Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, December 17, 2019

ရုိင္းစိုင္းတဲ့တရုတ္ခရီးသည္လင္မယား


ညက ျဖစ္ခဲ့တဲ့ ပူပူေႏြးေႏြး ျဖစ္ရပ္ပါ။ ဘန္ေကာက္ကေန တ႐ုတ္နိုင္ငံ နန္က်င္းကို
ပ်ံသန္းတဲ့ အဲေအးရွား ေလယာဥ္ေပၚမွာျဖစ္ခဲ့တာပါ။

ေလယာဥ္ခ သက္သာတဲ့ ဘတ္ဂ်က္ေလေၾကာင္းလိုင္း ဆိုတဲ့ အတိုင္း ထိုင္ခုံ ေနရာ
ေရြးလို႔ အတူ ထိုင္ခ်င္ရင္ေတာင္ ပိုက္ဆံေပးရတာဆိုေတာ့ တ႐ုတ္ျပည္က
လင္မယားစုံတြဲက ထိုင္ခုံကို ပိုက္ဆံေပးၿပီး မေရြးခဲ့ဘူးတဲ့ဗ်။

အဲဒီမွာတြင္ဇာတ္လမ္းစေတာ့တာပါပဲဗ်။ ေလယာဥ္ေပၚေရာက္တယ္ဆိုရင္ပဲ လင္နဲ႔
မယား တကြဲစီ ထိုင္ရေကာင္းလားဆိုၿပီး ေလယာဥ္ မယ္ေတြကို သိပ္မၾကည္ပဲ
ေအာ္ႀကီးဟစ္က်ယ္နဲ႔ ေဟာက္ၾကသတဲ့။

ထိုင္းေလယာဥ္မယ္ေတြကေတာ့ ေကာင္းေကာင္း ေလ့က်င့္ထားတဲ့ သူေတြမို႔
ဒီအေရးကို ေျပလည္ေအာင္ေျဖရွင္းေပးလို႔ လင္မယားႏွစ္ေယာက္ အတူတူ
ထိုင္လို႔ ရေအာင္ ေဘးခုံက လူေတြကို ေတာင္းပန္ၿပီးေနရာခ်င္းလဲေပးခဲ့ပါသတဲ့။

ဒီေလယာဥ္ ခရီးစဥ္က ၄ နာရီခြဲေလာက္ ပ်ံသန္းရတဲ့ ခရီးပါ။ လမ္းေရာက္ေတာ့
ဘတ္ဂ်က္ ေလေၾကာင္းလိုင္းတို႔ ထုံးစံ အတိုင္ စားစရာေတြတင္ၿပီး လိုက္ေရာင္းပါ
သတဲ့။ ဒီ လင္မယားႏွစ္ေယာက္က သူတို႔ အိတ္ထဲပါလာတဲ့ ေခါက္ဆြဲေျခာက္ထုတ္
ေဖာက္ၿပီးစားၾကဖို႔ ေရေႏြးေတာင္းၾကပါတယ္။

ဘတ္ဂ်က္ေလေၾကာင္းလိုင္းဆိုတဲ့ သေဘာက ေလယာဥ္လက္မွတ္ သက္သာေအာင္ လုပ္ရေလေတာ့ က်န္တာေတြကို ကုမၸဏီ ဝင္ေငြ အေနနဲ႔ ေရာင္းၾကရတာပါ။ ခရီးသည္အမ်ားစုကလည္ ဒီအခ်က္ကို သေဘာေပါက္နားလည္ၾကေတာ့ အလကား
ေတာင္းေလ့မရွိၾကပါဘူး။ ဒီလင္မယားေတာင္းတဲ့ ေရေႏြးကို ေလယာဥ္မယ္က
ေရေႏြးဘူးထဲကေန ျဖည့္ေပးပါသတဲ့။ အဲဒီမွာ မိန္းမ လုပ္တဲ့သူက သူ႔ေခါက္ဆြဲဘူး ကိုင္ထားတဲ့ လက္ေနရာနား ေရေႏြးပူေရာက္ေတာ့ ပူေအာင္လုပ္ရပါ့မလားဆိုၿပီး
အဲဒီ ေခါက္ဆြဲအပူနဲ႔ ေလယာဥ္မယ္ကို ပစ္ေပါက္ပါသတဲ့။

