Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, May 27, 2019

သမီး ၃ ေယာက္ နဲ႔ လူရႈပ္တစ္ေယာက္ရဲ႕ ဇာတ္လမ္းျဖစ္ပံု

တစ္ခါက ရြာတစ္ရြာမွာ သမီး ၃ ေယာက္ေမြးထားတဲ့ အေဒၚႀကီးတစ္ေယာက္ရွိသတဲ့။ အဲဒီရြာမွာပဲ ၿမိဳ ကေရာက္လာတဲ့ အင္မတန္အေျပာေကာင္းၿပီး အလုပ္မလုပ္ပဲ လိမ္ညာစားေသာက္ေနတဲ့ ပတ္ခၽြဲႏွပ္ခၽြဲ လူရႈပ္တစ္ေယာက္လည္း ရွိသတဲ့။

ေက်းလက္ေဒသရဲ႕ဓေလ့စရုိက္အရ ရြာသူရြာသားေတြဟာ အင္မတန္လည္း ရုိးသားၾကပါတယ္တဲ့။ ဒီလုိနဲ႔ အေဒၚႀကီးရဲ႕ သမီးအႀကီးဆံုးဟာလူရႈပ္နဲ႔ အေၾကာင္းပါပါေလေရာ။

လူရႈပ္လူလည္ကလည္း သူ႔ထံုးစံအတုိင္း ေယာက္ခမ နဲ႔ ခယ္မေတြကိုပါ အဆင္ေျပေအာင္ေျပာဆုိစည္းရံုးၿပီး တစ္အိမ္လံုးရဲ႕ေမတၱာကုိ ရေအာင္ယူထားႏုိင္ခဲ့ပါတယ္။ ဒီလုိနဲ႔ တစ္ေန႔မွာလူရႈပ္ရဲ႕ဇနီးဟာ အမ်ဳိးသမီးေရာဂါနဲ႔ရုတ္တရက္ကြယ္လြန္ပါတယ္။

မိန္းမျဖစ္သူရဲ႕အသုဘမွာလူရႈပ္ဟာ အမ်ဳိးမ်ိဳးေသာအလြမ္းအေဆြး တမ္းတမႈေတြနဲ႔က်ဴက်ဴပါေအာင္ငုိပါတယ္ ေယာက္ခမခယ္မေတြသာမက အသုဘလာၾကတဲ့ ပရိသတ္ႀကီးလည္းလူရႈပ္ရဲ႕ အလြမ္းအေသာေလးေတြကုိနားေထာင္ရင္းကရုဏာျဖစ္မိၾကတယ္။

ဒီလုိနဲ႔အသုဘကိစၥၿပီးလုိ႔ ရက္လည္ဆြမ္းသြပ္တဲ့အခါ အမွ်ေဝရင္းလူရႈပ္ကသူရဲ႕ ေနာက္ဆံုးငုိေၾကြးတမ္းတျခင္းကုိ ဟန္ အျပည့္နဲ႔လုပ္ေဆာင္ခဲ့ပါတယ္။ ေအာက္မေလး ေမာင့္အခ်စ္ရဲ႕မင္းေနာက္ဆံုးအခ်ိန္မွာ တတြတ္တြတ္မွာၾကားခဲ့ တဲ့စကား ကုိ ေမာင္မေျပာရက္ပါဘူး ေမာင့္ကုိ ခြင့္လႊတ္ေပးပါေတာ့

••ေနာက္ဘဝမွသာ အျပစ္ေတြေက်ေအာင္ဆပ္ပါရေစ ေကာင္း မြန္ရာဘံုဘဝမွာ ေမာင့္ကုိေစာင့္ေနပါ ေမာင္အေရာက္လာခဲ့ပါ့မယ္ တို႔ႏွစ္ဦးဆံုတဲ့အခါမွသာေမာင့္ကုိ အျပစ္တင္ပါေတာ့ေ မာင့္အခ်စ္ရဲ႕ ဆုိၿပီး ၄•၅ ႀကိမ္ အသံျပာေအာင္ ေအာ္ဟစ္ငုိယုိပါေလေရာ။

