Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 26, 2019

ဗုဒ္ဓဘာသာမြန်မာပြည်မှာ သန်းနဲ့ချီသော ဗုဒ္ဓဘာသာဝင် ဝန်ထမ်းတွေဟာ ဝါတွင်း ဥပုသ်စောင့်ခွင့် အခွင့်အရေး ဆုံးရှုံးနေကြတာ ဖြစ်သင့်ပါသလား

- ကျော်ကြီး(MDY)

မကြာခင်ရက်ပိုင်းမှာပဲ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေရဲ့ အထွတ်အမြတ်လဖြစ်တဲ့ ၀ါးတွင်းသုံးလကို ရောက်ရှိတော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့ မြတ်စွာ ဘုရားရှင်ဟာ မိခင်ကျေးဇူးဆပ်လို၍ ဒီဝါတွင်းသုံးလမှာနတ်ပြည်ကိုကြွကာ မယ်တော်ဖြစ်ခဲ့ဖူးတဲ့ သန္တုသိတနတ်သား အမှူးပြုတဲ့ နတ်ဗြဟ္မာအပေါင်းကို အဘိဓမ္မာ ဒေသနာတော် ဟောကြားတော်မူကာ ၀ါဆိုတော်မူပါတယ်။ ဒါကြောင့် ဒီဝါတွင်းသုံးလကို ဗုဒ္ဓဘာသာဝင်များအတွက် အထွတ်အမြတ်လလို့ သတ်မှတ်တာပါ။

ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များဟာ ထိုဝါတွင်း သုံးလမှာ ဥပုသ်နေ့တိုင်း ဥပုသ်သီလ ဆောက်တည်ကြ ကောင်းမှုကုသိုလ်တွေပြုလုပ်ကြပါတယ်။ ရဟန်း သံဃများဟာလည်း ၀ါတွင်းသုံးလမှာ ညအိပ်ညနေ ခရီးသွားလာခွင့် မရှိတော့ပဲ မိမိရောက်ရှိရာ ကျောင်းတိုက်မှာပဲ ၀ါဆိုတော်မူပြီး တရားအားထုတ်ကြပါတယ်။ ဥပုသ်စောင့်ကြတဲ့နေရာမှာ ဥပုသ်နေ့ တစ်ရက်တည်းစောင့်ကြသလို အဖိတ် ဥပုသ်စောင့်ကြတာလည်းရှိပါတယ်။ အမျိုးသားအများစုဟာလည်း ထိုသုံးလမှာ အရက်သေစာ သောက်စားချင်းကို ရှောင်ကြင်ကြတာ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ချစ်စရာအလေ့အထတစ်ခုပါပဲ။
�ဒီနေရာမှာ ကြုံကြိုက်တုန်း မသိသေးသူများအတွက် ပါမောက္ခဆရာတော်ဘုရားကြီး ဟောကြားခဲ့တဲ့ ဥပုသ်သီလဆောက်တည်ရခြင်းရဲ့ အဓိပ္ဗာယ်ကို အနည်းငယ်ရှင်းပြချင်ပါတယ်။ ဥပုသ်ဆိုတဲ့ စကားလုံးက မြန်မာစကားလုံးမဟုတ်ပါဘူး ပါဌိဘာသာစကား “ ဥပေါသထ “ ဆိုတဲ့ ဘာသာစကားကလာတာပါ။ ဥပေါသထကို ပုဒ်ခွဲလိုက်တော့ "ဥပ" နဲ့ "၀သထ" ။ "ဥပ" ဆိုတာ ကျင့်ကြံချင်းနဲ့ ပြည့်စုံပီး "၀သထ" ကျင့်သုံးနေထိုင်ခြင်းလို့ အဓိပ္ဗာယ်ရပါတယ်။ "ဥပေါသထ" ကို မြန်မာမှုပြုလိုက်တော့ ဥပုသ်ဆိုတာ ဖြစ်လာတာပါ။�

