Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 21, 2019

သိန္းသံုးဆယ္ေလာက္က်မယ္ ႏွစ္ဆယ့္႐ွစ္နဲ႔လုပ္ေပးမယ္တဲ့ (ရန္ကုန္ျပည္သူ႕ေဆးရံုႀကီးေပၚက ရင္နာစရာ ဇာတ္လမ္းတစ္ပုဒ္)


 သို႕/

ဒီအျဖစ္ကိုက်ြန္ေတာ္ေရးဖို႕စဥ္းစားတိုင္းသူတပါးကို ကိုယ္ခ်င္းစာစိတ္ေလးနဲ႕ျပန္လည္ေတြးေပးမိပါတယ္ ဒါေပမယ့္ဘယ္လိုမွမအားတာကတေျကာင္း.. တျဖည္းျဖည္းနဲ႕ျပန္ေတြးမိတိုင္းစိတ္ထဲမွာ က်ြန္ေတာ့္အကို ကို လက္လြတ္စပါယ္လုပ္လိုက္ေသာသူမ်ားအေျကာင္းေတြးမိတိုင္းမေျဖဆည္နိုင္ျဖစ္ေနရပါတယ္။
ေနာင္လာေနာက္သားမ်ားလည္းဒီလိုအျဖစ္မ်ိဴးမျဖစ္ေစခ်င္ပါ။ အျဖစ္ကဒီလိုပါ က်ြန္ေတာ့္အကိုနာမည္က ရန္နိုင္ထြန္း ပါ။
ႏွလံုးအဆို႕က်ဥ္းလို႔ရန္ကုန္ေဆးရံုျကီး မွာတက္ေရာက္ကုသခဲ႕ပါတယ္ ။OPT ျပေနတာကေတာ႕ 2 နွစ္နီးပါးေတာ့ရွိျပီ။အဲ႕တာနဲ 7 .1 2019 မွာနွလံုးခြဲစိတ္ေဆာင္အေပၚထပ္ အေဆာင္ 4 မွာအရင္ဆံုးတက္ေရာက္ခဲ႕ပါတယ္ အဲ႕ဒီအခန္းမွာနွစ္ေက်ာ္ပတ္ေက်ာ္ျကာျမင့္ျပီးအေဆာင္ 3 မွာေျပာင္းရပါတယ္ လူကေတာ့လႈပ္ရွားမႈမ်ားရင္အသက္႐ွဳနည္းနည္းျကပ္တာကလြဲလို႕စားနိုင္ ေသာက္နိုင္သြားနိုင္ပါတယ္။
အေဆာင္3 မွာတပါတ္ေက်ာ္ျကာျပီး sister မျကီးေတြကိုအခန္းဘြတ္ကင္ရိုက္ျပီး အခန္းမရမီ ခြဲစိတ္လူနာမ်ားနဲ႕ရက္နီးလာေသာလူနာမ်ားအေဆာင္ 2 ကိုထပ္ေျပာင္းရပါတယ္

တပါတ္ေလာက္ျကာေတာ့ အခန္း ဘြတ္ကင္ရိုက္တာရရွိေျကာင္းေျပာပါတယ္။ အဲ႕တာနဲ႕ အခန္း ( ဃ ) မွာေျပာင္းျပီးလိုအပ္ေသာေဆးဝါးကုသမႈမ်ားကိုမွာျကားသည့္အတိုင္းလုပ္ေဆာင္ေပးခဲ႕ပါတယ္။

လူနာကလည္းစားနိုင္ေသာက္နိုင္သြားနိုင္နဲ႕ပါ။က်ြန္ေတာ္တို႕လည္းေရွ႕ကခြဲလူနာမ်ားအျပီးက်ြန္ေတာ့္အကိုအလွည့္ကိုေစာင့္ဆိုင္းရင္းတလေက်ာ္ေက်ာ္ျဖစ္လာခဲ႕ပါတယ္။

အဲ႕ဒီလိုနဲ႕ က်ြန္ေတာ္ အကို “ရန္နိုင္ထြန္း´´ခြဲမယ့္ 6.2.2019 ရက္ကိုေရာက္လာပါတယ္။ က်ြန္ေတာ္လညိ္းဆရာမေတြကိုက်ြန္ေတာ္အကိုျဖစ္ေသာေရာဂါလကၡဏာကို ေမးျကည့္ေတာ့နွလံုးအဆို႕နွစ္ခုက်ဥ္းတာလို႕သိရပါတယ္။