ပရိသတ္ေတြနဲ႔ဆြမ္းစားၾကြတဲ့ သံဃာေတာ္ေတြလည္း ကရုဏာသက္ရင္းျပန္သြားၾကပါသတဲ့။ ဒီလုိနဲ႔ ကိစၥၿပီးေတာ့ ေယာက္ခမႀကီးက သမီးျဖစ္သူရဲ႕ေနာက္ဆံုးဆႏၵကုိ လုိက္ေလ်ာခ်င္တာေၾကာင့္ သားမက္ကုိေခၚၿပီး သမီးေနာက္ ဆံုးဘာမွာခဲ့သလဲသား အားမနာနဲ႔အေမ့ကုိေျပာပါ ဘာျဖစ္ျဖစ္လုပ္ေပးပါ့မယ္ အေမ့သမီးေလးသူ႔ခရီးကုိ ေကာင္းေကာ င္းသြားပါေစကြယ္လုိ႔ ေျပာသတဲ့။

သားမက္ျဖစ္သူကလည္း အပူရုပ္ကုိဟန္လုပ္ရင္း က်ေနာ္မေျပာရက္ပါဘူးအေမရယ္လုိ႔ မ်က္ရည္ေလးတစမ္းစမ္း အသံ တုိးတုိးညင္းညင္းေလးနဲ႔ ေျပာရွာသတဲ့။ ဒီလုိနဲ႔ ႀကိမ္ဖန္မ်ားစြာ အားနာဖုိ႔မလုိေၾကာင္း ေယာက္ခမျဖစ္သူကေျပာေ လေ တာ့ ေဘးကခယ္မအလတ္ေလးကုိ လွမ္းၾကည့္ရင္း••

နားနဲ႔မနာဖဝါးနဲ႔ နာပါအေမ•• အေမ့သမီးကသူမရွိတဲ့ေနာက္ပုိင္းမွာ ဒီအိမ္ကေနဘယ္ကုိမွထြက္မသြားပဲ•• ညီ မေ လးနဲ႔ က်ေနာ့္ကုိလက္ထပ္ပါလုိ႔ ေသေသခ်ာခ်ာ မွာသြားတယ္••• ဒါေပမယ့္က်ေနာ္ ဘယ္လုိေျပာရက္မွာလဲအေ မရယ္လုိ႔ ေျပာရင္းငုိခ်ပါေလေရာ။

သမီးျဖစ္သူကုိ ခ်စ္ရတဲ့ခ်စ္ျခင္းေၾကာင့္ ေယာက္ခမႀကီးခမ်ာမၾကာခင္မွာပဲ သားမက္ျဖစ္သူကုိသမီးအလတ္နဲ႔ ေနရာခ်ေပး ပါသတဲ့။ သားမက္လူရႈပ္ကလည္း ေရွးကထက္တုိးလုိ႔ ကြယ္လြန္သူဇနီးစကားကုိ အေလးထားၿပီးမိသားစုအေပၚမွာ အရ င္ကထက္ပုိၿပီး ၾကင္ၾကင္နာနာဆက္ဆံပါသတဲ့။

ဒီလုိနဲ႔မၾကာခင္မွာ သမီးအလတ္ေလးလည္း အမ်ဳိးသမီးေရာဂါနဲ႔ ကြယ္လြန္ျပန္ပါေလေရာတဲ့••• အဲဒီအခါမွာေတာ့ သား မက္ဟာသူရဲ႕ငုိခ်င္းကုိ အရွိန္ပုိျမွင့္ၿပီး သူ႔ဘဝကံဆုိးေၾကာင္းေတြေရာ သူ႔ကုိၾကင္နာသူမွန္သမွ် လူ႔ေလာကႀကီးကေ စာေ စာ ထြက္သြားတတ္ေၾကာင္းေတြကုိေရာ သူဟာမေကာင္းေသာ ၿဂိဳလ္ေကာင္ႀကီးသာျဖစ္ေၾကာင္း ဇနီးမ်ားရဲ႕ကုိယ္စား သူ သာ ေသသြားလုိက္ခ်င္ေၾကာင္းေတြကုိ စီကာပတ္ကံုးဖဲြ႕ႏဲြ႕ငုိေၾကြးပါသတဲ့။

