Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, June 26, 2019

သရဲ သဘက္ မေကာင္းဆုိးဝါးမ်ား မကပ္ႏုိင္တဲ့ ဗုဒၶံသရဏံပင္

မျမနွစ္ တို႔မိသားစု ေလးေယာက္က ႐ြာထဲမွာမေနၾကဘူး။ ေတာစပ္မွာတဲထိုးၿပီးေနၾကတယ္။ ခင္ပြန္းျဖစ္သူ ကိုဘသစ္ ကသစ္ခုတ္သမားဆိုေတာ့ ေတာထဲကိုထင္းသြားခုတ္၊ တစ္ခါတစ္ေလ ေတာထဲမွာပဲ တစ္ရက္နွစ္ရက္အိပ္ၿပီး လွည္းတစ္စီးတိုက္ရမွ အိမ္ကိုျပန္လာတတ္တယ္။ ႐ြာထဲက ထင္းခုတ္နိုင္တ့ဲ ေယာက်္ားသားမရွိတ့ဲလူေတြက မျမနွစ္္တို႔ဆီက ထင္းေတြကိုျပန္ဝယ္ၾကတယ္။ မျမနွစ္ကေတာ့ လူမမယ္သားနွစ္ေယာက္ကိုထိန္းရင္း ထင္းကိုပဲ ဒိုင္ခံေရာင္းေနရတာပါပဲ။ အႀကီးေလးက ၃ နွစ္သားေလး န႔ဲ အငယ္ေလးကေတာ့ေလးဘက္သြားကာစ ၆ လသား အ႐ြယ္ကေလးပါ။

႐ြာန႔ဲ မျမနွစ္တို႔ေနတ႔ဲ ေတာစပ္က သိပ္ေတာ့မေဝးပါဘူး လယ္ကြင္းေတြကို ၁၀ မိနစ္ ၁၅ မိနစ္ေလာက္ျဖတ္ရင္ ေရာက္ပါတယ္။ ဒီလိုန႔ဲ ေနလာၾကရင္း တစ္ရက္ေတာ့ ကိုဘသစ္ေတာထဲကိုထင္းေခြသြားေနတုန္း အႀကီးေလးက ေကာက္ကာငင္ကာ ငွက္ဖ်ားရၿပီး အဖ်ားႀကီးပါေလေရာ။ မျမနွစ္တို႔႐ြာမွာက ေဆးဆရာမရွိဘူး။ ႐ြာန႔ဲတစ္႐ြာေက်ာ္ ႐ြာမွာေတာ့ ေဆးမွဴ းတစ္ေယာက္ရွိတယ္။ သြားမယ္ဆိုရင္အနည္းဆံုး ေန႔တစ္ဝက္ေလာက္ကုန္တယ္။

ညေနေစာင္း ႀကီးလည္းျဖစ္ေတာ့မျမနွစ္မွာဘာလုပ္ရမွန္းမသိျဖစ္ေနတုန္း အႀကီးေကာင္ေလး အသက္ရွဴ ရပ္သြားပါၿပီ။ “ဟင္ သားေရ သား အမေလး ျဖစ္မွျဖစ္ရေလ့သားရယ္ ငါ့သားေလး အသက္မရွဴ ေတာ့ဘူး လုပ္ၾကပါဦး” မျမနွစ္မွာ လုပ္ၾကပါဦး လို႔တ ငိုေနေပမယ့္ ႐ြာန႔ဲ အလွမ္းေဝးတာေၾကာင့္ ကူညီမယ့္သူဘယ္သူမွမရွိရွာဘူး။အခ်ိန္ကလည္း ညီကိုမသိတစ္သိ အခ်ိန္ကိုေရာက္လာပါၿပီ။”႐ြာထဲက လူေတြကိုသြားေျပးေခၚရင္ ေကာင္းမလား”။

စဥ္းစားမိေပမယ့္ ကေလးအေလာင္းကို ပစ္ထားခ့ဲဖို႔ကလည္း ဘယ္လိုမွမျဖစ္နိုင္။ “ဒီ အခ်ိန္က်မွထင္းလာဝယ္တ့ဲ သူကလည္းတစ္ေယာက္မွ မလာၾကဘူး ကိုဘသစ္ကလည္း ဒီေန႔ျပန္မွလာပါ့မလားမသိဘူး” စသျဖင့္ ဘာလုပ္ရင ေကာင္းမလဲလို႔ စဥ္းစားေနရတာန႔ဲ ငိုဖို႔ ေတာင္သတိမရနိုင္ရွာပါဘူး။ အ့ဲဒီအခ်ိန္မွာပဲ ေတာထဲကဘုန္းႀကီးတစ္ပါး ႂကြလာတာျမင္ေတာ့ မျမနွစ္ အရမ္းအားတက္သြားတယ္။

