Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, May 24, 2019

ရဟႏၱာ ျဖစ္ေနသည့္ စြန္းလြန္း ဆရာေတာ္ဘုရားႀကီး မီးရႈိ႕ခံရတာ ဘာေၾကာင့္လဲ


စြန္းလြန္းဆရာေတာ္ၾကီး သက္ေတာ္ထင္ရွားရွိစဥ္အခါက လူဆုိးလူမုိက္ၾကီး ဦးျမေမာင္ဆုိေသာသူသည္ သတိသံေ၀ဂရကာ ဆရာေတာ္ၾကီးထံ ရဟန္းအျဖစ္ ခံယူလ်ွက္ ၀ိပႆနာတရားမ်ား ရွဳပြားရာ (၇)ရက္မွ်ျဖင့္ ရဟန္းကိစၥၿပီးေတာ္မူသည္။

တေန႔.. ည(၁၁)နာရီခြဲခန႔္ ကုဋီသုိ႔သြားေတာ္မူေသာအခါ အသင့္ေစာင့္ေနေသာ လူဆုိးမ်ားက ဦးမဏိသာရအား ဖမ္းဆီးဆီးၿပီး ဂူအတြင္းသုိ႔ ယူေဆာင္သြား၏။ ပါးစပ္အတြင္း အ၀တ္မ်ားပိတ္ဆုိ႔ကာ ၾကဳိးမ်ားတုတ္လ်က္ အရွင္လတ္လတ္ မီးရွဳ႔ိၾက၏။ ပါးစပ္အတြင္း အ၀တ္မ်ားပိတ္ဆုိ႔ထားသျဖင့္ ႏွဳတ္္ျဖင့္ အကူအညီေတာင္း၍ မရသျဖင့္ စြန္းလြန္းဆရာေတာ္ၾကီး အား မေနာျဖင့္ေလ်ာက္ထားကာ သမာပတ္၀င္စား၍ ေနေတာ္မူ၏။

ထုိအေၾကာင္းကုိ ဆရာေတာ္ၾကီးသိေတာ္မူသျဖင့္ စည္မ်ား တုံးေမာင္းမ်ား ကုလားတက္မ်ား တီးခုိင္းေတာ္မူရာ ဂူအတြင္း တရားထုိင္ေနၾကေသာ ေယာဂီမ်ား အထိတ္တလန္ ႔ျဖစ္ကုန္ၾက၏။ ဂူအျပင္သုိ႔ ထြက္ၾကည့္ရာ ရဟန္းတပါး တရား၀င္ ေနေသာ ဂူအတြင္း မီးမ်ားေတာက္ေလာင္ေနသည္ကုိ ေတြ႔ျမင္ရျဖင့္ ၀ုိင္း၀န္းကာ မီးၿငိမ္းသတ္လုိက္ရ၏။ ဦးမဏိသာရကား မီးရွဳ႔ိခံရစဥ္ သမာပတ္၀င္စားေနသျဖင့္ မီးအပူရွိန္ အဟပ္ခံရသည္မွအပ မည္သည့္ဒဏ္ရာမွ်မျဖစ္။ ဤကား ပထမအၾကိမ္ ၀ဋ္ေၾကြး ေပးဆပ္ရျခင္းျဖစ္၏။

ဒုတိယအၾကိမ္တြင္ကား မနာလုိ ၀န္တုိသူမ်ားက ဖမ္းဆီးၿပီး ဓားႏွင့္၀ုိင္းခုတ္ျခင္း ခံရျပန္၏။ သည္းခံၿပီး သမာပတ္၀င္စား ေနသျဖင့္ ၾကီးက်ယ္ေသာဒဏ္ရာမ်ားမရဘဲ မျဖစ္စေလာက္ ျမက္ရွရာမွ်သာ ဒဏ္ရာရ၏။ တတိယ အၾကိမ္တြင္ကား ျမင္းၿခံနယ္ ဆီမီးကန္ရြာမွာ ၀ါဆုိ၀ါကပ္စဥ္ လူဆုိးမ်ား၏ ဂူပိတ္မီးရွဳိ႔ျခင္း ခံရျပန္၏။ အသက္မေသ လြတ္ေျမာက္ခဲ့ျပန္၏။

စြန္းလြန္းဆရာေတာ္ၾကီးက.. “ ဦးပဥၥင္း..သူ႔အေၾကြးရွိရင္ဆပ္လုိက္ပါ၊ကုိယ္ကလုပ္ခဲ့မိၿပီကုိး”ဟုသာ မိန္႔ေတာ္မူ၏။ ဦးမဏိသာရကား မိမိ၀ဋ္ေၾကြးအေၾကာင္းကုိ မိမိကုိယ္တုိင္ဆင္ျခင္၍ သိၿပီးျဖစ္သျဖင့္ အထူးမတုန္လွဳပ္။ဓမၼသံေ၀ဂယူကာ တရားႏွလုံးသြင္းေတာ္မူ၏။