ရြာသူရြာသားေတြလည္း မယားႏွစ္ေယာက္ဆက္တုိက္ ယူႏုိင္ျခင္းကုိေမ့ေပ်ာက္ၿပီး ေကာင္ေလးကံဆုိးလုိက္တာဆုိတဲ့ မွတ္ခ်က္ေလးျပဳရင္း ကရုဏာသက္ၾကျပန္သတဲ့။ ဒီလုိနဲ႔အသုဘကိစၥၿပီးလုိ႔ ရက္လည္ဆြမ္းသြပ္တဲ့အခါ အမွ်ေဝရင္း လူ ရႈပ္က သူရဲ႕ဒုတိယေျမာက္ ေနာက္ဆံုးငုိေၾကြးတမ္းတျခင္းကုိ အရင္ကထက္ပုိတဲ့ဟန္နဲ႔ထပ္ၿပီး လုပ္ေဆာင္ခဲ့ျပန္ပါတယ္။

ေအာက္မေလးညီမေလးရဲ႕ မင္းလည္းမင္းအစ္မလုိ အကုိ႔ကုိေနာက္ဆံုးအခ်ိန္မွာ တတြတ္တြတ္မွာၾကားခဲ့တဲ့စကားကုိ အကုိဘယ္လုိေျပာထြက္ပါ့မတုန္း အကုိ႔ကုိခြင့္လႊတ္ေပးပါေတာ့ ေနာက္ဘဝမွသာအျပစ္ေတြ ေက်ေအာင္ဆပ္ပါရေစ ေကာင္းမြန္ရာဘံုဘဝမွာ အကုိ႔ကုိေစာင့္ေနပါ အကုိတုိ႔ဆံုတဲ့အခါမွသာ အျပစ္တင္ပါေတာ့ ဆုိၿပီး ေရွးနည္းအတုိင္း ၄•၅ႀကိမ္ အသံျပာေအာင္ ေအာ္ဟစ္ငုိယုိျပန္ပါသတဲ့။

ပရိသတ္ေတြနဲ႔ဆြမ္းစားၾကြတဲ့ သံဃာေတာ္ေတြလည္း ယခင္အတုိင္းကရုဏာသက္ရင္း ျပန္သြားၾကပါသတဲ့။ ဒီလုိနဲ ႔ကိစၥၿပီးေတာ့ေယာက္ခမႀကီးက သမီးျဖစ္သူရဲ႕ေနာက္ဆံုးဆႏၵကုိ ရိပ္စားမိတာေၾကာင့္သားမက္ကုိေခၚရင္း••

သူ႔အစ္မလုိပဲမွာခဲ့သလား သား လုိ႔ ေမးရွာသတဲ့ သားမက္ကလည္း မ်က္ဝန္းတစ္ဝိုက္က မေျခာက္ေသးတဲ့မ်က္ရည္ စက္ေတြကုိ အက်ႌလက္နဲ႔သုတ္ရင္း ငုိသံေလးနဲ႔ဟုတ္ကဲ့ပါ အေမလုိ႔ေျပာရင္း တရႈံ႕ ရံႈ႕ ငုိေၾကြးပါသတဲ့။

မိခင္ႀကီးကလည္း ဘယ္တတ္ႏုိင္မလဲကြယ္ သြားေလသူေတြရဲ႕ဆႏၵကုိေတာ့လိုက္ေလ်ာေပးရမွာေပါ့လုိ႔ေျပာရင္း သားမက္ လူရႈပ္ကုိ သမီးအငယ္ဆံုးေလးနဲ႔ ေနရာခ်ထားေပးျပန္သတဲ့။

ဒီလုိနဲ႔ မဂၤလာေဆာင္ၿပီးတဲ့ည အိပ္ခန္းထဲမဝင္မီမွာ မိခင္ျဖစ္သူက သမီးနဲ႔သားမက္ကုိေခၚၿပီး သမီးေလး အခုအေမ့မွာလ ည္း သမီးတစ္ေယာက္ပဲရွိေတာ့တယ္သမီး က်န္းမာေရးကုိ အထူးဂရုစုိက္ပါ

