ေနၾကသည္။ ထုိပရိေဘာဂတုိက္ႀကီးေရွ႕တြင္ ေဂၚရာစစ္သား ၁၅ ေယာက္တုိ႔က လွံစြပ္ေသနတ္မ်ားႏွင့္ ေစာင့္ေရွာက္၀ုိင္းထားၾကေၾကာင္း သိရသည္။
ယေန႔တြင္ေတာ့ ေရႊတိဂုံေစတီေတာ္ႀကီး ႏွင့္ ၀န္းက်င္တ၀ုိက္သည္ ေရႊေရာင္တ၀င္း၀င္း ႏွင့္ သပၸါယ္လွပေနေသာ္လည္း အရင္တခ်ိန္က ဤသုိ႔ ဤႏွယ္ႀကီးႀကီးမားမား မီးေလာင္ကြ်မ္းခဲ့ဖူးေၾကာင္း ဗဟုသုတအေန ႏွင့္ တင္ျပလုိက္ပါသည္။
ကုိးကား
က်ိန္စာသင့္တဲ့ သမုိင္းပုံရိပ္မ်ား – သန္းထြန္း(လွည္းကူး)
ျမန္မာ့စြယ္စုံက်မ္း