Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, June 6, 2019

သမီးဒီနွစ္ျပန္လာရင္ …လူထြက္ေတာ့မယ္ …အေဖ၊ အေမရယ္…. ဘာျဖစ္လို႔လဲ…ဆရာေလးရယ္


” လူထြက္ေတာ့မယ္ အေဖရယ္ အေမရယ္”

က လင္.……… ကလင္ ဖုန္းေခၚသံေလးၾကားျပီးကိုင္လိုက္ေတာ့ ဟဲလို ……… သမီးလား ဟုတ္တယ္အေမ သမီးဒီနွစ္ျပန္လာရင္ လူထြက္ေတာ့မယ္ အေဖအေမ ဘာျဖစ္လို႔လဲဆရာေလးရယ္ ေအးပါကြယ္ အေမ့ဆီသီလရွင္ဝတ္ရဲ႕ေလးေတာ့ျပန္ခဲ႔ပါကြယ္။ ေဒၚတင္ေမ တစ္ေယာက္အေတြးမ်ားစြာနွင့္ေနျပီးစဥ္းစားေနေတာ့တယ္

။ေမြး ထား တဲ႔ သားသမီး ၃ ေယာက္ထဲမွာ “သမီးသီလရွင္ေလးကအၾကီးဆံုး သားေလးနွစ္ေယာက္နွင့္အတူတကြေနတာေပါ့သမီးေလးကို ၁၀ နွစ္အရြယ္တည္းကသီလရွင္ဝတ္ေပးခဲ႔ျပီး စစ္ကိုင္းမွာဘုရားစာပါဠိေတြကိုသင္ယူေစခဲ႔တယ္။သမီးေလးအေဖကငယ္ငယ္ရြယ္ရြယ္နွင့္အလုပ္သြားလုပ္ပီး မိခင္တစ္ေယာက္တည္းရုန္းကန္ေနရတာကိုသနားလို႔ထင္ပါတယ္ သမီးကဒီနွစ္မွလူထြက္မယ္ စကားကိုေျပာေတာ့ ေဒၚတင္ေမခင္မ်ားမွာ ငိုရမလို ျဖစ္ေနခဲ႔တယ္။



သမီးေ လး ကိုေတာ့ေခ်ာ့ေျပာလိုက္တာဘဲရြာကိုအေရာက္ေတာ့ျပန္ခဲ႔အံုးလို႔ မွာလိုက္တာဘဲ ဘုရား ဘုရားသမီးေလး သီလရွင္ဝတ္ရဲ႕ေလးနွင့္ဘဲျပန္ခဲ႔ပါေစဘုရား ဆိုျပီး ဘုရားေရွ့မွာဆုေတာင္းေနျပီးေလ။

ရြက္ေ ဟာင္းေ တြေျကြ ရြက္သစ္ေတြေဝခ်ိန္မွာ ေဒၚတင္ေမထံ သမီးေလးသီလရွင္ျပန္လာမယ့္သတင္း ျကားေတာ့ ရြာလယ္ပိုင္းကသူေ႒းတစ္ဦးဆီမွာ ပိုက္ဆံ ၂ သိန္းေလာက္သြားေခ်းျပီး သမီးေလးအတြက္ SAMSUNG ဖုန္းေလးတစ္လံုးဝယ္ထားလိုက္တယ္။

သူ႔ စိတ္ ကူး ကေတာ့သမီးေလးကို ဒီဖုန္းေလးနွင့္ေခ်ာ့ျပီးလူမထြက္ေအာင္တားမယ္ေပါ့။ ေဟာ…… သမီးေလးကေရာက္လာျပီးအေမ……အေမ ေရလို႔ေအာ္ေခၚေျပးဖက္ထားျပီးသားမိနွစ္ေယာက္အျပိဳင္ငိုေနျကျပီး။ေဒၚတင္ေမက သမီးေလးမ်က္နွာမွမ်က္ရည္ေတြကိုလက္ေလးနွင့္ သုတ္ေပးျပီး ငါ့သမီးေလးအရမ္းပိန္သြားပါလားကြယ္ သမီးရယ္ စိတ္ေတြဘယ္ေလာက္ဆင္းရဲေနလို႔ဟင္း အေမ့ကိုေျပာျပပါကြယ္။