မ်က္ႏွာကို အပူေလာင္သြားတဲ့ ေလယာဥ္မယ္ရဲ့ အျဖစ္က အဲဒီေလာက္နဲ႔ ၿပီး
မသြားပါဘူး။ ေယာက္က်ားလုပ္တဲ့သူက အဲဒီေလာက္ တုံးရသလားလို႔ေျပာၿပီး
ထိုင္ခုံကထလို႔ အပူေလာင္ေနတဲ့ ေလယာဥ္မယ္ကို နားရင္း ၅ခ်က္ေလာက္
ဆက္တိုက္ အုပ္ခ်လိုက္ပါသတဲ့။

ဒီအေၾကာင္းကို ေလယာဥ္မႈးႀကီးကလည္းသိေရာ နန္က်င္းကို ေလယာဥ္ဆိုက္ခါနီး
တစ္နာရီေလာက္သာ ပ်ံသန္းဖို႔ က်န္ေတာ့ေပမယ့္ ဘန္ေကာက္ ၃ နာရီခြဲ ခရီးကို
ျပန္လွည့္ပါေတာ့တယ္။

ေလဆိပ္ေရာက္ေတာ့ ထိုင္း ေလဆိပ္လုံျခဳံေရးတို႔ ရဲတို႔ ေလယာဥ္ေပၚတက္လာၿပီး
ဖမ္းေတာ့တာေပါ့။

ေယာက္က်ား လုပ္တဲ့သူက မ်က္လုံးေလး ကလည္ ကလည္ နဲ႔ တားတား ဘာမွ
မတိဘူး လုပ္ပါသတဲ့...။ ထိုင္းရဲကေတာ့ တိတိ မတိတိ ခဏ လိုက္ခဲ့ပါဦးေပါ့..။
ၿဂိဳလ္သူ တ႐ုတ္မကေတာ့ ခ်က္ခ်င္းေလယာဥ္ၾကမ္းျပင္ေပၚ ပစ္လွဲလိုက္ၿပီး ဝက္႐ူးျပန္သလို ပါးစပ္က အျမဳတ္တစီစီနဲ႔ ဆန္႔ငင္ ဆန္႔ငင္လုပ္ခ်လိုက္ပါသတဲ့ဗ်။
အဲဒီ ဆန္႔ငင္ ဆန္႔ငင္အတိုင္းပဲ ထိုင္းရဲေတြကလည္း မ သြားပါသတဲ့။

တိုးတက္ေခ်ာင္လည္စ ျပဳလာတဲ့ တ႐ုတ္ေတြအမ်ားစု ျပည္ပ ခရီးေတြ ထြက္လာ
ၾကပါၿပီ။ ကိုယ့္တိုင္းျပည္ကို ကိုယ္ အထင္ႀကီးလြန္းၿပီး သူမ်ားတိုင္းျပည္ကို ႏွိမ္ခ်င္
တဲ့စိတ္ ေစာင့္ႂကြားႂကြား စိတ္ေတြ တ႐ုပ္ေတြမွာေပၚလာၾကပါတယ္။

တ႐ုတ္အစိုးရအေနနဲ႔ အဲဒီလို သူ႔ျပည္သူေတြကို အခုအထိ ထိထိေရာက္ေရာက္ အေရးမယူေသးတာ အံၾသစရာပါ။ ေတာင္ကိုရီးယားနိုင္ငံ တိုးတက္စကလည္း
ဒီလိုရိုင္းစိုင္းတဲ့ အျပဳအမူမ်ိဳးေတြ ကိုရီးယားခရီးသည္ေတြမွာ ရွိခဲ့ဘူးသတဲ့။
ေတာင္ကိုရီးယား အစိုးရကေတာ့ အဲလိုျဖစ္ရပ္မ်ိဳး တိုင္းျပည္ မ်က္ႏွာပ်က္စရာမ်ိဳး
လုပ္ခဲ့ရင္ သူ႔ျပည္သူေတြကို ၅ ႏွစ္ နိုင္ငံကူးလက္မွတ္ ပိတ္ပင္လို႔ အေရးယူတယ္
ဆိုပဲ။
ZawMinn Htun

