Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, May 27, 2019

မီးဖိုေခ်ာင္ထဲရွိ အႏၲရာယ္ျဖစ္ေစႏိုင္ေသာ အစားအစာမ်ား


မီးဖိုေခ်ာင္ထဲမွာရွိတဲ့ ကိုယ့္မိသားစုကို အႏၲရာယ္ျဖစ္ေစႏိုင္တဲ့ အစားအစာေတြကို ဖတ္ၾကည့္ရေအာင္ပါ။

1. သစ္သီးအေစ့မ်ား
ခ်ယ္ရီသီး၊ ဆီးသီး၊ တ႐ုတ္ဆီးသီး၊ မက္မြန္သီး စတဲ့ အသီးေတြမွာ prussic acid လို႔ေခၚတဲ့ hydrogen cyanide တစ္မ်ိဳး ပါဝင္တယ္တဲ့ေနာ္။ ဒါေၾကာင့္ ဒီအသီးေတြ စားရင္ အေစ့ကို ဝါးစားတာ၊ စုပ္တာမ်ိဳးေတြ မလုပ္ၾကပါနဲ႔။
ပန္းသီးအေစ့မွာလည္း cyanide အဆိပ္ ပါ,ပါတယ္။ အမ်ားႀကီး စားမိမွသာ ေနမေကာင္း ျဖစ္ေစႏိုင္တယ္ ဆုိေပမယ့္လည္း အႏၲရာယ္ကို သတိထားၿပီး စားၾကေစလိုပါတယ္။

2. ခရမ္းခ်ဥ္သီး
ခရမ္းခ်ဥ္သီးမွာ အသီးကိုပဲစားၿပီး အရြက္ေတြ၊ ႐ိုးတံေတြကို ဘာလို႔မစားၾကသလဲ သိၾကပါသလား။ ဒီအရြက္ေတြနဲ႔ ႐ိုးတံေတြမွာ ျပင္းထန္တဲ့ စိတ္လႈပ္ရွားမႈေတြနဲ႔ အစာအိမ္ကို ဒုကၡေပးႏုိင္တဲ့ glycoalkaloids ပါဝင္ပါတယ္။

3. အာလူး
အာလူးရဲ႕ အရြက္၊ ႐ိုးတံနဲ႔ အပင္ေပါက္ အေညႇာက္ေတြမွာ ဗိုက္နာျခင္း၊ ဝမ္းေလွ်ာျခင္း၊ ေခါင္းကိုက္ျခင္း၊ စိတ္႐ႈပ္ေထြးျခင္း၊ သတိလစ္ေမ့ေျမာျခင္း (ကိုမာ) နဲ႔ အသက္ဆံုး႐ႈံးျခင္းကိုေတာင္ ျဖစ္ေစႏိုင္တဲ့ glycoalkaloids ဓာတ္ ပါဝင္ပါတယ္။ ဒီဓာတ္ေတြက အထူးသျဖင့္ အလင္းေရာင္နဲ႔ ထိေတြ႕ၿပီး အၾကာႀကီးထားတဲ့ အာလူးေတြထဲမွာ ျဖစ္လာတတ္ပါတယ္။ ဒါေၾကာင့္ အာလူးေပၚမွာ အစိမ္းေရာင္ေလး သန္းေနတာေတြ႕ရင္ မႏွေျမာပါနဲ႔ လႊတ္ပစ္လိုက္ပါ။ ကိုယ့္ခႏၶာကိုယ္ အေလးခ်ိန္ရဲ႕ 3-6 per kilo စားမိရင္ေတာင္မွ ေသေစႏိုင္ပါတယ္။