အေမ ရယ္ သမီးလူထြက္ခ်င္တာ အေမ့ကိုသနားလို႔ပါ။အေမေမာင္ေလးနွစ္ေယာက္က္ို တစ္ေယာက္တည္းလုပ္ေက်ြးေနတာသမီးမျကည့္ရက္လို႔ပါအေမ။သမီးရယ္အေမကိုထည့္မတြက္ပါနဲ႔ သမီးေလးအဆင္ေျပဖို႔ကအဓိကပါ အေမကဘာမွမျဖစ္ဘူး



ကဲ ကဲ သမီးေလးအေမ့တြက္ဆို လူေတာ့မထြက္ပါနဲ႔ေနာ္ အေမရယ္ သမီးေလးသီလရွင္ဘဝကိုျမတ္နိုးပါတယ္ ဒါေပမဲ႔ေလ အရာရာမွာနိမ့္က်လြန္းျပီး ေဘးဖယ္ထားတဲ႔ သမီးတို႔ဘဝကိုျကာလာေတာ့စိတ္ပ်က္မိတယ္အေမ။

သမီးတို႔မွာ ဘုန္းျကီးကိုရင္ေတြလို ဆြမ္းခံစားရတာမဟုတ္ဘဲ အဖိတ္ေန႔ ဥပုသ္ေန႔ေလးေတြမွာ ရပ္တကာ ျမိဳ႕တကာလွည့္ျပီး ေနပူခံမိုးရြာမိ တစ္အိမ္ဝင္တစ္အိမ္ထြက္ဆန္ေလးေတြလိုက္အလွဴ ခံရတာပါအေမ။တစ္အိမ္မွာ ဆန္တစ္ဇြန္ေလာက္ဘဲရျပီး တစ္ရပ္ကြက္လံုးမွဆန္ေလး ၃ ျပည္ေလာက္ရ

အဲဒီဆန္ေတြကို ေစ်းဆိုင္မွျပန္ေရာင္း ရတဲ႔ေငြေလးေတြနွင့္သမီးတို႔၏အာဟာရအတြက္ ခ်က္ျပဳတ္စားရတာပါအေမ။တစ္ခ်ဴ ိ႕ဒကာေတြကေျပာေသးတယ္အေမ ဒါနဆန္မ်ားပါရွင္လို႔အလွဴ ခံရင္ နင္တို႔လုပ္စားရွိလို႔လား နင္တို႔လင္အိမ္ေတြမို႔လားဆိုျပီး အေျပာခံရတယ္အေမ သူတို႔ေလာင္းတာကနည္းနည္း ေျပာခံရတာေတြမ်ားလာေတာ့ ပုထုဇဥ္ဆိုတဲ႔သမီးတို႔နွလံုးသားေတြကျကာျကာမခံနိုင္ေတာ့ဘူးအေမ

ဒီေခတ္ၾကီးမွာတိုးတက္လာတာနွင့္အမ်ွ မိန္းကေလးအသံုးအေဆာင္ေတြကလည္ လိုခ်င္စရာေတြပါဘဲ ဒါေပမဲ့ကိုယ့္စိတ္ကိုျပန္ထိန္းငါဟာဘုရားသမီးေတာ္စစ္စစ္ ဒါေတြနွင့္ ငါကဘာမွမဆိုင္ဘူးဆိုျပီးအံကိုျကိတ္ျပီးစိတ္ကိုနိုင္ထိန္းထားခဲ႔တယ္အေမ တစ္ခါတစ္ေလမွာေလ ဘိကၡဳနီသာသနာ သီလရွင္သာသနာစခဲ႔တဲ႔