က်န္းမာေအာင္ ေနပါ••• အေမ အထူးမွာခ်င္တာကေတာ့ တကယ္လုိ႔သမီးလည္း သမီးအစ္မေတြလုိ ေသဆံုးခဲ့ရမယ္ဆုိ ရင္••• ေနာက္ဆံုးစကားကုိလည္း ဆင္ဆင္ျခင္ျခင္ေျပာခဲ့ပါ••• သမီးေသဆံုးသြားရင္ အေမပဲက်န္ခဲ့ေတာ့မွာ••• မလု ပ္ေကာင္းတာေတြကုိ မမွာခဲ့ပါနဲ႔သမီးလုိ႔ ဆံုးမစကားကုိ ေျပာၾကားလုိက္ေလေတာ့သတည္း
Ko Phyu Sinn

#Unicode Version#
တစ်ခါက ရွာတစ်ရွာမှာ သမီး ၃ ယောက်မွေးထားတဲ့ အဒေါ်ကြီးတစ်ယောက်ရှိသတဲ့။ အဲဒီရွာမှာပဲ မြို ကရောက်လာတဲ့ အင်မတန်အပြောကောင်းပြီး အလုပ်မလုပ်ပဲ လိမ်ညာစားသောက်နေတဲ့ ပတ်ချွဲနှပ်ချွဲ လူရှုပ်တစ်ယောက်လည်း ရှိသတဲ့။

ကျေးလက်ဒေသရဲ့ဓလေ့စရိုက်အရ ရွာသူရွာသားတွေဟာ အင်မတန်လည်း ရိုးသားကြပါတယ်တဲ့။ ဒီလိုနဲ့ အဒေါ်ကြီးရဲ့ သမီးအကြီးဆုံးဟာလူရှုပ်နဲ့ အကြောင်းပါပါလေရော။

လူရှုပ်လူလည်ကလည်း သူ့ထုံးစံအတိုင်း ယောက်ခမ နဲ့ ခယ်မတွေကိုပါ အဆင်ပြေအောင်ပြောဆိုစည်းရုံးပြီး တစ်အိမ်လုံးရဲ့မေတ္တာကို ရအောင်ယူထားနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာလူရှုပ်ရဲ့ဇနီးဟာ အမျိုးသမီးရောဂါနဲ့ရုတ်တရက်ကွယ်လွန်ပါတယ်။

မိန်းမဖြစ်သူရဲ့အသုဘမှာလူရှုပ်ဟာ အမျိုးမျိုးသောအလွမ်းအဆွေး တမ်းတမှုတွေနဲ့ကျူကျူပါအောင်ငိုပါတယ် ယောက်ခမခယ်မတွေသာမက အသုဘလာကြတဲ့ ပရိသတ်ကြီးလည်းလူရှုပ်ရဲ့ အလွမ်းအသောလေးတွေကိုနားထောင်ရင်းကရုဏာဖြစ်မိကြတယ်။

ဒီလိုနဲ့အသုဘကိစ္စပြီးလို့ ရက်လည်ဆွမ်းသွပ်တဲ့အခါ အမျှဝေရင်းလူရှုပ်ကသူရဲ့ နောက်ဆုံးငိုကြွေးတမ်းတခြင်းကို ဟန် အပြည့်နဲ့လုပ်ဆောင်ခဲ့ပါတယ်။ အောက်မလေး မောင့်အချစ်ရဲ့မင်းနောက်ဆုံးအချိန်မှာ တတွတ်တွတ်မှာကြားခဲ့ တဲ့စကား ကို မောင်မပြောရက်ပါဘူး မောင့်ကို ခွင့်လွှတ်ပေးပါတော့

••နောက်ဘဝမှသာ အပြစ်တွေကျေအောင်ဆပ်ပါရစေ ကောင်း မွန်ရာဘုံဘဝမှာ မောင့်ကိုစောင့်နေပါ မောင်အရောက်လာခဲ့ပါ့မယ် တို့နှစ်ဦးဆုံတဲ့အခါမှသာမောင့်ကို အပြစ်တင်ပါတော့ေ မာင့်အချစ်ရဲ့ ဆိုပြီး ၄•၅ ကြိမ် အသံပြာအောင် အော်ဟစ်ငိုယိုပါလေရော။