ဥပုသ်စောင့်တယ်ဆိုတာ ကိုယ်ကျင့်တရားတွေနဲ့ နေတာ။ ကိုယ်ကျင့်သီလတွေ၊ ကိုယ်ကျင့်တရားတွေကို ဥပုသ်လို့ခေါ်တာပါ။ စောင့်တယ်ဆိုတာက အဲ့ဒီသီလတွေ မကျိုးပေါက်အောင် စောင့်ထိန်းတာ။ ဥပမာ ရှစ်ပါးသီလ စောင့်တယ်ဆိုရင် ဒီအင်္ဂါ ရှစ်ပါးတည်းမှာပါတဲ့ အချက်အလက်တွေကို ကိုယ် နှုတ် နှလုံးသုံးပါးစလုံး မကျူးလွန်ပဲ ကိုယ် မွန်မြတ်တဲ့စိတ်ထားနဲ့ စောင့်ထိန်းတာပါ။ အဓိကအားဖြင့် ကာယကံ ၀စီကံ နှစ်ခုကို ထိန်းသိမ်းစောင့်ရှောက်တဲ့ သဘောပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီကာယကံ ၀စီကံ မှုဆိုတာ သာမန်အားဖြင့် နေထိုင်ရင် လွယ်လွယ်ကူကူ ကျုးလွန်မိတက်ကြတယ်။ အဲ့လို လွယ်လွယ်ကူကူမကျုးလွန်မိအောင် စည်းကမ်းချပြီး ထိန်းသိစောင့်ရှာက်လိုက်တာပဲ။ ဒါကို ဥပုသ်စောင့်တယ်လို့ ခေါ်တာပါ။

ဥပုသ်စောင့်တဲ့ ရည်ရွယ်ချက်ကတော့ လောဘတွေ လျော့ကျဖို့၊ မောဟတွေ လျော့ကျဖို့၊ ဒေါသတွေ လျော့ကျဖို့ ဖြစ်ပီး အကုသိုလ်တွေနည်းက ကုသိုလ်တွေ ပွားများလာဖို့အတွက်ပဲဖြစ်ပါတယ်။ အခြားဘာသာဝင်တွမှာလည်း ဥပုသ်စောင့်တယ်ဆိုတာရှိပါတယ်။ ဒါပေမယ့်နှိုင်းယှဉ်လေ့လာကြည့်ရင် အသံတူပေမယ့် အဆံမတူဘူးလို့ ဆရာတော်ကြီးက ဟောကြားထားပါတယ်။�� ဒါက ကြုံကြိုက်လို့ ဆရာတော်ဘုရားပြောပြထာတဲ့ ဥပုသ်နဲ့ ပတ်သက်တာလေး ပြန်လည်မျှဝေတာပါ။