မိေထြေတာ္ေဂါတမီတို႔ ယေသာ္ဓရာတို႔ကိုအျပစ္တင္ခ်င္မိတယ္အေမ သူတို႔ကဘုရားခြင့္မျပဳခဲ႔တာေတာင္ ဘိကၡဳနီသာသနာကိုရေအာင္ဝင္ခဲ႔တယ္ သူတို႔အဲဒီလိုဝင္ခဲ႔လိုသမီးတို႔သီလရွင္ေတြ အခုလိုဝတ္ေနရတာလို႔အျပစ္ျမင္မိတယ္အေမ ဒါေတာင္တစ္ခ်ဴ ိ႕ေယာက်ာၤးေတြက သီလရွင္ေတြကိုကန္႔ေတာ့ရင္ဘုန္းနိမ့္တယ္ထင္လား မသိဘူးအေမ

သမီးတို႔ဆိုေယာက်ာၤးေတြမရွိခိုးဘူး ရွိခိုးခံခ်င္လို႔ေျပာတာမဟုတ္ပါဘူးအေမအနိွမ္ခံရလို႔ပါ။ ရဟန္းေတြ ကိုရင္ေတြဆိုလွဴ မယ့္လူ ရဟန္းခံမယ္ ရဟန္းဒကာေတြေပါမွေပါအေမ သမီးတို႔ဆရာေလးေတြအသက္ ၂၀ျပည့္လို႔လဲဘယ္သူမွရဟန္းဒကာလာမခံပါဘူးအေမ

ကိုယ္က်က္မယ့္စာအုပ္ကို ကိုယ့္ဘာသာကိုယ္ဝယ္ ကိုယ့္ဘဝကိုယ္ေလ်ွာက္လမ္းရတဲ႔ခရီးေတြ ျကာလာေတာ့ျပိဳလဲခ်င္ေနျပီးအေမ ျပီးေတာ့အေမ ေက်ာင္းေတြမွာေနဖို႔စရိတ္ကိုလည္ ေက်ာင္းထိုင္ဆရာျကီးေတြကိုေပးရတယ္အေမ

သူတို႔ကိုလည္အျပစ္မျမင္ပါဘူး ဒီဘက္ေခတ္မွာ ကုန္ေစ်းနႈန္းေတြကျကီး ေရဖိုး မီးဖိုးေတြနွင့္ အျပင္ကေက်ာင္းသားေတြတက္တဲ႔ ပိုက္ဆံနဲ႔ဘာမွမေျပာပါးေပမယ့္ ဘယ္သူကမွ မလွဴ တဲ႔သမီးတို႔ဘဝမွာေတာ့ ေငြတစ္သိန္းဆိုတာ

အင္မတန္မွရွားပါးပါတယ္အေမ့ကိုလည္္ဒီထက္ဒုကၡ မေပးခ်င္ေတာ့ဘူးဒါေျကာင့္သမီးကို လူထြက္ခြင့္ေပးပါေနာ္ သမီးေလးက သူေျပာခ်င္တာေတြေျပာတာကိုနားေထာင္ျပီး ေရာ့ ဒါသမီးအတြက္အေမဝယ္ေပးတာဖုန္းေလးကိုထုတ္ေပးေတာ့ သမီးေလးကဝမ္းသာသလိုရွိေပမဲ႔ မ်က္ရည္ေတြက်လာတယ္။ အေမရယ္ အေမ့မွာပိုက္ဆံမရွိဘဲ ဒီဖုန္းကိုဘာလို႔ ဝယ္တာလဲအေမ သမီးနွင့္အေမဖုန္းေျပာရေအာင္ေပါ့ကြယ္ ျပီးေတာ့သမီးလည္တရားေတြနား ဗဟုသုတေတြလည္ရွာလို႔ရတာေပါ့ကြယ္

