Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 17, 2019



ပဏာမခြေလှမ်းအဖြစ်-အိမ်တွေ တည်းခိုခန်းတွေ ငှါးပြီး စုဖွဲ့နေတယ်-တရုတ်စာတမ်းပါဆိုင်းဘုဒ်တွေချိတ်ပြီးဆိုင်တွေဖွင့်တယ်-ဘလက်ကားတွေကိုယ်ပိုင်ဝယ်စီးပြီးတရုတ်စာတမ်းတွေစတေကာကပ်စီးကြတယ်-ယာဉ်တိုက်ပြေးမှု့ သေးပန်းမှု့ မိန်းမကိုငွေပေးဝယ်ပေါင်းမှု့ စတဲ့ဥပဒေချိုးဖေါက်မှု့တွေကျူးလွန်ကြတယ်---မြဝတီကပြည်သူတွေမခံနိုင်ကြတော့တဲ့အတွက် အညာသား(မြဝတီ)နှင့်မြဝတီမြို့မှ တက်ကြွလှုပ်ရှားသူတွေပူးပေါင်းပြီး ဝိုင်းအော် -(အညာသား(မြဝတီ)နှင့်ညီအကိုအချို့မှလက်တွေလှုပ်ရှား) စတဲ့ ဆောင်ရွက်မှု့တွေကြောင့်-သေးပန်းတရုတ်တွေကိုထောင်ချ-တရုတ်ဆိုင်းဘုဒ်တွေဖြုတ်ချ-ကားတွေမှာကပ်ထားတဲ့တရုတ်စာတမ်းစတေကာတွေခွါချ--အိမ်ငှါးနေတဲ့တရုတ်တွေကို ဟိုတယ်တွေရောက်အောင်မောင်းထုတ်--ဒီလိုတွေခပ်ကြမ်းကြမ်းလုပ်ပြီး တရုတ်တို့ရဲ့ ပထမခြေလှမ်းကိုရပ်တန့်ပစ်နိုင်ခဲ့တယ်--




ဆက်ဒူးမှာ

အညာသား(မြဝတီ)

မြဝတီမြို့ကြီးသတိသာထားကြတော့-မကြာခင်ဝါးမြိုဖို့လုပ်နေကြပြီ
By  သတင်းစုံပျော်ဝင်အိုးကြီး  December 17, 2019  letter

ကျွန်တော်ယခင်ကရေးသားတင်ပြခဲ့ဘူးသော နိုင်ငံခြားသား ကာစီနိုတရုတ်တို့ရဲ့ မြဝတီမြို့သိမ်းစီမံချက် ဆိုသော သတိပေးစာစုလေးဟာ အခုဆိုရင်နည်းမျိုးစုံနဲ့လှုပ်ရှားဆောင်ရွက်လာကြပြီ-

ပဏာမခြေလှမ်းအဖြစ်-အိမ်တွေ တည်းခိုခန်းတွေ ငှါးပြီး စုဖွဲ့နေတယ်-တရုတ်စာတမ်းပါဆိုင်းဘုဒ်တွေချိတ်ပြီးဆိုင်တွေဖွင့်တယ်-ဘလက်ကားတွေကိုယ်ပိုင်ဝယ်စီးပြီးတရုတ်စာတမ်းတွေစတေကာကပ်စီးကြတယ်-ယာဉ်တိုက်ပြေးမှု့ သေးပန်းမှု့ မိန်းမကိုငွေပေးဝယ်ပေါင်းမှု့ စတဲ့ဥပဒေချိုးဖေါက်မှု့တွေကျူးလွန်ကြတယ်---မြဝတီကပြည်သူတွေမခံနိုင်ကြတော့တဲ့အတွက် အညာသား(မြဝတီ)နှင့်မြဝတီမြို့မှ တက်ကြွလှုပ်ရှားသူတွေပူးပေါင်းပြီး ဝိုင်းအော် -(အညာသား(မြဝတီ)နှင့်ညီအက်ိုအချိုု့မှလက်တွေလှုပ်ရှား) စတဲ့ ဆောင်ရွက်မှု့တွေကြောင့်-သေးပန်းတရုတ်တွေကိုထောင်ချ-တရုတ်ဆိုင်းဘုဒ်တွေဖြုတ်ချ-ကားတွေမှာကပ်ထားတဲ့တရုတ်စာတမ်းစတေကာတွေခွါချ--အိမ်ငှါးနေတဲ့တရုတ်တွေကို ဟိုတယ်တွေရောက်အောင်မောင်းထုတ်--ဒီလိုတွေခပ်ကြမ်းကြမ်းလုပ်ပြီး တရုတ်တို့ရဲ့ ပထမခြေလှမ်းကိုရပ်တန့်ပစ်နိုင်ခဲ့တယ်--

ဒါပေမဲ့ တရုတ်တွေရဲ့ခြေလှမ်းကမရပ်ဘူး-
ဒုတိယမြောက်သွေးတိုးစမ်းလှုပ်ရှားမှု့က. ကြားခံလူထားပြီး တရုတ်တွေနောက်ကွယ်ကကြိုးကိုင်ကာ သောင်ရင်းမြစ်ကမ်းဘေးတလျှောက်နဲ့မြို့တွင်း/ မြို့ပြင် -မြေမှန်သမျှအကုန်လိုက်ဝယ်တယ်-ဒါကို ပြည်သူဘက်က ကိုင်တွယ်ဖို့ ပလမ်ချနေချိန်မှာဘဲ--

ဒီနေ့ (17-12-2019)နေ့မှာ တရုတ်တွေတပြုံကြီး ကားတွေအများကြီးနဲ့. မြဝတီမြို့ပေါ်ကပရဟိတ ကျောင်းတွေကို လိုက်လှူနေကြတယ်ဆိုဘဲ--မြဝတီကလူကြီးဆိုသူအချို့လည်း အဲဒီ တရုတ်တွေအလှူပွဲမှာ ခန့်ခန့်ကြီးတွေ တွေ့ခဲ့ရပါတယ်--

ဆိုတော့ကာ မြဝတီကပြည်သူတွေ မျက်စိဖွင့်ပြီးနားစွင့်ကြဖို့လိုပြီ--တရုတ်ရဲ့အယုံသွင်းမှု့ဗျူဟာအောက်မှာ ဝမ်းမြောက်ပီတိဖြစ်နေကြရင်တော့- တနေ့မှာ ကိုယ့်အိမ်ခေါင်ဖျားကို ကာစီနိုတရုတ်တွေနင်းချေ သွားတာခံစားကြရမယ်ဆိုတာ ထမင်းစားသူတိုင်းသဘောပေါက်ကြဖို့အချိန်တန်ပြီ-

သတိထား-ဝီရိယစိုက်ကာ လက်တွဲကာကွယ်ကြ--
ကျုပ်ကတော့ ထုံးစံအတိုင်းပေါ့
ဆက်ဒူးမှာ

အညာသား(မြဝတီ)

No comments:

Post a Comment