ဦးမဏိသာရကား ၀ဋ္ေၾကြးၾကီးသေလာက္ သမာဓိအား ေကာင္းေတာ္မူေသာ အံ့ဘြယ္ရဟႏၱာတဆူျဖစ္ေတာ္မူ၏။ ထုိ ဦးမဏိသာရအေလာင္း ဦးျမေမာင္ကား လူ႔ဘ၀က အလြန္ဆုိးေပေသာသူ ျဖစ္ခဲ့၏။ ဇနီးမယားခုႏွစ္ေယာက္ယူ၏။ ဇနီးမ်ားအားလည္း ႏွိပ္စက္ေလ့ရွိသည့္အျပင္ မိမိဇနီးမ်ားႏွင့္ သကၤာမကင္းသူမ်ားကုိလည္း ခ်မ္းသာမေပး၊ သတ္ျဖတ္ေလ့ ရွိ၏။

ဦးျမေမာင္သည္ လူ႔ဘ၀က လွည္းအငွါးလုိက္စားၿပီး အသက္ေမြး၏။ ႏြားမ်ားကုိလည္း အလြန္ႏွိပ္စက္ခဲ့၏။ လွည္းတုိက္ရာ တြင္ ၀န္ႏွင့္အားမမွ်၍ ကုန္းအတက္တြင္ႏြားမ်ားမရုန္းႏုိင္ဘဲ လဲက်၏။။ ဦးျမေမာင္ကား သနားျခင္းကရုဏာကင္းမဲ့စြာျဖင့္ ဆဲဆုိၾကီးေမာင္းလ်က္ ႏြားမ်ားအား တုတ္ႏွင့္တအားရုိက္၏။ ၀န္အေလးခ်ိန္ေၾကာင့္ ႏြားမ်ားမထႏုိင္သည္ရွိေသာ္ ေကာက္ရုိးမ်ား ကုိ ႏြားအေပၚစုပုံၿပီး မီးျဖင့္တုိက္ခဲ့၏။ ယခုေနာက္ဆုံးဘ၀တြင္ မိမိ၀ဋ္ေၾကြးမ်ားခံရသည္မွာ မိမိျပဳလုပ္ခဲ့ ေသာ ထုိအကုသုိလ္ကံမ်ားေၾကာင့္ သာျဖစ္ေၾကာင္း ကုိယ္တုိင္လည္း သိရွိေတာ္မူ၏။ စြန္းလြန္းဆရာေတာ္ၾကီး ကလည္း သိရွိေတာ္မူ၍ အထက္ပါအတုိင္း မိန္႔ေတာ္မူျခင္းျဖစ္၏။

အလားတူ စြန္းလြန္းဆရာေတာ္ၾကီးလည္း မီးရွဳိ႔ခံရဘူး၏။။ ည ခုႏွစ္နာရီအခ်ိန္ေလာက္တြင္ ရြာနီးေက်ာင္း ဘုန္းၾကီးတပါး လာပင့္သျဖင့္ လုိက္ပါသြားရ၏။ အေတာ္ေ၀းေသာ လယ္ကြင္းတေနရာသုိ႔ ေရာက္ေသာအခါ..“ကုိယ္ေတာ္ရဟႏၱာ ဟုတ္ မဟုတ္ သိေရာေပါ့”ဟု ပင့္လာေသာ ဘုန္းၾကီးကေျပာ၏။



ဒကာတဦးက ေရနံဆီပုန္းကုိဖြင့္သျဖင့္ ေရနံဆီအနံ႔ရေသာအခါ မိမိအား မီးရွဳိ႔ေတာ့မည္ကုိသိသျဖင့္ “တနာရီ အတြင္း ငါ၏ခႏၶာကုိယ္ မပ်က္စီးပါေစသတည္း” ဟု အဓိဌာန္ၿပီး နိေရာဓသမာပတ္ ၀င္စားေတာ္မူ၏။ ေရနံဆီေလာင္း၍ မီးရွဳိ႔ခံရေသာ္လည္း ဆရာေတာ္ၾကီးကား ဘာမွမျဖစ္။ ပကတိအတုိင္းသာရွိ၏။

