Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, March 28, 2019

အမဖြစ်သူကို ကွာရှင်းမပေးပဲ အွန်လိုင်းတင်အရှက်ခွဲတာကို မောင်ဖြစ်သူက မကျေနပ်လို့ ဓားနဲ့ ထိုးသတ်လိုက်တဲ့ တောင်ငူက အဖြစ်အပျက်


တောင်ငူ

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့လယ် ကုန်သည်ကြီးလမ်းရှိ ထူး လက်ဖက်ရည်ဆိုင်၌ မတ် ၂၆ ရက်နေ့ ညနေပိုင်းအချိန်က လက်ဖက်ရည် ထိုင်သောက်နေသည့်အမျိုးသားတစ်ဦးအား ဓား ဖြင့်ထိုးခဲ့၍ ဓားနှင့်အထိုးခံရသူမှာ ဆေးရုံတွင်သေဆုံးသွာခဲ့ကြောင်း သိရသည်။ အခင်းဖြစ်ပွားရာသို့ တောင်ငူ နမစ ၂ စခန်းမှူး ရဲအုပ် အောင်ကိုကို နှင့်အဖွဲ့ကသွားရောက် စစ်ဆေးခဲ့ရာ ထူးလက်ဖက်ရည်ဆိုင် အဝင်ဝတွင် သွေးများပေကျန်လျက် ဦးမြင့်လွင်(ခ)မင်းလွင် ၅၀ နှစ် လျှပ်စစ်အင်ဂျင်နီယာ နေပြည်တော် နေသူသည် ဓားဒါဏ်ရာများရရှိထားသည်ကိုတွေ့ရှိခဲ့ရ သည်။ ၎င်း၏ ပြောပြချက်အရ တောင်ငူခရိုင် ထန်းတပင်မြို့နယ် မိ ချောင်းခေါင်းကျေးရွာနေ ယောက်ဖတော်သူ နေဝင်း အောင် ၃၅ နှစ်မှ ဓားဖြင့်ထိုးသွားခြင်းဖြစ်ကြောင်း သိ ရှိ ခဲ့ရသည်။ ဒါဏ်ရာရရှိထားသူ ဦးမြင့်လွင်(ခ) မင်းလွင် အား တောင်ငူဆေးရုံကြီးသို့အရေးပေါ်တင်ပို့ပေးခဲ့ပြီး နောက် ရရှိထားသည့်ဒါဏ်ရာများဖြင့်သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်းသိသည်။

crd

No comments:

Post a Comment