Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 16, 2019

အခုလေးတင် YBS-35 ပေါ်မှာ ဖြစ်တာပါ… မိန်ကလေးများ အထူးသတိထား ရှောင်ရအောင်အတွက်ပါ




Aye Thu Thu Han

#Unicode Version#
 အခုလေးတင်YBS35ပေါ်မှာ ဖြစ်တာပါ။ သူလဲ မြောက်ဥက္ကလာက တက်လာတယ့်ကောင်ပါပဲ။ ညီမကအစနေရာမရလို့ မတ်တပ်ရပ်နေတာ ခနနေတော့ နေရာလွတ်သွားလို့အနောက်မှာ သွားထိုင်တယ်။ အဲ့ကောင်လဲ ဘေးနားလာထိုင်ပါတယ်။ အစကတော့ ကွမ်းစားလိုက် ကွမ်းတံတွေးထုပ်ကို လွတ်ပစ်လိုက်နဲ့ ပြီးလဲ ပြီးရော ထမလိုလို အရှေ့ပဲတိုးမလိုလိုနဲ့ ညီမ လွယ်အိတ်ကြားကနေ Boob ကိုလာကိုင်ပါတယ်။

ညီမလဲ ခါးပိုက်နှိုက်တယ် ထင်လို့လွယ်အိတ်ကိုယူတယ့်အချိန်မှာ သူလက်က ရောက်နေပြီ ကိုယ်လဲ ၆ယောက်ထိုင်နေရတာကျပ်တယ် အထင်နဲ့ပါ ပြီးတော့ညီမထလဲထလိုက်ပြီး အဲ့ကောင်ကိုဓာတ်ပုံရိုက်တာ သူတောင်းစားက သူ့ရိုက်နေမှန်းသိလို့ ရှောင်နေတယ်။ ညီမလဲ မရရအောင်ရိုက်ခဲ့လိုက်တယ်။ အဲ့ကောင်ကိုတွေ့ရင် သတိထားပါ။ ၃၅စီးတယ့်မိန်းကလေးတွေလဲ သတိထားကြပါ။

Edit: ဘေးနားက လူတွေကိုလဲ ပြောလိုက်ပါသေးတယ်။ ညီမသင်တန်းကအစ်မတွေကိုလဲ မှတ်တိုင်မှာ လာကြိုဖို့ ဖုန်းကြိုဆက်ထားပါတယ်။ သူ့မျက်ခွက်ကို ရိုက်ပြီးတစ်ခုခုလုပ်ဖို့ဆိုတာ ကြောက်နေတယ့် အချိန်ဖြစ်နေတယ့်အတွက် ဘာမှမလုပ်ခဲ့ရပါဘူး။ အဲ့အကောင်လဲ ညီမပြောလိုက်လို့ မာလာမှာ ဆင်းသွားပါတယ်။ ဓာတ်ပုံပဲ ရိုက်ခဲ့ရတယ်ဆိုတာ တခြားမိန်းကလေးတွေသူ့ကိုတွေ့မိရင် ရှောင်ရအောင်အတွက်ပါ။
Aye Thu Thu Han

No comments:

Post a Comment