သမီးရယ္ယူပါသမီးလူမထြက္ရင္အေမဘာဘဲ လုပ္ေပးရ လုပ္ေပးရ ဘာမွမျဖစ္ဘူး သမီးေလးလူမထြက္ဖို႔သာအဓိကပါ သမီးတို႔အခက္အခဲေတြကိုနားလည္ပါတယ္သမီးရယ္ သမီးတို႔မွာဒီသီလရွင္သာသနာကိုမထမ္းရင္ေရွ့ကထမ္းေဆာင္သြားတဲ႔ အမ်ဴ ိးသမီးအရိယာျကီးေတြကိုအားနာတယ္သမီး အေမတို႔မိန္းမသာသနာဆိုလို႔

ဒီသီလရွင္သာသနာတစ္ခုဘဲရွိတယ္သမီး အေရအတြက္ကိုလည္ျကည့္အံုးသမီး သံဃာေတြ သိန္းခ်ီျပီး ရွိေနေပမယ့္အမ်ဴ ိးသမီးသာသနာျပဳေတြကေသာင္းဂဏန္းဘဲရွိတယ္သမီး ေက်းဇူးျပဳ ျပီးထမ္းေဆာင္ေပးပါသမီးရယ္ အေမတို႔မိန္းမသားေတြအတြက္ဂုဏ္ယူရတဲ႔ ဘုရားသာသနာအျဖစ္ထမ္းေဆာင္ေပးပါသမီးရယ္ သမီးေလးလည္ ေဒၚတင္ေမဆံုးမခ်က္ေတြ နားေထာင္ျပီးစစ္ကိုင္းကိုျပန္စာေတြသင္ျပီး ဓမၼာစရိယထိျပီးေအာင္ေနသြားခဲ႔တယ္ ဆရာေလးအမည္ကေတာ့ မပညာနႏၵတဲ႔

သာသနာျပဳေနေသာအစ္မေတာ္ ညီေတာ္မ်ား၏ဘဝေတြကို ဤစာျဖင့္ေရးသားဂုဏ္ျပဳလိုက္ပါသည္။ မိန္းမဘဝရေပမဲ႔ရလာတဲ႔လူဘဝကိုအရႈံးမေပးဘဲ ရဟန္းသံဃာမ်ားနွင့္တန္းတူသာသနာျပဳေနတဲ႔အတြက္အစဥ္ေလးစားေနပါသည္။ သီလရွင္ေလးမ်ားကိုတန္ဖိုးထားနိုင္ျကပါေစ။

Credit – myanmardailytime

Unicode ျဖင့္ဖတ္ရန္
” လူထွက်တော့မယ် အဖေရယ် အမေရယ်”

ကလင်.……… ကလင် ဖုန်းခေါ်သံလေးကြားပြီးကိုင်လိုက်တော့ ဟဲလို ……… သမီးလား ဟုတ်တယ်အမေ သမီးဒီနှစ်ပြန်လာရင် လူထွက်တော့မယ် အဖေအမေ ဘာဖြစ်လို့လဲဆရာလေးရယ် အေးပါကွယ် အမေ့ဆီသီလရှင်ဝတ်ရဲ့လေးတော့ပြန်ခဲ့ပါကွယ်။ ဒေါ်တင်မေ တစ်ယောက်အတွေးများစွာနှင့်နေပြီးစဉ်းစားနေတော့တယ်

။မွေးထားတဲ့သားသမီး ၃ ယောက်ထဲမှာ “သမီးသီလရှင်လေးကအကြီးဆုံး သားလေးနှစ်ယောက်နှင့်အတူတကွနေတာပေါ့သမီးလေးကို ၁၀ နှစ်အရွယ်တည်းကသီလရှင်ဝတ်ပေးခဲ့ပြီး စစ်ကိုင်းမှာဘုရားစာပါဠိတွေကိုသင်ယူစေခဲ့တယ်။သမီးလေးအဖေကငယ်ငယ်ရွယ်ရွယ်နှင့်အလုပ်သွားလုပ်ပီး မိခင်တစ်ယောက်တည်းရုန်းကန်နေရတာကိုသနားလို့ထင်ပါတယ် သမီးကဒီနှစ်မှလူထွက်မယ် စကားကိုပြောတော့ ဒေါ်တင်မေခင်များမှာ ငိုရမလို ဖြစ်နေခဲ့တယ်။

