Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, June 4, 2019

အသည္းမွာ အဆိပ္အေတာက္ေတြ ျပည့္ေနတဲ့ လကၡဏာမ်ား


အသည္းက သင့္ရဲ႕ အယုံၾကည္ရဆုံးနဲ႔ အလုပ္အလုပ္ဆုံး သူငယ္ခ်င္းေတြထဲက တစ္ေယာက္ပါ ။ အသည္းက သင့္အတြက္ အလုပ္ေတြ အမ်ားႀကီး လုပ္ေပးတာေၾကာင့္ အသည္းမွာရွိတဲ့ အဆိပ္အေတာက္ေတြကို ဖယ္ေပးဖို႔ လိုပါတယ္ ။

6. အသည္းတစ္ဝိုက္ နာက်င္ျခင္း

ဝမ္းဗိုက္ရဲ႕ အေပၚတည့္တည့္မွာ နာက်င္ေနတာက အသည္းမွာ ျပႆနာ ရွိေနလို႔ပါ ။ အသည္းမွာ အၿမဲလိုလို စူးေအာင့္တာကို ခံစားရတတ္ပါတယ္ ။ ဒါေပမယ့္ တစ္ခါတေလမွာ မခံမရပ္ႏိုင္ေအာင္ နာက်င္တတ္ပါတယ္ ။ အသည္းရဲ႕ အလုပ္က ခႏၶာကိုယ္ကအဆိပ္အေတာက္ေတြကို ဖယ္ရွားေပးဖို႔ ၊ အညစ္အေၾကး စြန႔္ထုတ္ရာမွာ ကူညီေပးဖို႔ ၊ အစာ ေခ်လိုက္တာေတြကို အာဟာရအျဖစ္ သိုေလွာင္ေပးဖို႔ ျဖစ္ပါတယ္ ။ အသည္းမွာ ေရာဂါတစ္ခုခု ျဖစ္ေနရင္ ဒီအလုပ္ေတြကို ထိထိေရာက္ေရာက္ မလုပ္ႏိုင္ေတာ့ပါဘူး ။

5. ေျခမ်ား ၊ လက္မ်ား ေရာင္လာျခင္း

ေျခ ၊ လက္ေရာင္လာတာကို လ်စ္လ်ဴရႈထားရင္ အသည္းက အနာျဖစ္ေနတဲ့ တစ္ရွဴးေတြကို ကိုယ့္ကိုယ္ကိုယ္ပဲ ျပန္ကုသေနရမွာပါ ။ အသည္းမွာ အနာတစ္ရွဴး မ်ားလာေလ အသည္းက အလုပ္ မလုပ္ႏိုင္ေလပါပဲ ။ ေနာက္ဆုံးမွာေတာ့ ေသြးတိုးေရာဂါ ျဖစ္ႏိုင္ပါတယ္ ။ အဆိပ္အေတာက္ ျဖစ္ေစတဲ့ အရည္ေတြက ေျခေထာက္မွာ သြားၿပီး စုေနတတ္တာပါ ။ ေျခ ၊ လက္ေရာင္တာက နာက်င္မႈေတာ့ မရွိပါဘူး ။ ေျခေထာက္ ၊ ေျခသလုံး ၊ ေပါင္ေတြလည္း ေရာင္တတ္ပါတယ္ ။

4. ကိုယ္အေလးခ်ိန္ တက္လာျခင္း

လူအမ်ားစုက အစားေတြေလွ်ာ့စား ၊ ေလ့က်င့္ခန္းေတြ လုပ္ေပမယ့္ ကိုယ္အေလးခ်ိန္ က်ဖို႔ ခက္ခဲေနပါတယ္ ။ အစားအမ်ားႀကီး မစားဘဲ ဝလာရင္ ၊ ေဟာ္မုန္း ခြၽတ္ယြင္းခ်က္ေၾကာင့္ မဟုတ္ဘဲ ဝလာရင္ အသည္းအတြက္ ဆရာဝန္နဲ႔ တိုင္ပင္သင့္ပါတယ္ ။ အသည္းမွာ အဆီသိုေလွာင္မႈေတြ မ်ားလာတဲ့အခါ ကိုယ္အေလးခ်ိန္ က်ဖို႔ ခက္လာပါတယ္ ။ အဲဒီ အဆီဆဲလ္ေတြထဲမွာ အဆိပ္ေတြပါႏိုင္လို႔ အလုပ္အလြန္လုပ္တဲ့ အသည္းကို သန႔္စင္ေပးဖို႔ လိုပါတယ္ ။

