Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 7, 2019

အိပ်ပိတ်သင်္ကန်း ဘယ်တော့မှ မလှူကြပါနဲ့။


ကျောင်းတိုက်တစ်ခုမှာ ကထိန်ခင်းတာ
လှပအောင် ပြင်ဆင်ထားတဲ့ အိပ်ပိတ်သင်္ကန်း
အစုံ (၁၀၀)ကျော် ပါလာတယ်တဲ့။
ဖွင့်ဖောက်ကြည့်တဲ့အခါ စုတ်ပြဲနေတဲ့ သင်္ကန်း
အဟောင်းတွေချည်းပဲ ဖြစ်နေပါသတဲ့။
အခြားသော ကျောင်းတိုက်တွေဆီကို သံသရာ
မလည်အောင် ကျောင်းထိုင်ဆရာတော်ကြီးက
အားလုံးကို မီးရှို့ဖျက်ဆီးလိုက်ပါတယ်တဲ့။
ဒကာ ဒကာမတွေကို သတိပေးလိုတာက
အိပ်ပိတ်သင်္ကန်းနဲ့ ခြင်းသင်္ကန်းတွေကို " လှပ
တင့်တယ်" တယ် ဆိုပြီး ရမ်းမဝယ်ကြပါနဲ့။
အသေအချာ စစ်ဆေးပြီးမှ ဝယ်ယူလှူကြပါ။
ကောင်းရောင်း ကောင်းဝယ် အမှန်အကန်
ရောင်းတဲ့ဆိုင်တွေ ရှိသလို တစ်နပ်စားကြံတဲ့
ဆိုင်တွေလည်း ရှိပါတယ်။
ကိုယ်ကိုယ်တိုင်လည်း ကမ္ဘာအေးမှာ
ခဏနေတုန်းက မဟန ဆရာတော်ကြီးတစ်ပါး
လှူတဲ့ သင်္ကန်းကို အမှတ်တရ ဝတ်မယ်ဆိုပြီး
ဖွင့်ဖောက်လိုက်တဲ့အခါ မှိုစော်နံပြီး ပါးလွှာစုတ်ပြဲ
နေတဲ့ သင်္ကန်းအဟောင်း ဖြစ်ပြီးတော့ ရေလဲ
သင်္ကန်ုးအဖြစ်တောင် သုံးမရလို့ အမှိုက်ပုံးထဲ
ပစ်ထည့်လိုက်ရပါတယ်။
အားလုံး သတိပြုကြပါ။
ဦးနန္ဒိမာ

No comments:

Post a Comment