Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 16, 2019

အရက်သေစာသောက်စားပြီး ဘုန်းကြီးကျောင်းသို့သွား၍ NLD စည်းမှူးအောင်ကိုလတ်မှ ဝါးလုံးဖြင့် ရိုက်နက်


ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့နယ်
ကမကိုင်အုပ်စု တံခွန်တိုင်ကျေးရွာတွင် လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော (ကျောင်းလုပ်သား)ပညာရေးဝန်ထမ်းဖြစ်သူ မန်းစိန်သောင်းရွှေအား (ပုံပါဒဏ်ရာများနှင့်သူ) ကမကိုင်အုပ်စု တံခွန်တိုင်ကျေးရွာ NLD စည်းမှူးအောင်ကိုလတ်မှ ဝါးလုံးဖြင့် ရိုက်နက်ခြင်းဖြစ်ပါသည်။မန်းစိန်သောင်းရွှေ မှာ အရက်သေစာသောက်စားပြီး ဘုန်းကြီးကျောင်းသို့သွား၍ ရိုက်နှက်ခြင်းဖြစ်သည်ဟုသိရပါသည်။မည်သည့်အကြောင်းနှင့်ဖြစ်စေ ပစ်မှူ ရှိပါက တရားဥပဒေအတိုင်းအရေးယူဆောင်ရွက်နိုင်ပါလျက်နှင့် ယခုကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်ပြီး
အနိုင်ကျင့်ရိုက်နက်ခြင်းပြုသည်မှာ လုံးဝ တရားမှတမှူမရှိပါ။ NLD ပါတီအရှိန်အဝါကိုတလွဲအသုံးချပြီး ပါဝါပြလိုသည်မှာထင်ရှားစေပြီး ပါတီဂုဏ်သိက္ခာငြိုးနွမ်းထိခိုက်စေပါသည်။ ထို့ကြောင့် အမှန်တရား ချစ်မြတ်နိုးသူများနှင့် အမှန်အတိုင်းတရားမျှတစွာဖြစ်ပေါ်စေရေးအတွက် ဝိုင်းဝန်းကူညီ
ရှယ်ပေးနိုင်ပါရန် တောင်းဆိုအပ်ပါသည်။သတင်းမီဒီယာများကိုလည်း ဖိတ်ခေါ်အပ်ပါသည်။
တည်ဆဲဥပဒေများနှင့်အညီသက်ဆိုင်ရာတာဝန်ရှိသူများကူညီစေချင်ပါတယ် လူ့အခွင့်အရေးကူညီပေးသူများသတင်းမီဒီယာသမားများလည်းလာရောက်စေချင်ပါတယ်
ပညာရေးမိသားစုများကလည်းဝိုင်းဝန်းကူညီစောင့်ရှောက်ပေးစေချင်ပါတယ်။
.....................
ဒီအောက်ကစာက ရိုက်သူရေးတဲ့စာ
Online ပေါ်ကနေဖွချင်တယ်ဆိုရင်လည်း ဂုဏ်သိက္ခာရှိရှိလေးတော့ လုပ်စေချင်ပါတယ်။ ငါနဲ့ ပါတီမတူလို့ဆိုပြီး လုပ်ရင်တော့ ကိုယ့်ရဲ့ စိတ်ဓာတ်ကိုဖော်ပြနေတယ်လို့ပဲမှတ်ပါတယ်..
ဒီဖြစ်စဉ်ကို သေသေချာချာကောစုံစမ်းပြီးပီလား မေးပါရစေ...