အဲ့တော့ ပြောချင်တာက ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေဟာ ၀ါတွင်းမှာ ဥပုသ်သီလဆောက်တည်ကြပါတယ်ပြောပေမယ့် တကယ့်လက်တွေ့မှာ တကယ်ဥပုသ်သီလဆောက်တည်သူက ဘာသာဝင်ဦးရေနဲ့နှိုင်းယှဉ်ရင် အလွန်နည်းတယ်လို့မြင်ပါတယ်။ အခြားဘာသာတွေနဲ့ နှိုင်းယှဉ်ရင် ပိုသိသာပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းလေးကပဲ မွတ်စလင်ဘာသာဝင်တွေရဲ့ ဥပုသ်လ ပီးဆုံးသွားခဲ့ပါတယ်။ ကျွန်တော်မိတ်ဆွေတွေထဲမှာ မွတ်စလင်ဘာသာဝင်တွေ အများကြီးရှိပါတယ်။ ကျွန်တော်ဆိုင်မှာကို မွတ်စလင်ဝန်ထမ်း ၃ ဦးရှိပါတယ်။ ပြောချင်တာက မွတ်စလင်ဘာသာဝင်တွေဟာ သူတို့ ဥပုသ်လကို အရမ်းအလေးထားကြတာ လေးစားဖွယ်တွေ့မြင်ရပါတယ်။ လူငယ် လူကြီးမကျန် အားလုံးနီးပါးဟာ သူတို့ဥပုသ်လတစ်လလုံး ဥပုသ်စောင့်ကြတာ အတုယူဖွယ်ပါပဲ။
�ဟုတ်ပြီ ဒါဆို ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေနဲ့ နှိုင်းယှဉ်ကြည့်ရအောင်။ ကျွန်တော်တို့တွေ ၀ါတွင်းသုံးလ ဥပုသ်စောင့်သူ ဘယ်နှစ်ရာခိုင်နှုန်းရှိလဲ။ ဥပုသ်နေ့ ဘုန်းကြီးကျောင်းသွား ဥပုသ်သီတင်းစောင့်တည်သူ ဘယ်နှစ်ယောက်ရှိလဲ။ စာရေးသူ ကျွန်တော်ကိုယ်တိုင်လည်း မစောင့်ဖြစ်ပါဘူး။ အထူးသဖြင့် လူငယ်ပိုင်းနဲ့ မြို့နေလူတန်းစားတွေဟာ ဥပုသ်စောင့်သူ အနည်းဆုံးလို့ ယူဆမိပါတယ်။ ၀ါတွင်းသုံးလတောင် မစောင့်ဖြစ်တော့ ၀ါပြင် ကျန်တဲ့လတွေဆို ပိုဆိုးတာပေါ့။ ကျွန်တော်တို့က ဥပုသ်စောင့်တယ်ဆိုတာ သက်ကြီးရွယ်အို အဖိုးအဖွားတွေ အလုပ်လို့ယူဆထားကြသလိုဖြစ်နေတာ။ မွတ်စလင်ဘာသာဝင်တွေမှာတော့ ကလေးကြီးမကျန် မိသားစုလိုက် စောင့်ကြတယ်။
�အခြားဘာသာဝင်တွေဟာ ဥပုသ်လမဟုတ်တဲ့ ကျန်တွေလတွေမှာလည်း သူတို့ဘာသာရေးကို လုပ်ကြပါတယ်။ ခရစ်ယျာန်တွေဟာ တနင်္ဂနွေနေ့တိုင်း ချက်စ်ကျောင်းတက်ကြတယ်၊ မွတ်စလင်တွေဟာ သောကြာနေ့တိုင်းဗလီတက်ကြပါတယ် ။ ကျွန်တော်တို့ ဗုဒ္ဓ ဘာသာဝင်တွေကရော�� ဒီဝါတွင်း သုံးလ ဥပုသ်နေ့ လေးတောင် ဘုန်းကြီးကျောင်းရောက်ကြရဲ့လား။ စဉ်းစားကြပါ။

ကျွန်တော်တို့ ဘာလို့ ဒီလိုတွေ ဖြစ်နေလဲဆိုတော့ ရဟန်း ၊ ရှင်၊ လူ အားလုံးရဲ့ အားနည်းချက်လို့ပဲ မြင်မိပါတယ်။ အစိုးရကလည်း ဘာသာရေးနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ အားပေးချီးမြှောက် ဆောင်ကြဉ်းပေးနိုင်မှုအားနည်းတယ်။ လူကြီး မိဘများဘက်ကလည်း ဘာသာရေးနဲ့ပတ်သက်ပြီး ကိုယ်ကိုယ်တိုင် အားထုတ်မှုနည်းတော့ ကိုယ့်သားသမီးမြေးများကို လမ်းမပြနိုင်ကြဘူး။ ယနေ့ အစိုးရရော ပြည်သူရော အများစုက ဘုရားတည်ကျောင်းဆောက် ရုပ်ဝတ္ထုတိုးတက်ဖို့ပဲ အားထုတ်ကြတယ်။ ကိုယ့်ဘာသာနဲ့ ပတ်သက်ပြီး အနှစ်သာရပါတဲ့ လုပ်ဆောင်မှုမှာ အားနည်းတယ်။�� ဒါကြောင့် တောင်ပေါ်မှာ ဘုရား တောင်အောက်မှာ ဘာသာခြားဆိုတဲ့ စကားလိုဖြစ်နေကြတယ်။

