Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, January 11, 2019
၁။ ဣန္ဒဥပါဒ်
၂။ အဂ္ဂိဥပါဒ်
၃။ ယမဥပါဒ်
၎။ နရာယနဥပါဒ်
၅။ ဝရုဏာဥပါဒ်
၆။ သောမ္မဥပါဒ်
၇။ သောမဥပါဒ်
၈။ ဝါယုဥပါဒ်
ယံဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ
ဟူ၍ ဖြစ်​​လေသည်​။ကြည့်​​သောသူမြင်၏။
ယောနိသောမနသီကာရ
Unicode
ရွှေတိဂုံစေတီတော်ရဲ့ အရန်စေတီ အမှတ် ၂၆ မှ သွေးကဲ့သို့ အနီရောင်အရည်များ စီးကျနေ
ရွှေတိဂုံစေတီတော်ကြီး၏မြောက်ဖက် ဓါတ်လှေကား ထိပ်… အရံစေတီတော်အမှတ်(၂၆)စေတီ၏ ငှက်ပျောဖူး အောက်နားမှ…အနီရောင်အရည်များ စီးကျ နေကြောင်း…
ဒီလိုဖြစ်စဉ်ကို…”ကိတ်လွှတ်ခြင်း”…ဟုပြောဆိုနေကြ သလို တချို့ကလည်း…ဒီအရည်ဟာ စေတီတော် ကို တည်ဆောက်ထားတဲ့
အုတ်တွေက အချိန်ကာလနဲ့ ရာသီဥတုဒဏ်ကြောင့် ပျက်စီးယိုယွင်းပြီး အုတ်သား များ အရည် ပျော်ကျလို့… အခုလို အနီရောင်ဖြစ်နေတာ
ဟု ထင်မြင်ယူဆနေကြပြီး မည်သည့်အတွတ်ကြောင့် ဒီအရည်တွေ အခုလို စီးကျနေရတာလည်း ဆိုတာကို တော့…တိတိကျကျအနေဖြင့် အခုထိ မသိရသေးပါဘူး။
အရန်စေတီတော်မှ သွေးကဲ့သို့ အရည်များ စီးကျနေပုံ ဗီဒီယိုဖိုင်ကို ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။
“ကိတ်လွှင်ခြင်း”…ဆိုတာကို မသိကြသေးတဲ့သူတွေ အတွတ် အောက်မှာ ဖော်ပြပေးထားပါတယ်။
ကိတ်လွှတ်ခြင်း ဟူသည်စေတီ၊ပုထိုး၊ဘုရား၊ကျောင်း၊ ကန် စသော သာသနိကအဆောက်အဦးတို့မှ ထင်ရှား စွာ ဖြစ်ပေါ်လာသော
နိမိတ်ပင်တည်း။ကျေးရွာတစ်ခု၏ အထင်ကရ သာသနိကမှ ဖြစ်ပေါ်သော နိမိတ်သည် …
ထိုကျေးရွာအတွက်သာဖြစ်ပြီး၊ မြို့တစ်မြို့၏ အထင်ကရ သာသနိကဆိုင်ရာမှ ဖြစ်ပေါ်သော ကိတ်လွှတ်ခြင်း သည် လည်း ထိုဒေသနှင့် သက်ဆိုင်သည်။
ထို့အတူ ပြည်ထောင်တစ်ခု၏ အထင်ကရ သာသနိက နေရာ တစ်ခုတွင် ဖြစ်တည်သော နိမိတ်သည်လည်း… ပြည်ထောင်တစ်ခုလုံးနှင့်