သမီးလေးကိုတော့ချော့ပြောလိုက်တာဘဲရွာကိုအရောက်တော့ပြန်ခဲ့အုံးလို့ မှာလိုက်တာဘဲ ဘုရား ဘုရားသမီးလေး သီလရှင်ဝတ်ရဲ့လေးနှင့်ဘဲပြန်ခဲ့ပါစေဘုရား ဆိုပြီး ဘုရားရှေ့မှာဆုတောင်းနေပြီးလေ။

ရွက်ဟောင်းတွေကြွေ ရွက်သစ်တွေဝေချိန်မှာ ဒေါ်တင်မေထံ သမီးလေးသီလရှင်ပြန်လာမယ့်သတင်း ကြားတော့ ရွာလယ်ပိုင်းကသူဋ္ဌေးတစ်ဦးဆီမှာ ပိုက်ဆံ ၂ သိန်းလောက်သွားချေးပြီး သမီးလေးအတွက် SAMSUNG ဖုန်းလေးတစ်လုံးဝယ်ထားလိုက်တယ်။

သူ့စိတ်ကူးကတော့သမီးလေးကို ဒီဖုန်းလေးနှင့်ချော့ပြီးလူမထွက်အောင်တားမယ်ပေါ့။ ဟော…… သမီးလေးကရောက်လာပြီးအမေ……အမေ ရေလို့အော်ခေါ်ပြေးဖက်ထားပြီးသားမိနှစ်ယောက်အပြိုင်ငိုနေကြပြီး။ဒေါ်တင်မေက သမီးလေးမျက်နှာမှမျက်ရည်တွေကိုလက်လေးနှင့် သုတ်ပေးပြီး ငါ့သမီးလေးအရမ်းပိန်သွားပါလားကွယ် သမီးရယ် စိတ်တွေဘယ်လောက်ဆင်းရဲနေလို့ဟင်း အမေ့ကိုပြောပြပါကွယ်။

အမေရယ်သမီးလူထွက်ချင်တာ အမေ့ကိုသနားလို့ပါ။အမေမောင်လေးနှစ်ယောက်က်ို တစ်ယောက်တည်းလုပ်ကျွေးနေတာသမီးမကြည့်ရက်လို့ပါအမေ။သမီးရယ်အမေကိုထည့်မတွက်ပါနဲ့ သမီးလေးအဆင်ပြေဖို့ကအဓိကပါ အမေကဘာမှမဖြစ်ဘူး

ကဲ ကဲ သမီးလေးအမေ့တွက်ဆို လူတော့မထွက်ပါနဲ့နော် အမေရယ် သမီးလေးသီလရှင်ဘဝကိုမြတ်နိုးပါတယ် ဒါပေမဲ့လေ အရာရာမှာနိမ့်ကျလွန်းပြီး ဘေးဖယ်ထားတဲ့ သမီးတို့ဘဝကိုကြာလာတော့စိတ်ပျက်မိတယ်အမေ။

သမီးတို့မှာ ဘုန်းကြီးကိုရင်တွေလို ဆွမ်းခံစားရတာမဟုတ်ဘဲ အဖိတ်နေ့ ဥပုသ်နေ့လေးတွေမှာ ရပ်တကာ မြို့တကာလှည့်ပြီး နေပူခံမိုးရွာမိ တစ်အိမ်ဝင်တစ်အိမ်ထွက်ဆန်လေးတွေလိုက်အလှူ ခံရတာပါအမေ။တစ်အိမ်မှာ ဆန်တစ်ဇွန်လောက်ဘဲရပြီး တစ်ရပ်ကွက်လုံးမှဆန်လေး ၃ ပြည်လောက်ရ

