Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, December 16, 2019
ဆရာမတွေ စာမသင်ရဲ ၊ မနေရဲလောက်အောင် ရိုင်းစိုင်းယုတ်မာကြတဲ့ ဗန်းမော်နယ်က ဖြစ်ရပ်
Source – Yuan Hong Mei
ဗန်းမော်မြို့ ရွာလေးတစ်ရွာက တာဝန်ကျဆရာမတွေရဲ့ အဆောင် ကို ဝင်ရောက်ဖျက်ဆီးခံရ
တာဝန်ကျဆရာမလေးတစ်ယောက်ဖြစ်တဲ့ “Yuan Hong Mei အကောင့်ပိုင်ရှင်က
“ကျောင်းရောက်ရောက်ချင်းအမော့ဆို့သွားတာပဲ စနေ တနင်္ဂနွေ နှစ်ရက်အတွင်းဖြစ်ပျက်သွားတာ အိပ်တဲ့ဆရာမက နှစ်ယောက်ထဲပါဆို အဲ့တိုင်းဆိုဘယ်လိုနေရဲတော့မလဲ အကုန်ဖျက်ဆီးသွားတယ် ဘာဆက်ရေးရမလဲတောင်မသိတော့ဘူး ပစ္စည်းတွေပျောက်သွားရင်ဖြေသာပါသေးတယ် လိုချင်လို့နေမှာပါဆိုပီး ဖြေလို့ရသေးတယ် ခုက အကုန်ဖျက်သွားတယ် လုပ်ရက်လိုက်ကြတာ အဝေးမှာ တာဝန်ကျတဲ့ဆရာ/ဆရာမ တွေလည်း အားလုံးဂရုစိုက်ကြပါ” ဆိုပြီးရေးသားထားတာပါ ။
ဆရာမလေးတွေစားတဲ့ ဆန်ပုံးထဲကို ဂေါ်ဇီလာဆပ်ပြာတွေထည့်ခဲ့ခြင်း ၊ Grade 1 အတွက် အသုံးပြုရမယ့် ရောင်စုံတွေကို ဆရာမလေးတွေရဲ့ စောင်တွေ ပေါ်မှာ ညစ်ညမ်းပုံတွေ ၊ ညစ်ညမ်းအရေးအသားတွေ ရေးဆွဲခဲ့ခြင်း ၊ မီးဖိုချောင်သုံးပစ္စည်းတွေကိုဖျက်ဆီးခြင်း ၊ စတာတွေကို ကျူးလွန်သူတွေက ပြုလုပ်ခဲ့ကြပါတယ်။
ဆရာမတွေဟာ တာဝန်ကျတဲ့ နယ်စွန်၊ နယ်ဖျားဒေသတွေမှာ အခုလို အနှောင့်ယှက်ခံရ ၊ ထိပါးစော်ကားခံရတာတွေရှိနေပေမယ့် အစိုးရမင်းများ က ထိရောက်အောင်ကာကွယ် မပေးနိူင်ကြသေးပါဘူး ။ ဒီကိစ္စ ကို တာဝန်ရှိသူတွေသိအောင်မျှဝေပေးပါဦး ။
No comments:
Post a Comment