ကိုေဇာ္
ဘန္ေကာက္
၁၄း၀၀
၁၂/၁၂/၂၀၁၄






 ညက ဖြစ်ခဲ့တဲ့ ပူပူနွေးနွေး ဖြစ်ရပ်ပါ။ ဘန်ကောက်ကနေ တရုတ်နိုင်ငံ နန်ကျင်းကို
ပျံသန်းတဲ့ အဲအေးရှား လေယာဉ်ပေါ်မှာဖြစ်ခဲ့တာပါ။

လေယာဉ်ခ သက်သာတဲ့ ဘတ်ဂျက်လေကြောင်းလိုင်း ဆိုတဲ့ အတိုင်း ထိုင်ခုံ နေရာ
ရွေးလို့ အတူ ထိုင်ချင်ရင်တောင် ပိုက်ဆံပေးရတာဆိုတော့ တရုတ်ပြည်က
လင်မယားစုံတွဲက ထိုင်ခုံကို ပိုက်ဆံပေးပြီး မရွေးခဲ့ဘူးတဲ့ဗျ။

အဲဒီမှာတွင်ဇာတ်လမ်းစတော့တာပါပဲဗျ။ လေယာဉ်ပေါ်ရောက်တယ်ဆိုရင်ပဲ လင်နဲ့
မယား တကွဲစီ ထိုင်ရကောင်းလားဆိုပြီး လေယာဉ် မယ်တွေကို သိပ်မကြည်ပဲ
အော်ကြီးဟစ်ကျယ်နဲ့ ဟောက်ကြသတဲ့။

ထိုင်းလေယာဉ်မယ်တွေကတော့ ကောင်းကောင်း လေ့ကျင့်ထားတဲ့ သူတွေမို့
ဒီအရေးကို ပြေလည်အောင်ဖြေရှင်းပေးလို့ လင်မယားနှစ်ယောက် အတူတူ
ထိုင်လို့ ရအောင် ဘေးခုံက လူတွေကို တောင်းပန်ပြီးနေရာချင်းလဲပေးခဲ့ပါသတဲ့။

ဒီလေယာဉ် ခရီးစဉ်က ၄ နာရီခွဲလောက် ပျံသန်းရတဲ့ ခရီးပါ။ လမ်းရောက်တော့
ဘတ်ဂျက် လေကြောင်းလိုင်းတို့ ထုံးစံ အတိုင် စားစရာတွေတင်ပြီး လိုက်ရောင်းပါ
သတဲ့။ ဒီ လင်မယားနှစ်ယောက်က သူတို့ အိတ်ထဲပါလာတဲ့ ခေါက်ဆွဲခြောက်ထုတ်
ဖောက်ပြီးစားကြဖို့ ရေနွေးတောင်းကြပါတယ်။

ဘတ်ဂျက်လေကြောင်းလိုင်းဆိုတဲ့ သဘောက လေယာဉ်လက်မှတ် သက်သာအောင် လုပ်ရလေတော့ ကျန်တာတွေကို ကုမ္ပဏီ ဝင်ငွေ အနေနဲ့ ရောင်းကြရတာပါ။ ခရီးသည်အများစုကလည် ဒီအချက်ကို သဘောပေါက်နားလည်ကြတော့ အလကား
တောင်းလေ့မရှိကြပါဘူး။ ဒီလင်မယားတောင်းတဲ့ ရေနွေးကို လေယာဉ်မယ်က
ရေနွေးဘူးထဲကနေ ဖြည့်ပေးပါသတဲ့။ အဲဒီမှာ မိန်းမ လုပ်တဲ့သူက သူ့ခေါက်ဆွဲဘူး ကိုင်ထားတဲ့ လက်နေရာနား ရေနွေးပူရောက်တော့ ပူအောင်လုပ်ရပါ့မလားဆိုပြီး
အဲဒီ ခေါက်ဆွဲအပူနဲ့ လေယာဉ်မယ်ကို ပစ်ပေါက်ပါသတဲ့။

