Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, March 28, 2019

လေယာဉ်မယ် ဆိုတာ အခိုင်းအစေမဟုတ်ဘူးဗျ ...

ခရီးသည်က ပါးရိုက်တာခံလိုက်ရတဲ့လေယာဉ်မယ်လေး

ကဲ အားလုံးသိအောင်ရှင်းပြသင့်တယ်ထင်လို့ရေးပြီ .. ဒီကိစ္စကိုရေးခြင်နေတာတော်တော်ကြာနေပြီ .. ခုတော့ပြောပြီ .. လေယာဉ်မောင်လေယာဉ်မယ်ဆိုတာက အခိုင်းအစေမဟုတ်ဘူး .. လူတော်တော်များများကလေယာဉ်မောင်မယ်ဆိုရင်ကိုယ်ခိုင်းတာအကုန်လိုက်လုပ်ပေးဖို့ထားပေးထားတဲ့ကိုယ့်ရဲ့အစေခံလိုပုံစံမျိုးနဲ့ဆက်ဆံတာတွေတွေ့ဖူးတယ်..တချို့ကျတော့်လည်းတကယ်ကိုမသိနားမလည်တာ..အဲ့တော့နားလည်အောင်အရှင်းဆုံးပြောပြရရင်.လေယာဉ်ပေါ်မှာ.လေယာဉ်မောင်မယ်တွေကိုထားထားရတဲ့အဓိကအကြောင်းက ခရီးသည်တွေရဲ့အထုပ်ကူသယ်ပေးဖို့လည်းမဟုတ်ဘူး .. စားဖို့သောက်ဖို့လာချပေးတဲ့စားပွဲထိုးလည်းမဟုတ်ဘူး..အဓိကသူတို့ကိုလေယာဉ်ပေါ်မှာထားထားတာခရီးသည်တွေရဲ့အသက်ကိုကယ်ဖို့.. အားလုံးလိုလိုကလွဲမှားစွာထင်ထားတဲ့အယူအဆက ခရီးသည်ရဲ့အိပ်ကိုကူသယ်ပေးရမယ်ဆိုတာဘဲ .. လေယာဉ်မောင်မယ်တွေရဲ့တာဝန်ထဲမှာခရီးသည်ရဲ့အိတ်တွေအထုပ်တွေကိုကူသယ်ပေးရမယ်ဆိုတာလုံးဝမပါသလို..တချို့လေကြောင်းလိုင်းတွေက ခရီးသည်ရဲ့အိပ်ကိုလုံးဝသယ်မပေးရဘူးလို့တင်းတင်းကြပ်ကြပ်စည်းကမ်းထုပ်ထားတာတွေရှိတယ် .. ဘာကြောင့်လဲဆိုတာရှင်းပြမယ်.. လေယာဉ်မောင်မယ်ဆိုတာ ခရီးသည်တွေရဲ့အသက်ကိုကယ်ဖို့အဓိကရည်ရွယ်ချက်နဲ့လေယာဉ်ပေါ်မှာထားထားတာ လေယာဉ်အရေးပေါ်တခုခုဖြစ်ခဲ့ရင်..မီးလောင်ခဲ့သော် မြေပေါ် ရေပေါ်ကိုအရေးပေါ်ဆင်းသက်ခဲ့ရသော် နောက်ဆုံးလေပေါ်မှာခရီးသည်ကနှလုံးရောဂါဖြစ်တာ တက်တာ..အသက်ရူမဝတာ နောက်ဆုံးကိုယ်ဝန်ဆောင်မိခင်ကမီးဖွားတာမျိုးတွေကြုံလာတဲ့အခါ..အဲ့လိုသေရေးရှင်ရေး အရေးပေါ်အခြေအနေတွေမှာခရီးသည်တွေရဲ့အသက်မဆုံးရုံးရအောင်ကယ်တင်ဖို့ထားထားတာ..ဒီလိုတွေလုပ်နိုင်ဖို့လေယာဉ်မောင်မယ်တိုင်းက အရေးပေါ်ရှေးဦးသူနာပြုနည်းတွေကိုသင်ကြားလေ့ကျင့်ထားရတဲ့အပြင် ..ရေထဲမှာခရီးသည်တွေကိုကယ်နိုင်အောင်ရေကန်ထဲမှာလေ့ကျင့်ခန်းတွေသင်ကြားပြီးလက်တွေ့လုပ်ပြနိုင်မှအရွေးခြယ်ခံရတာ တချို့လေကြောင်းလိုင်းတွေဆိုရင် လေယာဉ်ကအရမ်းအေးတဲ့ရာသီဥတုမှာရေထဲကိုအရေးပေါ်ဆင်းရတာနဲ့တကယ်ပုံစံတူအောင်ကို ရေကန်ထဲကရေကိုအရမ်းအေးရေခဲမှတ်နီးပါးလုပ်ထားပြီးအဲ့ရေကန်ထဲမှာတကယ်ဆင်းပြီးကူးပြ ကယ်ပြရတယ်.. လေယာဉ်ပေါ်ကအရေးပေါ်slide တွေနဲ့ဆင်းတာတွေစတဲ့လေ့ကျင့်ခန်းတွေကိုအနဲဆုံးခြောက်လတကြိမ်စာမေးပွဲဖြေဆိုပြီးလက်တွေ့လုပ်ပြရတယ် အောင်မှအလုပ်ဆက်လုပ်လို့ရတယ်.. အဲ့တော့ဒီလိုလေ့ကျင့်ပေးထားတဲ့လေယာဉ်မောင်မယ်က ခရီးသည်ရဲ့အိတ်တွေကိုသယ်ပေးလိုက်လို့ခါးနာသွားမယ် ဒဏ်ရာရသွားမယ်ဆိုရင် အရေးပေါ်အခြေအနေမှာသူက ခရီးသည်တွေကိုဘယ်လိုကယ်နိုင်တော့မလဲ..