4. ပဲနီ

ဒီပဲထဲမွာ phytohemagglutinin ဆိုတဲ့ အဆိပ္ဓာတ္ ပါဝင္တဲ့အတြက္ ဒီပဲကို အနည္းဆံုး ၁၀ မိနစ္ေလာက္ ျပဳတ္ၿပီးမွ စားရပါမယ္။ မျပဳတ္ဘဲ ဘယ္ေတာ့မွ မစားပါနဲ႔။ ေနာက္တစ္နည္းအေနနဲ႔ စည္သြပ္ပဲဘူးေတြ စားလို႔ရပါတယ္။ ေသခ်ာျပဳတ္မထားဘဲနဲ႔ နည္းနည္းေလး စားမိရင္ေတာင္မွ ေနမေကာင္း ျဖစ္ေစႏိုင္ပါတယ္။ ရွားပါးေပမယ့္လည္း အသက္ဆံုး႐ႈံးသည္အထိေတာင္ ရွိပါတယ္။

5. ဇာတိပၹိဳလ္သီး

ဇာတိပၹိဳလ္သီးမွာ စိတ္ကို ထင္ေယာင္ထင္မွား ျဖစ္ေစတတ္တဲ့ myristicine ဓာတ္ ပါဝင္ပါတယ္။ 0.2 ေအာင္စေလာက္ စားမိရင္ေတာင္မွ တက္ေစႏိုင္ပါတယ္။ ဇာတိပၹိဳလ္သီးတစ္လံုးလံုး စားလိုက္ရင္ေတာ့ ဂဏွာမၿငိမ္ျဖစ္ျခင္း၊ ထင္ေယာင္ထင္မွားျမင္ျခင္း၊ ၾကားျခင္း၊ ကိုယ့္ကိုယ္ကို ေသေတာ့မယ္လို႔ ခံစားရျခင္းစတဲ့ စိတ္ပိုင္းဆိုင္ရာျပႆနာေတြကို ျဖစ္ေစႏိုင္ပါတယ္။

6. အယ္မြန္ေစ့

အယ္မြန္ေစ့ အခ်ိဳနဲ႔ အခါး ဆိုၿပီးေတာ့ ႏွစ္မ်ိဳး ရွိပါတယ္။ ခါးတဲ့အေစ့မွာ hydrogen cyanide ဆိုတဲ့ အဆိပ္ ပါဝင္တဲ့အတြက္ အစိမ္းစားလို႔ မရပါဘူး။ အယ္မြန္ေစ့ အခါး ၇-၁၀ ေစ့ေလာက္ အစိိမ္းစားမိတာနဲ႔ လူႀကီးေတြမွာ ေနမေကာင္းျဖစ္ေစၿပီးေတာ့ ကေလးေတြမွာဆိုရင္ ေသေစႏိုင္ပါတယ္။

7. တူနာငါး

တူနာငါးမွာ ျပဒါးဓာတ္ ျမင့္မားစြာ ပါဝင္ၿပီးေတာ့ အမ်ားႀကီးစားမိရင္ ကၽြႏု္ပ္တို႔ရဲ႕ ဦးေႏွာက္၊ ႏွလံုး၊ ေက်ာက္ကပ္၊ အဆုတ္နဲ႔ ကိုယ္ခံအားစနစ္ေတြကို အႏၲရာယ္ ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္လည္းပဲ ကေလးေတြနဲ႔ ကိုယ္ဝန္ေဆာင္မိခင္ေတြ အေနနဲ႔ တူနာငါး မစားသံုးသင့္ပါဘူး။ တူနာ တစ္ခါစားတာနဲ႔ အႏၲရာယ္ မျဖစ္ေစႏိုင္ေပမယ့္လည္း တစ္ပတ္အတြင္း ဘယ္ေလာက္မ်ားမ်ား စားထားလဲဆိုတာကို ေသခ်ာေစာင့္ၾကည့္ဖို႔ လိုပါတယ္။