မျက်နှာကို အပူလောင်သွားတဲ့ လေယာဉ်မယ်ရဲ့ အဖြစ်က အဲဒီလောက်နဲ့ ပြီး
မသွားပါဘူး။ ယောက်ကျားလုပ်တဲ့သူက အဲဒီလောက် တုံးရသလားလို့ပြောပြီး
ထိုင်ခုံကထလို့ အပူလောင်နေတဲ့ လေယာဉ်မယ်ကို နားရင်း ၅ချက်လောက်
ဆက်တိုက် အုပ်ချလိုက်ပါသတဲ့။

ဒီအကြောင်းကို လေယာဉ်မှုးကြီးကလည်းသိရော နန်ကျင်းကို လေယာဉ်ဆိုက်ခါနီး
တစ်နာရီလောက်သာ ပျံသန်းဖို့ ကျန်တော့ပေမယ့် ဘန်ကောက် ၃ နာရီခွဲ ခရီးကို
ပြန်လှည့်ပါတော့တယ်။

လေဆိပ်ရောက်တော့ ထိုင်း လေဆိပ်လုံခြုံရေးတို့ ရဲတို့ လေယာဉ်ပေါ်တက်လာပြီး
ဖမ်းတော့တာပေါ့။

ယောက်ကျား လုပ်တဲ့သူက မျက်လုံးလေး ကလည် ကလည် နဲ့ တားတား ဘာမှ
မတိဘူး လုပ်ပါသတဲ့...။ ထိုင်းရဲကတော့ တိတိ မတိတိ ခဏ လိုက်ခဲ့ပါဦးပေါ့..။
ဂြိုလ်သူ တရုတ်မကတော့ ချက်ချင်းလေယာဉ်ကြမ်းပြင်ပေါ် ပစ်လှဲလိုက်ပြီး ဝက်ရူးပြန်သလို ပါးစပ်က အမြုတ်တစီစီနဲ့ ဆန့်ငင် ဆန့်ငင်လုပ်ချလိုက်ပါသတဲ့ဗျ။
အဲဒီ ဆန့်ငင် ဆန့်ငင်အတိုင်းပဲ ထိုင်းရဲတွေကလည်း မ သွားပါသတဲ့။

တိုးတက်ချောင်လည်စ ပြုလာတဲ့ တရုတ်တွေအများစု ပြည်ပ ခရီးတွေ ထွက်လာ
ကြပါပြီ။ ကိုယ့်တိုင်းပြည်ကို ကိုယ် အထင်ကြီးလွန်းပြီး သူများတိုင်းပြည်ကို နှိမ်ချင်
တဲ့စိတ် စောင့်ကြွားကြွား စိတ်တွေ တရုပ်တွေမှာပေါ်လာကြပါတယ်။

တရုတ်အစိုးရအနေနဲ့ အဲဒီလို သူ့ပြည်သူတွေကို အခုအထိ ထိထိရောက်ရောက် အရေးမယူသေးတာ အံသြစရာပါ။ တောင်ကိုရီးယားနိုင်ငံ တိုးတက်စကလည်း
ဒီလိုရိုင်စိုင်းတဲ့ အပြုအမူမျိုးတွေ ကိုရီးယားခရီးသည်တွေမှာ ရှိခဲ့ဘူးသတဲ့။
တောင်ကိုရီးယား အစိုးရကတော့ အဲလိုဖြစ်ရပ်မျိုး တိုင်းပြည် မျက်နှာပျက်စရာမျိုး
လုပ်ခဲ့ရင် သူ့ပြည်သူတွေကို ၅ နှစ် နိုင်ငံကူးလက်မှတ် ပိတ်ပင်လို့ အရေးယူတယ်
ဆိုပဲ။
ZawMinn Htun

ကိုဇော်
ဘန်ကောက်
၁၄းဝ၀
၁၂/၁၂/၂၀၁၄

No comments:

Post a Comment