ေနာက္ျပီး Sister အျပာဆရာမျကီးကို က်ြန္ေတာ့္အကိုခြဲစိတ္ရင္ဘယ္ေလာက္က်မလဲေမးျကညိ့ေတာ့ “သိန္း 30 ´´ ေလာက္က်မယ္မခြဲခင္ဆရာျကီးအခန္းထဲေခၚေျပာလိမ့္မယ္ လို႔ေျပာပါတယ္။

အဲ႕ဒါနဲ႕အိမ္ကိုအေျကာင္းျကားျပီးေငြရွာထားဖို႕ေျပာေတာ့ က်ြန္ေတာ့္အေမ ရွိစုမယ့္စုေလး လက္ေကာက္ 6 ကြင္းကိုက်ြန္ေတာ္ကိုယ္တိုင္ေပါင္တာ 15 သိန္းရပါတယ္။

အဲ႕ဒါနဲ႕က်ြန္ေနာ္အမ ကိုလည္းေျပာျပေပါ့ဗ်ာ။ အဲ႕ဒီလိုနဲ႕ခြဲမယ့္ရက္မတိုင္မီ တရက္ကဆရာျကီးကေခၚေတြ႔မယ္ဆိုေတာ့ က်ြန္ေတာ့္ တတိယေျမာက္အကိုကိုလွမ္းေခၚရတာေပါ့ ။

အကိုရယ္ က်ြန္ေတာ္ရယ္ ဆရာျကီးနဲ႕မေတြ႔ခင္ “အကိုငယ္ေလး သိန္း 30 ပါလာလားေမးေတာ့ 15 သိန္းဘဲပါလာတယ္ မနက္ျဖန္မွလိုတာေပးလိုက္မယ္ကြာေငြက အဆင္မေျပလို႕ေျပာေတာ့ အမ ကလည္းမနက္ျဖန္မွလြဲေပးမယ္ေျပာတယ္ ´´ ဆိုတာနဲ႕ aww ..

ပုဂၢလိက ေဆးရံုေတြေတာင္ တဝက္ေပးရင္ခြဲေပးေသးတာျပည္သူ႕ေဆးရံုကဆရာျကီးေတြဘဲအဆင္ေျပမွာပါ “ဆရာျကီး´´အက်ိဴးအေျကာင္း ေျပာျပရင္ရမွာဘဲဆိုျပီး အားကိုးတျကီးနဲ႕ ဆရာျကီးအခန္းထဲ က်ြန္ေတာ္တို႕ညီအကိုနွစ္ေယာက္ဝင္ခဲ့ျကပါတယ္။က်ြန္ေတာ္ေျပာခ်င္တဲ႕အဓိက ေနရာေရာက္ပါျပီ။

ဆရာျကီးနဲ႕စေတြ႔ျပီးဆရာျကီးက sister အျပာဆရာမ ကလွမ္းေပးတဲ့က်ြန္ေတာ္အကို ေဆးမွတ္တမ္းေတြကိုေသခ်ာျကည့္ပါတယ္ ျပီးေတာ့ က်ြန္ေတာ္တို႕ကို သိန္း 30 ေလာက္က်မယ္ 28 သိန္းနဲ႕လုပ္ေပးမယ္ေျပာပါတယ္ ။

ဟာက်ြန္ေတာ္တို႕ညီအကိုလည္း ဝမ္းသာမိတာေပါ့ 2 သိန္း ေလာက္ေလ်ာ့ေပးေတာ့။အဲ႕ဒါနဲ႕ဆရာမကပိုက္ဆံေပးဖို႕မ်က္နွာရိပ္မ်က္နွာကဲနဲ႕ျပေတာ့……က်ြန္ေတာ္တို႕လည္း “ဆရာျကီး က်ြန္ေတာ္တို႕မွာ ပိုက္ဆံက 15 သိန္းဘဲပါလာပါတယ္ လိုတာကိုမနက္ျဖန္မခြဲခင္အမီေပးပါ့မယ္´´ေျပာလိုက္မိပါတယ္။