8. ပီေလာပီနံ

ပီေလာပီနံက ကမၻာေပၚမွာ တတိယ အစားအမ်ားဆံုးေသာ ကစီဓာတ္ပါဝင္တဲ့ အစားအစာ ျဖစ္ပါတယ္။ ဒီထဲမွာ cyanide အဆိပ္ ပါဝင္တဲ့အတြက္ အစိမ္းစားရင္ ေသႏိုင္ပါတယ္။ ပီေလာပီနံအခ်ိဳနဲ႔ အခါး ႏွစ္မ်ိဳး ရွိတဲ့အနက္ အခါးမွာ cyanide ပိုပါဝင္ပါတယ္။ ပီေလာပီနံအခါး အစိမ္း ၁ ေပါင္ စားမိရင္ ႏြားတစ္ေကာင္ကို ေသေစႏိုင္ၿပီးေတာ့ လူေတြကိုေတာင္မွ ေသေစႏိုင္ပါတယ္။
Dr. Mya Myo Myo Swe

#Unicode Version#

 မီးဖိုချောင်ထဲမှာရှိတဲ့ ကိုယ့်မိသားစုကို အန္တရာယ်ဖြစ်စေနိုင်တဲ့ အစားအစာတွေကို ဖတ်ကြည့်ရအောင်ပါ။

1. သစ်သီးအစေ့များ

ချယ်ရီသီး၊ ဆီးသီး၊ တရုတ်ဆီးသီး၊ မက်မွန်သီး စတဲ့ အသီးတွေမှာ prussic acid လို့ခေါ်တဲ့ hydrogen cyanide တစ်မျိုး ပါဝင်တယ်တဲ့နော်။ ဒါကြောင့် ဒီအသီးတွေ စားရင် အစေ့ကို ဝါးစားတာ၊ စုပ်တာမျိုးတွေ မလုပ်ကြပါနဲ့။

ပန်းသီးအစေ့မှာလည်း cyanide အဆိပ် ပါ,ပါတယ်။ အများကြီး စားမိမှသာ နေမကောင်း ဖြစ်စေနိုင်တယ် ဆိုပေမယ့်လည်း အန္တရာယ်ကို သတိထားပြီး စားကြစေလိုပါတယ်။


2. ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ အသီးကိုပဲစားပြီး အရွက်တွေ၊ ရိုးတံတွေကို ဘာလို့မစားကြသလဲ သိကြပါသလား။ ဒီအရွက်တွေနဲ့ ရိုးတံတွေမှာ ပြင်းထန်တဲ့ စိတ်လှုပ်ရှားမှုတွေနဲ့ အစာအိမ်ကို ဒုက္ခပေးနိုင်တဲ့ glycoalkaloids ပါဝင်ပါတယ်။

3. အာလူး

အာလူးရဲ့ အရွက်၊ ရိုးတံနဲ့ အပင်ပေါက် အညှောက်တွေမှာ ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ သတိလစ်မေ့မြောခြင်း (ကိုမာ) နဲ့ အသက်ဆုံးရှုံးခြင်းကိုတောင် ဖြစ်စေနိုင်တဲ့ glycoalkaloids ဓာတ် ပါဝင်ပါတယ်။ ဒီဓာတ်တွေက အထူးသဖြင့် အလင်းရောင်နဲ့ ထိတွေ့ပြီး အကြာကြီးထားတဲ့ အာလူးတွေထဲမှာ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် အာလူးပေါ်မှာ အစိမ်းရောင်လေး သန်းနေတာတွေ့ရင် မနှမြောပါနဲ့ လွှတ်ပစ်လိုက်ပါ။ ကိုယ့်ခန္ဓာကိုယ် အလေးချိန်ရဲ့ 3-6 per kilo စားမိရင်တောင်မှ သေစေနိုင်ပါတယ်။