3. ဓာတ္မတည့္ျခင္း

အသည္းက ေျခာက္လာၿပီဆိုရင္ ဓာတ္မတည့္တာေတြ ျဖစ္လာပါတယ္ ။ ေသြးေၾကာထဲမွာ အဆိပ္အေတာက္ေတြ ဝင္လာၿပီဆိုရင္ ဦးေႏွာက္က သတိျပဳမိၿပီး ခႏၶာကိုယ္မွာ မိတ္ဖုေတြ ၊ အင္ျပင္ေတြ ထြက္ေစပါတယ္ ။ က်န္းမာတဲ့ အသည္းက ေသြးထဲက အႏၲရာယ္ရွိတဲ့ေမာ္လီက်ဴးေတြကို သန႔္စင္ေပးပါတယ္ ။

2. အသားဝါျခင္း ၊ မ်က္လုံးဝါလာျခင္း

အသားေတြဝါၿပီး မ်က္လုံးေတြ ဝါလာၿပီတိုင္ အသားဝါေရာဂါလို႔ ေျပာၾကပါတယ္ ။ အသားဝါေရာဂါက အသည္းမွာ ျပႆနာရွိတဲ့ လကၡဏာပါ ။ ေသသြားတဲ့ ေသြးနီဥဆဲလ္ေတြက အသည္းမွ စုေဝးလာတဲ့အခါ အသားဝါေရာဂါ ျဖစ္လာပါတယ္ ။

1. အၿမဲ ပင္ပန္းႏြမ္းနယ္ျခင္း

အၿမဲ ပင္ပန္းႏြမ္းနယ္ေနျခင္းက တုပ္ေကြးနဲ႔ ဆင္တူပါတယ္ ။ အသည္းမွာ အဆိပ္အေတာက္ ျဖစ္ေနၿပီဆိုရင္ အနည္းဆုံး ေျခာက္လေလာက္ အၿမဲ ပင္ပန္းေနတာကို ခံစားရမွာပါ ။ က်န္းမာတဲ့ အသည္းက ဂလူးကို႔စ္ကို သိုေလွာင္ၿပီး ခႏၶာကိုယ္အတြက္ အာဟာရဓာတ္ ၊ စြမ္းအင္ေတြ ထုတ္လုပ္ေပးပါတယ္ ။

မက်န္းမာတဲ့ အသည္းက ဂလူးကို႔စ္ကို ခက္ခက္ခဲခဲ ထုတ္လုပ္ရသလို ဂလူးကို႔စ္ကို သိမ္းဆည္းဖို႔ ေနရာလည္း မရွိေတာ့ပါဘူး ။ အသည္းကို သန႔္စင္ေပးတာ က်န္းမာေရးအတြက္ အေလ့အက်င့္ေကာင္း တစ္ခုပါ ။ လက္ဖက္စိမ္း ၊ နႏြင္း ၊ သံပ႐ိုရည္ ၊ သဘာဝ အသီးအႏွံေတြနဲ႔ အသည္းကို သန႔္စင္ေပးႏိုင္ပါတယ္ ။
Zombie ( Love အတိုစေလးမ်ား )
# Unicode Version # ျဖင့္ ဖတ္ပါ #

အသည်းက သင့်ရဲ့ အယုံကြည်ရဆုံးနဲ့ အလုပ်အလုပ်ဆုံး သူငယ်ချင်းတွေထဲက တစ်ယောက်ပါ ။ အသည်းက သင့်အတွက် အလုပ်တွေ အများကြီး လုပ်ပေးတာကြောင့် အသည်းမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ပေးဖို့ လိုပါတယ် ။

6. အသည်းတစ်ဝိုက် နာကျင်ခြင်း

ဝမ်းဗိုက်ရဲ့ အပေါ်တည့်တည့်မှာ နာကျင်နေတာက အသည်းမှာ ပြဿနာ ရှိနေလို့ပါ ။ အသည်းမှာ အမြဲလိုလို စူးအောင့်တာကို ခံစားရတတ်ပါတယ် ။ ဒါပေမယ့် တစ်ခါတလေမှာ မခံမရပ်နိုင်အောင် နာကျင်တတ်ပါတယ် ။ အသည်းရဲ့ အလုပ်က ခန္ဓာကိုယ်ကအဆိပ်အတောက်တွေကို ဖယ်ရှားပေးဖို့ ၊ အညစ်အကြေး စွန့်ထုတ်ရာမှာ ကူညီပေးဖို့ ၊ အစာ ချေလိုက်တာတွေကို အာဟာရအဖြစ် သိုလှောင်ပေးဖို့ ဖြစ်ပါတယ် ။ အသည်းမှာ ရောဂါတစ်ခုခု ဖြစ်နေရင် ဒီအလုပ်တွေကို ထိထိရောက်ရောက် မလုပ်နိုင်တော့ပါဘူး ။

