Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, June 17, 2019

အကယ္ဒမီ ‘ေဒြး’ ေျပာခဲ့တဲ့ ပံုျပင္ကုိ အခုထိ မေမ့ေသးတဲ့ ဦးထြန္းလြင္


ပညာရွင္အစစ္ တစ္ေယာက္ျဖစ္ဖို႕တာ၊ ၁၆-၆-၂၀၁၉၊ ည(၁၁း၀၄)နာရီ။ ပညာရွင္၊ ေမာင္ထ ြန္း လ ြင္ (မိုးေလ၀သ)

အကယ္ဒမီ “ေဒ ြး” ေျပာတဲ့ “ပညာရွင္ဆိုတာ”၊ က ြ်န္ေတာ္ ၂၀၀၉ ခုႏွစ္ ေမလမွာ မိုးေလ၀သဌာနမွ အျငိမ္းစားယူေတာ့ ဂ်ာနယ္လစ္ေတ ြက က ြ်န္ေတာ္ပါတဲ့ သတင္ေတ ြ ေရးတဲ့အခါ “မိုးေလ၀သပညာရွင္” လို႕ သံုးလာႀကပါတယ္။ က ြ်န္ေတာ္ တားပါေသးတယ္။ “မိုးေလ၀သသုေတသီ” ဆိုရင္ ေတာ္ေလာက္ပါျပီလို႕။ ဒါေပမယ့္ မရပါဘူးဗ်ာ။ အခုေတာ့လည္း အားလံုး က သံုးေနႀကပါျပီ။

တကယ္ေတာ့ ပညာရွင္လို႕ အေခၚခံရတာ ဂုဏ္ယူစရာပါ။ ဒါေပမယ့္ ရိုးရိုးသားသားေျပာရရင္ ကြ်န္ေတာ့ေနနဲ႕ ဒီ…… ဂုဏ္ပုဒ္ဟာ ျမင့္လြန္းေနတယ္လို႕ ယူဆပါတယ္။ ေနာက္ျပီး ဂိုဏ္းသင့္မွာလည္း စိုးရိမ္မိပါတယ္။ အဆိုးဆံုးက ေတာ့ က ြယ္လ ြန္ သ ြားရွာျပီျဖစ္တဲ့ ႏိုင္ငံေက်ာ္ ျပည္သူခ်စ္ ရုပ္ရွင္သရုပ္ေဆာင္ အကယ္ဒမီ ”ေဒြး” ေျပာဘူးတဲ့ “ပညာရွင္” ရဲ႕ အဓိပၸါယ္ ဖ ြင့္ဆိုခ်က္ကို ကြ်န္ေတာ္ ျပန္ျပန္သတိရေနမိျပီး “ပညာရွင္” အ ေခၚခံရမွာကို အ ေႀကာက္ဆံုးလည္း ျဖစ္ေနလို႕ ပါပဲ။

လ ြန္ခဲ့တဲ့ ဆယ့္ငါးႏွစ္ေလာက္က ထင္ပါတယ္၊ အတိအက်ေတာ့ မမွတ္မိေတာ့ပါဘူး။ မဂၢဇင္းတစ္ေစာင္ရဲ႕ အင္တာဗ်ဴး တစ္ခုမွာ အကယ္ဒမီေဒ ြးက “ပညာရွင္”ဆိုတာနဲ႕ပတ္သက္ျပီး ဒီလိုေျပာဖူးပါတယ္။ ျပင္သစ္ေတာ္လွန္ေရး ေခတ္တံုးက ေသဒဏ္ အေပးခံထားရတဲ့ တရားခံ(၃)ဦးဟာ ေသဒဏ္ ေပးခံရမယ့္ေန႕ကို ေစာင့္ဆိုင္းေနႀကရသတဲ့။ အဲဒီေခတ္ အခါ ကလည္း ေသဒဏ္ေပးတဲ့စံနစ္က လူပံုအလယ္မွာ ေဆာက္လုပ္ထားတဲ့ စင္ႀကီးေပၚမွာ တရားခံေတြကိုတင္ျပီး အမ်ား ေရွ႕မွာ Guillotine လို႕ ေခၚတဲ့ ေခါင္းျဖတ္စက္ႀကီးနဲ႕ ေခါင္းျဖတ္သတ္တဲ့နည္းနဲ႕ တရားခံေတြကို ေသဒဏ္ ေပးေလ့ ရွိသတဲ့။