လေယာဉ်မြေပေါ်မှာဘဲမီးလောင်ပြီဆိုပါတော့ မီးခိုးတွေကြားထဲမှာမီးလောင်ပြီဆိုတာကိုသိတာနဲ့လူတွေကကြောက်လန့်ပြာရာခပ်ပြီးဘာလုပ်ရမယ်မသိဖြစ်နေတဲ့အချိန်မှာလေယာဉ်မောင်မယ်တွေရဲ့ညွန်ကြားချက်အရမ်းအရေးကြီးတယ် ထွက်ပေါက်ကဘယ်မှာ ဘယ်ကိုလာပါ ဘယ်လိုလုပ်ပါဆိုတာတွေက သေချာလေ့ကျင့်ထားသူတွေဘဲအရေးပေါ်အချိန်မှာလုပ်ဆောင်နိုင်တာ ..အရမ်းပြာပြီးကြောက်နေတဲ့အချိန်မှာခါးပတ်တောင်မှဘယ်လိုဖြုတ်ရမလဲမသိတော့တဲ့လူတွေအများကြီး.. အဲ့လိုအချိန်မှာလေယာဉ်မောင်မယ်ကခါးနာနေရင် အရေးပေါ်ထွက်ပေါက်ကိုသူဘယ်လိုဖွင့်နိုင်မှာလဲ ခရီးသည်တွေကိုဘယ်လိုဦးဆောင်ပြီးလေယာဉ်ရဲ့အဝေးကိုခေါ်ထုပ်နိုင်မလဲ..နောက်တချက် လေယာဉ်စီးရင် မိမိရဲ့ခရီးဆောင်အိတ်ကမိမိသယ်နိုင်တဲ့အလေးချိန်ဘဲဖြစ်ရမယ်ဆိုတဲ့စည်းကမ်းကရှိပြီးသား ..အသက်ကြီးသူလား .. သူသယ်နိုင်သလောက်ဘဲအိတ်ကိုထည့်ပါ .. ကလေးလား သူသယ်နိုင်တဲ့အိတ်ကိုသယ်ပါ .. နိုင်ငံခြားသားတွေမိသားစုလိုက်ခရီးသွားရင်သတိထားမိကြလား..ကလေးဘဲဖြစ်နေပါစေသူ့အိတ်လေးနဲ့သူ အနဲဆုံးသူ့ရဲ့သွားပွတ်တံ..သွားတိုက်ဆေး..စာအုပ်..သူ့အရုပ်လေးတွေဘဲဖြစ်စေ သူ့အိတ်လေးနဲ့သူ့ဟာသူနိုင်သလောက်မိဘကသယ်ခိုင်းတာ.. အမေတွေအဖေတွေကငါ့သားသမီးပစ္စည်းဘဲဆိုပြီးကူသယ်မပေးဘူး..ငယ်ငယ်ထဲကကိုယ့်အားကိုယ်ကိုးကိုယ့်တာဝန်ကိုယ်ယူနိုင်အောင်လေ့ကျင့်ထားပေးတာ..အဲ့တော့ကိုယ်သယ်တဲ့ခရီးဆောင်အိပ်ကကိုယ်နိုင်သလာက်ဘဲသယ်ရင် လေယာဉ်ပေါ်ရောက်မှလေယာဉ်မောင်မယ်ကိုကူပြီးသယ်ခိုင်းစရာကိုမလိုတာ..ရိုးရိုးလေးတွေးကြည့်လေ ကိုယ့်ရဲ့အိတ်ကို ကိုယ့်ဖာကိုယ်တောင်မသယ်နိုင်အောင်စွတ်ထည့်လားပြီးလေယာဉ်ပေါ်ရောက်မှရော့ငါ့အိတ်မင်းတင်ပေးစမ်းဆိုတာတရားသလား..ဒါပေမယ့်လေယာဉ်မောင်မယ်တော်တော်များများကစေတနာနဲ့ကူပြီးသယ်ပေးကြပါတယ်..ခုအောက်ကပုံက ခရီးသည်ကသူ့အိတ်ကိုသယ်မပေးလို့ဆိုပြီးလေယာဉ်မယ်ကိုပါးရိုက်ထားတဲ့ပုံ..ဖြစ်သင့်လားတွေးကြည့်ပေါ့်.. တချို့လူတွေကလေယာဉ်ပေါ်ရောက်တာနဲ့ငါပိုက်ဆံပေးထားတာကွဆိုပြီးလေယာဉ်မောင်မယ်တွေကိုသူ့ရဲ့ငွေဝယ်ကျွန်လိုတော်တော်ကြီးမောက်မာရိုင်းစိုင်းစွာဆက်ဆံတာတွေတွေ့ရတယ်ခဏခဏ..