ဆရာႀကီးက မ်က္နွာျကီးပ်က္ျပီး “ဆရာမကိုသူတို႕ကိုမေျပာထားဘူးလားလို႕´´ေမးတယ္။ က်ြန္ေတာ္ကေျပာထားပါတယ္ဒါေပမယ့္အခ်ိန္အတိုအတြင္းအဆင္မေျပလို႕ပါ မခြဲခင္လာေပးပါ့မယ္လို႔ေျပာေတာ့ က်ြန္ေတာ္တို႕ကိုဘာေျပာလည္းထင္လည္း ဆရာျကီးတို႕ကေစ်းေရာင္းေနတာမဟုတ္ဘူး ´´လို႕ေျပာတယ္ စိတ္ထဲေတာ့ေတာ္ေတာ္မေကာင္းျဖစ္မိပါတယ္ ။

အဲ႕ဒါနဲ႕ဆရာျကီးက အကုန္မေပးနိုင္ရင္ ရက္ကိုေနာက္ဆုတ္လိုက္မယ္.. ျပည့္မွခြဲေပးမယ္ဆိုတဲ႕သေဘာေပါ့ဗ်ာ။

အဲ႕ဒါနဲ႕ညီအကိုနွစ္ေယာက္ျပန္ထြက္လာျပီးတိုင္ပင္ျကတယ္ အဲ႕ဒါဆိုလညိး မနက္ျဖန္မရရေအာင္အကုန္စုျပီးရွာျကရမွာေပါ့ကြာ လို႕ေျပာရင္းေခါင္းငိုက္ျပီးထြက္ခဲ႕ရတယ္။

ေဆးရံုမွာတလေက်ာ္ေနလာေတာ့ေငြက မနည္းကုန္ေနျပီေလ ။အဲ႕ဒါနဲ႕ 5.2.2019 ေန႕က ေငြအျပည့္မေခ်နိုင္ေတာ့ 6.2.2019 မွာအပူအျပင္းရွာ အမ ကေငြလွမ္းပို႕ေတာ့ 28 သိန္းတိတိ ကိုဆရာျကီးလက္ထဲအေရာက္ပို႕ျဖစ္ခဲ႕ပါတယ္။ ေငြအျပည့္ေပးေတာ့ဆရာျကီးမ်က္နွာက ဝင္းသြားၿပီးမနက္ျဖန္ 7.2.2019 မွာ japan ေတြလာမယ္ သူတို႕ခြဲမယ့္အခ်ိန္ထဲထည့္ေပးမယ္ ဆိုျပီးေျပာေတာ့က်ြန္ေတာ္ေတာ္ေတာ္ဝမ္းသာမိတာေပါ့ ။

အဲ႕ဒါနဲ႕ကြၽန္ေတာ္က ဆရာျကီးနဲ႕Japan ဆရာေတြ ဆရာမေတြ စားဖို႕ ပီဇာ နဲ႕ဟန္ဗာကာဝယ္လာေပးျပီးကန္ေတာ့ခ်င္လို႕ပါ လို႕ခြင့္ေတာင္းရတယ္ ကိုယ့္လူနာပိုျပီးဂရုစိုက္ရေအာင္ေလ။

ငါ့ အကို က်မွ japan ေတြနဲ႕ဆရာျကီးအတူတူခြဲမွာဆိုေတာ့ကံထူးလိုက္တာလို႕ အမ်ားအေရွ႕မွာျကြားမိတဲ႕အထိျဖစ္ခဲ႕မိတယ္။

လူနာကစားနိုင္ေသာက္နိုင္သြားနိုင္တုန္း…ဒါနဲ႕ ခြဲစိတ္ ရက္ 7.2.2019 ျကာသပေတး နံနက္ 9:00 မွာခြဲစိတ္ခန္းထဲဝင္ဖို႕အဝတ္အစားလဲဖို႕ဆိုျပီးဆရာမေလးလာေခၚပါတယ္။

အဲ႕ဒါနဲ႕က်ြန္ေတာ့္အကိုကိုခြဲစိတ္အဝတ္ေတြလဲေပးျပီး“မင္းကေတာ့ကံထူးျပီ ေအးေဆးဘဲ ကိုရန္နိုင္ေရ´´ဆိုျပီး က်ြန္ေတာ္ကိုယ္တိုင္လိုက္ပို႕ေပးခဲ႕တယ္ခြဲစိတ္ခန္းအေရာက္ သူလည္းေပ်ာ္ေနတာေပါ့