ဒီလိုနဲ႕ ေသဒဏ္ေပးဖို႕ စီရင္ခ်က္ခ်ခံထားရတဲံ တရားခံ(၃)ဦးဟာ ေသဒဏ္ေပးခံရမယ့္ေန႕ကို ေရာက္လာသတဲ့။ အဲဒီ ေန႕မွာ လူေတ ြဟာလည္း ေခါင္းျဖတ္စက္ႀကီးဆင္ထားတဲ့ က ြင္းျပင္ႀကီးထဲကို မနက္ကတည္းက ေရာက္လာလိုက္ ႀကတာ က ြင္းလံုးျပည္႕ပဲတဲ့။

အခ်ိန္ေရာက္လာေတာ့ တရားခံ(၃) ေယာက္ကို ကြင္းလယ္မွာရွိတဲ့ ေခါင္းျဖတ္စက္ စင္ႀကီးေပၚကို တင္လိုက္သတဲ့။ ျပီးေတာ့ ပထမဆံုး တရားခံကို ေခါင္းျဖတ္စက္နဲ႕ ေသဒဏ္ေပးဖို႕အတ ြက္ ပါး က ြက္သားေတြက ေခါင္းျဖတ္စက္ရဲ႕ ဓါးသြားႀကီးေအာက္မွာ ဆင္ထားတဲ့ ခံုအေပၚမွာ တရားခံကို ဇက္စင္းျပီး တင္ထားေစသတဲ့။ ေနာက္ေတာ့ စင္ႀကီးရဲ႕ အလယ္တိုင္ႀကီးႏွစ္ဖက္နဲ႕ အျမင့္မွာခ်ိတ္ဆြဲထားတဲ့ ဓါးႀကီးကို ျဖဳတ္ခ် လိုက္ႀကသတဲ့။ ျဖစ္ခ်င္ေတာ့ ဓါးႀကီးဟာ JAM ျဖစ္ေနျပီး ျပဳတ္က်မလာပဲ လမ္းတစ္၀က္မွာပဲ ညပ္ေနသတဲ့။

ဒါနဲ႕ ပထမတရားခံဟာ မေသမခ်င္းသတ္ေစလို႕ အမိန္႕ခ် ထားတာ မဟုတ္ေလေတာ့ ေသဒဏ္က လြတ္သြားသတဲ့။ ေနာက္ ဒုတိယ တရားခံ အလွည္႕ေရာက္လာေတာ့လည္း ဒီလိုပဲ ျဖဳတ္ခ်လိုက္တဲ့ ဓါးႀကီးဟာ လမ္းမွာပဲ ညပ္ေနျပန္လို႕ ပထမတရားခံလိုပဲ ေသဒဏ္က လြတ္သြားျပန္ေရာတဲ့။

ဒါနဲ႕ ေနာက္ဆံုး တတိယတရားခံအလွည္႕ေရာက္လာေတာ့ ဒီျဖစ္ရပ္ကို အစအဆံုး ႏွစ္ႀကိမ္တို္င္တိုင္ ျမင္ေတြ႔႕လိုက္ရတဲ့ တတိယတရားခံက “ေနပါဦးဗ်ာ။ ေသရမယ့္ လူတစ္ဦးအေနနဲ႕ မေသခင္ သူလိုခ်င္တာေလးကို ေနာက္ဆံုးအခြင့္အေရး အေနနဲ႕ ေတာင္းဆိုခြင့္ ရွိတယ္မဟုတ္လား ခင္ဗ်ာ” လို႕ အာဏာပါးကြက္သားေတြကို ေျပာလိုက္သတဲ့။ ဒီေတာ့လည္း အာဏာပါးကြက္သားေတြက တတိယတရားခံရဲ႕ ေတာင္းဆိုခ်က္ဟာ တရားဥပေဒနဲ႕ညီေနတာေႀကာင့္ “ေအး.. ေအး ဟုတ္ပါျပီ။ မင္းက ဘာမ်ား ေတာင္းဆိုခ်င္သလည္း” လို႕ ျပန္ေမးလိုက္ႀကပါတယ္။