ဘုန္းႀကီးကလည္းမျမနွစ္တို႔ တဲကိုပဲတည့္တည့္ႀကီး တန္းလာေနတယ္။တဲ နားေရာက္ေတာ့ဘုန္းႀကီးက “ဒကာမႀကီး ဘုန္းႀကီးကခရီးသြားပါ ဒီည ဒီမွာ က်ိန္းလို႔ရနိုင္မလားလို႔” “က်ိန္းလို႔ရပါတယ္ဘုန္းဘုန္းဘုရာ႕ တပည့္ေတာ္လည္း ဒီမွာ သားေလးဆံုးလို႔ တစ္ေယာက္တည္း ဒုကၡေရာက္ေနတုန္း ဘုန္းဘုန္းႂကြလာတာ အရမ္းကိုအားရွိတာပါပဲဘုရာ႕ တစ္လက္စတည္း သက္ေပ်ာက္တရားေလးနာပါရေစဘုရာ႕” “ေအးေအး ဒကာမ ႐ြတ္ေပးရတာေပါ့ ေနာက္ကလိုက္ဆို” ဘုန္းႀကီးကေရွ႕က႐ြတ္ မျမနွစ္ကေနာက္ကလိုက္ဆိုန႔ဲ သက္ေပ်ာက္ပရိတ္လည္း႐ြတ္ၿပီးသြားၿပီ။

ညကလည္း ေမွာင္ေနၿပီဆိုေတာ့ ဘုန္းႀကီးကိုေရွ႕ခန္းမွာကေလးအေလာင္းန႔ဲအတူ ထားခ့ဲၿပီး မျမနွစ္ကေတာ့ ထရံေလး က်ိဳးတို႔က်ဲတဲ ကာထားတ့ဲအခန္းေလးထဲ ၆ လသားအ႐ြယ္ကေလးေလးကိုနို႔တိုက္ရင္းဝင္အိပ္လိုက္ပါေတာ့တယ္။ “က်ြတ္ က်ြတ္ က်ြတ္ ” အေရွ႕ခန္းက တစ္က်ြတ္က်ြတ္န႔ဲ အသံမ်ားၾကားရတာေၾကာင့္ဘာသံပါလိမ့္လို႔ ထရံၾကားက ထေခ်ာင္း ၾကည့္လိုက္ေတာ့ “အမေလးးးးးး ဘုရားဘုရား ဘာႀကီးလဲ” နား႐ြက္ႀကီးတစ္ဖက္ကို ၿခံဳ ၿပီးေတာ့ က်န္နား႐ြက္ႀကီး တစ္ဖက္ ကို ခင္းအိပ္ ေနရင္းက ကေလးအေလာင္းက လက္တစ္ေခ်ာင္းကို ျဖဳတ္စားေနတာ မ်ားတစ္က်ြတ္က်ြတ္န႔ဲ ေၾကာက္စရာ ေကာင္းလိုက္တာ။

“ငါ ဘာလုပ္ရမလဲ ဒုကၡပါပဲ ငါ့မွာေတာ့ ဘုန္းႀကီးႂကြလာလို႔ ဝမ္းသာလိုက္ရတာ ခုေတာ့ ငါ့သားအေလာင္း ေတာင္ အေကာင္းတိုင္းမရွိေတာ့ပါလား ကိုဘသစ္ျပန္လာရင္လည္းေကာင္းသား” အခန္းထဲက ေခ်ာင္းၾကည့္ရင္း လႈပ္လည္းမလႈပ္ ရဲ ၊အသံလည္း မထြက္ရဲပဲ ဘာလုပ္ရင္ေကာင္းမလဲလို႔ ဖ်စ္ညႇစ္စဥ္းစားေနမိေတာ့တယ္။ “အဟမ္းးအဟမ္းးးးး ဒကာမႀကီး နိုးေနတာလား” လူတစ္ကိုယ္လံုးကို ဆတ္ကနဲတုန္တက္သြားတာ မ်ားဘာေျပာေကာင္းမလဲ။

”တင္ တင္ပါ့ ဘုရား ခုေလးတင္နိုးတာပါဘုရား” ” မိုးမလင္းေသးဘူးဒကာမ ျပန္အိပ္လိုက္ဦး” ” တင္ တင္ပါ့ဘုရား” ငါေတာ့ ေသေတာ့မယ္ထင္တယ္ ဒါႀကီးန႔ဲ မိုးလင္းထိ ဘယ္လိုမ်ား ဆက္ေနရပါ့၊ တစ္ခုခုေတာ့ႀကံမွ ျဖစ္မယ္။ ေၾသာ္ ေမ့ေနလိုက္တာ ဘုရားစာ႐ြတ္ဦးမွပါ။ မေကာင္းဆိုးဝါးေတြက ဘုရားစာ႐ြတ္ရင္ေျပးေရာလို႔ၾကားဖူးတယ္။ “နေမာတသ …………….”လို႔ပဲရွိေသးတယ္ “ဘဂဝေတာ အရဟေတာသမၼာသမၺဳတ္ဒသ…….”လို႔ေရွ႕ကဆက္႐ြတ္သံေပၚလာပါေရာ။

“အဲ သူက ဘုန္းႀကီးဆိုေတာ့ တရားစာ႐ြတ္လို႔မေၾကာက္ဘူးထင္တယ္။ငါတို႔ၾကားဖူးေနတ႔ဲ ဘုန္းႀကီးေသလို႔ အယူလြဲရင္ သဘက္ျဖစ္တယ္ဆိုတာ။ ဟုတ္ပါၿပီ ဒါ သဘက္ႀကီးပါ။ ေၾကာက္လြန္းလို႔ ရွဴ း ရွဴ း ေတြေတာင္ထြက္က်ကုန္တယ္။ ေအာက္ကိုတစ္ျဖန္းျဖန္း န႔ဲစီးက်သံေၾကာင့္ အျပင္က သဘက္ႀကီးက “ဒကာမႀကီး ဘာသံေတြလဲ” “ခေလး ေသးေပါက္ခ် တာပါဘုရား” “ေအးးအ့ဲဒီကေလးေလး ငါ့ဆီပို႔လိုက္” “မ မျဖစ္ပါဘူးဘုရာ႕ ကေလးကအိပ္ေနတယ္ဘုရာ႕” “ဒါဆိုခဏ ေနေတာ့ ပို႔လိုက္” မျမနွစ္ ေၾကာက္လြန္းလို႔ တစ္ကိုယ္လံုးတုန္ေနၿပီ။ အသံေတြလည္းတုန္ ေမးေတြလည္းတုန္ လက္ေတြ လည္းတုန္န႔ဲ ဘာမွကိုမလႈပ္နိုင္ေတာ့ဘူး။

ဒါေပမယ့္ ဒီကထြက္ေျပးနိုင္မွျဖစ္ေတာ့မယ္ ငါဘယ္လိုေျပးရမလဲ ။ေရွ႕က ခေလးအေလာင္းကုန္ရင္ အငယ္ေလးကို စားေတာ့မယ့္။ခုနကေတာင္ ေတာင္းေနၿပီ။ က်ိဳးက်စျပဳေနၿပီ ျဖစ္ေသာဝါးၾကမ္းခင္းကိုလက္ကစမ္းမိလိုက္ၿပီး အႀကံရ သြားသည္။ ၾကမ္းကိုတစ္ေခ်ာင္းခ်င္းအသံမၾကားေအာင္ခ်ိဳးေပမယ့္ ဘယ္ေနမလဲ ဒီအသံက တစ္ခ်က္ေတာ့ထြက္တာပဲ။ “ဒကာမႀကီး တစ္ခ်ြတ္ခ်ြတ္ န႔ဲဘာေတြလုပ္ေနတာလဲ” “ဟို ဟို အာရံုဆြမ္းကပ္ဖို႔ထင္းခ်ိဳးေနတာပါဘုရာ႕” “ငါ့ အတြက္ ဘာမွမလုပ္န႔ဲ ဘာဆြမ္းမွမစားဘူး” “ဘယ္ဟုတ္မလဲ ဘုရာ႕ တပည့္ေတာ္အာရံုဆြမ္းကေလးေတာ့ကပ္ခ်င္တာေပါ့ ရပါတယ္ဘုရား” ပါးစပ္ကလည္းေျပာ လက္ကလည္း ျမန္သထက္ျမန္ေအာင္ၾကမ္းကိုခ်ိဳးရင္း တစ္ကိုယ္စာ ထြက္ေပါက္ ေလး တစ္ခုျဖစ္ေသာအခါ ကိုယ္ကိုထြက္ၾကည့္လိုက္သည္။

” ရၿပီ ” ေခ်ြးသီးေခ်ြးေပါက္ေတြၾကားထဲ က အရမ္းဝမ္းသာသြားတယ္ ဒါေပမယ့္ငါလြတ္ေအာင္ေျပးနိုင္ပါ့မလားလို႔လဲ စိုးရိမ္မိေသးတယ္။ ခေလးကိုေကာက္ခ်ီလိုက္တယ္။ “ဝါး ဝါးးးးး”ခေလးကထငိုၿပီ။ “ဒကာမႀကီး ကေလးနိုးၿပီလား ဘာျဖစ္လို႔ငိုတာလဲ” “တင္ပါ့ ေယာင္ၿပီး ငိုေနတာပါဘုရား” ေျပာရင္းန႔ဲ ကိုယ္ကိုအရင္ထြက္လိုက္တယ္ၿပီးေတာ့ ခေလးကိုပါ ေအာက္က ဆြဲယူလိုက္တယ္။ “ဒကာမႀကီး ” “တင္ပါ့ဘုရား” တဲအျပင္ဘက္ကေနျပန္ထူးလိုက္သည္။

“ကေလး နိုးရင္လာပိ့ုေတာ့ ” ေျဖးေျဖးခ်င္း ေနာက္ဆုတ္ရင္းျပန္ေျဖလိုက္တယ္။ “တင္ပါ့ ခေလးအနွီးလဲ ၿပီးရင္လာပို႔ပါ့မယ္ ဘုရား” “ေအး ဒါဆိုလည္း ျမန္ျမန္လုပ္” ေျပးၿပီ မျမနွစ္ ေျခကုန္သုတ္ေျပးပါၿပီ။ ခပ္လွမ္းလွမ္းေရာက္ေတာ့ “ဒကာမႀကီး မေျပးန႔ဲ ရပ္လိုက္” ဆိုတ႔ဲအသံႀကီး က ကြင္းတစ္ခုလံုးဟိန္းထြက္လာပါတယ္။ေရွ႕နားဆို ႐ြာကိုေရာက္ေတာ့မယ္ ေနာက္ကို လွည့္မၾကည့္ဘူး ဆက္ေျပးတယ္။

သဘက္ႀကီးက လူမွမဟုတ္တာ ခဏေလးန႔ဲ မွီလုမွီခင္ျဖစ္လာတယ္။ ဒီအခ်ိန္မွေတာ့ ဘာေျပာေကာင္းမလည္း ပါးစပ္က လည္း “ကယ္ၾကပါဦးေတာ္ က်ဳပ္ေနာက္ကို သဘက္ႀကီး လိုက္လာလို႔ပါေတာ့” လို႔အဆက္မျပတ္ ေအာ္ေျပးေတာ့ တာ။ အ့ဲဒီအခ်ိန္မွာပဲ သဘက္ႀကီးရ႕ဲ ေျခသံက ေနာက္ေက်ာနားက ကပ္ၾကားလိုက္ရတယ္။ ဘာမွမစဥ္းစားေတာ့ပဲ ေရွ႕ကၿခံဳ ထဲတိုးဝင္ပစ္လိုက္တယ္။ “အားးးးးးးးး” သဘက္ႀကီး အသံနက္ႀကီးန႔ဲေအာ္ၿပီးေနာက္လွည့္ေျပးလိုက္တာ ဘာျဖစ္လို႔မွန္း မသိဘူး။ မျမနွစ္လည္း ႐ြာထဲကိုဆက္ေျပးၿပီး ေအာ္ေတာ့တာေပါ့။ ႐ြာသားေတြလည္း ႐ြာထဲကိုဝင္ေအာ္မွပဲနိုးေတာ့တာကိုး။

မျမနွစ္လည္းျဖစ္ေၾကာင္းကုန္စင္ကိုေျပာျပၿပီး ဒီအခါမွပဲ ေသသြားတ့ဲသားကိုသတိရၿပီးခ်ံဳးပြဲခ်ငိုေတာ့တာ။ ႐ြာထဲက လူႀကီးေတြလည္းနိုးလာၾကၿပီးေတာ့ မျမနွစ္ကို ဝိုင္းၿပီးအားေပးစကားေျပာၾကတာေပါ့။ အဘ ဦးလူလွက “သဘက္ႀကီးဘ ာျဖစ္လို႔ေအာ္ေျပးလဲ မင္းတို႔သိၾကလား။”

“မသိပါဘူးအဘရယ္ ဒါေပမယ့္ သူေျပးသြားလို႔ေတာ္ေသးတာေပါ့။နို႔မို႔ က်မန႔ဲ ဒီခေလး သူစားလို႔ ေသေပါ့” “ေအး မသိရင္မွတ္ထားၾက ျမနွစ္ဝင္ေျပးတ့ဲ ဒီအပင္ျခဳု ံုႀကီးက ဗုဒၶံသရဏံ ပင္လို႔ေခၚတယ္။သရဲ သဘက္ မေကာင္းဆိုးဝါးေတြ မကပ္နိုင္ဘူး ” ေက်းဇူးႀကီးလွပါေပ့ ” ဗုဒၶံသရဏံပင္ ”
apannpyay
# Unicode Version # ျဖင့္ ဖတ္ပါ #

မမြနှစ် တို့မိသားစု လေးယောက်က ရွာထဲမှာမနေကြဘူး။ တောစပ်မှာတဲထိုးပြီးနေကြတယ်။ ခင်ပွန်းဖြစ်သူ ကိုဘသစ် ကသစ်ခုတ်သမားဆိုတော့ တောထဲကိုထင်းသွားခုတ်၊ တစ်ခါတစ်လေ တောထဲမှာပဲ တစ်ရက်နှစ်ရက်အိပ်ပြီး လှည်းတစ်စီးတိုက်ရမှ အိမ်ကိုပြန်လာတတ်တယ်။ ရွာထဲက ထင်းခုတ်နိုင်တဲ့ ယောကျ်ားသားမရှိတဲ့လူတွေက မမြနှစ်တို့ဆီက ထင်းတွေကိုပြန်ဝယ်ကြတယ်။ မမြနှစ်ကတော့ လူမမယ်သားနှစ်ယောက်ကိုထိန်းရင်း ထင်းကိုပဲ ဒိုင်ခံရောင်းနေရတာပါပဲ။ အကြီးလေးက ၃ နှစ်သားလေး နဲ့ အငယ်လေးကတော့လေးဘက်သွားကာစ ၆ လသား အရွယ်ကလေးပါ။

ရွာနဲ့ မမြနှစ်တို့နေတဲ့ တောစပ်က သိပ်တော့မဝေးပါဘူး လယ်ကွင်းတွေကို ၁၀ မိနစ် ၁၅ မိနစ်လောက်ဖြတ်ရင် ရောက်ပါတယ်။ ဒီလိုနဲ့ နေလာကြရင်း တစ်ရက်တော့ ကိုဘသစ်တောထဲကိုထင်းခွေသွားနေတုန်း အကြီးလေးက ကောက်ကာငင်ကာ ငှက်ဖျားရပြီး အဖျားကြီးပါလေရော။ မမြနှစ်တို့ရွာမှာက ဆေးဆရာမရှိဘူး။ ရွာနဲ့တစ်ရွာကျော် ရွာမှာတော့ ဆေးမှူ းတစ်ယောက်ရှိတယ်။ သွားမယ်ဆိုရင်အနည်းဆုံး နေ့တစ်ဝက်လောက်ကုန်တယ်။

ညနေစောင်း ကြီးလည်းဖြစ်တော့မမြနှစ်မှာဘာလုပ်ရမှန်းမသိဖြစ်နေတုန်း အကြီးကောင်လေး အသက်ရှူ ရပ်သွားပါပြီ။ “ဟင် သားရေ သား အမလေး ဖြစ်မှဖြစ်ရလေ့သားရယ် ငါ့သားလေး အသက်မရှူ တော့ဘူး လုပ်ကြပါဦး” မမြနှစ်မှာ လုပ်ကြပါဦး လို့တ ငိုနေပေမယ့် ရွာနဲ့ အလှမ်းဝေးတာကြောင့် ကူညီမယ့်သူဘယ်သူမှမရှိရှာဘူး။အချိန်ကလည်း ညီကိုမသိတစ်သိ အချိန်ကိုရောက်လာပါပြီ။”ရွာထဲက လူတွေကိုသွားပြေးခေါ်ရင် ကောင်းမလား”။

စဉ်းစားမိပေမယ့် ကလေးအလောင်းကို ပစ်ထားခဲ့ဖို့ကလည်း ဘယ်လိုမှမဖြစ်နိုင်။ “ဒီ အချိန်ကျမှထင်းလာဝယ်တဲ့ သူကလည်းတစ်ယောက်မှ မလာကြဘူး ကိုဘသစ်ကလည်း ဒီနေ့ပြန်မှလာပါ့မလားမသိဘူး” စသဖြင့် ဘာလုပ်ရင ကောင်းမလဲလို့ စဉ်းစားနေရတာနဲ့ ငိုဖို့ တောင်သတိမရနိုင်ရှာပါဘူး။ အဲ့ဒီအချိန်မှာပဲ တောထဲကဘုန်းကြီးတစ်ပါး ကြွလာတာမြင်တော့ မမြနှစ် အရမ်းအားတက်သွားတယ်။

ဘုန်းကြီးကလည်းမမြနှစ်တို့ တဲကိုပဲတည့်တည့်ကြီး တန်းလာနေတယ်။တဲ နားရောက်တော့ဘုန်းကြီးက “ဒကာမကြီး ဘုန်းကြီးကခရီးသွားပါ ဒီည ဒီမှာ ကျိန်းလို့ရနိုင်မလားလို့” “ကျိန်းလို့ရပါတယ်ဘုန်းဘုန်းဘုရာ့ တပည့်တော်လည်း ဒီမှာ သားလေးဆုံးလို့ တစ်ယောက်တည်း ဒုက္ခရောက်နေတုန်း ဘုန်းဘုန်းကြွလာတာ အရမ်းကိုအားရှိတာပါပဲဘုရာ့ တစ်လက်စတည်း သက်ပျောက်တရားလေးနာပါရစေဘုရာ့” “အေးအေး ဒကာမ ရွတ်ပေးရတာပေါ့ နောက်ကလိုက်ဆို” ဘုန်းကြီးကရှေ့ကရွတ် မမြနှစ်ကနောက်ကလိုက်ဆိုနဲ့ သက်ပျောက်ပရိတ်လည်းရွတ်ပြီးသွားပြီ။

ညကလည်း မှောင်နေပြီဆိုတော့ ဘုန်းကြီးကိုရှေ့ခန်းမှာကလေးအလောင်းနဲ့အတူ ထားခဲ့ပြီး မမြနှစ်ကတော့ ထရံလေး ကျိုးတို့ကျဲတဲ ကာထားတဲ့အခန်းလေးထဲ ၆ လသားအရွယ်ကလေးလေးကိုနို့တိုက်ရင်းဝင်အိပ်လိုက်ပါတော့တယ်။ “ကျွတ် ကျွတ် ကျွတ် ” အရှေ့ခန်းက တစ်ကျွတ်ကျွတ်နဲ့ အသံများကြားရတာကြောင့်ဘာသံပါလိမ့်လို့ ထရံကြားက ထချောင်း ကြည့်လိုက်တော့ “အမလေးးးးးး ဘုရားဘုရား ဘာကြီးလဲ” နားရွက်ကြီးတစ်ဖက်ကို ခြုံ ပြီးတော့ ကျန်နားရွက်ကြီး တစ်ဖက် ကို ခင်းအိပ် နေရင်းက ကလေးအလောင်းက လက်တစ်ချောင်းကို ဖြုတ်စားနေတာ များတစ်ကျွတ်ကျွတ်နဲ့ ကြောက်စရာ ကောင်းလိုက်တာ။

“ငါ ဘာလုပ်ရမလဲ ဒုက္ခပါပဲ ငါ့မှာတော့ ဘုန်းကြီးကြွလာလို့ ဝမ်းသာလိုက်ရတာ ခုတော့ ငါ့သားအလောင်း တောင် အကောင်းတိုင်းမရှိတော့ပါလား ကိုဘသစ်ပြန်လာရင်လည်းကောင်းသား” အခန်းထဲက ချောင်းကြည့်ရင်း လှုပ်လည်းမလှုပ် ရဲ ၊အသံလည်း မထွက်ရဲပဲ ဘာလုပ်ရင်ကောင်းမလဲလို့ ဖျစ်ညှစ်စဉ်းစားနေမိတော့တယ်။ “အဟမ်းးအဟမ်းးးးး ဒကာမကြီး နိုးနေတာလား” လူတစ်ကိုယ်လုံးကို ဆတ်ကနဲတုန်တက်သွားတာ များဘာပြောကောင်းမလဲ။

”တင် တင်ပါ့ ဘုရား ခုလေးတင်နိုးတာပါဘုရား” ” မိုးမလင်းသေးဘူးဒကာမ ပြန်အိပ်လိုက်ဦး” ” တင် တင်ပါ့ဘုရား” ငါတော့ သေတော့မယ်ထင်တယ် ဒါကြီးနဲ့ မိုးလင်းထိ ဘယ်လိုများ ဆက်နေရပါ့၊ တစ်ခုခုတော့ကြံမှ ဖြစ်မယ်။ သြော် မေ့နေလိုက်တာ ဘုရားစာရွတ်ဦးမှပါ။ မကောင်းဆိုးဝါးတွေက ဘုရားစာရွတ်ရင်ပြေးရောလို့ကြားဖူးတယ်။ “နမောတသ …………….”လို့ပဲရှိသေးတယ် “ဘဂဝတော အရဟတောသမ္မာသမ္ဗုတ်ဒသ…….”လို့ရှေ့ကဆက်ရွတ်သံပေါ်လာပါရော။

“အဲ သူက ဘုန်းကြီးဆိုတော့ တရားစာရွတ်လို့မကြောက်ဘူးထင်တယ်။ငါတို့ကြားဖူးနေတဲ့ ဘုန်းကြီးသေလို့ အယူလွဲရင် သဘက်ဖြစ်တယ်ဆိုတာ။ ဟုတ်ပါပြီ ဒါ သဘက်ကြီးပါ။ ကြောက်လွန်းလို့ ရှူ း ရှူ း တွေတောင်ထွက်ကျကုန်တယ်။ အောက်ကိုတစ်ဖြန်းဖြန်း နဲ့စီးကျသံကြောင့် အပြင်က သဘက်ကြီးက “ဒကာမကြီး ဘာသံတွေလဲ” “ခလေး သေးပေါက်ချ တာပါဘုရား” “အေးးအဲ့ဒီကလေးလေး ငါ့ဆီပို့လိုက်” “မ မဖြစ်ပါဘူးဘုရာ့ ကလေးကအိပ်နေတယ်ဘုရာ့” “ဒါဆိုခဏ နေတော့ ပို့လိုက်” မမြနှစ် ကြောက်လွန်းလို့ တစ်ကိုယ်လုံးတုန်နေပြီ။ အသံတွေလည်းတုန် မေးတွေလည်းတုန် လက်တွေ လည်းတုန်နဲ့ ဘာမှကိုမလှုပ်နိုင်တော့ဘူး။

ဒါပေမယ့် ဒီကထွက်ပြေးနိုင်မှဖြစ်တော့မယ် ငါဘယ်လိုပြေးရမလဲ ။ရှေ့က ခလေးအလောင်းကုန်ရင် အငယ်လေးကို စားတော့မယ့်။ခုနကတောင် တောင်းနေပြီ။ ကျိုးကျစပြုနေပြီ ဖြစ်သောဝါးကြမ်းခင်းကိုလက်ကစမ်းမိလိုက်ပြီး အကြံရ သွားသည်။ ကြမ်းကိုတစ်ချောင်းချင်းအသံမကြားအောင်ချိုးပေမယ့် ဘယ်နေမလဲ ဒီအသံက တစ်ချက်တော့ထွက်တာပဲ။ “ဒကာမကြီး တစ်ချွတ်ချွတ် နဲ့ဘာတွေလုပ်နေတာလဲ” “ဟို ဟို အာရုံဆွမ်းကပ်ဖို့ထင်းချိုးနေတာပါဘုရာ့” “ငါ့ အတွက် ဘာမှမလုပ်နဲ့ ဘာဆွမ်းမှမစားဘူး” “ဘယ်ဟုတ်မလဲ ဘုရာ့ တပည့်တော်အာရုံဆွမ်းကလေးတော့ကပ်ချင်တာပေါ့ ရပါတယ်ဘုရား” ပါးစပ်ကလည်းပြော လက်ကလည်း မြန်သထက်မြန်အောင်ကြမ်းကိုချိုးရင်း တစ်ကိုယ်စာ ထွက်ပေါက် လေး တစ်ခုဖြစ်သောအခါ ကိုယ်ကိုထွက်ကြည့်လိုက်သည်။

” ရပြီ ” ချွေးသီးချွေးပေါက်တွေကြားထဲ က အရမ်းဝမ်းသာသွားတယ် ဒါပေမယ့်ငါလွတ်အောင်ပြေးနိုင်ပါ့မလားလို့လဲ စိုးရိမ်မိသေးတယ်။ ခလေးကိုကောက်ချီလိုက်တယ်။ “ဝါး ဝါးးးးး”ခလေးကထငိုပြီ။ “ဒကာမကြီး ကလေးနိုးပြီလား ဘာဖြစ်လို့ငိုတာလဲ” “တင်ပါ့ ယောင်ပြီး ငိုနေတာပါဘုရား” ပြောရင်းနဲ့ ကိုယ်ကိုအရင်ထွက်လိုက်တယ်ပြီးတော့ ခလေးကိုပါ အောက်က ဆွဲယူလိုက်တယ်။ “ဒကာမကြီး ” “တင်ပါ့ဘုရား” တဲအပြင်ဘက်ကနေပြန်ထူးလိုက်သည်။

“ကလေး နိုးရင်လာပိ့ုတော့ ” ဖြေးဖြေးချင်း နောက်ဆုတ်ရင်းပြန်ဖြေလိုက်တယ်။ “တင်ပါ့ ခလေးအနှီးလဲ ပြီးရင်လာပို့ပါ့မယ် ဘုရား” “အေး ဒါဆိုလည်း မြန်မြန်လုပ်” ပြေးပြီ မမြနှစ် ခြေကုန်သုတ်ပြေးပါပြီ။ ခပ်လှမ်းလှမ်းရောက်တော့ “ဒကာမကြီး မပြေးနဲ့ ရပ်လိုက်” ဆိုတဲ့အသံကြီး က ကွင်းတစ်ခုလုံးဟိန်းထွက်လာပါတယ်။ရှေ့နားဆို ရွာကိုရောက်တော့မယ် နောက်ကို လှည့်မကြည့်ဘူး ဆက်ပြေးတယ်။

သဘက်ကြီးက လူမှမဟုတ်တာ ခဏလေးနဲ့ မှီလုမှီခင်ဖြစ်လာတယ်။ ဒီအချိန်မှတော့ ဘာပြောကောင်းမလည်း ပါးစပ်က လည်း “ကယ်ကြပါဦးတော် ကျုပ်နောက်ကို သဘက်ကြီး လိုက်လာလို့ပါတော့” လို့အဆက်မပြတ် အော်ပြေးတော့ တာ။ အဲ့ဒီအချိန်မှာပဲ သဘက်ကြီးရဲ့ ခြေသံက နောက်ကျောနားက ကပ်ကြားလိုက်ရတယ်။ ဘာမှမစဉ်းစားတော့ပဲ ရှေ့ကခြုံ ထဲတိုးဝင်ပစ်လိုက်တယ်။ “အားးးးးးးးး” သဘက်ကြီး အသံနက်ကြီးနဲ့အော်ပြီးနောက်လှည့်ပြေးလိုက်တာ ဘာဖြစ်လို့မှန်း မသိဘူး။ မမြနှစ်လည်း ရွာထဲကိုဆက်ပြေးပြီး အော်တော့တာပေါ့။ ရွာသားတွေလည်း ရွာထဲကိုဝင်အော်မှပဲနိုးတော့တာကိုး။

မမြနှစ်လည်းဖြစ်ကြောင်းကုန်စင်ကိုပြောပြပြီး ဒီအခါမှပဲ သေသွားတဲ့သားကိုသတိရပြီးချုံးပွဲချငိုတော့တာ။ ရွာထဲက လူကြီးတွေလည်းနိုးလာကြပြီးတော့ မမြနှစ်ကို ဝိုင်းပြီးအားပေးစကားပြောကြတာပေါ့။ အဘ ဦးလူလှက “သဘက်ကြီးဘ ာဖြစ်လို့အော်ပြေးလဲ မင်းတို့သိကြလား။”

“မသိပါဘူးအဘရယ် ဒါပေမယ့် သူပြေးသွားလို့တော်သေးတာပေါ့။နို့မို့ ကျမနဲ့ ဒီခလေး သူစားလို့ သေပေါ့” “အေး မသိရင်မှတ်ထားကြ မြနှစ်ဝင်ပြေးတဲ့ ဒီအပင်ခြုု ုံကြီးက ဗုဒ္ဓံသရဏံ ပင်လို့ခေါ်တယ်။သရဲ သဘက် မကောင်းဆိုးဝါးတွေ မကပ်နိုင်ဘူး ” ကျေးဇူးကြီးလှပါပေ့ ” ဗုဒ္ဓံသရဏံပင် ”
apannpyay

No comments:

Post a Comment