Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, June 26, 2019

အျမန္လမ္းမွာ ကားေတြကိုေလေသနတ္နဲ႔ပစ္တဲ့အဖြဲ႔ကို အျမန္လမ္းရဲတပ္ဖြဲ႔က ဖမ္းမိၿပီ


ဇြန္လ (၂၃) ရက္ ည (၁၀၃၀) နာရီခ်ိန္တြင္ အျမန္လမ္းမႀကီး ရဲတပ္ဖြဲ ့ ဥသွ်စ္ကုန္းစခန္းသို ့ ယာဥ္ေမာင္း ဦးမင္းသူေအာင္ ေမာင္းႏွင္လာသည့္ 6K/5934. Express ယာဥ္ ေရာက္ရွိလာၿပီး မိုင္တိုင္ ၆၉/၇ အနီးတြင္ ခဲေပါက္ခံရသျဖင့္ ေဘးေလကာမွန္ ကို ထိမွန္ေၾကာင္း သတင္းပို ့လာသျဖင့္ လွည့္ကင္းအဖြဲ႕ ေစလြတ္၍ ရွာေဖြစစ္ေဆး ေစာင့္ၾကပ္ဆာင္ရြက္ခဲ့ရာ ထူးျခားမႈ မရွိခဲ့ပါ အနီးပါတ္ဝန္းက်င္တြင္ ေရာ္ဘာ ျခံ ရွိပါသည္

ထိုေန ့ ည (၁၁၀၀) နာရီခ်ိန္တြင္ အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕ ဥသွ်စ္ကုန္း စခန္းသို ့ယာဥ္ေမာင္း ဦးေအာင္ဝင္း ေမာင္းႏွင္လာသည့္ 2J /6710 Express ယာဥ္ႏွင့္ ယာဥ္ေမာင္း ဦးစန္းမင္းေအာင္ ေမာင္းႏွင္လာသည့္ 6M/5866 Express ယာဥ္ ၂ စီး ေရာက္ရွိလာၿပီး မိုင္တိုင္ ၆၅ အနီးတြင္ ခဲေပါက္ခံရသျဖင့္ ေဘးေလကာမွန္ ထိမွန္ေၾကာင္း သတင္းပို ့လာသျဖင့္ လွည့္ကင္းအဖြဲ ့ကို ထပ္မံ ထုတ္ႏွဳတ္အင္အား စုဖြဲ႕ေစလႊတ္၍ ရွာေဖြစစ္ေဆးေစာင့္ၾကပ္ဆာင္ရြက္ခဲ့ရာ ထူးျခားမႈမရွိခဲ့ပါ အနီးပါတ္ဝန္းက်င္တြင္ သခႋ်ဳင္းသုသာန္ ရွိပါသည္
သတင္းပို ့သည့္ ယာဥ္ ၃စီးစလုံး အမွဳဖြင့္ရန္ ဆႏၵ မရွိေၾကာင္းႏွင့္ ခဲထိမွန္ေၾကာင္း ေထာက္ခံခ်က္သာ ရယူလိုေၾကာင္း အကူအညီေတာင္းလာသျဖင့္ အမွဳဖြင့္လွစ္ျခင္းမျပဳဘဲ ေထာက္ခံခ်က္ ျပဳလုပ္ေပးခဲ့ပါသည္။

ျဖစ္စဥ္နွင့္ပါတ္သက္ရ်္ အျမန္လမ္းမတေလ်ာက္ ခရီးသြား လာေနသည့္ ျပည္သူ မ်ား စိတ္လုံျခဳံ မွဳရရိွေစေရးအတြက္. အျမန္လမ္းမႀကီးရဲတပ္ဖြဲ့ မွ ထုတ္နွဳတ္ အထူးအဖြဲ ့မ်ား ဖြဲ ့ရ်္ လွည့္ကင္း ပါတ္ကင္း ကင္းပုန္း မ်ား ျဖင့္ ျဖစ္စဥ္ နယ္ေျမ တဝိုက္ လုံျခဳံေရး ေဆာင္႐ြက္ခဲ ့ရာ ဇြန္လ(၂၅) ရက္ ည(၁၀၁၀) နာရီ အခ်ိန္ မိုင္တိုင္ ၆၇/၃ အနီး တြင္ ေစာေဆးလယ္ဝါး ၂၇ ႏွစ္(ဘ)ဦးခမ္းေမာင္ ကိုးတဲစုေက်းရြာ သေျပတန္းေက်းရြာအုပ္စု ဒိုက္ဦးၿမိဳ႕နယ္ ေနသူအား လူကိုေဘးအႏၱရာယ္ျဖစ္ေစႏိုင္သည္႔ လက္လုပ္ေလေသနတ္ ၂ လက္ ေသနတ္ပစ္ရာတြင္အသံုးျပဳသည္႔ ေကာ္ဘူးအေသးအတြင္းထည္႔ထားသည္႔ စက္ဘီးေဘာစိ ၁၄၆ လံုး ေလးခြ ၁ လက္ ေလးသီးအျဖစ္အသံုးျပဳသည္႔ ေက်ာက္စရစ္ခဲ ၄ ခဲ ေခါင္းစြပ္ဓာတ္မီး စိမ္း ၁ နက္ ၁ လံုး ဓာတ္ခဲအေသး ၃ လံုး တို႔ႏွင့္အတူ ေဖာ္ထုတ္ ဖမ္းမိ ခဲ့ပါသည္. စပ္ဆက္ ထြက္ေျပး သူ ေစာဝါးနီ. (၃၅) နွစ္အား ဖမ္းမိေရး ေဆာင္႐ြက္လ်က္ရိွေၾကာင္း. ေဖာ္ျပအပ္ပါသည္။
အျမန္လမ္းမႀကီး ရဲတပ္ဖြဲ႕မွူးရံုး

