CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Thursday, June 6, 2019
လူ (၂၀) ခန္႔က …လက္ဖက္ရည္ဆိုင္ထဲ၀င္လာျပီး… လူ(၄) ဦးကို …ဓားနဲ႔ ခုတ္
ၿမိတ္ၿမိဳ႕တြင္ လက္ဖက္ရည္ဆိုင္ထဲ ဝင္ေရာက္ ဓါးခုတ္မႈျဖစ္ပြား ၄ ဦးဒဏ္ရာရ
ၿမိတ္ၿမိဳ႕၊ ကန္ႀကီးနယ္ေျမ သာေကတသဲကြင္းရွိ ဧဒင္လဘက္ရည္ဆိုင္တြင္ ဇြန္လ ၄ ရက္ေန႔၊ ည ၈ နာရီခြဲခန္႔က ဓါးခုတ္မႈျဖစ္ပြားတာေၾကာင့္ အမ်ိဳးသား ၄ ဦး အျပင္အထန္ ဒဏ္ရာရရွိခဲ့ပါတယ္။
ကန္ႀကီးနယ္ေျမ၊ သာေကတရပ္၊ သဲကြင္း ၂ လမ္းတြင္ဖြင့္လွစ္ထားတဲ့ ဧဒင္လဘက္ရည္ဆိုင္အတြင္းမွာ ေအာင္ျမတ္ဦး၊ စိုးသူ(ခ)ငယ္ေလး၊ ေက်ာ္စိုးမင္း နွင့္ခ်စ္တိုးတိုးၿဖိဳး တို႔ ၄ ဦး လဘက္ရည္ေသာက္ေနစဥ္ အေယာက္ ၂၀ ခန္႔ရွိတဲ့ လူအုပ္မွ ဆိုင္အတြင္းဝင္ေရာက္ၿပီး ရန္ၿငိဳးမရွိပဲ ဓါးရွည္ျဖင့္မင္းမဲ့စရိုက္ဆန္ဆန္ ဝင္ခုတ္ခဲ့တယ္လို႔ဆိုပါတယ္။
ဓါးခုတ္မႈေၾကာင့္ ေအာင္ျမတ္ဦးတြင္ ညာဘက္လက္ဖမိုးနွင့္ ဦးေခါင္းတြင္ ျပတ္ရွဒဏ္ရာ(စိုးရိမ္ရ) ၊ စိုးသူ(ခ)ငယ္ေလးတြင္ ဘယ္ဘက္လက္ဖ်ံႏွင့္ေနာက္ေက်ာတြင္ ျပတ္ရွိဒဏ္ရာ၊ ေက်ာ္စိုးမင္းတြင္ ဦးေခါင္း၊ ေက်ာျပင္နွင့္လက္ဖမိုးတြင္ျပတ္ရွဒဏ္ရာ နွင့္ခ်စ္တိုးတိုးၿဖိဳး တြင္ ဘယ္လက္ဖ်ံျပတ္ရွဒဏ္ရာအသီးသီးရရွိေၾကာင္း သိရပါတယ္။
ျဖစ္စဥ္နွင့္ပတ္သက္ၿပီး ရဲတပ္ဖြဲ႕မွ တရားခံမ်ားဖမ္းဆီးရမိေရးအတြက္ စံုစမ္းစစ္ေဆးေနပါတယ္။
SouthernerTVNews
Maung Maung MyatThu
Unicode Version
မြိတ်မြို့တွင် လက်ဖက်ရည်ဆိုင်ထဲ ဝင်ရောက် ဓါးခုတ်မှုဖြစ်ပွား ၄ ဦးဒဏ်ရာရ
မြိတ်မြို့၊ ကန်ကြီးနယ်မြေ သာကေတသဲကွင်းရှိ ဧဒင်လဘက်ရည်ဆိုင်တွင် ဇွန်လ ၄ ရက်နေ့၊ ည ၈ နာရီခွဲခန့်က ဓါးခုတ်မှုဖြစ်ပွားတာကြောင့် အမျိုးသား ၄ ဦး အပြင်အထန် ဒဏ်ရာရရှိခဲ့ပါတယ်။
ကန်ကြီးနယ်မြေ၊ သာကေတရပ်၊ သဲကွင်း ၂ လမ်းတွင်ဖွင့်လှစ်ထားတဲ့ ဧဒင်လဘက်ရည်ဆိုင်အတွင်းမှာ အောင်မြတ်ဦး၊ စိုးသူ(ခ)ငယ်လေး၊ ကျော်စိုးမင်း နှင့်ချစ်တိုးတိုးဖြိုး တို့ ၄ ဦး လဘက်ရည်သောက်နေစဉ် အယောက် ၂၀ ခန့်ရှိတဲ့ လူအုပ်မှ ဆိုင်အတွင်းဝင်ရောက်ပြီး ရန်ငြိုးမရှိပဲ ဓါးရှည်ဖြင့်မင်းမဲ့စရိုက်ဆန်ဆန် ဝင်ခုတ်ခဲ့တယ်လို့ဆိုပါတယ်။
ဓါးခုတ်မှုကြောင့် အောင်မြတ်ဦးတွင် ညာဘက်လက်ဖမိုးနှင့် ဦးခေါင်းတွင် ပြတ်ရှဒဏ်ရာ(စိုးရိမ်ရ) ၊ စိုးသူ(ခ)ငယ်လေးတွင် ဘယ်ဘက်လက်ဖျံနှင့်နောက်ကျောတွင် ပြတ်ရှိဒဏ်ရာ၊ ကျော်စိုးမင်းတွင် ဦးခေါင်း၊ ကျောပြင်နှင့်လက်ဖမိုးတွင်ပြတ်ရှဒဏ်ရာ နှင့်ချစ်တိုးတိုးဖြိုး တွင် ဘယ်လက်ဖျံပြတ်ရှဒဏ်ရာအသီးသီးရရှိကြောင်း သိရပါတယ်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့မှ တရားခံများဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးနေပါတယ်။
SouthernerTVNews
Maung Maung MyatThu
လူ (၂၀) ခန္႔က …လက္ဖက္ရည္ဆိုင္ထဲ၀င္လာျပီး… လူ(၄) ဦးကို …ဓားနဲ႔ ခုတ္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
June 06, 2019
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
June 06, 2019
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment