Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, June 4, 2019

နားပင္းေနတဲ့ မိန္းမ


တခါက လင္မယား ႏွစ္ေယာက္ ရွိသတဲ့ ။ အသက္အရြယ္ ႀကီးလာၿပီ ျဖစ္တဲ့ အတြက္ ေယာက္်ားျဖစ္သူက သူ႔မိန္းမ နားမေကာင္းေတာ့ဘူး လို႔ သံသယ ျဖစ္မိ သတဲ့ ။

သူေျပာလိုက္တဲ့ စကားေတြကို မၾကား သလိုလို ျပန္မေျပာ သလိုလို ျဖစ္ေနတဲ့ အတြက္ မိသားစုဆရာဝန္နဲ႔ တိုင္ပင္ၾကည့္ရ တာေပါ့ ။ ဆရာဝန္ကေတာ့ အႀကံ တခု ေပးပါတယ္။

ခင္ဗ်ား မိန္းမရဲ႕ အၾကား အာရံုကို စမ္းသပ္ၾကည့့္ပါေပါ့ ။
ပထမ ေပ ၄၀ ေလာက္ အကြာကေန ပံုမွန္ေျပာေနက် ေလသံနဲ႔ တခုခု လွမ္းေမးလိုက္ပါ ။
သူျပန္မေျပာဘူး ဆိုရင္ ေပ ၃၀ ကေန ေျပာ ၊ အဲဒါေတာင္ မၾကားေသးဘူး ဆိုရင္ တျဖည္းျဖည္းအနားကပ္ၿပီး ေျပာၾကည့္ေပါ့ ။
အဲဒီလိုနဲ႔ ညေနခင္း သူ႕မိန္းမ ညစာ ခ်က္ေနတဲ့ အခ်ိန္မွာ ေပ ၄၀ ေလာက္ ေဝးတဲ့ အိမ္ေရွ႕ကေနၿပီးေတာ့ ” မိန္းမေရ ညစာ ဘာဟင္း ခ်က္လဲ ” လို႔ ေမးပါတယ္ ။
သူ႕မိန္းမဆီက ဘာအသံမွ မၾကားရပါဘူး ။
ဒါနဲ႕ ေပ ၃၀ ေလာက္ ေဝးတဲ့ အိမ္လယ္ခန္းေလာက္ ဆီသြားၿပီးေတာ့ ညစာဘာဟင္းလဲ လို႔ ေမးပါတယ္ ။
ဘာသံမွ မၾကားပါဘူး ။ ဒါနဲ႕ ေပ ၂၀ ေလာက္ ေဝးတဲ့ ေလွကားနား ကေန ထပ္ေမးပါတယ္ ။
မၾကားပါဘူး ။
ေနာက္ေတာ့ စိတ္မရွည္တာနဲ႔ မီးဖိုေခ်ာင္ တံခါးနားကေန လွမ္းေမး ပါတယ္ ။ ဘာမွ မၾကားပါဘူး ။
သူကေတာ့ ငါ့မိန္းမေတာ့ ေတာ္ေတာ္ နားပင္းေနၿပီဟ ဆိုၿပီးေတာ့ ေဒါသေတြ ထြက္ေနပါတယ္ ။
နားႏွာေခါင္း ေဆးရံုကို ပို႔ဖို႔ လိုေနၿပီလို႔ ထင္လိုက္ ပါတယ္ ။

အဲဒါနဲ႔ သူ႔မိန္းမေဘးနားကို သြားၿပီး ညစာ ဘာခ်က္လဲ လို႔ ေျပာလိုက္ ပါတယ္ ။
အဲဒီအခါ သူ႔မိန္းမက
“ ေယာက္်ားေရ ရွင္ ဘာျဖစ္ေနတာလဲ
ကၽြန္မ ငါးခါ စလံုး ၾကက္သား ခ်က္တယ္ လို႔ ျပန္ေျဖတယ္ေလ ” လို႔ ေျပာလိုက္ပါတယ္ ။
တခါတေလမွာ ကိုယ္က ျဖစ္ေနတာကို သတိမထားမိဘဲ သူမ်ား အေပၚကိုပဲ လက္ညိဳး ထိုးခ်င္​ေနတဲ့ စိတ္ဓါတ္ေလး ေတြကို ျမင္ေတြ႔ရမွာ ျဖစ္ပါတယ္ ။
လူသားအားလံုး နားလည္​မႈ ႐ွိ႐ွိနဲ႔ ခ်စ္​​ခင္​ၾကင္​နာ ႏိုင္​ၾကပါ​ေစ ။
ေမာင္စိုင္း
# Unicode Version # ျဖင့္ ဖတ္ပါ #

