Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, May 27, 2019

ဆရာဝန္အမ်ိဳးသမီးက ေရႊျပည္သာမီးသတ္ဦးစီးအပါအဝင္ ဝန္ထမ္း ၁ဝ ဦးကိုပုဒ္မ ၄ခုျဖင့္ အမႈဖြင့္


ေရႊျပည္သာၿမဳိ႕နယ္ မီးသတ္ ဦးစီးမွဴးအပါအဝင္ မီးသတ္ဝန္ထမ္း ၁ဝ ဦးကုိ ဆရာဝန္အမ်ိဳးသမီးတစ္ဦးက ပုဒ္မ ၄ ခုျဖင့္ ေမ ၂၅ ရက္က အမႈဖြင့္ထားေၾကာင္း ေရႊျပည္သာၿမိဳ႕မ ရဲစခန္းမွ သိရသည္။

ပုဒ္မ ၃၅၄ ကိုယ္ထိလက္ေရာက္ က်ဴးလြန္မႈ၊ ၅ဝ၆ ျခိမ္းေျခာက္မႈ၊ ပုဒ္မ ၅ဝ၉ ကာယိေျႏၵကိုေစာ္ကားရန္ ႀကံရြယ္ေျပာဆိုမႈ၊ ၁၁၄ ျပစ္မႈက်ဴးလြန္ျခင္းကို အားေပးကူညီမႈတို႔ျဖင့္ အမႈဖြင့္ခံထားရေၾကာင္း ေရႊျပည္သာၿမိဳ႕နယ္ မီးသတ္ဦးစီးဌာနမွ ဦးစီးမွဴး ဦးသြင္ယုႏုိင္က ေျပာသည္။

“ကၽြန္ေတာ္တို႔ဆီက ဝန္ထမ္း ၁ဝ ဦးကို ပုဒ္မ ၄ ခုနဲ႔ တရားစြဲထားတယ္။ ျဖစ္စဥ္ကို အထက္ကလူႀကီးေတြကို တင္ျပထားတယ္။ ကၽြန္ေတာ္ ရင္ဆုိင္ေျဖရွင္းဖို႔ပဲ ရွိပါတယ္”ဟု ၎ကဆိုသည္။

ေရႊျပည္သာ စက္မႈဇုန္ ၁ မီးသတ္ရုံးေရွ႕တြင္ရပ္နားထားေသာ ကားကုိဖယ္ခုိင္းရာမွ ကားပုိင္ရွင္ ဆရာဝန္အမ်ဳိးသမီးႏွင့္ မီးသတ္ဝန္ထမ္းမ်ား စကားမ်ားမႈျဖစ္ပြားၿပီး အမႈဖြင့္ခံရျခင္းျဖစ္ေၾကာင္း ဦးသြင္ယုႏုိင္က ေျပာသည္။

အဆုိပါအမႈႏွင့္ပတ္သက္၍ ေမ ၂၈ ရက္တြင္ ေရႊျပည္သာၿမိဳ႕မရဲစခန္းတြင္ သြားေရာက္ေျဖရွင္းမည္ဟု ၎ကဆိုသည္။

အဆုိပါ ေရႊျပည္သာ မီးသတ္ရုံးေရွ႕တြင္ အခ်င္းမ်ားေနေသာ ဗီဒီယိုကို လူမႈကြန္ရက္စာမ်က္ႏွာတြင္ Mya Wut Yee မွ တုိက္ရုိက္လႊင့္တင္ခဲ့ၿပီး ၾကည့္႐ႈ႕ႏႈန္းမ်ားကာ ေဝဖန္ေျပာဆုိမႈမ်ား ျမင့္တက္လ်က္ရွိသည္။

J-18

Credit – The Voice Daily

Unicode

ရွှေပြည်သာ မီးသတ်ဦးစီးအပါအဝင် ဝန်ထမ်း ၁ဝ ဦးကို ဆရာဝန်အမျိုးသမီးတစ်ဦးက ပုဒ်မ ၄ခုဖြင့် အမှုဖွင့်
ရန်ကုန်၊ မေ ၂၇

ရွှေပြည်သာမြို့နယ် မီးသတ် ဦးစီးမှူးအပါအဝင် မီးသတ်ဝန်ထမ်း ၁ဝ ဦးကို ဆရာဝန်အမျိုးသမီးတစ်ဦးက ပုဒ်မ ၄ ခုဖြင့် မေ ၂၅ ရက်က အမှုဖွင့်ထားကြောင်း ရွှေပြည်သာမြို့မ ရဲစခန်းမှ သိရသည်။

ပုဒ်မ ၃၅၄ ကိုယ်ထိလက်ရောက် ကျူးလွန်မှု၊ ၅ဝ၆ ခြိမ်းခြောက်မှု၊ ပုဒ်မ ၅ဝ၉ ကာယိန္ဒြေကိုစော်ကားရန် ကြံရွယ်ပြောဆိုမှု၊ ၁၁၄ ပြစ်မှုကျူးလွန်ခြင်းကို အားပေးကူညီမှုတို့ဖြင့် အမှုဖွင့်ခံထားရကြောင်း ရွှေပြည်သာမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးသွင်ယုနိုင်က ပြောသည်။

“ကျွန်တော်တို့ဆီက ဝန်ထမ်း ၁ဝ ဦးကို ပုဒ်မ ၄ ခုနဲ့ တရားစွဲထားတယ်။ ဖြစ်စဉ်ကို အထက်ကလူကြီးတွေကို တင်ပြထားတယ်။ ကျွန်တော် ရင်ဆိုင်ဖြေရှင်းဖို့ပဲ ရှိပါတယ်”ဟု ၎င်းကဆိုသည်။

ရွှေပြည်သာ စက်မှုဇုန် ၁ မီးသတ်ရုံးရှေ့တွင်ရပ်နားထားသော ကားကိုဖယ်ခိုင်းရာမှ ကားပိုင်ရှင် ဆရာဝန်အမျိုးသမီးနှင့် မီးသတ်ဝန်ထမ်းများ စကားများမှုဖြစ်ပွားပြီး အမှုဖွင့်ခံရခြင်းဖြစ်ကြောင်း ဦးသွင်ယုနိုင်က ပြောသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ မေ ၂၈ ရက်တွင် ရွှေပြည်သာမြို့မရဲစခန်းတွင် သွားရောက်ဖြေရှင်းမည်ဟု ၎င်းကဆိုသည်။

အဆိုပါ ရွှေပြည်သာ မီးသတ်ရုံးရှေ့တွင် အချင်းများနေသော ဗီဒီယိုကို လူမှုကွန်ရက်စာမျက်နှာတွင် Mya Wut Yee မှ တိုက်ရိုက်လွှင့်တင်ခဲ့ပြီး ကြည့်ရှု့နှုန်းများကာ ဝေဖန်ပြောဆိုမှုများ မြင့်တက်လျက်ရှိသည်။

J-18

No comments:

Post a Comment