ပရိသတ်တွေနဲ့ဆွမ်းစားကြွတဲ့ သံဃာတော်တွေလည်း ကရုဏာသက်ရင်းပြန်သွားကြပါသတဲ့။ ဒီလိုနဲ့ ကိစ္စပြီးတော့ ယောက်ခမကြီးက သမီးဖြစ်သူရဲ့နောက်ဆုံးဆန္ဒကို လိုက်လျောချင်တာကြောင့် သားမက်ကိုခေါ်ပြီး သမီးနောက် ဆုံးဘာမှာခဲ့သလဲသား အားမနာနဲ့အမေ့ကိုပြောပါ ဘာဖြစ်ဖြစ်လုပ်ပေးပါ့မယ် အမေ့သမီးလေးသူ့ခရီးကို ကောင်းကော င်းသွားပါစေကွယ်လို့ ပြောသတဲ့။

သားမက်ဖြစ်သူကလည်း အပူရုပ်ကိုဟန်လုပ်ရင်း ကျနော်မပြောရက်ပါဘူးအမေရယ်လို့ မျက်ရည်လေးတစမ်းစမ်း အသံ တိုးတိုးညင်းညင်းလေးနဲ့ ပြောရှာသတဲ့။ ဒီလိုနဲ့ ကြိမ်ဖန်များစွာ အားနာဖို့မလိုကြောင်း ယောက်ခမဖြစ်သူကပြောေ လေ တာ့ ဘေးကခယ်မအလတ်လေးကို လှမ်းကြည့်ရင်း••

နားနဲ့မနာဖဝါးနဲ့ နာပါအမေ•• အမေ့သမီးကသူမရှိတဲ့နောက်ပိုင်းမှာ ဒီအိမ်ကနေဘယ်ကိုမှထွက်မသွားပဲ•• ညီ မေ လးနဲ့ ကျနော့်ကိုလက်ထပ်ပါလို့ သေသေချာချာ မှာသွားတယ်••• ဒါပေမယ့်ကျနော် ဘယ်လိုပြောရက်မှာလဲအေ မရယ်လို့ ပြောရင်းငိုချပါလေရော။

သမီးဖြစ်သူကို ချစ်ရတဲ့ချစ်ခြင်းကြောင့် ယောက်ခမကြီးခမျာမကြာခင်မှာပဲ သားမက်ဖြစ်သူကိုသမီးအလတ်နဲ့ နေရာချပေး ပါသတဲ့။ သားမက်လူရှုပ်ကလည်း ရှေးကထက်တိုးလို့ ကွယ်လွန်သူဇနီးစကားကို အလေးထားပြီးမိသားစုအပေါ်မှာ အရ င်ကထက်ပိုပြီး ကြင်ကြင်နာနာဆက်ဆံပါသတဲ့။

ဒီလိုနဲ့မကြာခင်မှာ သမီးအလတ်လေးလည်း အမျိုးသမီးရောဂါနဲ့ ကွယ်လွန်ပြန်ပါလေရောတဲ့••• အဲဒီအခါမှာတော့ သား မက်ဟာသူရဲ့ငိုချင်းကို အရှိန်ပိုမြှင့်ပြီး သူ့ဘဝကံဆိုးကြောင်းတွေရော သူ့ကိုကြင်နာသူမှန်သမျှ လူ့လောကကြီးကေ စာေ စာ ထွက်သွားတတ်ကြောင်းတွေကိုရော သူဟာမကောင်းသော ဂြိုလ်ကောင်ကြီးသာဖြစ်ကြောင်း ဇနီးများရဲ့ကိုယ်စား သူ သာ သေသွားလိုက်ချင်ကြောင်းတွေကို စီကာပတ်ကုံးဖွဲ့နွဲ့ငိုကြွေးပါသတဲ့။