9:30 ေလာက္မွာဆရာျကီးခြဲစိတ္ခန္းထဲစဝင္ပါတယ္ ။ 10:00 ေလာက္မွာ japan ဆရာေတြဝင္ပါတယ္။ခြဲစိတ္ခန္းဝင္ေနတုန္းမနက္ 8:30 အေရာက္ေခၚထားတဲ႕ေသြးလွဴရွင္ေတြအတြက္စားဖို႕က်ြန္ေတာ္အျမန္စီစဥ္ေပးရ..လိုအပ္တာေတြဝယ္ေပးရ.. ပင္ပန္းမွန္းမသိေပ်ာ္ေနမိတယ္။ဆရာျကီးနဲ႕ JAPAN ဆရာေတြစားဖို႕ ပီဇာ ဆိုင္ကိုအခ်ိန္မီွေျပးဝယ္ေပးေပ့ါဗ်ာ ။

ကိုယ့္လူနာအဆင္ေျပဖို႕ကိုး။အဲ႕လိုနဲ႕ဟိုေျပးဒီေျပးနဲ႕ေပါ့။ (ျပည္သူ႕ေဆးရံုလူနာေစာင့္ဖူးသူတိုင္းသိျကမွာပါ )

2:30 ေလာက္ျကာေတာ့ ခြဲစိတ္ခန္းက က်ြန္ေတာ္အကို ပိုက္တန္းလန္းေတြနဲ႕ခြဲစိတ္ျပီးလို႕ျပန္ထြက္လာျပီးခြဲစိတ္ခန္းအေရွ႔ဘက္ ပိုးသတ္ခန္းမွာထားပါတယ္ ။

အဲ႕အထိက်ြန္ေတာ္ေပ်ာ္ေနတုန္း အကိုကေတာ့သတိမရေသးဘူးေပါ့ဗ်ာ ေမ့ေဆးအရွိန္ ရွိေနတုန္းကိုး။ ဒါနဲ႕ ည 7:30 အထိလည္းသတိမရေသး 8:00 နာရီ9:00 နာရီ …မနက္ မိုးလင္း က်ြန္ေတာ္တေရးမမအိပ္ရေသး…အဲ႕ဒါနဲ႕ 7:30 ေလာက္ေခါင္းေတြမူးလာေတာ့ေရအျမန္ခ်ိဴးၿပီး မျကာဘူးဆရာမေလးတစ္ေယာက္ပ်ာရိပ်ာရာနဲ႕ဆရာျကီးေခၚလို႕လိုက္ခဲ႕ပါတဲ႕ က်ြန္ေတာ္လည္းစိတ္ပူျပီးအျမန္အခန္းထဲလိုက္သြားမိတယ္ ။

ဟိုေရာက္ေတာ့ ဆရာျကီးက အေျခအေနမေကာင္းေတာ့ဘူးတဲ႕ ေသြးေပါင္ေတြတအားထိုးက်ေနျပီတဲ႕…က်ြန္ေတာ္ဘာလုပ္လို႕လုပ္ရမွန္းမသိျဖစ္ေနခဲဲ႕တယ္ ။

ဆရာျကီးကေတာ့ထျပန္သြားျပီဆရာမ ေတြကိုေျပာဆိုျပီး မျကာပါဘူး 11:30 မွာက်ြန္ေတာ္ အကို ရန္နိုင္ထြန္း 48နွစ္ဆံုးျပီတဲ႕ ဒီလိုျဖစ္ရပ္မ်ိဴးေျပာျပခ်င္တာက က်ြန္ေတာ့္အေတြး က်ြန္ေတာ္အျမင္ေလးကိုတင္ျပခ်င္ပါတယ္

*လူနာကိုမခြဲစိတ္မီ လိုအပ္ေသာေဆးစစ္ခ်က္ျပည့္ဝမွ ခြဲခန္းကို ေခၚရတာမွဳတ္ဘူးလား.* တတ္သိနားလည္ေသာသူမ်ားအေနႏွင့္ေနာက္တခ်ိန္ေရာဂါျဖစ္လို႕အားကိုးတျကီးနဲ႕ျပည္သူ႕ေဆးရံုတက္မိသူမ်ားကို ေစတနာ ေမတၲာ မုဓိတာ မ်ားျဖင့္ေသခ်ာဂရုတစိုက္နဲ႕ျပည္သူမ်ားအေပၚေဆးဝါးကုသမႈေပးနိုင္ျကပါေစ။