အစိုးရဘက်က ၀ါတွင်းမှာ မိမိပြည်သူတွေ စိတ်အေးချမ်းသာစွာ ဥပုသ်သီတင်းဆောက်တည်နိုင်ဖို့ အားပေးကူညီရပါမယ်။ မြန်မာနိုင်ငံမှာ အစိုးရဌာနဆိုင်ရာ အားလုံးရော ပုဂ္ဂလိကလုပ်ငန်းအားလုံးနီးပါးကပါ တစ်နှစ်ပတ်လုံး ပိတ်ရက်ကို စနေ တနင်္ဂနွေအဖြစ် ပုံသေ သတ်မှတ်ထားပါတယ်။ မြန်မာနိုင်ငံမှာ အစိုးရ၀န်ထမ်းဦးရေ ၁.၄ သန်းကျော်ရှိတယ်။ အခြားပုဂ္ဂလိက ၀န်ထမ်းတွေကလည်း သန်းဆယ်ချီရှိတယ်။ အများစုက စနေ တနင်္ဂနွေပဲ ပိတ်တဲ့အတွက် ဥပုသ်စောင့်ချင်သူတွေ ဥပုသ် ဘယ်လိုစောင့်ကြမလဲ။ ဒီဗုဒ္ဓဘာသာ ၀န်ထမ်းတွေက ၀ါတွင်းသုံးလမှာ ဥပုသ်သီလ ဆောက်တည်လို့ရအောင် အစိုးရက လုပ်မပေးသင့်ဘူးလား။

ခုဟာက ဥပုသ်စောင့်ချင်တယ်ဆိုရင်တောင် စောင့်ခွင့်မရအောင် ပိတ်ထားသလိုဖြစ်မနေဘူးလား။ အဲ့တော့ အစိုးရမှ ၀ါတွင်းသုံးလမှာ ဌာနဆိုင်ရာအားများကို ပိတ်ရက်ကိုစနေ တနင်္ဂနွေအစား အဖိတ် ဥပုသ် ပြောင် ပိတ်ပေးစေချင်ပါတယ်။ အခြား ပုဂ္ဂလိက လုပ်ငန်းတွေ ဈေးတွေအားလုံးလည်း ဥပုသ်နေ့ပိတ်ဖို့ ညွန့်ကြားပေးရင် မကောင်းဘူးလား။ ပိတ်မရတဲ့ လုပ်ငန်းများကတော့ ချွင်းချက်ထားပေးလိုက်ပေါ့။ ဒါဆိုဝါတွင်းဥပုသ်စောင့်ချင်တဲ့ ၀န်ထမ်းတွေ စိတ်အေးချမ်းသာစွာ စောင့်ခွင့်ရသွားကြမှာပါ။

ကျောင်းတွေကိုလည်း ၀ါတွင်းသုံးလပိတ်ရက်ကို တောရောမြို့ပါ တပြေးညီ သတ်မှတ်ပေးသင့်တယ်လို့ မြင်တယ်။ ခုက စနေ တနင်္ဂနွေပိတ်တဲ့ ကျောင်းကပိတ်၊ အဖိတ် ဥပုသ် ပိတ်တဲ့ကျောင်းက ပိတ်၊ ဥပုသ် တနင်္ဂနွေပိတ်တဲ့ ကျောင်းက ပိတ် ဗျောက်သောက်ဖြစ်နေတယ်။ မိဘတွေ ပိတ်တဲ့ရက် သားသမီးက မပိတ် ၊ သားသမီးတွေ ပိတ်တဲ့ရက် မိဘတွေက မပိတ်ဖြစ်နေတဲ့အတွက် ၀န်ထမ်းမိသားစုတွေ အခက်အခဲဖြစ်ကြရပါတယ်။ ဗုဒ္ဓဘာသာတိုင်းပြည်မှာ ၀ါတွင်းသုံးလမှာ ဥပုသ်နေ့လေးကို ပိတ်ရက်အဖြစ် ပြောင်းလဲပေးနိုင်ရင် အလွန်မွန်မြတ်သင့်တော်မယ်လို့ မြင်ပါတယ်။