ဒီေတာ့ တတိယ တရားခံက “ကြ်န္ေတာ္ ဒီဓါးစက္ႀကီး ဘာခ်ိဳ႕ယြင္းေနတာလည္းဆိုတာ စစ္ေဆးႀကည္႕ခ်င္ပါတယ္” လို႕ ေျပာလိုက္သတဲ့။ ဒီေတာ့ အာဏာပါးကြက္သားေတြ ကလည္း ႀကည္ႀကည္ျဖဴျဖဴနဲ႕ပဲ “ႀကည္႕ေလကြာ” ဆိုျပီး ခြင့္ျပဳလိုက္္ ႀက သတဲ့။ ဒါနဲ႕ တတိယတရားခံဟာ ဓါးစက္ႀကီး အေပၚကိုတက္ႀကည္႕ျပီး၊ ခ်ိဳ႕ယြင္းေနတာကို ရွာျပီး ျပင္ေပးလိုက္သတဲ့။ ေနာက္ေတာ့ ျပန္ဆင္းလာျပီး “ကဲ…ကဲ…ေကာင္းသြားပါျပီ။ ခင္ဗ်ားတို႕ လုပ္စရာရွိတာ ဆက္လုပ္ ႏိုင္ပါျပီ” လို႕ေျပာလိုက္သတဲ့။

ဒီေတာ့လည္း အာဏာပါးကြက္သားေတြက “ေအး.. ဆက္လုပ္စရာကေတာ့.. ဒီတစ္ခါ မင္းအလွည္႕ မို႕ မင္းရဲ႕ေခါင္းကို အဲဒီ ဓါးစက္ႀကီး ေအာက္က ခံုေပၚကိုတင္လိုက္ေတာ့” လို႕ ေျပာႀကသတဲ့။ ဒီေတာ့လည္း တတိယ တရားခံဟာ ေျပာတဲ့ အတိုင္း သူ႕ရဲ႕ေခါင္းကို ခံုေပၚလည္း တင္ျပီးေရာ၊ အာဏာပါးကြက္ သားေတြက ဓါးစက္ႀကီးရဲ႕ ေမာင္းကို ျဖဳတ္ခ်လိုက္တာ တစ္ခါတည္း အျမင့္မွာ တပ္ထားတဲ့ ဓါးသြားႀကီးဟာ ၀ွီးကနဲ က်လာျပီး တတိယတရားခံရဲ႕ ေခါင္းကို ဒံုးကနဲျဖတ္ခ်လိုက္ သတဲ့။ ဒါနဲ႕ တတိယ တရားခံဟာလည္း ေခါင္းအျဖတ္ခံရျပီး ေသသ ြားရပါသတဲ့။ ပံုျပင္ေလးကေတာ့ ဒါပါပဲတဲ့။

ေႀသာ္….ေႀသာ္…ေျပာဖို႕တစ္ခုက်န္သြားပါတယ္။ ေခါင္းျဖတ္အသတ္ခံလိုက္ ရတဲ့ တတိယတရားခံဟာ အင္ဂ်င္နီယာ တစ္ေယာက္ျဖစ္ပါသတဲ့။ ပံုက ေတာ့ ဒါပါပဲဗ်ာ။ဒါဟာ “ေဒြး”ရဲ႕ ပညာရွင္ကို ဖြင့္ဆိုတဲ့ အဓိပၸါယ္ပါပဲ။ ေျပာခ်င္တာကေတာ့ ပညာရွင္ဆိုတာ ကိုယ့္အသက္ေသရမယ့္ ကိစၥျဖစ္ပါေစ၊ မွားေနတာ၊ လြဲေခ်ာ္ေနတာကိုေတြ႕ေနရရင္ ကိုယ့္ပညာနဲ႕ ပတ္သက္ ျပီး ပညာရွင္ရဲ႕ဂုဏ္္ကုိ အထိခိုက္မခံပဲ အသက္စ ြန္႕ရသည္ျဖစ္ေစ အမွားကို ျပဳျပင္ျပီး အမွန္ကိုေဖၚထုတ္ကာ၊ အမ်ားအက်ိဳးအတ ြက္ ကိုယ္က်ိဳးမငဲ့ပဲ အနစ္နာခံ သယ္ပိုး ေပးစျမဲပဲ ဆိုတာပါပဲ။