က်ြန္ေတာ့္လိုအျဖစ္မ်ိဴးလည္းျပည္သူျပည္သားမ်ားကင္းေဝးျကပါေစက်ြန္ေတာ္အကိုလည္း ဒီဘဝမွာဒီလိုအျဖစ္မ်ိဴးနဲ႕ဘဲျကံဳေတြ႔ပါေစ ေရာက္ရာဘုံဘဝကေနမိသားစုမွ ေကာင္းမႈကုသိုလ္ျပဳသမ်ွကို အမ်ွ အမ်ွ အမ်ွ ေခၚဆိုနိုင္ပါေစ။ကိုရန္နိုင္ထြန္း မနက္ဆို ရက္လည္ျပီ

က်ြန္ေတာ္အိပ္မေပ်ာ္နိုင္ပါဘူး အကို ရာ
nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

က်ြန္ေတာ္ကုိတစ္ခုေလာက္ဒီစာေလးကိုရွယ္ေပးေစခ်င္တယ္ နိုင္ငံေတာ္အတိုင္ပင္ခံအေမေဒၚေအာင္ ဆန္းစုျကည္ နွင့္နိုင္ငံေတာ္သမၼတ တို႕ထံ

ကျွန်တော်ကိုတစ်ခုလောက်ဒီစာလေးကိုရှယ်ပေးစေချင်တယ် နိုင်ငံတော်အတိုင်ပင်ခံအမေဒေါ်အောင် ဆန်းစုကြည် နှင့်နိုင်ငံတော်သမ္မတ တို့ထံ

သို့/

ဒီအဖြစ်ကိုကျွန်တော်ရေးဖို့စဉ်းစားတိုင်းသူတပါးကို ကိုယ်ချင်းစာစိတ်လေးနဲ့ပြန်လည်တွေးပေးမိပါတယ် ဒါပေမယ့်ဘယ်လိုမှမအားတာကတကြောင်း.. တဖြည်းဖြည်းနဲ့ပြန်တွေးမိတိုင်းစိတ်ထဲမှာ ကျွန်တော့်အကို ကို လက်လွတ်စပါယ်လုပ်လိုက်သောသူများအကြောင်းတွေးမိတိုင်းမဖြေဆည်နိုင်ဖြစ်နေရပါတယ်။

နောင်လာနောက်သားများလည်းဒီလိုအဖြစ်မျိူးမဖြစ်စေချင်ပါ။ အဖြစ်ကဒီလိုပါ ကျွန်တော့်အကိုနာမည်က ရန်နိုင်ထွန်း ပါ။

နှလုံးအဆို့ကျဉ်းလို့ရန်ကုန်ဆေးရုံကြီး မှာတက်ရောက်ကုသခဲ့ပါတယ် ။OPT ပြနေတာကတော့ 2 နှစ်နီးပါးတော့ရှိပြီ။အဲ့တာနဲ 7 .1 2019 မှာနှလုံးခွဲစိတ်ဆောင်အပေါ်ထပ် အဆောင် 4 မှာအရင်ဆုံးတက်ရောက်ခဲ့ပါတယ် အဲ့ဒီအခန်းမှာနှစ်ကျော်ပတ်ကျော်ကြာမြင့်ပြီးအဆောင် 3 မှာပြောင်းရပါတယ် လူကတော့လှုပ်ရှားမှုများရင်အသက်ရှုနည်းနည်းကြပ်တာကလွဲလို့စားနိုင် သောက်နိုင်သွားနိုင်ပါတယ်။

အဆောင်3 မှာတပါတ်ကျော်ကြာပြီး sister မကြီးတွေကိုအခန်းဘွတ်ကင်ရိုက်ပြီး အခန်းမရမီ ခွဲစိတ်လူနာများနဲ့ရက်နီးလာသောလူနာများအဆောင် 2 ကိုထပ်ပြောင်းရပါတယ်

တပါတ်လောက်ကြာတော့ အခန်း ဘွတ်ကင်ရိုက်တာရရှိကြောင်းပြောပါတယ်။ အဲ့တာနဲ့ အခန်း ( ဃ ) မှာပြောင်းပြီးလိုအပ်သောဆေးဝါးကုသမှုများကိုမှာကြားသည့်အတိုင်းလုပ်ဆောင်ပေးခဲ့ပါတယ်။

လူနာကလည်းစားနိုင်သောက်နိုင်သွားနိုင်နဲ့ပါ။ကျွန်တော်တို့လည်းရှေ့ကခွဲလူနာများအပြီးကျွန်တော့်အကိုအလှည့်ကိုစောင့်ဆိုင်းရင်းတလကျော်ကျော်ဖြစ်လာခဲ့ပါတယ်။

