Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 21, 2019

ကြောက်စရာကြီးပါ မသေမခြင်းသတ်တာ ရက်စက်လွန်းတယ်.(ရက်ရက်စက်စက်အသတ်ခံရတဲ့ တပ်မတော်အငြိမ်းစားအရာရှိဟောင်းနဲ့ဇနီး)


ဝမ်းနည်းကြေကွဲ ယူုကြုံးမရဖြစ်ရခြင်း
ညီလေး ကိုစိုးလင်းသန်းနဲ့ ညီမလေးချောစုရေ..

လူတွေကို ​ခွေးသတ်လိုက်တာမြင်ရကြားရတော့ အင်မတန်မှ ဝမ်းနည်းကြေကွဲ တုန်လှုပ်ခံစားရပါတယ်။အကိုနဲ့ ဒုစစ်ရေယာဉ်မှူး၊သင်တန်းသားတပည့်ဘဝ၊တပ်စခန်းသင်္ဘောတွေမှာ အတူ တာဝန်ထမ်းဆောင်ခဲ့ကြ ​မော်လမြိုင်ရိပ်သာမှာ မိသားစုလိုက် အတူနေခဲ့ကြတာတွေ၊တပ်က အငြိမ်းစားယူပြီး စီအိုနဲ့ဖတ်စ်လုအတူ သင်္ဘောလိုက်ဖို့ပြင်ဆင်ခဲ့ကြတာတွေ မျက်လုံးထဲက မထွက်ဘူး။
အကို အခုနေနေတဲ့ ​နေရာမှာကြက်ငှက် ​တောကောင်သမင်လေးတွေက အစ ဘဝအာမခံချက်ရှိရှိ ​နေကြရတယ်။ခွေးတွေများဆို သူဌေးတွေလို​နေကြရတာ။

ခုတော့ ဒို့ရွှေနိုင်ငံက အငြိမ်းစားယူပြီး ​ကောင်းကောင်းမွန်မွန် ​နေတဲ့တပ်မတော်အရာရှိ(ငြိမ်း)သင်္ဘောကုန်းပတ်အရာရှိချုပ်တယောက်ရဲ့မိသားစုဘဝဟာ လမ်းဘေးမှာ လူမြင်ကွင်းမှာ လူမဆန်စွာ အသတ်ခံရတာ ရင်နာလို့မဆုံးဘူး။ပိုပြီး ဝမ်းနည်းစိတ်မကောင်းဖြစ်ရတာက ဒို့နဲ့တကျောင်းထဲ ဆင်းခဲ့တဲ့ပြည်ထဲရေးအကြီးအကဲတွေ၊ရဲချုပ်ကြီးတွေကအစ မင်းတို့ငါတို့ဘဝတွေ လုံခြုံရေးအတွက် ဘာမှအာမမခံပေးနိုင်တော့တာ။ခေတ်အဆက်ဆက်မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့လက်ဝေခံပေါင်းစားခဲ့ကြတဲ့တာဝန်ရှိလူကြီးဟောင်းတွေခုထိသက်ရှိထင်ရှားရှိသေးပါလျက်နဲ့ တနိုင်ငံလုံးနီးပါးမူးယစ်နွံနစ်ပြီးလူစိတ်ပျောက်တဲ့စိတ္တဇလူသတ်သမားတွေဖြစ်ကုန်တဲ့အကျိုးဆက်တွေကြောင့်ညီလေးတို့မိသားစုလမ်းဘေးမှာလူကိုခွေးသတ်သလိုခံလိုက်ရတာပါပဲ။

မင်းတို့မိသားစုအတွက်ဝမ်းနည်းကြေကွဲယူကြုံးမရဖြစ်ရသလိုဘဝဆက်တိုင်းဒီလိုအဖြစ်ဆိုးမျိုးနဲ့ကင်းဝေးပါစေ။မင်းတို့ကောင်းရာသုဂတိရောက်ရှိကြပါစေ။

တချိန်ကမင်းရဲ့စီအို
 အောင်လျှမ်းဝေ











No comments:

Post a Comment