Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 21, 2019

အသက္ ၁၈ ႏွစ္အရြယ္ မိန္းကေလးတစ္ဦး ေသနတ္မွန္ေသဆံုး


ယမန္ေန႕ နံနက္ ၁၀ နာရီ ေက်ာ္ခန္႕က ရေသ့ေတာင္ျမိဳ႕နယ္ မင္းဖူးေက်းရြာ အနီး စစ္တပ္ စစ္ေၾကာင္း တစ္ခု မိုင္းခဲြတိုက္ခိုက္ခံရျပီးေနာက္ အနီးအနားရွိေက်းရြာတြင္းသို႕ ေသနတ္ျဖင့္ ပစ္ခတ္သျဖင့္ မရီရီစုိး (၁၈) ႏွစ္ ေသနတ္က်ည္ဆံ ေသဆံုးသြားေၾကာင္း ေက်းရြာသားမ်ားက နိရဥၥရာ သတင္းဌာနသို႕ ေျပာၾကားသည္။
ေသဆံုးသြားသူ မရီရီစိုး (၁၈) ႏွစ္ျဖစ္ျပီး (ဘ) ဦးေမာင္ထြန္းလွ (မိ) ေဒၚေ၀ႏုျဖဴျဖစ္ေၾကာင္း ေက်းရြာသား တစ္ဦးက ေျပာၾကားသည္။
“ သူက ေသနတ္္သံေတြၾကားေတာ့ အိမ္ေပၚကို တက္ေျပးတယ္။ အဲဒီမွာ ေသနတ္က်ည္ဆံထိမွန္ ေသဆံုးသြားတာပါ။ သူတို႕အိမ္က ေသနတ္က်ည္ဆံေတြ အမ်ားၾကီး ထိမွန္ခဲ့ပါတယ္။ သူမရဲ႕ မ်က္နာကို တစ္ခ်က္တည္း ထိမွန္ခဲ့တာပါ။ မိုင္းခြဲခံရျပီးတဲ့ေနာက္ စစ္တပ္က ရြာထဲကို ေသနတ္ေတြ၊ လက္နက္ၾကီးေတြနဲ႕ ပစ္ခတ္ခဲ့တာေတြေတာ့ ရွိပါတယ္။ အဲဒီအခ်ိန္မွာထိမွန္သြားတာပါ” ဟု ေက်းရြာသား တစ္ဦးက ေျပာသည္။
မင္းဖူးေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးသို႕ ဆက္သြယ္ရာ မရီရီစုိး ေသဆံုျခင္းမွာ ဟုတ္မွန္ျပီး တစ္ျခား ကေလးငယ္ တစ္ဦးတြင္အနည္းငယ္ ထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္း၊ ၀က္တစ္ေကာင္လည္း က်ည္ဆံထိမွန္ေသဆံုးသြားသည္ဟု ေျပာၾကားသည္။
“ ကၽြန္ေတာ္ကိုလည္း ခ်ည္ေႏွာင္ထားပါတယ္။ တို္က္ပြဲ ျဖစ္ျပီးေနာက္ ၁၀ နာရီေက်ာ္ကေန မြန္းလြဲ ၂ နာရီထိ ခ်ည္ေႏွာင္ထားပါတယ္။ ေနာက္ေတာ့ ျပန္လြတ္လိုက္ပါတယ္။ ဒါေပမယ့္ ရြာသား ၂ ဦးကိုေတာ့ သူတို႕ က ဖမ္းဆီးၾကိဳးတုတ္ ေခၚေဆာင္သြားပါတယ္” ဟု ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးက ေျပာၾကားသည္။

ၾကိဳးတုတ္ ဖမ္းဆီးေခၚေဆာင္ခံရသူ ၂ ဦးမွာ ဦးသန္းေဖ (၄၀) ႏွစ္ (ဘ) ဦးဦးထြန္းသာႏွင့္ ဦးေ၀စိုးထြန္း (၃၀) ႏွစ္ (ဘ) ဦးေရႊသိန္းေအာင္တုိ႕ ျဖစ္ၾကသည္ဟု သိရသည္။

ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး၏ မိခင္မွာ ေသဆံုးသြားေၾကာင္း အစပိုင္းတြင္ သတင္းမ်ားထြက္ေပၚခဲ့ေသာ္လည္း မဟုတ္မွန္ေၾကာင္း၊ ၎၏ မိခင္မွာ နာမက်န္းျဖစ္ေန၍ အိမ္တြင္ က်န္ေနခဲ့ေၾကာင္း ေျပာဆိုသည္။

၎စစ္ေၾကာင္းမွာ ယေန႕ ညေနကက မင္းဖူးမွ ထြက္ခြာသြားျပီး မင္းဖူးေက်းရြာ လူၾကီး ၁၀ ဦး၊ ေနာ္ေ၀ရြာမွ ၅ ဦးခန္႕မွ ေက်ာက္စာတိုင္ေက်းရြာထိ လိုက္ပါပို႕ေဆာင္ခဲ့ရသည္ဟု ၎က ဆိုသည္။

မင္းဖူးေက်းရြာ အလကစာသင္ေက်ာင္းတြင္ တစ္ျခားရြာမွ ရွစ္တန္း၊ ေလးတန္း စာေမးပြဲ ေျဖဆိုေနသူမ်ားမွာ ယမန္ေန႕ ညက အိမ္မျပန္ဘဲ ေက်ာင္းတြင္ အိပ္ခဲ့ၾကသည္ဟု သိရသည္။

“ အေ၀းက ကလးငယ္ေတြ ရြာျပန္လို႕ မရဘူး။ ေက်ာင္းမွာဘဲ ထားပါတယ္။ အုပ္ခ်ဳပ္ေရးမွဴးရဲ႕ မိသားစုဆိုင္က ဘဲဥ၊ ၾကက္ဥေတြနဲ႕ ဆန္၀ယ္ျပီး သူတို႕ကို ခ်က္ျပဳတ္ေကၽြးေမြးခဲ့ရပါတယ္္” ဟု မင္းဖူး အလက ေက်ာင္းဆရာတစ္ဦးက ေျပာၾကားသည္။

ကေလးငယ္မ်ား၏ ေနာက္ ၂ရက္က်န္ေနေသးသည့္ စာေမးပြဲကို ဆက္လက္ စစ္ေဆးမည္ မစစ္ေဆးမည္ကို ေက်ာင္းသားမိဘမ်ားႏွင့္ တိုင္ပင္ေဆြးေႏြးျပီးမွ ဆံုးျဖတ္မည္ဟု ေက်ာင္းအုပ္ဆရာမၾကီးက ေျပာသည္။
နိရဥၥရာ

#Unicode Version#
 ယမန်နေ့ နံနက် ၁၀ နာရီ ကျော်ခန့်က ရသေ့တောင်မြို့နယ် မင်းဖူးကျေးရွာ အနီး စစ်တပ် စစ်ကြောင်း တစ်ခု မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် အနီးအနားရှိကျေးရွာတွင်းသို့ သေနတ်ဖြင့် ပစ်ခတ်သဖြင့် မရီရီစိုး (၁၈) နှစ် သေနတ်ကျည်ဆံ သေဆုံးသွားကြောင်း ကျေးရွာသားများက နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

သေဆုံးသွားသူ မရီရီစိုး (၁၈) နှစ်ဖြစ်ပြီး (ဘ) ဦးမောင်ထွန်းလှ (မိ) ဒေါ်ဝေနုဖြူဖြစ်ကြောင်း ကျေးရွာသား တစ်ဦးက ပြောကြားသည်။

“ သူက သေနတ်သံတွေကြားတော့ အိမ်ပေါ်ကို တက်ပြေးတယ်။ အဲဒီမှာ သေနတ်ကျည်ဆံထိမှန် သေဆုံးသွားတာပါ။ သူတို့အိမ်က သေနတ်ကျည်ဆံတွေ အများကြီး ထိမှန်ခဲ့ပါတယ်။ သူမရဲ့ မျက်နာကို တစ်ချက်တည်း ထိမှန်ခဲ့တာပါ။ မိုင်းခွဲခံရပြီးတဲ့နောက် စစ်တပ်က ရွာထဲကို သေနတ်တွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာတွေတော့ ရှိပါတယ်။ အဲဒီအချိန်မှာထိမှန်သွားတာပါ” ဟု ကျေးရွာသား တစ်ဦးက ပြောသည်။

