Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 9, 2019

ကာမပြုကျင့်ရန်အတွက် မိန်းကလေးငယ်၏ အင်္ဂါအားလက်ဖြင့်နှိုက်ဆွမှုဖြစ်ပွား






ကိုကျော်(မိတ္ထီလာ)

#Unicode Version# ဖြင့်ဖတ်ပါ ။

ကာမပြုကျင့်ရန်အတွက်မိန်းကလေးငယ်၏အင်္ဂါအားလက်ဖြင့်နှိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

မိတ္ထီလာမြို့၊ဝန်ဇင်းရပ်ကွက်၊နယ်မြေ(၁၄)နေဒေါ်သန်းနွဲ့သည်နေအိမ်တွင်သမီးဖြစ်သူမထက်ထက်အေးနှင့်အတူနေမြေးဖြစ်သူမ××××(၆)နှစ်(၁)တန်းကျောင်းသူတို့အတူရှိနေစဉ်မွန်းလွှဲ(၁:၀၀)နာရီအချိန်ခန့်တွင်နေအိမ်ရှိအဝတ်
ဟောင်းများကိုလွှင့်ပစ်ရန်အတွက်မ×××အားခိုင်းစေခဲ့ရာ

၎င်းထွက်သွားပြီးနာရီဝက်ခန့်အကြာပြန်လာစဉ်၎င်းဝတ် ဆင်ထားသောကျောင်းစိမ်းဘောင်းဘီတိုပေါ်မှမိန်းမအင်္ဂါအားလက်ဖြင့်အုပ်ကိုင်လျှက်မိန်းမအင်္ဂါစပ်မှာစပ်နေကြောင်းပြောသဖြင့်မေးမြန်းရာ

၎င်းအားဦးလှဦးမှဖုန်းငွေ ဖြည့်ကဒ်ဝယ်ပေးရန်ခဏဟုခေါ်ပြီး၎င်း၏နေအိမ်အောက်ထပ်တွင်သူမ၏ဘောင်းဘီအတွင်းမိန်းမအင်္ဂါစပ်အားလက်ဖြင့်နှိုက်ခဲ့သဖြင်ယခုစပ်နေကြောင်းပြောကြားချက်အရသိရသည်။

အဆိုပါဖြစ်စဉ်တွင်မိန်းကလေးငယ်၏အင်္ဂါစပ်အားဖြင့်ထိုးနှိုက်သူဦးလှဦး(၅၀)နှစ်(ဘ)ဦးသန်းလှိုင်နယ်မြေ(၁၄)ဝန်ဇင်းရပ်နေသူအားမိတ္ထီလာမြို့အမှတ်(၂)နယ်မြေရဲစခန်း(ပ)၁၀၈/၂၀၁၉ရာဇသတ်ကြီးပုဒ်မ ၃၇၇ ဖြင့်အမှုစစ်ဒုရဲအုပ်သိပ္ပံမှစစ်ဆေးအရေးယူဆောင်ရွက်လျှက်ရှိ ကြောင်းရဲမှတ်တမ်းအရသိရသည်။
ကိုကျော်(မိတ္ထီလာ)

No comments:

Post a Comment