မြန်မာနိုင်တစ်နိုင်ငံလုံးမှာ ၂၀၁၈ စာရင်းအရ ဘုန်ကြီးကျောင်း ၆၆၆၆၄ ကျောင်း သံဃအရေအတွက် ၅၂၆၉၂၇ ပါး၊ သီလရှင်ကျောင်း ၄၅၆၅ ကျောင်း သီလရှင်အရေအတွက် ၆၇၄၂၈ ပါးရှိပါတယ်။ ဒီဘုန်းတော်ကြီးကျောင်းတွေ သံဃတွေဟာ အကြည်ညိုခံဖို့အတွက်သက်သက်မဖြစ်သင့်ပဲ ဘာသာ သာသနာ တိုးတက်ပြန့်ပွားအောင် ဖြန့်ဝေပေးတဲ့နေရာဌာနတွေဖြစ်သင့်ပါတယ်။ ဘုန်းကြီးကျောင်း ၆ သောင်းကျော်မှာ တစ်ကျောင်း အယောက် ၅၀ ပဲ ဥပုသ်သီလလာဆောက်တည်အောင် လုပ်နိုင်ခဲ့ရင် တစ်ရက် ၃ သန်း ကျော် ဥပုသ်သီလ ဆောက်တည်ဖြစ်သွားကြမယ် စစ်မှန်တဲ့ ဘာသာရေးအသိတွေ ထည့်ပေးနိုင်ပါလိမ့်မယ်။

ပြည်သူများဘက်ကလည်း လူကြီးမိဘများက ဒီဝါတွင်းသုံးလ တစ်လမှာ ၄ ရက်ပဲရှိတဲ့ ဥပုသ်နေ့လေးမှာ ဥပုသ်သီတင်းသီလ ဆောက်တည်ကြမယ် ။ ကိုယ့်သားသမီးမြေးများကိုလည်း ဘုန်းကြီးကျောင်းခေါ်သွားပြီး ဥပုသ်စောင့်ဖို့ခေါ်သွားကြမယ်ပြီး ဘုန်ကြီးတွေ ဘုန်းကြီးကျောင်းတွေနဲ့ မစိမ်းအောင် ကိုယ့်ဘာသာနဲ့မဝေးအောင် လုပ်ပေးသင့်တယ်။ ခုနောက်ပိုင်း ဘုန်းကြီးကျောင်းတွေနဲ့ ပြည်သူတွေက ဝေးသလိုဖြစ်လာနေပါတယ် ။ ဘုန်ကြီးကျောင်းဆိုတာ အလှူအတန်းတွေသွားလုပ်ရတဲ့ နေရာတစ်ခုလို့မြင်လာကြတယ်။

အစိုးရကလည်း အားပေးချီးမြှောက်မှုနည်း၊ ပြည်သူများကလည်း ၀ါတွင်းသုံးလလေးတောင် ဥပုသ်စောင့်ဖို့ အားမထုတ်ကြ။ ဥပုသ်သာမစောင့်ကြတာ ဒီဝါတွင်းလမှာပဲကျင်းပတဲ့ ထေရ၀ါဒနဲ့ လုံးလုံးမသက်ဆိုင်တဲ့ တောင်ပြုံးနတ်ပွဲသွားဖို့တော့ နိုင်ငံနဲ့ အ၀ှမ်း စိုင်းပြင်းနေကြတာ ကိုယ့်ဘာသာအတွက် ရှက်စရာပါပဲ။ နတ်ပွဲသာ ငွေကုန်ခံ အပင်ပန်းခံသွားကြတာ ငွေလည်းမကုန် စစ်မှန်တဲ့ ကုသိုရရှိမယ့် ဥပုသ်သီလကြတော့ မဆောက်တည်လိုကြဘူး။ အစိုးရကလည်း ဒီလိုနတ်ပွဲတွေကြတော့ နည်းလမ်းမျိုးစုံနဲ့ အားပေးကူညီကြတယ်။ ဒီလိုပုံမျိုးနဲ့တော့ အနာဂတ် ဘာသာ သာသနာအတွက် ရင်လေးစရာပါ။

အဲ့တော့ အမျိုးဘာသာ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုပြီး တလွဲဆံပင်ကောင်း မရောင်ရာဆီလူး မလုပ်ကြပဲ တကယ့်လက်တွေ့ကြ မှန်ကန်တဲ့ လုပ်ဆောင်မှုတွေ ရဟန်း ရှင် လူ ပြည်သူ ပူးပေါင်း လုပ်ဆောင်ဖို့ အချိန်တန်ပြီလို့ ပြောပါရစေ။

- ကျော်ကြီး(MDY)

Photo -Credit

No comments:

Post a Comment