အဲဒီဆန်တွေကို စျေးဆိုင်မှပြန်ရောင်း ရတဲ့ငွေလေးတွေနှင့်သမီးတို့၏အာဟာရအတွက် ချက်ပြုတ်စားရတာပါအမေ။တစ်ချူ ိ့ဒကာတွေကပြောသေးတယ်အမေ ဒါနဆန်များပါရှင်လို့အလှူ ခံရင် နင်တို့လုပ်စားရှိလို့လား နင်တို့လင်အိမ်တွေမို့လားဆိုပြီး အပြောခံရတယ်အမေ သူတို့လောင်းတာကနည်းနည်း ပြောခံရတာတွေများလာတော့ ပုထုဇဉ်ဆိုတဲ့သမီးတို့နှလုံးသားတွေကကြာကြာမခံနိုင်တော့ဘူးအမေ

ဒီခေတ်ကြီးမှာတိုးတက်လာတာနှင့်အမျှ မိန်းကလေးအသုံးအဆောင်တွေကလည် လိုချင်စရာတွေပါဘဲ ဒါပေမဲ့ကိုယ့်စိတ်ကိုပြန်ထိန်းငါဟာဘုရားသမီးတော်စစ်စစ် ဒါတွေနှင့် ငါကဘာမှမဆိုင်ဘူးဆိုပြီးအံကိုကြိတ်ပြီးစိတ်ကိုနိုင်ထိန်းထားခဲ့တယ်အမေ တစ်ခါတစ်လေမှာလေ ဘိက္ခုနီသာသနာ သီလရှင်သာသနာစခဲ့တဲ့

မိထွေတော်ဂေါတမီတို့ ယသော်ဓရာတို့ကိုအပြစ်တင်ချင်မိတယ်အမေ သူတို့ကဘုရားခွင့်မပြုခဲ့တာတောင် ဘိက္ခုနီသာသနာကိုရအောင်ဝင်ခဲ့တယ် သူတို့အဲဒီလိုဝင်ခဲ့လိုသမီးတို့သီလရှင်တွေ အခုလိုဝတ်နေရတာလို့အပြစ်မြင်မိတယ်အမေ ဒါတောင်တစ်ချူ ိ့ယောကျာင်္းတွေက သီလရှင်တွေကိုကန့်တော့ရင်ဘုန်းနိမ့်တယ်ထင်လား မသိဘူးအမေ

သမီးတို့ဆိုယောကျာင်္းတွေမရှိခိုးဘူး ရှိခိုးခံချင်လို့ပြောတာမဟုတ်ပါဘူးအမေအနှိမ်ခံရလို့ပါ။ ရဟန်းတွေ ကိုရင်တွေဆိုလှူ မယ့်လူ ရဟန်းခံမယ် ရဟန်းဒကာတွေပေါမှပေါအမေ သမီးတို့ဆရာလေးတွေအသက် ၂၀ပြည့်လို့လဲဘယ်သူမှရဟန်းဒကာလာမခံပါဘူးအမေ

ကိုယ်ကျက်မယ့်စာအုပ်ကို ကိုယ့်ဘာသာကိုယ်ဝယ် ကိုယ့်ဘဝကိုယ်လျှောက်လမ်းရတဲ့ခရီးတွေ ကြာလာတော့ပြိုလဲချင်နေပြီးအမေ ပြီးတော့အမေ ကျောင်းတွေမှာနေဖို့စရိတ်ကိုလည် ကျောင်းထိုင်ဆရာကြီးတွေကိုပေးရတယ်အမေ