တချို့လေယာဉ်မယ်လေးတွေဆိုရင်သူတို့အဲ့လိုမျိုးတွေကြုံတွေ့ရတာကိုပြန်ပြောပြရင်းငိုတာတွေကြုံဖူးတယ် captain ရေ သမီးကိုတော့ အဲ့လူကဘယ်လိုတွေမိုက်မိုက်ရိုင်းရိုင်းပြောတာဆိုပြီး .. လေယာဉ်မယ်ညီမလေးတယောက်ပြောပြတာကြားဖူးတယ်.. သူ့ကိုစသလိုနောက်သလိုနဲ့ ဟဲ့ နင်လေယာဉ်ပေါ်မှာအိမ်သာစောင့်လုပ်တာဘယ်လောက်ရလဲလို့မေးတယ်တဲ့.. ထားပါလေ အိမ်သာစောင့်လို့သူသတ်မှတ်ထားတဲ့လူတယောက်ရဲ့တန်ဖိုးကို အရေးပေါ်အခြေအနေကျမှသူကောင်းကောင်းသိသွားပါလိမ့်မယ်.. အားလုံးမသိတာက လေယာဉ်မောင်မယ်တိုင်းဟာ ဘယ်ခရီးစဉ်ဘဲဖြစ်ဖြစ်မသွားခင်မှာ senior တွေရဲ့စာမေးတာကိုခံရတယ်ဆိုတာ .. flight တိုင်း ဘယ် flight မဆို မတက်ခင်မှာ senior က စာအမြဲမေးတယ် အရေးပေါ်နဲ့ပက်သက်တာတွေ.. ဥပမာ ခရီးသည်တယောက်ကနေမကောင်းဘူး ဒီလိုလက္ခာတွေတွေ့ရတယ် ဒါဆိုနင်ဘာလုပ်မလဲ .. လေယာဉ်ရဲ့ဘယ်နေရာကမီးခိုးတွေထွက်လာရင်ဘာလုပ်မလဲ.. အရေးပေါ် CPR လုပ်ရင်ပါရမဲ့အချက်တွေဆိုပြစမ်း အစရှိသ၍မေးတာတွေကိုဖြေနိုင်မှ flight လိုက်ခွင့်ပြုတာ.. ပြောခြင်တာက လေယာဉ်မောင်မယ်ဆိုတာ ခရီးသယ်တွေရဲ့အသက်ကိုကယ်ဖို့လေယာဉ်ပေါ်မှာထားထားတာ..အိတ်ကူသယ်ရမှာသူတို့တာဝန်မဟုတ်သလို.. လေထဲကစားပွဲထိုးသာသာလည်းမဟုတ်ဘူးဆိုတာဘဲ.. ကိုယ်ကပိုက်ဆံပေးထားတယ်ဆိုပြီး ရသမျှအခွင့်အရေးအကုန်ယူခြင်တဲ့အကျင့်တွေ ရရင်ရသလိုအာဏာပြမယ်..ငါ့လာမထိနဲ့ဟိုတိုင်မယ်ဒီတိုင်မယ်တေ.. တိုင်စာတောင် အင်ဂလိပ်လိုရေးမှာနော်ဆိုတာကပါသေး..ကြောက်ရတယ်..ငါကဘယ်သူနဲ့ဘယ်လိုသိတာတွေက ရှက်ဖို့တအားကောင်းပါတယ်ဗျာ.. လူကြီးလူကောင်းပီသစွာ ခရီးသွားလာနေတဲ့လူတွေအများရှိပေမယ့် အဲ့လိုမောက်မာရိုင်းစိုင်းတဲ့လူတချို့ကြောင့်မဖြစ်သင့်တာတွေဖြစ် မကြာသင့်ဘဲကြာရတာတွေ စိတ်ကုန်တယ်.. တခါတလေသူတို့ကလည်းလွန်သေးတယ်ကိုယ်ကလဲပြန်တောင်းပန်ရသေးတယ် သမီးတို့ကတော့ရိုးနေပါပြီ captain ရေလို့ပြောတိုင်းစိတ်မကောင်းဖြစ်ရတယ် .. customer right ဆိုတာကို ငါပိုက်ဆံပေးထားရင်ငါကြိုက်တာလုပ်လို့ရတယ် ငါဘဲမှန်တယ်လို့ထင်နေတဲ့လူတွေကိုတော်တော်စိတ်ပျက်မိတယ်ဗျာ..

Cebu pacific airline မှာဖြစ်သွားတဲ့ဖြစ်စဉ်ပါ link မှာဝင်ကြည့်လို့ရပါတယ်

Source
https://m.facebook.com/aflyguyslounge/photos/a.288925981208734/813700555397938/?type=3

#ခရီးသည်

No comments:

Post a Comment