ကဲ ပညာရွင္လို႕ အ ေခၚခံရဖို႕ လ ြယ္လားဗ်ာ။

ဦးထြန္းလြင္
Unicode Version
ပညာရှင်အစစ် တစ်ယောက်ဖြစ်ဖို့တာ၊ ၁၆-၆-၂၀၁၉၊ ည(၁၁း၀၄)နာရီ။ ပညာရှင်၊ မောင်ထ ွန်း လ ွင် (မိုးလေဝသ)
အကယ်ဒမီ “ဒေ ွး” ပြောတဲ့ “ပညာရှင်ဆိုတာ”၊ က ျွန်တော် ၂၀၀၉ ခုနှစ် မေလမှာ မိုးလေဝသဌာနမှ အငြိမ်းစားယူတော့ ဂျာနယ်လစ်တေ ွက က ျွန်တော်ပါတဲ့ သတင်တေ ွ ရေးတဲ့အခါ “မိုးလေဝသပညာရှင်” လို့ သုံးလာကြပါတယ်။ က ျွန်တော် တားပါသေးတယ်။ “မိုးလေဝသသုတေသီ” ဆိုရင် တော်လောက်ပါပြီလို့။ ဒါပေမယ့် မရပါဘူးဗျာ။ အခုတော့လည်း အားလုံး က သုံးနေကြပါပြီ။
တကယ်တော့ ပညာရှင်လို့ အခေါ်ခံရတာ ဂုဏ်ယူစရာပါ။ ဒါပေမယ့် ရိုးရိုးသားသားပြောရရင် ကျွန်တော့နေနဲ့ ဒီ…… ဂုဏ်ပုဒ်ဟာ မြင့်လွန်းနေတယ်လို့ ယူဆပါတယ်။ နောက်ပြီး ဂိုဏ်းသင့်မှာလည်း စိုးရိမ်မိပါတယ်။ အဆိုးဆုံးက တော့ က ွယ်လ ွန် သ ွားရှာပြီဖြစ်တဲ့ နိုင်ငံကျော် ပြည်သူချစ် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ”ဒွေး” ပြောဘူးတဲ့ “ပညာရှင်” ရဲ့ အဓိပ္ပါယ် ဖ ွင့်ဆိုချက်ကို ကျွန်တော် ပြန်ပြန်သတိရနေမိပြီး “ပညာရှင်” အ ခေါ်ခံရမှာကို အ ကြောက်ဆုံးလည်း ဖြစ်နေလို့ ပါပဲ။
လ ွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်က ထင်ပါတယ်၊ အတိအကျတော့ မမှတ်မိတော့ပါဘူး။ မဂ္ဂဇင်းတစ်စောင်ရဲ့ အင်တာဗျူး တစ်ခုမှာ အကယ်ဒမီဒေ ွးက “ပညာရှင်”ဆိုတာနဲ့ပတ်သက်ပြီး ဒီလိုပြောဖူးပါတယ်။ ပြင်သစ်တော်လှန်ရေး ခေတ်တုံးက သေဒဏ် အပေးခံထားရတဲ့ တရားခံ(၃)ဦးဟာ သေဒဏ် ပေးခံရမယ့်နေ့ကို စောင့်ဆိုင်းနေကြရသတဲ့။ အဲဒီခေတ် အခါ ကလည်း သေဒဏ်ပေးတဲ့စံနစ်က လူပုံအလယ်မှာ ဆောက်လုပ်ထားတဲ့ စင်ကြီးပေါ်မှာ တရားခံတွေကိုတင်ပြီး အများ ရှေ့မှာ Guillotine လို့ ခေါ်တဲ့ ခေါင်းဖြတ်စက်ကြီးနဲ့ ခေါင်းဖြတ်သတ်တဲ့နည်းနဲ့ တရားခံတွေကို သေဒဏ် ပေးလေ့ ရှိသတဲ့။