သူတို့ကိုလည်အပြစ်မမြင်ပါဘူး ဒီဘက်ခေတ်မှာ ကုန်စျေးနှုန်းတွေကကြီး ရေဖိုး မီးဖိုးတွေနှင့် အပြင်ကကျောင်းသားတွေတက်တဲ့ ပိုက်ဆံနဲ့ဘာမှမပြောပါးပေမယ့် ဘယ်သူကမှ မလှူ တဲ့သမီးတို့ဘဝမှာတော့ ငွေတစ်သိန်းဆိုတာ

အင်မတန်မှရှားပါးပါတယ်အမေ့ကိုလည််ဒီထက်ဒုက္ခ မပေးချင်တော့ဘူးဒါကြောင့်သမီးကို လူထွက်ခွင့်ပေးပါနော် သမီးလေးက သူပြောချင်တာတွေပြောတာကိုနားထောင်ပြီး ရော့ ဒါသမီးအတွက်အမေဝယ်ပေးတာဖုန်းလေးကိုထုတ်ပေးတော့ သမီးလေးကဝမ်းသာသလိုရှိပေမဲ့ မျက်ရည်တွေကျလာတယ်။ အမေရယ် အမေ့မှာပိုက်ဆံမရှိဘဲ ဒီဖုန်းကိုဘာလို့ ဝယ်တာလဲအမေ သမီးနှင့်အမေဖုန်းပြောရအောင်ပေါ့ကွယ် ပြီးတော့သမီးလည်တရားတွေနား ဗဟုသုတတွေလည်ရှာလို့ရတာပေါ့ကွယ်

သမီးရယ်ယူပါသမီးလူမထွက်ရင်အမေဘာဘဲ လုပ်ပေးရ လုပ်ပေးရ ဘာမှမဖြစ်ဘူး သမီးလေးလူမထွက်ဖို့သာအဓိကပါ သမီးတို့အခက်အခဲတွေကိုနားလည်ပါတယ်သမီးရယ် သမီးတို့မှာဒီသီလရှင်သာသနာကိုမထမ်းရင်ရှေ့ကထမ်းဆောင်သွားတဲ့ အမျူ ိးသမီးအရိယာကြီးတွေကိုအားနာတယ်သမီး အမေတို့မိန်းမသာသနာဆိုလို့

ဒီသီလရှင်သာသနာတစ်ခုဘဲရှိတယ်သမီး အရေအတွက်ကိုလည်ကြည့်အုံးသမီး သံဃာတွေ သိန်းချီပြီး ရှိနေပေမယ့်အမျူ ိးသမီးသာသနာပြုတွေကသောင်းဂဏန်းဘဲရှိတယ်သမီး ကျေးဇူးပြု ပြီးထမ်းဆောင်ပေးပါသမီးရယ် အမေတို့မိန်းမသားတွေအတွက်ဂုဏ်ယူရတဲ့ ဘုရားသာသနာအဖြစ်ထမ်းဆောင်ပေးပါသမီးရယ် သမီးလေးလည် ဒေါ်တင်မေဆုံးမချက်တွေ နားထောင်ပြီးစစ်ကိုင်းကိုပြန်စာတွေသင်ပြီး ဓမ္မာစရိယထိပြီးအောင်နေသွားခဲ့တယ် ဆရာလေးအမည်ကတော့ မပညာနန္ဒတဲ့

သာသနာပြုနေသောအစ်မတော် ညီတော်များ၏ဘဝတွေကို ဤစာဖြင့်ရေးသားဂုဏ်ပြုလိုက်ပါသည်။ မိန်းမဘဝရပေမဲ့ရလာတဲ့လူဘဝကိုအရှုံးမပေးဘဲ ရဟန်းသံဃာများနှင့်တန်းတူသာသနာပြုနေတဲ့အတွက်အစဉ်လေးစားနေပါသည်။ သီလရှင်လေးများကိုတန်ဖိုးထားနိုင်ကြပါစေ။

Credit – myanmardailytime

No comments:

Post a Comment