၀ဋ္ေၾကြးရွိ၍ ခံၾကရျခင္းသာျဖစ္၏။ မည္သူ႔ကုိမွ် အျပစ္ဆုိဘြယ္ရာမရွိ။ ကုိယ္ျပဳခဲ့သမွ် ကုိယ္ခံရသည္သာ။ ဘုရား၊ ရဟႏၱာမ်ား ေတာင္မွ ၀ဋ္ေၾကြးရွိက ေက်းေအာင္ ဆပ္ၾကရပါ၏။။ အကုုသုိလ္၀ဋ္ေၾကြးဟူသည္ ေရွာင္မလြတ္၊ေျပးမလြတ္။
မဆပ္ဘဲမေနရ၊ တေန႔တခ်ိန္မွာ အတုိးေရာ အရင္းပါ ဆပ္ၾကရသည္သာျဖစ္၏။

မွီျငမ္း=ရဟႏၱာႏွင့္ပုဂၢဳိလ္ထူးမ်ား(ဓမၼာစရိယဦးေဌးလွဳိင္)

Credit – ဦးျမင့္ခုိင္

Unicode ျဖင့္ဖတ္ရန္

Zawgyi ဖြင့်ဖတ်ရန်

စွန်းလွန်းဆရာတော်ကြီး သက်တော်ထင်ရှားရှိစဉ်အခါက လူဆိုးလူမိုက်ကြီး ဦးမြမောင်ဆိုသောသူသည် သတိသံဝေဂရကာ ဆရာတော်ကြီးထံ ရဟန်းအဖြစ် ခံယူလျှက် ဝိပဿနာတရားများ ရှုပွားရာ (၇)ရက်မျှဖြင့် ရဟန်းကိစ္စပြီးတော်မူသည်။

တနေ့.. ည(၁၁)နာရီခွဲခန့် ကုဋီသို့သွားတော်မူသောအခါ အသင့်စောင့်နေသော လူဆိုးများက ဦးမဏိသာရအား ဖမ်းဆီးဆီးပြီး ဂူအတွင်းသို့ ယူဆောင်သွား၏။ ပါးစပ်အတွင်း အဝတ်များပိတ်ဆို့ကာ ကြိုးများတုတ်လျက် အရှင်လတ်လတ် မီးရှု့ိကြ၏။ ပါးစပ်အတွင်း အဝတ်များပိတ်ဆို့ထားသဖြင့် နှုတ်ဖြင့် အကူအညီတောင်း၍ မရသဖြင့် စွန်းလွန်းဆရာတော်ကြီး အား မနောဖြင့်လျောက်ထားကာ သမာပတ်ဝင်စား၍ နေတော်မူ၏။

ထိုအကြောင်းကို ဆရာတော်ကြီးသိတော်မူသဖြင့် စည်များ တုံးမောင်းများ ကုလားတက်များ တီးခိုင်းတော်မူရာ ဂူအတွင်း တရားထိုင်နေကြသော ယောဂီများ အထိတ်တလန့်ဖြစ်ကုန်ကြ၏။ ဂူအပြင်သို့ ထွက်ကြည့်ရာ ရဟန်းတပါး တရားဝင် နေသော ဂူအတွင်း မီးများတောက်လောင်နေသည်ကို တွေ့မြင်ရဖြင့် ဝိုင်းဝန်းကာ မီးငြိမ်းသတ်လိုက်ရ၏။ ဦးမဏိသာရကား မီးရှု့ိခံရစဉ် သမာပတ်ဝင်စားနေသဖြင့် မီးအပူရှိန် အဟပ်ခံရသည်မှအပ မည်သည့်ဒဏ်ရာမျှမဖြစ်။ ဤကား ပထမအကြိမ် ဝဋ်ကြွေး ပေးဆပ်ရခြင်းဖြစ်၏။

ဒုတိယအကြိမ်တွင်ကား မနာလို ဝန်တိုသူများက ဖမ်းဆီးပြီး ဓားနှင့်ဝိုင်းခုတ်ခြင်း ခံရပြန်၏။ သည်းခံပြီး သမာပတ်ဝင်စား နေသဖြင့် ကြီးကျယ်သောဒဏ်ရာများမရဘဲ မဖြစ်စလောက် မြက်ရှရာမျှသာ ဒဏ်ရာရ၏။ တတိယ အကြိမ်တွင်ကား မြင်းခြံနယ် ဆီမီးကန်ရွာမှာ ဝါဆိုဝါကပ်စဉ် လူဆိုးများ၏ ဂူပိတ်မီးရှို့ခြင်း ခံရပြန်၏။ အသက်မသေ လွတ်မြောက်ခဲ့ပြန်၏။

စွန်းလွန်းဆရာတော်ကြီးက.. “ ဦးပဉ္စင်း..သူ့အကြွေးရှိရင်ဆပ်လိုက်ပါ၊ကိုယ်ကလုပ်ခဲ့မိပြီကိုး”ဟုသာ မိန့်တော်မူ၏။ ဦးမဏိသာရကား မိမိဝဋ်ကြွေးအကြောင်းကို မိမိကိုယ်တိုင်ဆင်ခြင်၍ သိပြီးဖြစ်သဖြင့် အထူးမတုန်လှုပ်။ဓမ္မသံဝေဂယူကာ တရားနှလုံးသွင်းတော်မူ၏။