ဒီလိုနဲ့ သေဒဏ်ပေးဖို့ စီရင်ချက်ချခံထားရတဲံ တရားခံ(၃)ဦးဟာ သေဒဏ်ပေးခံရမယ့်နေ့ကို ရောက်လာသတဲ့။ အဲဒီ နေ့မှာ လူတေ ွဟာလည်း ခေါင်းဖြတ်စက်ကြီးဆင်ထားတဲ့ က ွင်းပြင်ကြီးထဲကို မနက်ကတည်းက ရောက်လာလိုက် ကြတာ က ွင်းလုံးပြည့်ပဲတဲ့။

အချိန်ရောက်လာတော့ တရားခံ(၃) ယောက်ကို ကွင်းလယ်မှာရှိတဲ့ ခေါင်းဖြတ်စက် စင်ကြီးပေါ်ကို တင်လိုက်သတဲ့။ ပြီးတော့ ပထမဆုံး တရားခံကို ခေါင်းဖြတ်စက်နဲ့ သေဒဏ်ပေးဖို့အတ ွက် ပါး က ွက်သားတွေက ခေါင်းဖြတ်စက်ရဲ့ ဓါးသွားကြီးအောက်မှာ ဆင်ထားတဲ့ ခုံအပေါ်မှာ တရားခံကို ဇက်စင်းပြီး တင်ထားစေသတဲ့။ နောက်တော့ စင်ကြီးရဲ့ အလယ်တိုင်ကြီးနှစ်ဖက်နဲ့ အမြင့်မှာချိတ်ဆွဲထားတဲ့ ဓါးကြီးကို ဖြုတ်ချ လိုက်ကြသတဲ့။ ဖြစ်ချင်တော့ ဓါးကြီးဟာ JAM ဖြစ်နေပြီး ပြုတ်ကျမလာပဲ လမ်းတစ်ဝက်မှာပဲ ညပ်နေသတဲ့။

ဒါနဲ့ ပထမတရားခံဟာ မသေမချင်းသတ်စေလို့ အမိန့်ချ ထားတာ မဟုတ်လေတော့ သေဒဏ်က လွတ်သွားသတဲ့။ နောက် ဒုတိယ တရားခံ အလှည့်ရောက်လာတော့လည်း ဒီလိုပဲ ဖြုတ်ချလိုက်တဲ့ ဓါးကြီးဟာ လမ်းမှာပဲ ညပ်နေပြန်လို့ ပထမတရားခံလိုပဲ သေဒဏ်က လွတ်သွားပြန်ရောတဲ့။

ဒါနဲ့ နောက်ဆုံး တတိယတရားခံအလှည့်ရောက်လာတော့ ဒီဖြစ်ရပ်ကို အစအဆုံး နှစ်ကြိမ်တိုင်တိုင် မြင်တွေ့လိုက်ရတဲ့ တတိယတရားခံက “နေပါဦးဗျာ။ သေရမယ့် လူတစ်ဦးအနေနဲ့ မသေခင် သူလိုချင်တာလေးကို နောက်ဆုံးအခွင့်အရေး အနေနဲ့ တောင်းဆိုခွင့် ရှိတယ်မဟုတ်လား ခင်ဗျာ” လို့ အာဏာပါးကွက်သားတွေကို ပြောလိုက်သတဲ့။ ဒီတော့လည်း အာဏာပါးကွက်သားတွေက တတိယတရားခံရဲ့ တောင်းဆိုချက်ဟာ တရားဥပဒေနဲ့ညီနေတာကြောင့် “အေး.. အေး ဟုတ်ပါပြီ။ မင်းက ဘာများ တောင်းဆိုချင်သလည်း” လို့ ပြန်မေးလိုက်ကြပါတယ်။