စပ်ဆိုင်သည်ဟု ရှေးပညာရှိ တို့ လမ်းညွှန်မှုကို မှတ်သားနာယူခဲ့ရာ၏။
အပရိဟာနိယ တရား -၇ပါး၌ ဟောကြားတော်မူသော တိုင်းစောင့်ပြည်စောင့်နတ်တို့ အမျက်သင့်၍ ပြုသော ဥပါဒ်ကြီးရှစ်ပါး
၁။ ဣန္ဒဥပါဒ်
၂။ အဂ္ဂိဥပါဒ်
၃။ ယမဥပါဒ်
၄။ နရာယနဥပါဒ်
၅။ ဝရုဏာဥပါဒ်
၆။ သောမ္မဥပါဒ်
၇။ သောမဥပါဒ်
၈။ ဝါယုဥပါဒ်
တို့သည် ထိုအရပ်ဒေသ တိုင်းနိူင်ငံမြို့ရွာတို့၌ ထင်မြင် ကုန်၏။ထိုအရပ်ဒေသ တိုင်းနိူင်ငံမြို့ရွာများ၌ ရန်များအံ့။ ပြည်ရွာ ချောက်ချားအံ့။အနာရောဂါ များအံ့။ငတ်မွတ်အံ့
။ အသေအပျောက် များအ့ံ။ မစည်ပင် မသာယာအံ့။ မီးလောင်ဖန် များအံ့။ကောက်ပဲသီးနှံ့တို့ ပျက်စီးအံ့။ ဘုရား ပုထိုး စေတီ ကျောင်းကန်တို့ ပျက်စီးအံ့။
လူတို့ နှလုံး မသာယာ ရှိအ့ံ။ …. စသည်တို့သည် ဥပါဒ်ကြီးရှစ်ပါး သင့်ခြင်း…ဖြစ်ကြောင်း #နေမိတ္တကဝိဇ္ဇာကျမ်း (အာကာသ သျှတရကျမ်း)၌ မှတ်သားဖူးသည် ။
ထို့ပြင် ဘုရား၊ပုထိုး၊စေတီတို့ ကိတ်လွှတ်နိမိတ်ပြ၍ ဖြစ် သော အကြောင်းသည် ဥပါဒ်ကြီးရှစ်ပါး အား များစွာ အကျိုး သက်ရောက်စေပြီး ဖြစ်ပျက် လျှင် မြန်သည်။
ယံဒုန္နိမိတ္တံ အဝမင်္ဂလဥ္စ
ယောစာမနာပေါ၊ သကုဏဿ သဒ္ဒေါ
ပါပဂ္ဂဟော ဒုသုပိနံ အကန္တံ
ဗုဒ္ဓါ နူဘာဝေန ဝိနာသမေန္တု
ဓမ္မာ နူဘာဝေန ဝိနာသမေန္တု
သံဃာ နူဘာဝေန ဝိနာသမေန္တု
မကောင်းသော အတိတ် နိမိတ် တဘောင် စနည်းများ ငှက်​ဆိုး လူဆိုး အိပ်​မက်​ဆိုး ပါပကြမ္မာဆိုး ဘေးဆိုး ရန်​ဆိုး အန္တရာယ်​ဆိုးတို့သည်​ ဗုဒ္ဓ၊ဓမ္မ၊
သံဃာတော်​တို့၏ ဘုန်​းတန်​ခိုး​တေ​ဇော်​ ​မေတ္တာ​အာနူ​ဘော်​​တို့ ကြောင်​့ ​… ပျောက်​ပျက်​လွင်​့ပ ချမ်​းသာကြပါ​စေသတည်​း …
ဟူ၍ ဖြစ်​​လေသည်​။ကြည်​့​သောသူမြင်၏။
ယောနိသောမနသီကာရ
 စိန်လွင်ဦး Via_Thaw_Zin_Aung
Nyein Chan Ning သရက်ဖူးချိန် သစ်ရည်ပျံချိန်မို့ သစ်စေးဟောင်းများ သစ်ရည်ပျံပြီး မျက်ပါးရွှေကို ဖောက်ထွက်လာတာပါ
မျက်ပါးရွှေမကပ်ခင် ရွှေခံသစ်စေး အညိုရည် သုတ်ရပါတယ်