ရွာသူရွာသားတွေလည်း မယားနှစ်ယောက်ဆက်တိုက် ယူနိုင်ခြင်းကိုမေ့ပျောက်ပြီး ကောင်လေးကံဆိုးလိုက်တာဆိုတဲ့ မှတ်ချက်လေးပြုရင်း ကရုဏာသက်ကြပြန်သတဲ့။ ဒီလိုနဲ့အသုဘကိစ္စပြီးလို့ ရက်လည်ဆွမ်းသွပ်တဲ့အခါ အမျှဝေရင်း လူ ရှုပ်က သူရဲ့ဒုတိယမြောက် နောက်ဆုံးငိုကြွေးတမ်းတခြင်းကို အရင်ကထက်ပိုတဲ့ဟန်နဲ့ထပ်ပြီး လုပ်ဆောင်ခဲ့ပြန်ပါတယ်။

အောက်မလေးညီမလေးရဲ့ မင်းလည်းမင်းအစ်မလို အကို့ကိုနောက်ဆုံးအချိန်မှာ တတွတ်တွတ်မှာကြားခဲ့တဲ့စကားကို အကိုဘယ်လိုပြောထွက်ပါ့မတုန်း အကို့ကိုခွင့်လွှတ်ပေးပါတော့ နောက်ဘဝမှသာအပြစ်တွေ ကျေအောင်ဆပ်ပါရစေ ကောင်းမွန်ရာဘုံဘဝမှာ အကို့ကိုစောင့်နေပါ အကိုတို့ဆုံတဲ့အခါမှသာ အပြစ်တင်ပါတော့ ဆိုပြီး ရှေးနည်းအတိုင်း ၄•၅ကြိမ် အသံပြာအောင် အော်ဟစ်ငိုယိုပြန်ပါသတဲ့။

ပရိသတ်တွေနဲ့ဆွမ်းစားကြွတဲ့ သံဃာတော်တွေလည်း ယခင်အတိုင်းကရုဏာသက်ရင်း ပြန်သွားကြပါသတဲ့။ ဒီလိုနဲ့ကိစ္စပြီးတော့ယောက်ခမကြီးက သမီးဖြစ်သူရဲ့နောက်ဆုံးဆန္ဒကို ရိပ်စားမိတာကြောင့်သားမက်ကိုခေါ်ရင်း••

သူ့အစ်မလိုပဲမှာခဲ့သလား သား လို့ မေးရှာသတဲ့ သားမက်ကလည်း မျက်ဝန်းတစ်ဝိုက်က မခြောက်သေးတဲ့မျက်ရည် စက်တွေကို အင်္ကျီလက်နဲ့သုတ်ရင်း ငိုသံလေးနဲ့ဟုတ်ကဲ့ပါ အမေလို့ပြောရင်း တရှုံ့ ရှုံ့ ငိုကြွေးပါသတဲ့။

မိခင်ကြီးကလည်း ဘယ်တတ်နိုင်မလဲကွယ် သွားလေသူတွေရဲ့ဆန္ဒကိုတော့လိုက်လျောပေးရမှာပေါ့လို့ပြောရင်း သားမက် လူရှုပ်ကို သမီးအငယ်ဆုံးလေးနဲ့ နေရာချထားပေးပြန်သတဲ့။

ဒီလိုနဲ့ မင်္ဂလာဆောင်ပြီးတဲ့ည အိပ်ခန်းထဲမဝင်မီမှာ မိခင်ဖြစ်သူက သမီးနဲ့သားမက်ကိုခေါ်ပြီး သမီးလေး အခုအမေ့မှာလ ည်း သမီးတစ်ယောက်ပဲရှိတော့တယ်သမီး ကျန်းမာရေးကို အထူးဂရုစိုက်ပါ

ကျန်းမာအောင် နေပါ••• အမေ အထူးမှာချင်တာကတော့ တကယ်လို့သမီးလည်း သမီးအစ်မတွေလို သေဆုံးခဲ့ရမယ်ဆို ရင်••• နောက်ဆုံးစကားကိုလည်း ဆင်ဆင်ခြင်ခြင်ပြောခဲ့ပါ••• သမီးသေဆုံးသွားရင် အမေပဲကျန်ခဲ့တော့မှာ••• မလု ပ်ကောင်းတာတွေကို မမှာခဲ့ပါနဲ့သမီးလို့ ဆုံးမစကားကို ပြောကြားလိုက်လေတော့သတည်း
Ko Phyu Sinn

No comments:

Post a Comment