မင်းဖူးကျေးရွာ အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ မရီရီစိုး သေဆုံခြင်းမှာ ဟုတ်မှန်ပြီး တစ်ခြား ကလေးငယ် တစ်ဦးတွင်အနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဝက်တစ်ကောင်လည်း ကျည်ဆံထိမှန်သေဆုံးသွားသည်ဟု ပြောကြားသည်။

“ ကျွန်တော်ကိုလည်း ချည်နှောင်ထားပါတယ်။ တိုက်ပွဲ ဖြစ်ပြီးနောက် ၁၀ နာရီကျော်ကနေ မွန်းလွဲ ၂ နာရီထိ ချည်နှောင်ထားပါတယ်။ နောက်တော့ ပြန်လွတ်လိုက်ပါတယ်။ ဒါပေမယ့် ရွာသား ၂ ဦးကိုတော့ သူတို့ က ဖမ်းဆီးကြိုးတုတ် ခေါ်ဆောင်သွားပါတယ်” ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ကြိုးတုတ် ဖမ်းဆီးခေါ်ဆောင်ခံရသူ ၂ ဦးမှာ ဦးသန်းဖေ (၄၀) နှစ် (ဘ) ဦးဦးထွန်းသာနှင့် ဦးဝေစိုးထွန်း (၃၀) နှစ် (ဘ) ဦးရွှေသိန်းအောင်တို့ ဖြစ်ကြသည်ဟု သိရသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး၏ မိခင်မှာ သေဆုံးသွားကြောင်း အစပိုင်းတွင် သတင်းများထွက်ပေါ်ခဲ့သော်လည်း မဟုတ်မှန်ကြောင်း၊ ၎င်း၏ မိခင်မှာ နာမကျန်းဖြစ်နေ၍ အိမ်တွင် ကျန်နေခဲ့ကြောင်း ပြောဆိုသည်။

၎င်းစစ်ကြောင်းမှာ ယနေ့ ညနေကက မင်းဖူးမှ ထွက်ခွာသွားပြီး မင်းဖူးကျေးရွာ လူကြီး ၁၀ ဦး၊ နော်ဝေရွာမှ ၅ ဦးခန့်မှ ကျောက်စာတိုင်ကျေးရွာထိ လိုက်ပါပို့ဆောင်ခဲ့ရသည်ဟု ၎င်းက ဆိုသည်။

မင်းဖူးကျေးရွာ အလကစာသင်ကျောင်းတွင် တစ်ခြားရွာမှ ရှစ်တန်း၊ လေးတန်း စာမေးပွဲ ဖြေဆိုနေသူများမှာ ယမန်နေ့ ညက အိမ်မပြန်ဘဲ ကျောင်းတွင် အိပ်ခဲ့ကြသည်ဟု သိရသည်။

“ အဝေးက ကလးငယ်တွေ ရွာပြန်လို့ မရဘူး။ ကျောင်းမှာဘဲ ထားပါတယ်။ အုပ်ချုပ်ရေးမှူးရဲ့ မိသားစုဆိုင်က ဘဲဥ၊ ကြက်ဥတွေနဲ့ ဆန်ဝယ်ပြီး သူတို့ကို ချက်ပြုတ်ကျွေးမွေးခဲ့ရပါတယ်” ဟု မင်းဖူး အလက ကျောင်းဆရာတစ်ဦးက ပြောကြားသည်။

ကလေးငယ်များ၏ နောက် ၂ရက်ကျန်နေသေးသည့် စာမေးပွဲကို ဆက်လက် စစ်ဆေးမည် မစစ်ဆေးမည်ကို ကျောင်းသားမိဘများနှင့် တိုင်ပင်ဆွေးနွေးပြီးမှ ဆုံးဖြတ်မည်ဟု ကျောင်းအုပ်ဆရာမကြီးက ပြောသည်။

နိရဉ္စရာ

No comments:

Post a Comment