ငှက်ပျောဖူးကို သစ်စေးသုတ်ပြီး ကြာနုကြာလှန်ကို သစ်စေးသုတ်ချိန် သစ်စေးစုပုံ ဥနေတာပါ စေတီတစ်ဆူမှာ သစ်စေး အခဲဆုံး
စုပုံမှုအများဆုံးက ကြာနုနဲ့ ချယားသီး (ရွဲသီး)နေရာတွေပါ
ယခုလို နတ္တော် ပြာသို တပို့တွဲ သရက်ဖူးချိန် သစ်ရည်ပျံချိန်မှာ သစ်စေးဟောင်းများ နိုးထပျော်တတ်သလို သစ်စေးသုတ်ပါကလည်း အလွယ်တကူ သွေ့ခြောက်ခြင်းမရှိပါ
ယခုလို နတ္တော်ပြာသို တပို့တွဲလများမှာ
သစ်စေးထည်များကို မြေတိုက်သွင်းပြီး ရေငွေ့ ပျံရည်နဲ့ သွေ့ခြောက်အောင် လုပ်ရပါတယ်
ဒီအခြေအနေကို ယွန်းပညာရှင်များ မှန်စီရွှေချ ပညာရှင်များ မျက်ပါးရွှေဆိုင်း သစ်စေသရိုးပညာရှင်များ သိကြပါတယ်
ထို့ကြောင့် မသိနားမလည်သူတွေ
ထင်ရာမြင်ရာ ပြောဆို ငြင်းခုန်ခြင်းဟာ
မြန်မာမှု မြန်မာ့ရိုးရာအမွေ
ယွန်းအတတ် မှန်စီရွှေချ သစ်စေးသရိုးအတတ်ပညာကို တန်ဘိုးထား မလေ့လာခဲ့ကြတဲ့
အကျိုးဆက်ကြောင့်ပါ
အင်မတန်ဝမ်းနည်းစရာကောင်းတဲ့
အနေအထားပါဘဲ
ရိုးရာအမွေကို အလေးထား မလေ့လာခဲ့ကြတဲ့ အကျိုးဆက်ကနေ အခုလို အငြင်းအခုန်တွေ မြင်တွေ့ ကြားသိနေရတော့ပါဘဲ
သစ်စေးသုတ်တဲ့ လုပ်သားတွေဟာ
တစ်ဦးတစ်ယောက်တည်း မဟုတ်ပါဘူး ထို့အတူ
ယင်းစေတီမှာ တာဝန်ကျတဲ့ လုပ်သားရဲ့ ပေါ့လျော့မှုကြောင့်
သစ်စေးသုတ် စုတ်ချက်မညီတာ ဖြစ်တတ်သလို သစ်စေးအရည် ရှိသင့်တဲ့ အပူချိန်မှာ မရှိဘဲ အနှစ် အခဲ အပြစ်ကို သုတ်မိရင်လည်း သစ်စေး အထူအပါး မညီတဲ့အတွက် ဖြစ်တတ်ပါတယ်
ထို့အပြင် သစ်စေးအညိုရည် မသုတ်ခင် သစ်စေးအဟောင်းကို မခွာဖြစ်တာ ဖြစ်တတ်သလို
ကြာနုနဲ့ ငှက်ပျော ထိစပ်ရာမှာ အပေါက်သော်၎င်း အက်ကြောင်းသော်၎င်း ရှိနေတာကို သရွတ်နဲ့ ဖြည့်တင်း မဖာထေးဘဲ ပြည့်တင်းအောင် သစ်စေးရည် လောင်းထည့်မိရင်လည်း ဖြစ်တတ်ပါတယ်
ထို့ကြောင့် နောက်ဆုံး ပြောတဲ့ ဖြည့်တင်းလောင်းထည့်မှု ဖြစ်ဘို့ များပါတယ် crd
No comments:
Post a Comment