Unicode Version

ဇွန်လ (၂၃) ရက် ည (၁၀၃၀) နာရီချိန်တွင် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ ဥသျှစ်ကုန်းစခန်းသို့ ယာဉ်မောင်း ဦးမင်းသူအောင် မောင်းနှင်လာသည့် 6K/5934. Express ယာဉ် ရောက်ရှိလာပြီး မိုင်တိုင် ၆၉/၇ အနီးတွင် ခဲပေါက်ခံရသဖြင့် ဘေးလေကာမှန် ကို ထိမှန်ကြောင်း သတင်းပို့လာသဖြင့် လှည့်ကင်းအဖွဲ့ စေလွတ်၍ ရှာဖွေစစ်ဆေး စောင့်ကြပ်ဆာင်ရွက်ခဲ့ရာ ထူးခြားမှု မရှိခဲ့ပါ အနီးပါတ်ဝန်းကျင်တွင် ရော်ဘာ ခြံ ရှိပါသည်



ထိုနေ့ ည (၁၁၀၀) နာရီချိန်တွင် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ဥသျှစ်ကုန်း စခန်းသို့ယာဉ်မောင်း ဦးအောင်ဝင်း မောင်းနှင်လာသည့် 2J /6710 Express ယာဉ်နှင့် ယာဉ်မောင်း ဦးစန်းမင်းအောင် မောင်းနှင်လာသည့် 6M/5866 Express ယာဉ် ၂ စီး ရောက်ရှိလာပြီး မိုင်တိုင် ၆၅ အနီးတွင် ခဲပေါက်ခံရသဖြင့် ဘေးလေကာမှန် ထိမှန်ကြောင်း သတင်းပို့လာသဖြင့် လှည့်ကင်းအဖွဲ့ကို ထပ်မံ ထုတ်နှုတ်အင်အား စုဖွဲ့စေလွှတ်၍ ရှာဖွေစစ်ဆေးစောင့်ကြပ်ဆာင်ရွက်ခဲ့ရာ ထူးခြားမှုမရှိခဲ့ပါ အနီးပါတ်ဝန်းကျင်တွင် သင်္ချိုင်းသုသာန် ရှိပါသည်
သတင်းပို့သည့် ယာဉ် ၃စီးစလုံး အမှုဖွင့်ရန် ဆန္ဒ မရှိကြောင်းနှင့် ခဲထိမှန်ကြောင်း ထောက်ခံချက်သာ ရယူလိုကြောင်း အကူအညီတောင်းလာသဖြင့် အမှုဖွင့်လှစ်ခြင်းမပြုဘဲ ထောက်ခံချက် ပြုလုပ်ပေးခဲ့ပါသည်။



ဖြစ်စဉ်နှင့်ပါတ်သက်ရျ် အမြန်လမ်းမတလျောက် ခရီးသွား လာနေသည့် ပြည်သူ များ စိတ်လုံခြုံ မှုရရှိစေရေးအတွက်. အမြန်လမ်းမကြီးရဲတပ်ဖွဲ့ မှ ထုတ်နှုတ် အထူးအဖွဲ့များ ဖွဲ့ရျ် လှည့်ကင်း ပါတ်ကင်း ကင်းပုန်း များ ဖြင့် ဖြစ်စဉ် နယ်မြေ တဝိုက် လုံခြုံရေး ဆောင်ရွက်ခဲ့ရာ ဇွန်လ(၂၅) ရက် ည(၁၀၁၀) နာရီ အချိန် မိုင်တိုင် ၆၇/၃ အနီး တွင် စောဆေးလယ်ဝါး ၂၇ နှစ်(ဘ)ဦးခမ်းမောင် ကိုးတဲစုကျေးရွာ သပြေတန်းကျေးရွာအုပ်စု ဒိုက်ဦးမြို့နယ် နေသူအား လူကိုဘေးအန္တရာယ်ဖြစ်စေနိုင်သည့် လက်လုပ်လေသေနတ် ၂ လက် သေနတ်ပစ်ရာတွင်အသုံးပြုသည့် ကော်ဘူးအသေးအတွင်းထည့်ထားသည့် စက်ဘီးဘောစိ ၁၄၆ လုံး လေးခွ ၁ လက် လေးသီးအဖြစ်အသုံးပြုသည့် ကျောက်စရစ်ခဲ ၄ ခဲ ခေါင်းစွပ်ဓာတ်မီး စိမ်း ၁ နက် ၁ လုံး ဓာတ်ခဲအသေး ၃ လုံး တို့နှင့်အတူ ဖော်ထုတ် ဖမ်းမိ ခဲ့ပါသည်. စပ်ဆက် ထွက်ပြေး သူ စောဝါးနီ. (၃၅) နှစ်အား ဖမ်းမိရေး ဆောင်ရွက်လျက်ရှိကြောင်း. ဖော်ပြအပ်ပါသည်။
 အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး

No comments:

Post a Comment