အဲ့ဒီလိုနဲ့ ကျွန်တော် အကို “ရန်နိုင်ထွန်း´´ခွဲမယ့် 6.2.2019 ရက်ကိုရောက်လာပါတယ်။ ကျွန်တော်လညိးဆရာမတွေကိုကျွန်တော်အကိုဖြစ်သောရောဂါလက္ခဏာကို မေးကြည့်တော့နှလုံးအဆို့နှစ်ခုကျဉ်းတာလို့သိရပါတယ်။

နောက်ပြီး Sister အပြာဆရာမကြီးကို ကျွန်တော့်အကိုခွဲစိတ်ရင်ဘယ်လောက်ကျမလဲမေးကြညိ့တော့ “သိန်း 30 ´´ လောက်ကျမယ်မခွဲခင်ဆရာကြီးအခန်းထဲခေါ်ပြောလိမ့်မယ် လို့ပြောပါတယ်။

အဲ့ဒါနဲ့အိမ်ကိုအကြောင်းကြားပြီးငွေရှာထားဖို့ပြောတော့ ကျွန်တော့်အမေ ရှိစုမယ့်စုလေး လက်ကောက် 6 ကွင်းကိုကျွန်တော်ကိုယ်တိုင်ပေါင်တာ 15 သိန်းရပါတယ်။

အဲ့ဒါနဲ့ကျွန်နော်အမ ကိုလည်းပြောပြပေါ့ဗျာ။ အဲ့ဒီလိုနဲ့ခွဲမယ့်ရက်မတိုင်မီ တရက်ကဆရာကြီးကခေါ်တွေ့မယ်ဆိုတော့ ကျွန်တော့် တတိယမြောက်အကိုကိုလှမ်းခေါ်ရတာပေါ့ ။

အကိုရယ် ကျွန်တော်ရယ် ဆရာကြီးနဲ့မတွေ့ခင် “အကိုငယ်လေး သိန်း 30 ပါလာလားမေးတော့ 15 သိန်းဘဲပါလာတယ် မနက်ဖြန်မှလိုတာပေးလိုက်မယ်ကွာငွေက အဆင်မပြေလို့ပြောတော့ အမ ကလည်းမနက်ဖြန်မှလွဲပေးမယ်ပြောတယ် ´´ ဆိုတာနဲ့ aww ..

ပုဂ္ဂလိက ဆေးရုံတွေတောင် တဝက်ပေးရင်ခွဲပေးသေးတာပြည်သူ့ဆေးရုံကဆရာကြီးတွေဘဲအဆင်ပြေမှာပါ “ဆရာကြီး´´အကျိူးအကြောင်း ပြောပြရင်ရမှာဘဲဆိုပြီး အားကိုးတကြီးနဲ့ ဆရာကြီးအခန်းထဲ ကျွန်တော်တို့ညီအကိုနှစ်ယောက်ဝင်ခဲ့ကြပါတယ်။ကျွန်တော်ပြောချင်တဲ့အဓိက နေရာရောက်ပါပြီ။

ဆရာကြီးနဲ့စတွေ့ပြီးဆရာကြီးက sister အပြာဆရာမ ကလှမ်းပေးတဲ့ကျွန်တော်အကို ဆေးမှတ်တမ်းတွေကိုသေချာကြည့်ပါတယ် ပြီးတော့ ကျွန်တော်တို့ကို သိန်း 30 လောက်ကျမယ် 28 သိန်းနဲ့လုပ်ပေးမယ်ပြောပါတယ် ။

ဟာကျွန်တော်တို့ညီအကိုလည်း ဝမ်းသာမိတာပေါ့ 2 သိန်း လောက်လျော့ပေးတော့။အဲ့ဒါနဲ့ဆရာမကပိုက်ဆံပေးဖို့မျက်နှာရိပ်မျက်နှာကဲနဲ့ပြတော့……ကျွန်တော်တို့လည်း “ဆရာကြီး ကျွန်တော်တို့မှာ ပိုက်ဆံက 15 သိန်းဘဲပါလာပါတယ် လိုတာကိုမနက်ဖြန်မခွဲခင်အမီပေးပါ့မယ်´´ပြောလိုက်မိပါတယ်။