တခါက လင်မယား နှစ်ယောက် ရှိသတဲ့ ။ အသက်အရွယ် ကြီးလာပြီ ဖြစ်တဲ့ အတွက် ယောက်ျားဖြစ်သူက သူ့မိန်းမ နားမကောင်းတော့ဘူး လို့ သံသယ ဖြစ်မိ သတဲ့ ။

သူပြောလိုက်တဲ့ စကားတွေကို မကြား သလိုလို ပြန်မပြော သလိုလို ဖြစ်နေတဲ့ အတွက် မိသားစုဆရာဝန်နဲ့ တိုင်ပင်ကြည့်ရ တာပေါ့ ။ ဆရာဝန်ကတော့ အကြံ တခု ပေးပါတယ်။

ခင်ဗျား မိန်းမရဲ့ အကြား အာရုံကို စမ်းသပ်ကြည့်ပါပေါ့ ။

ပထမ ပေ ၄၀ လောက် အကွာကနေ ပုံမှန်ပြောနေကျ လေသံနဲ့ တခုခု လှမ်းမေးလိုက်ပါ ။

သူပြန်မပြောဘူး ဆိုရင် ပေ ၃၀ ကနေ ပြော ၊ အဲဒါတောင် မကြားသေးဘူး ဆိုရင် တဖြည်းဖြည်းအနားကပ်ပြီး ပြောကြည့်ပေါ့ ။

အဲဒီလိုနဲ့ ညနေခင်း သူ့မိန်းမ ညစာ ချက်နေတဲ့ အချိန်မှာ ပေ ၄၀ လောက် ဝေးတဲ့ အိမ်ရှေ့ကနေပြီးတော့ ” မိန်းမရေ ညစာ ဘာဟင်း ချက်လဲ ” လို့ မေးပါတယ် ။

သူ့မိန်းမဆီက ဘာအသံမှ မကြားရပါဘူး ။

ဒါနဲ့ ပေ ၃၀ လောက် ဝေးတဲ့ အိမ်လယ်ခန်းလောက် ဆီသွားပြီးတော့ ညစာဘာဟင်းလဲ လို့ မေးပါတယ် ။

ဘာသံမှ မကြားပါဘူး ။ ဒါနဲ့ ပေ ၂၀ လောက် ဝေးတဲ့ လှေကားနား ကနေ ထပ်မေးပါတယ် ။

မကြားပါဘူး ။

နောက်တော့ စိတ်မရှည်တာနဲ့ မီးဖိုချောင် တံခါးနားကနေ လှမ်းမေး ပါတယ် ။ ဘာမှ မကြားပါဘူး ။

သူကတော့ ငါ့မိန်းမတော့ တော်တော် နားပင်းနေပြီဟ ဆိုပြီးတော့ ဒေါသတွေ ထွက်နေပါတယ် ။

နားနှာခေါင်း ဆေးရုံကို ပို့ဖို့ လိုနေပြီလို့ ထင်လိုက် ပါတယ် ။

အဲဒါနဲ့ သူ့မိန်းမဘေးနားကို သွားပြီး ညစာ ဘာချက်လဲ လို့ ပြောလိုက် ပါတယ် ။

အဲဒီအခါ သူ့မိန်းမက
“ ယောက်ျားရေ ရှင် ဘာဖြစ်နေတာလဲ
ကျွန်မ ငါးခါ စလုံး ကြက်သား ချက်တယ် လို့ ပြန်ဖြေတယ်လေ ” လို့ ပြောလိုက်ပါတယ် ။

တခါတလေမှာ ကိုယ်က ဖြစ်နေတာကို သတိမထားမိဘဲ သူများ အပေါ်ကိုပဲ လက်ညိုး ထိုးချင်နေတဲ့ စိတ်ဓါတ်လေး တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ် ။

လူသားအားလုံး နားလည်မှု ရှိရှိနဲ့ ချစ်ခင်ကြင်နာ နိုင်ကြပါစေ ။
မောင်စိုင်း

No comments:

Post a Comment