ဦးမဏိသာရကား ဝဋ်ကြွေးကြီးသလောက် သမာဓိအား ကောင်းတော်မူသော အံ့ဘွယ်ရဟန္တာတဆူဖြစ်တော်မူ၏။ ထို ဦးမဏိသာရအလောင်း ဦးမြမောင်ကား လူ့ဘဝက အလွန်ဆိုးပေသောသူ ဖြစ်ခဲ့၏။ ဇနီးမယားခုနှစ်ယောက်ယူ၏။ ဇနီးများအားလည်း နှိပ်စက်လေ့ရှိသည့်အပြင် မိမိဇနီးများနှင့် သင်္ကာမကင်းသူများကိုလည်း ချမ်းသာမပေး၊ သတ်ဖြတ်လေ့ ရှိ၏။

ဦးမြမောင်သည် လူ့ဘဝက လှည်းအငှါးလိုက်စားပြီး အသက်မွေး၏။ နွားများကိုလည်း အလွန်နှိပ်စက်ခဲ့၏။ လှည်းတိုက်ရာ တွင် ဝန်နှင့်အားမမျှ၍ ကုန်းအတက်တွင်နွားများမရုန်းနိုင်ဘဲ လဲကျ၏။။ ဦးမြမောင်ကား သနားခြင်းကရုဏာကင်းမဲ့စွာဖြင့် ဆဲဆိုကြီးမောင်းလျက် နွားများအား တုတ်နှင့်တအားရိုက်၏။ ဝန်အလေးချိန်ကြောင့် နွားများမထနိုင်သည်ရှိသော် ကောက်ရိုးများ ကို နွားအပေါ်စုပုံပြီး မီးဖြင့်တိုက်ခဲ့၏။ ယခုနောက်ဆုံးဘဝတွင် မိမိဝဋ်ကြွေးများခံရသည်မှာ မိမိပြုလုပ်ခဲ့ သော ထိုအကုသိုလ်ကံများကြောင့် သာဖြစ်ကြောင်း ကိုယ်တိုင်လည်း သိရှိတော်မူ၏။ စွန်းလွန်းဆရာတော်ကြီး ကလည်း သိရှိတော်မူ၍ အထက်ပါအတိုင်း မိန့်တော်မူခြင်းဖြစ်၏။

အလားတူ စွန်းလွန်းဆရာတော်ကြီးလည်း မီးရှို့ခံရဘူး၏။။ ည ခုနှစ်နာရီအချိန်လောက်တွင် ရွာနီးကျောင်း ဘုန်းကြီးတပါး လာပင့်သဖြင့် လိုက်ပါသွားရ၏။ အတော်ဝေးသော လယ်ကွင်းတနေရာသို့ ရောက်သောအခါ..“ကိုယ်တော်ရဟန္တာ ဟုတ် မဟုတ် သိရောပေါ့”ဟု ပင့်လာသော ဘုန်းကြီးကပြော၏။



ဒကာတဦးက ရေနံဆီပုန်းကိုဖွင့်သဖြင့် ရေနံဆီအနံ့ရသောအခါ မိမိအား မီးရှို့တော့မည်ကိုသိသဖြင့် “တနာရီ အတွင်း ငါ၏ခန္ဓာကိုယ် မပျက်စီးပါစေသတည်း” ဟု အဓိဌာန်ပြီး နိရောဓသမာပတ် ဝင်စားတော်မူ၏။ ရေနံဆီလောင်း၍ မီးရှို့ခံရသော်လည်း ဆရာတော်ကြီးကား ဘာမှမဖြစ်။ ပကတိအတိုင်းသာရှိ၏။

ဝဋ်ကြွေးရှိ၍ ခံကြရခြင်းသာဖြစ်၏။ မည်သူ့ကိုမျှ အပြစ်ဆိုဘွယ်ရာမရှိ။ ကိုယ်ပြုခဲ့သမျှ ကိုယ်ခံရသည်သာ။ ဘုရား၊ ရဟန္တာများ တောင်မှ ဝဋ်ကြွေးရှိက ကျေးအောင် ဆပ်ကြရပါ၏။။ အကုသိုလ်ဝဋ်ကြွေးဟူသည် ရှောင်မလွတ်၊ပြေးမလွတ်။
မဆပ်ဘဲမနေရ၊ တနေ့တချိန်မှာ အတိုးရော အရင်းပါ ဆပ်ကြရသည်သာဖြစ်၏။

မှီငြမ်း=ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ(ဓမ္မာစရိယဦးဌေးလှိုင်)
ဦးမြင့်ခိုင်

No comments:

Post a Comment