5. ခြေများ ၊ လက်များ ရောင်လာခြင်း

ခြေ ၊ လက်ရောင်လာတာကို လျစ်လျူရှုထားရင် အသည်းက အနာဖြစ်နေတဲ့ တစ်ရှူးတွေကို ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်ကုသနေရမှာပါ ။ အသည်းမှာ အနာတစ်ရှူး များလာလေ အသည်းက အလုပ် မလုပ်နိုင်လေပါပဲ ။ နောက်ဆုံးမှာတော့ သွေးတိုးရောဂါ ဖြစ်နိုင်ပါတယ် ။ အဆိပ်အတောက် ဖြစ်စေတဲ့ အရည်တွေက ခြေထောက်မှာ သွားပြီး စုနေတတ်တာပါ ။ ခြေ ၊ လက်ရောင်တာက နာကျင်မှုတော့ မရှိပါဘူး ။ ခြေထောက် ၊ ခြေသလုံး ၊ ပေါင်တွေလည်း ရောင်တတ်ပါတယ် ။

4. ကိုယ်အလေးချိန် တက်လာခြင်း

လူအများစုက အစားတွေလျှော့စား ၊ လေ့ကျင့်ခန်းတွေ လုပ်ပေမယ့် ကိုယ်အလေးချိန် ကျဖို့ ခက်ခဲနေပါတယ် ။ အစားအများကြီး မစားဘဲ ဝလာရင် ၊ ဟော်မုန်း ချွတ်ယွင်းချက်ကြောင့် မဟုတ်ဘဲ ဝလာရင် အသည်းအတွက် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ် ။ အသည်းမှာ အဆီသိုလှောင်မှုတွေ များလာတဲ့အခါ ကိုယ်အလေးချိန် ကျဖို့ ခက်လာပါတယ် ။ အဲဒီ အဆီဆဲလ်တွေထဲမှာ အဆိပ်တွေပါနိုင်လို့ အလုပ်အလွန်လုပ်တဲ့ အသည်းကို သန့်စင်ပေးဖို့ လိုပါတယ် ။

3. ဓာတ်မတည့်ခြင်း

အသည်းက ခြောက်လာပြီဆိုရင် ဓာတ်မတည့်တာတွေ ဖြစ်လာပါတယ် ။ သွေးကြောထဲမှာ အဆိပ်အတောက်တွေ ဝင်လာပြီဆိုရင် ဦးနှောက်က သတိပြုမိပြီး ခန္ဓာကိုယ်မှာ မိတ်ဖုတွေ ၊ အင်ပြင်တွေ ထွက်စေပါတယ် ။ ကျန်းမာတဲ့ အသည်းက သွေးထဲက အန္တရာယ်ရှိတဲ့မော်လီကျူးတွေကို သန့်စင်ပေးပါတယ် ။

2. အသားဝါခြင်း ၊ မျက်လုံးဝါလာခြင်း

အသားတွေဝါပြီး မျက်လုံးတွေ ဝါလာပြီတိုင် အသားဝါရောဂါလို့ ပြောကြပါတယ် ။ အသားဝါရောဂါက အသည်းမှာ ပြဿနာရှိတဲ့ လက္ခဏာပါ ။ သေသွားတဲ့ သွေးနီဥဆဲလ်တွေက အသည်းမှ စုဝေးလာတဲ့အခါ အသားဝါရောဂါ ဖြစ်လာပါတယ် ။

1. အမြဲ ပင်ပန်းနွမ်းနယ်ခြင်း

အမြဲ ပင်ပန်းနွမ်းနယ်နေခြင်းက တုပ်ကွေးနဲ့ ဆင်တူပါတယ် ။ အသည်းမှာ အဆိပ်အတောက် ဖြစ်နေပြီဆိုရင် အနည်းဆုံး ခြောက်လလောက် အမြဲ ပင်ပန်းနေတာကို ခံစားရမှာပါ ။ ကျန်းမာတဲ့ အသည်းက ဂလူးကို့စ်ကို သိုလှောင်ပြီး ခန္ဓာကိုယ်အတွက် အာဟာရဓာတ် ၊ စွမ်းအင်တွေ ထုတ်လုပ်ပေးပါတယ် ။

မကျန်းမာတဲ့ အသည်းက ဂလူးကို့စ်ကို ခက်ခက်ခဲခဲ ထုတ်လုပ်ရသလို ဂလူးကို့စ်ကို သိမ်းဆည်းဖို့ နေရာလည်း မရှိတော့ပါဘူး ။ အသည်းကို သန့်စင်ပေးတာ ကျန်းမာရေးအတွက် အလေ့အကျင့်ကောင်း တစ်ခုပါ ။ လက်ဖက်စိမ်း ၊ နနွင်း ၊ သံပရိုရည် ၊ သဘာဝ အသီးအနှံတွေနဲ့ အသည်းကို သန့်စင်ပေးနိုင်ပါတယ် ။
Zombie ( Love အတိုစလေးများ )

No comments:

Post a Comment