ဒီတော့ တတိယ တရားခံက “ကျွန်တော် ဒီဓါးစက်ကြီး ဘာချို့ယွင်းနေတာလည်းဆိုတာ စစ်ဆေးကြည့်ချင်ပါတယ်” လို့ ပြောလိုက်သတဲ့။ ဒီတော့ အာဏာပါးကွက်သားတွေ ကလည်း ကြည်ကြည်ဖြူဖြူနဲ့ပဲ “ကြည့်လေကွာ” ဆိုပြီး ခွင့်ပြုလိုက် ကြ သတဲ့။ ဒါနဲ့ တတိယတရားခံဟာ ဓါးစက်ကြီး အပေါ်ကိုတက်ကြည့်ပြီး၊ ချို့ယွင်းနေတာကို ရှာပြီး ပြင်ပေးလိုက်သတဲ့။ နောက်တော့ ပြန်ဆင်းလာပြီး “ကဲ…ကဲ…ကောင်းသွားပါပြီ။ ခင်ဗျားတို့ လုပ်စရာရှိတာ ဆက်လုပ် နိုင်ပါပြီ” လို့ပြောလိုက်သတဲ့။

ဒီတော့လည်း အာဏာပါးကွက်သားတွေက “အေး.. ဆက်လုပ်စရာကတော့.. ဒီတစ်ခါ မင်းအလှည့် မို့ မင်းရဲ့ခေါင်းကို အဲဒီ ဓါးစက်ကြီး အောက်က ခုံပေါ်ကိုတင်လိုက်တော့” လို့ ပြောကြသတဲ့။ ဒီတော့လည်း တတိယ တရားခံဟာ ပြောတဲ့ အတိုင်း သူ့ရဲ့ခေါင်းကို ခုံပေါ်လည်း တင်ပြီးရော၊ အာဏာပါးကွက် သားတွေက ဓါးစက်ကြီးရဲ့ မောင်းကို ဖြုတ်ချလိုက်တာ တစ်ခါတည်း အမြင့်မှာ တပ်ထားတဲ့ ဓါးသွားကြီးဟာ ဝှီးကနဲ ကျလာပြီး တတိယတရားခံရဲ့ ခေါင်းကို ဒုံးကနဲဖြတ်ချလိုက် သတဲ့။ ဒါနဲ့ တတိယ တရားခံဟာလည်း ခေါင်းအဖြတ်ခံရပြီး သေသ ွားရပါသတဲ့။ ပုံပြင်လေးကတော့ ဒါပါပဲတဲ့။

သြော်….သြော်…ပြောဖို့တစ်ခုကျန်သွားပါတယ်။ ခေါင်းဖြတ်အသတ်ခံလိုက် ရတဲ့ တတိယတရားခံဟာ အင်ဂျင်နီယာ တစ်ယောက်ဖြစ်ပါသတဲ့။ ပုံက တော့ ဒါပါပဲဗျာ။ဒါဟာ “ဒွေး”ရဲ့ ပညာရှင်ကို ဖွင့်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ပြောချင်တာကတော့ ပညာရှင်ဆိုတာ ကိုယ့်အသက်သေရမယ့် ကိစ္စဖြစ်ပါစေ၊ မှားနေတာ၊ လွဲချော်နေတာကိုတွေ့နေရရင် ကိုယ့်ပညာနဲ့ ပတ်သက် ပြီး ပညာရှင်ရဲ့ဂုဏ်ကို အထိခိုက်မခံပဲ အသက်စ ွန့်ရသည်ဖြစ်စေ အမှားကို ပြုပြင်ပြီး အမှန်ကိုဖေါ်ထုတ်ကာ၊ အများအကျိုးအတ ွက် ကိုယ်ကျိုးမငဲ့ပဲ အနစ်နာခံ သယ်ပိုး ပေးစမြဲပဲ ဆိုတာပါပဲ။

ကဲ ပညာရှင်လို့ အ ခေါ်ခံရဖို့ လ ွယ်လားဗျာ။

ဦးထွန်းလွင်

No comments:

Post a Comment