ခြူးသဉ္ဇာ/ဧရာဝတီတိုင်းမ်
ပုသိမ်၊ ဇွန် ၂၅ ရက်။ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ အနောက်တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ တပ်ထိန်းတပ်မှ ဒုတပ်ကြပ် တစ်ဦးကို အဓမ္မပြုကျင့်မှုဖြင့် ပုသိမ်မြို့မရဲစခန်းတွင် ဖမ်းဆီးစစ် ဆေးမှုများပြုလုပ်နေကြောင်း သတင်းရသည်။

" ပြုကျင့်တဲ့သူက ကလေးမလေးနဲ့ အကိုတစ်ဝမ်းကွဲတော်တယ်၊ ကလေးမလေးကညမွေးရာပါစကားမပြောနိုင်ဘူး အိမ်မှာညလူကြီးတွေမရှိတဲ့ချိန်မှာဖြစ်ပွား ခဲ့တာပါ၊ အနီးပတ်ဝန်းကျင်ကတွေ့လို့ပေါင်းဖမ်းကြတယ် ခုတော့ဥပဒေနဲ့ အညီ အမှုဖွင့်ဆောင်ရွက်နေပါတယ်'' တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယရဲမှူးကြီး ထွန်းရွှေမှ ပြောသည်။
ပိုလီယိုရောဂါခံစားနေရသူ အမျိုးသမီးမှာ နေအိမ်တွင် မိဘများမရှိချိန် ည ၇ နာရီအချိန်လောက်တွင် ဒုတပ်ကြပ် မျိုးဝင်းထွန်းမှ နေအိမ်ပေါ်တက်၍ အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါအိမ်၏ အနီးပတ်ဝန်းကျင်နေထိုင်သူ များထံမှသိရသည်။
မျက်မြင်တွေ့ရှိခဲ့သူ မဆန်းဆန်းဝင်းမှလည်း '' အဲ့အိမ်မှာ ဘယ်သူမှမရှိဘူး ကလေးမလေးငိုသံကြားလို့သွားကြည့်တော့ အိမ်တံခါးကပိတ်ထားတယ် အဲ့ဒါနဲ့တံခါးကို တွန်းကြည့်တော့ အထဲကဂျက်ချထားတာကို သိရတယ် အိမ်ရှေ့ထွက်ကြည့်တော့ အဲ့လူရဲ့ဆိုင်ကယ်ကိုတွေ့ တယ် အဲ့တာနဲ့အပေါက်ကချောင်းကြည့်တော့ ပြုကျင့်နေတာကိုတွေ့တာပါ'' ဟုပြောကြားသည်။
အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးမှာ မည်သည့်အထောက်အပံ့မှ မရရှိသေးဘဲ ဥပဒေအကာ အကွယ်အပြည့်အဝရဖို့နှင့် လူမှုထောက်ပံ့မှုတွေရရှိရေး အတွက် ပဒုံမ္မာလူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။
" ပြုကျင့်ခံရတဲ့ ကလေးမလေးကို ကျနော်တို့ဘက်ကနေ လူမှုအထောက်အပံ့တွေရအောင်၊ ဥပဒေအကာအကွယ် အပြည့်အဝရရှိအောင် လုပ်ပေးသွားမှာပါ''ဟု ပဒုံမ္မာလူမှုဖွံ့ဖြိုးတိုးတက် ရေးအသင်းမှ ဦးမြင့်ဌေးမှ ဧရာဝတီတိုင်းမ် သို့ပြောသည်။
မသန်စွမ်းပိုလီယိုရောဂါခံစားနေရသူ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့သည့် တပ်မတော်(တပ်ထိန်း)တပ်မှ ဒုတပ်ကြပ် မျိုးဝင်းထွန်းအား ပုသိမ်မြို့မရဲစခန်းတွင် (ပ) ၄၁၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း တိုင်းရဲတပ်ဖွဲ့မှ သိရှိရသည်။
#Ayeyarwaddy_Times
ဓာတ်ပုံ - ဧရာဝတီတိုင်းမ်
No comments:
Post a Comment