တံခွန်တိုင်ဆရာတော်သက်သေရှိတယ်၊ အုပ်ချုပ်ရေးမှူးသက်သေရှိတယ်၊ ဘုရားရင်ပြင်လုပ်နေတဲ့ ပန်းရံအဖွဲ့သက်သေရှိတယ်၊ ကပ်ပိယမန်းမိချောင်းသက်သေရှိတယ်.. ဖြစ်စဉ်က ၁၄.၅.၂၀၁၉ ရက်နေ့ ညနေမိုးချုပ်ခါနီး.. ကျောင်းလုပ်သား စိန်သောင်းရွှေ ဟာ အရက်မူးပြီးတော့ ဘုန်းကြီးကျောင်း စေတီဘုရားရင်ပြင်ပြုပြင်နေတဲ့နေရာကိုရောက်လာတယ် ရင်ပြင်မှာ ကွန်ကရစ်လောင်းပြီးခါစအပေါ်ကို ခြေထောက်နဲ့လိုက်နင်းတယ်.. ဆရာတော်ကဒေါသဖြစ်ပြီးဆူတယ် ပြန်ခိုင်းတယ် အုပ်ချုပ်ရေးမှူးက စိန်သောင်းရွှေ လက်ကိုဆွဲပြီး ဆွဲခေါ်ထုတ်တယ် မရဘူး ဟိုသွားဒီသွားလုပ်တယ် အုပ်ချုပ်ရေးမှူးက မင်းက ဗုဒ္ဓဘာသာမဟုတ်ဘူးလား၊ မင်းလူလိုနားလည်လေလို့ပြောပြီးဆူတယ်၊ သူက အုပ်ချုပ်ရေးမှူးကို မင်းကကော ငါးပါးသီလနားလည်လို့လားပြန်ပြောတယ်၊ အုပ်မှူးက မင်းဘာလာလုပ်တာလဲ ပြန်တော့လို့ပြောတော့ မပြန်နိုင်ဘူး ငါပြန်ချင်မှပြန်မယ်တဲ့ မင်းကို ဘုန်းကြီးရိုက်လိမ့်မယ်ပြောတော့ ဘုန်းကြီးတွေဘာတွေနားမလည်ဘူးကွတဲ့.. ဒါနဲ့ အုပ်ချုပ်ရေးမှူးက သူ့ကျောကုန်းကို လက်ဝါးနဲ့ရိုက်တော့ အုပ်ချုပ်ရေးမှူးကို လက်သီးနဲ့ပြန်ထိုးဖို့လုပ်တယ်..ပတ်ဝန်းကျင်မှာ ဟိုဆွဲဒီဆွဲလိုက်ဆွဲတယ် ပြန်ပြီးတော့ကြိမ်းဝါးတယ်၊.. ဒီကောင်တော်တော်လွန်လာလို့ ကျွန်တော်က အနားမှာရှိတဲ့ ဓနိထိုးတံအပိုင်းနဲ့ ခလေးကိုရိုက်သလိုရိုက်တယ် သူကပြန်လုပ်ဖို့ကြိုးစားသေးတယ် ဒါနဲ့ အချက်ရေများများလေးရိုက်ပလိုက်တယ် အင်္ကျီမပါ ဘောင်းဘီတိုနဲ့ ဆိုတော့ အရှိုးရာထင်တယ်.. ဒီလိုရမ်းကားနေတဲ့လူတယောက်ကို ဒီလိုဆုံးမမိတာ လွန်တယ်ထင်ရင်တော့.. မတက်နိုင်ဘူးလေ..ဒီအပြင်ဘုန်းကြီးကျောင်းတက်မလာခင်မှာလည်း ရွာလမ်းပေါ်မှာတုံးလုံးလှဲပြီးတော့ ဒိန်းဒေါင်းတွေ၊ ဆိုင်ကယ်တွေ ငါ့ကိုဝင်တိုက်ကြဆိုပီး ရမ်းနေတယ် ဒါက ရွာကလူတွေပြန်ပြောပြလို့ နောက်မှသိရတာ..
လူ့အခွင့်အရေးအကြောင်းလာမပြောနဲ့ ကျွန်တော်က လူ့အခွင့်အရေးနဲ့ပြည်သူကောင်းကျိုးအတွက် နေ့စဉ်တိုင်းလုပ်နေတဲ့သူ.. ကျွန်တော်အကြောင်းကို ဒေသကပြည်သူအများသိတယ်.. အခုလည်း နေပူထဲမှာပဲ အများအကျိုးအတွက်အလုပ်လုပ်နေပါတယ်။

ကျွန်တော် အပေါ်မှာတင်ပြထားတာတွေကို ဟုတ်မဟုတ်သိချင်တယ်ဆိုရင်တော့ တံခွန်တိုင်ရွာ အောင်တံခွန်ဆရာတော်ထံ ဖုန်းဆက်မေးကြည့်လိုက်ပါ။

ဆရာတော်အရှင်နာရဒ ph 09,783663670
ကမကိုင်အုပ်ချုပ်ရေးမှူး ph 09,783828794

လုပ်ကြံခံရခြင်းဘေးမှကင်းဝေးရပါလို၏
AungKoLatt
ph 09,791400361





No comments:

Post a Comment