4. ပဲနီ

ဒီပဲထဲမှာ phytohemagglutinin ဆိုတဲ့ အဆိပ်ဓာတ် ပါဝင်တဲ့အတွက် ဒီပဲကို အနည်းဆုံး ၁၀ မိနစ်လောက် ပြုတ်ပြီးမှ စားရပါမယ်။ မပြုတ်ဘဲ ဘယ်တော့မှ မစားပါနဲ့။ နောက်တစ်နည်းအနေနဲ့ စည်သွပ်ပဲဘူးတွေ စားလို့ရပါတယ်။ သေချာပြုတ်မထားဘဲနဲ့ နည်းနည်းလေး စားမိရင်တောင်မှ နေမကောင်း ဖြစ်စေနိုင်ပါတယ်။ ရှားပါးပေမယ့်လည်း အသက်ဆုံးရှုံးသည်အထိတောင် ရှိပါတယ်။

5. ဇာတိပ္ဖိုလ်သီး

ဇာတိပ္ဖိုလ်သီးမှာ စိတ်ကို ထင်ယောင်ထင်မှား ဖြစ်စေတတ်တဲ့ myristicine ဓာတ် ပါဝင်ပါတယ်။ 0.2 အောင်စလောက် စားမိရင်တောင်မှ တက်စေနိုင်ပါတယ်။ ဇာတိပ္ဖိုလ်သီးတစ်လုံးလုံး စားလိုက်ရင်တော့ ဂဏှာမငြိမ်ဖြစ်ခြင်း၊ ထင်ယောင်ထင်မှားမြင်ခြင်း၊ ကြားခြင်း၊ ကိုယ့်ကိုယ်ကို သေတော့မယ်လို့ ခံစားရခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

6. အယ်မွန်စေ့

အယ်မွန်စေ့ အချိုနဲ့ အခါး ဆိုပြီးတော့ နှစ်မျိုး ရှိပါတယ်။ ခါးတဲ့အစေ့မှာ hydrogen cyanide ဆိုတဲ့ အဆိပ် ပါဝင်တဲ့အတွက် အစိမ်းစားလို့ မရပါဘူး။ အယ်မွန်စေ့ အခါး ၇-၁၀ စေ့လောက် အစိမ်းစားမိတာနဲ့ လူကြီးတွေမှာ နေမကောင်းဖြစ်စေပြီးတော့ ကလေးတွေမှာဆိုရင် သေစေနိုင်ပါတယ်။

7. တူနာငါး

တူနာငါးမှာ ပြဒါးဓာတ် မြင့်မားစွာ ပါဝင်ပြီးတော့ အများကြီးစားမိရင် ကျွနု်ပ်တို့ရဲ့ ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်၊ အဆုတ်နဲ့ ကိုယ်ခံအားစနစ်တွေကို အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်လည်းပဲ ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ အနေနဲ့ တူနာငါး မစားသုံးသင့်ပါဘူး။ တူနာ တစ်ခါစားတာနဲ့ အန္တရာယ် မဖြစ်စေနိုင်ပေမယ့်လည်း တစ်ပတ်အတွင်း ဘယ်လောက်များများ စားထားလဲဆိုတာကို သေချာစောင့်ကြည့်ဖို့ လိုပါတယ်။

8. ပီလောပီနံ

ပီလောပီနံက ကမ္ဘာပေါ်မှာ တတိယ အစားအများဆုံးသော ကစီဓာတ်ပါဝင်တဲ့ အစားအစာ ဖြစ်ပါတယ်။ ဒီထဲမှာ cyanide အဆိပ် ပါဝင်တဲ့အတွက် အစိမ်းစားရင် သေနိုင်ပါတယ်။ ပီလောပီနံအချိုနဲ့ အခါး နှစ်မျိုး ရှိတဲ့အနက် အခါးမှာ cyanide ပိုပါဝင်ပါတယ်။ ပီလောပီနံအခါး အစိမ်း ၁ ပေါင် စားမိရင် နွားတစ်ကောင်ကို သေစေနိုင်ပြီးတော့ လူတွေကိုတောင်မှ သေစေနိုင်ပါတယ်။
Dr. Mya Myo Myo Swe

No comments:

Post a Comment