ဆရာကြီးက မျက်နှာကြီးပျက်ပြီး “ဆရာမကိုသူတို့ကိုမပြောထားဘူးလားလို့´´မေးတယ်။ ကျွန်တော်ကပြောထားပါတယ်ဒါပေမယ့်အချိန်အတိုအတွင်းအဆင်မပြေလို့ပါ မခွဲခင်လာပေးပါ့မယ်လို့ပြောတော့ ကျွန်တော်တို့ကိုဘာပြောလည်းထင်လည်း ဆရာကြီးတို့ကဈေးရောင်းနေတာမဟုတ်ဘူး ´´လို့ပြောတယ် စိတ်ထဲတော့တော်တော်မကောင်းဖြစ်မိပါတယ် ။

အဲ့ဒါနဲ့ဆရာကြီးက အကုန်မပေးနိုင်ရင် ရက်ကိုနောက်ဆုတ်လိုက်မယ်.. ပြည့်မှခွဲပေးမယ်ဆိုတဲ့သဘောပေါ့ဗျာ။

အဲ့ဒါနဲ့ညီအကိုနှစ်ယောက်ပြန်ထွက်လာပြီးတိုင်ပင်ကြတယ် အဲ့ဒါဆိုလညိး မနက်ဖြန်မရရအောင်အကုန်စုပြီးရှာကြရမှာပေါ့ကွာ လို့ပြောရင်းခေါင်းငိုက်ပြီးထွက်ခဲ့ရတယ်။

ဆေးရုံမှာတလကျော်နေလာတော့ငွေက မနည်းကုန်နေပြီလေ ။အဲ့ဒါနဲ့ 5.2.2019 နေ့က ငွေအပြည့်မချေနိုင်တော့ 6.2.2019 မှာအပူအပြင်းရှာ အမ ကငွေလှမ်းပို့တော့ 28 သိန်းတိတိ ကိုဆရာကြီးလက်ထဲအရောက်ပို့ဖြစ်ခဲ့ပါတယ်။ ငွေအပြည့်ပေးတော့ဆရာကြီးမျက်နှာက ဝင်းသွားပြီးမနက်ဖြန် 7.2.2019 မှာ japan တွေလာမယ် သူတို့ခွဲမယ့်အချိန်ထဲထည့်ပေးမယ် ဆိုပြီးပြောတော့ကျွန်တော်တော်တော်ဝမ်းသာမိတာပေါ့ ။

အဲ့ဒါနဲ့ကျွန်တော်က ဆရာကြီးနဲ့Japan ဆရာတွေ ဆရာမတွေ စားဖို့ ပီဇာ နဲ့ဟန်ဗာကာဝယ်လာပေးပြီးကန်တော့ချင်လို့ပါ လို့ခွင့်တောင်းရတယ် ကိုယ့်လူနာပိုပြီးဂရုစိုက်ရအောင်လေ။

ငါ့ အကို ကျမှ japan တွေနဲ့ဆရာကြီးအတူတူခွဲမှာဆိုတော့ကံထူးလိုက်တာလို့ အများအရှေ့မှာကြွားမိတဲ့အထိဖြစ်ခဲ့မိတယ်။

လူနာကစားနိုင်သောက်နိုင်သွားနိုင်တုန်း…ဒါနဲ့ ခွဲစိတ် ရက် 7.2.2019 ကြာသပတေး နံနက် 9:00 မှာခွဲစိတ်ခန်းထဲဝင်ဖို့အဝတ်အစားလဲဖို့ဆိုပြီးဆရာမလေးလာခေါ်ပါတယ်။

အဲ့ဒါနဲ့ကျွန်တော့်အကိုကိုခွဲစိတ်အဝတ်တွေလဲပေးပြီး“မင်းကတော့ကံထူးပြီ အေးဆေးဘဲ ကိုရန်နိုင်ရေ´´ဆိုပြီး ကျွန်တော်ကိုယ်တိုင်လိုက်ပို့ပေးခဲ့တယ်ခွဲစိတ်ခန်းအရောက် သူလည်းပျော်နေတာပေါ့

9:30 လောက်မှာဆရာကြီးခွဲစိတ်ခန်းထဲစဝင်ပါတယ် ။ 10:00 လောက်မှာ japan ဆရာတွေဝင်ပါတယ်။ခွဲစိတ်ခန်းဝင်နေတုန်းမနက် 8:30 အရောက်ခေါ်ထားတဲ့သွေးလှူရှင်တွေအတွက်စားဖို့ကျွန်တော်အမြန်စီစဉ်ပေးရ..လိုအပ်တာတွေဝယ်ပေးရ.. ပင်ပန်းမှန်းမသိပျော်နေမိတယ်။ဆရာကြီးနဲ့ JAPAN ဆရာတွေစားဖို့ ပီဇာ ဆိုင်ကိုအချိန်မှီပြေးဝယ်ပေးပေ့ါဗျာ ။

ကိုယ့်လူနာအဆင်ပြေဖို့ကိုး။အဲ့လိုနဲ့ဟိုပြေးဒီပြေးနဲ့ပေါ့။ (ပြည်သူ့ဆေးရုံလူနာစောင့်ဖူးသူတိုင်းသိကြမှာပါ )

2:30 လောက်ကြာတော့ ခွဲစိတ်ခန်းက ကျွန်တော်အကို ပိုက်တန်းလန်းတွေနဲ့ခွဲစိတ်ပြီးလို့ပြန်ထွက်လာပြီးခွဲစိတ်ခန်းအရှေ့ဘက် ပိုးသတ်ခန်းမှာထားပါတယ် ။

အဲ့အထိကျွန်တော်ပျော်နေတုန်း အကိုကတော့သတိမရသေးဘူးပေါ့ဗျာ မေ့ဆေးအရှိန် ရှိနေတုန်းကိုး။ ဒါနဲ့ ည 7:30 အထိလည်းသတိမရသေး 8:00 နာရီ9:00 နာရီ …မနက် မိုးလင်း ကျွန်တော်တရေးမမအိပ်ရသေး…အဲ့ဒါနဲ့ 7:30 လောက်ခေါင်းတွေမူးလာတော့ရေအမြန်ချိူးပြီး မကြာဘူးဆရာမလေးတစ်ယောက်ပျာရိပျာရာနဲ့ဆရာကြီးခေါ်လို့လိုက်ခဲ့ပါတဲ့ ကျွန်တော်လည်းစိတ်ပူပြီးအမြန်အခန်းထဲလိုက်သွားမိတယ် ။

ဟိုရောက်တော့ ဆရာကြီးက အခြေအနေမကောင်းတော့ဘူးတဲ့ သွေးပေါင်တွေတအားထိုးကျနေပြီတဲ့…ကျွန်တော်ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေခဲ့တယ် ။

ဆရာကြီးကတော့ထပြန်သွားပြီဆရာမ တွေကိုပြောဆိုပြီး မကြာပါဘူး 11:30 မှာကျွန်တော် အကို ရန်နိုင်ထွန်း 48နှစ်ဆုံးပြီတဲ့ ဒီလိုဖြစ်ရပ်မျိူးပြောပြချင်တာက ကျွန်တော့်အတွေး ကျွန်တော်အမြင်လေးကိုတင်ပြချင်ပါတယ်

*လူနာကိုမခွဲစိတ်မီ လိုအပ်သောဆေးစစ်ချက်ပြည့်ဝမှ ခွဲခန်းကို ခေါ်ရတာမှုတ်ဘူးလား.* တတ်သိနားလည်သောသူများအနေနှင့်နောက်တချိန်ရောဂါဖြစ်လို့အားကိုးတကြီးနဲ့ပြည်သူ့ဆေးရုံတက်မိသူများကို စေတနာ မေတ္တာ မုဓိတာ များဖြင့်သေချာဂရုတစိုက်နဲ့ပြည်သူများအပေါ်ဆေးဝါးကုသမှုပေးနိုင်ကြပါစေ။

ကျွန်တော့်လိုအဖြစ်မျိူးလည်းပြည်သူပြည်သားများကင်းဝေးကြပါစေကျွန်တော်အကိုလည်း ဒီဘဝမှာဒီလိုအဖြစ်မျိူးနဲ့ဘဲကြုံတွေ့ပါစေ ရောက်ရာဘုံဘဝကနေမိသားစုမှ ကောင်းမှုကုသိုလ်ပြုသမျှကို အမျှ အမျှ အမျှ ခေါ်ဆိုနိုင်ပါစေ။ကိုရန်နိုင်ထွန်း မနက်ဆို ရက်လည်ပြီ

ကျွန်တော်အိပ်မပျော်နိုင်ပါဘူး အကို ရာ
nanmalgyi

No comments:

Post a Comment